YUFL E-sport Association

YUFL E-sport Association

Share

Road to Greatness

24/02/2026

Breaking❗️
တက္ကသိုလ်များရဲ့ PUBG Qulifier 2026 ကို စာမေးပွဲရက်နီးနေပြီဖြစ်ပါ၍ ဒုတိယပညာသင်ကာလသို့ ရွေ့ပြောင်းသွားကြောင်း အသိပေးအပ်ပါတယ်

Registration လုပ်ထားတဲ့အသင်းတွေအနေနဲ့လည်း အကောင်းဆုံးဖြစ်အောင် Train ထားရင်း အကောင်းဆုံးလက်စွမ်းတွေပြနိုင်ကြပါဖို့ယုံကြည်ပါတယ်

YUFL ကျောင်းသူကျောင်းသားများအားလုံးလည်း စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုနိုင်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်

- YUFL Esports Association -






18/02/2026

Myanmar Esports Summit 2026 ကိုတက်ရောက်ခဲ့ကြတဲ့ YUFL Esport Association Members များ

ယနေ့ Pan Pacific Hotel မှာပြုလုပ်ခဲ့တဲ့ Myanmar Esports Summit ကို YUFL Esports Association ရဲ့ Board Member များတက်ရောက်ခဲ့ကြပြီး 2026 Esports နယ်ပယ်ရဲ့ တို့တက်လာမယ့် အနာဂတ်များ အကြောင်းကိုလည်း ပိုမိုသိရှိခဲ့ကြရပါတယ်

ယခုလို YUFL Esports Association အားဖိတ်ကြားပေးခဲ့ကြတဲ့ Myanmar Esports Federation နဲ့ University Esports Network တို့ကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်

နောက်လာမယ့်အသစ်သစ်သော Events များစွာကိုလည်းအတူလက်တွဲလုပ်ဆောင်နိုင်မယ်လည်း ယုံကြည်ပါတယ်

Thanks For Inviting Us





13/02/2026

သင်က ကျောင်းတက်ရင်းနဲ့ PUBG ကိုကျွမ်းကျင်စွာ ဆော့တတ်တဲ့ Player တစ်ယောက်လား

ကျောင်းကိုယ်စားပြုအနေနဲ့ပြိုင်ပွဲတွေမှာ လက်စွမ်းပြရမယ့် အခွင့်အရေးကိုပါစောင့်မျှော်နေသူလား

ဒါဆို ဒီအခွင့်အရေးကို သင့်အတွက်ပဲနော်

University Esport Network နဲ့ YUFL Esport Association မှ ကြီးမှူးကျင်းပမယ့် PUBG Qualifier အတွက်
Registration ကို စတင်ဖွင့်လှစ်လိုက်ပါပြီ 📝

ဒီ Qualifier က
• Player Skill
• Strategy
• Communication
• Survival Ability

အားလုံးကို စမ်းသပ်မယ့် Battlefield တစ်ခုပါပဲ။

Registration ကာလ 13-24 ရက်နေ့အထိ

Registration Link - https://forms.gle/skbvLe55Daqvd3o67





10/02/2026

မတူညီတဲ့ Association နှစ််ခုရဲ့တူညီတဲ့ပေါင်းစပ်မှု

YUFL Esports Association X YUFL Art Association တို့ရဲ့ collaboration

မတူညီတဲ့ Association နှစ်ခု မတူညီတဲ့ လောကနှစ်ခု မတူညီတဲ့ စွမ်းရည်နှစ်မျိုး ဒါပေမယ့် တူညီတဲ့ စိတ်အားထက်သန်မှု၊ တူညီတဲ့ ရည်ရွယ်ချက်တစ်ခု

🎮 YUFL Esports Association က
Competition ကို အခြေခံပြီး
Strategy၊ Teamwork နဲ့ Discipline ကို အဓိကထားပါတယ်။
အနိုင်ရဖို့အတွက် အချိန်တိုင်း ကြိုးစားနေတဲ့ စိတ်ဓာတ်က
Esports ရဲ့ အင်အားတစ်ခုပါပဲ။

