MEF Task Force

MEF Task Force MEF (Myanmar Equestrian Federation) task force for the Development of New Generation Athletes and Competition Horses.

22/09/2026
04/09/2026
မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာမြင်းစီးအားကစားအဖွဲ့အတွက် ဂုဏ်ပြုပွဲအခမ...
10/08/2026

မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာမြင်းစီးအားကစားအဖွဲ့အတွက် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်း (၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက်)

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစား ပြိုင်ပွဲသို့ နိုင်ငံပေါင်း (၁၄)နိုင်ငံမှ အားကစားသမား (၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force)မှ အားကစားသမား ပိုးပိုးဟန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဒုတိယဆု ငွေတံဆိပ် ရရှိခဲ့ခြင်းအတွက် ဂုဏ်ပြုပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးအားကစားကွင်းရှိ Club House အဆောက်အဦ၌ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၀၉၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင် ၊ ဒုတိယဥက္ကဋ္ဌ ဦးအေးချို၊ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်၊ ဂုဏ်ထူးဆောင်အလုပ်အမှုဆောင် အကယ်ဒမီ ဒေါ်ခင်သီတာထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ဆုရအားကစားသမား မပိုးပိုးဟန်နှင့် မိသားစုဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ သင်တန်းသားများ၊ The Great Success ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီးနှင့် မြင်းစီးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ဂုဏ်ပြုပွဲအခမ်းအနားအား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးအေးချို၊ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဦးသန်းဝင်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင် က ငွေတံဆိပ်ဆုရ အားကစားသမား ပိုးပိုးဟန်၏ ဂုဏ်ပြုဓာတ်ပုံနှင့် Plaque အား MEF Hall of Fame တွင် ဂုဏ်ပြုတပ်ဆင်ပေးခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် အကယ်ဒမီ ဒေါ်ခင်သီတာထွန်း မိသားစု က ဆုရအားကစားသမား ပိုးပိုးဟန် အား ၂၀၂၇- ၂၀၂၈ ပညာသင်နှစ် နှင့် ၂၀၂၈-၂၀၂၉ ပညာသင်နှစ် (၂)နှစ်စာအတွက် ပညာသင်ဆု အပြင် (၃၄)လအတွက် လစဉ်တစ်လလျှင် (၁)သိန်းနှုန်းဖြင့် (၃၄)သိန်းအပါအဝင် စုစုပေါင်း ပညာသင်ဆုကြေး (၇၄)သိန်းကျပ်တိတိအား ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဌေးကျော် က သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာမြင်းစီးအားကစားအဖွဲ့ခေါင်းဆောင် ဦးချမ်းမြေ့ဝင်း အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး အဖွဲ့ချုပ် ဂုဏ်ထူးဆောင်အလုပ်အမှုဆောင် အကယ်ဒမီ ဒေါ်ခင်သီတာထွန်းက ပြိုင်ပွဲကာလ အနီးကပ်‌နည်းပြခဲ့သည့် နည်းပြ ဒေါ်အိသက်မွန် အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါသည်။ ထို့နောက် Show Jumping/Dressage/ Eventing ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်နှင်းပွင့်ပြုံးက ဆုရအားကစားသမား ပိုးပိုးဟန်အား အနီးကပ်လေ့ကျင့်သင်ကြားပေးခဲ့သည့် တွဲဖက်နည်းပြ ဦးအောင်သူထွန်းအား ဂုဏ်ပြုချီးမြှင့်ငွေ (၁၀)သိန်းကျပ်တိတိနှင့် ဂုဏ်ပြုလက်မှတ်တို့အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် MEF Hall of Fame ရှေ့တွင် ဆုရအားကစားအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်၊ ဂုဏ်ထူးဆောင်အလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။
ဆက်လက်၍ ဂုဏ်ပြုပွဲအခမ်းအနား ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ ဆုရအားကစားသမား မပိုးပိုးဟန်၏ ပြိုင်ပွဲကာလတစ်လျှောက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ပုံနှင့် လှုပ်ရှားမှုမှတ်တမ်း Video Clip အား ပြသခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲဝင်ခဲ့ခြင်းနှင့်ပါတ်သက်၍ အားကစားအဖွဲ့ခေါင်းဆောင် ဦးချမ်းမြေ့ဝင်းမှ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲအတွေ့အကြုံနှင့် နောင်လာမည့်ပြိုင်ပွဲများအတွက် ဆောင်ရန်၊ ရှောင်ရန် သုံးသပ်ချက်များကို နည်းပြ ဒေါ်အိသက်မွန် က အကြုံပြုဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဆုရအားကစားသမား ပိုးပိုးဟန် က ပြိုင်ပွဲအတွေ့အကြုံနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးအေးချို တို့က ဂုဏ်ပြုချီးကျုးစကားပြောကြားခဲ့ကာ ဂုဏ်ပြုပွဲအခမ်းအနားအား အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ပါသည်။



-B2026

31/07/2026

မလေးရှားနိုင်ငံ၊ Kuala Lumpur Polo Club ၌ ကျင်းပသည့် မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် (၉၀)စင်တီမီတာ - (၁၀၀)စင်တီမီတာ (Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force )မှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမား ပိုးပိုးဟန် ဒုတိယဆု(ငွေတံဆိပ်) ရရှိခဲ့ကြောင်း MRTV မှ ထုတ်လွှင့်သည့် မှတ်တမ်း

မလေးရှားဝန်ကြီးချုပ်ဖလား Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခ...
28/07/2026

မလေးရှားဝန်ကြီးချုပ်ဖလား Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ မြင်းစီးအားကစားအဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

၂၀၂၆ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့အထိ မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ပိုးပိုးဟန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဒုတိယဆု ငွေတံဆိပ်အား ရရှိခဲ့ပြီး အဆိုပါ အောင်ပွဲရ မျိုးဆက်သစ် အားကစားသမား ပိုးပိုးဟန်၊ အုပ်ချုပ်သူ ဦးချမ်းမြေ့ဝင်း ၊ လက်ထောက်နည်းပြ ဦးအောင်သူထွန်း တို့ အဖွဲ့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့ နေ့လည် (၁၃း၂၀) နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးသန်းဝင်း နှင့်တကွ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ MEF Task Force မှ သင်တန်းသားများ နှင့် အားကစားသမား၏ မိသားစုဝင်များမှ လာရောက်ကြိုဆိုခဲ့ကြပါသည်။

မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (၂၅-၇-၂၀၂၆) ရက်နေ့  ပြိုင်ပွဲတွင် မျိုးဆက်သစ်အားကစား...
25/07/2026

မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (၂၅-၇-၂၀၂၆) ရက်နေ့ ပြိုင်ပွဲတွင် မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်အဖွဲ့ (Task Force) မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ပိုးပိုးဟန် က ဒုတိယဆု (ငွေတံဆိပ်) ကို ဆွတ်ခူးရရှိခဲ့

မလေးရှားနိုင်ငံ Kuala Lumpur Polo Club ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock.) ပြိုင်ပွဲသို့ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ မွန်ဂိုးလီးယား၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ကိုရီးယား၊ အိုမန်၊ ဥဘက္ကစ္စတန်၊
ကမ္ဘောဒီးယား နိုင်ငံ စုစုပေါင်း (၁၄) နိုင်ငံမှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမား (၁၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်အဖွဲ့ (Task Force) မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ပိုးပိုးဟန် က ဒုတိယဆု (ငွေတံဆိပ်) ကို ရရှိခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် ပထမ - တရုတ်နိုင်ငံ၊ ဒုတိယ- မြန်မာနိုင်ငံ ၊ တတိယ- စင်္ကာပူနိုင်ငံ တို့မှ အသီးသီး ဆွတ်ခူးရရှိခဲ့ပါကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်ခင်ဗျာ။

Address

Yangon Equestrian Compound
Yangon

Website

Alerts

Be the first to know and let us send you an email when MEF Task Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share