🎨 YUFL Art Association ကတော့
Creativity ကို အခြေခံပြီး
Imagination တွေကနေ
Idea တစ်ခုကို Visual အနေနဲ့ အသက်သွင်းပေးပါတယ်။
အနုပညာဆိုတာ စကားမပြောပဲတောင်
ခံစားချက်ကို ပြောပြနိုင်တဲ့ အင်အားရှိပါတယ်။

ဒီ Association နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ
Game က အနုပညာတစ်ခု ဖြစ်လာပြီး
Art က Competition ရဲ့ အင်အားတစ်ခု ဖြစ်လာပါတယ်။

ဒီ collaboration က
Esports ကို ကစားခြင်းတစ်ခုအဖြစ်သာမက
ဖန်တီးခြင်း နဲ့ အနုပညာရသမြောက်ခြင်းတစ်ခုအဖြစ်
မြင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်

ဒီcollaboration ကနေပြီးတော့ Skill နဲ့ Creativity ပေါင်းစပ်ခြင်း Game + Art = New Experience တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်

When Esports meets Art,
a new story begins.

ဒီ collaboration ကနေ
Event တွေ၊ Creative content တွေ
နဲ့ မတူညီတဲ့ Experience အသစ်တွေကို
မကြာခင် မြင်တွေ့ရပါတော့မှာမလို့

👉 Stay tuned and be part of our journey.





08/02/2026

Are you Ready



06/02/2026

💡 Creative Skill & Entrepreneurship နယ်ပယ်မှာ ဝါသနာပါတဲ့ တက္ကသိုလ်ကျောင်းသားလူငယ်တွေအတွက် အခွင့်အရေးကြီး ရောက်ရှိလာပါပြီ!

💛 Phoo Pwint Sa - Incubation Program Webinar 💙

University Esports Network (UEN) နဲ့ Phoo Pwint Sa တို ပူးပေါင်းပြီး မိမိတိုရဲ့ ဝါသနာကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းဆွေးနွေးပေးမယ့် Special Webinar လေးတစ်ခု စီစဥ်ပေးထားပါတယ်..

✅ Webinar မှာ ဘာတွေ ဆွေးနွေးမလဲ?

▪️Phoo Pwint Sa Program အကြောင်း အသေးစိတ် ရှင်းလင်းချက်။

▪️ပါဝင်တဲ့ Category (၄) မျိုးအကြောင်းနဲ့ ဘယ်လိုလူတွေ လျှောက်ထားနိုင်လဲဆိုတာ။

▪️Seed Funding $50,000 အခွင့်အလမ်းနဲ့ လေ့ကျင့်သင်ကြားပေးမယ့် Mentoring အစီအစဉ်များ။

▪️လျှောက်လွှာ (Application Form) ကို အမှားအယွင်းမရှိ မှန်ကန်အောင် ဘယ်လိုဖြည့်သွင်းရမလဲဆိုတဲ့ အဆင့်ဆင့် လမ်းညွှန်ချက်။

❇️ ဘယ် Category တွေ ပါဝင်မလဲ?

👗 Fashion: ဒီဇိုင်နာများနှင့် ဖက်ရှင်ဖန်တီးသူများ။

🎮 Esports: ပြိုင်ပွဲစီစဉ်သူ၊ Streamer၊ နည်းပြနှင့် အသင်းပိုင်ရှင်များ။

👾 Video Games: Game Developer များ၊ ဒီဇိုင်နာများနှင့် Creator များ။

🎨 Webtoon: Comic ရေးဆွဲသူများနှင့် Content ဖန်တီးသူများ။

📅 နေ့ရက်: ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၆

🕒 အချိန်: နေ့လယ် ၃:၀၀ နာရီ (3:00 PM)

📍 Platform: Google Meet

📩 Webinar တက်ရောက်ရန် အခုပဲ စာရင်းပေးသွင်းလိုက်ပါ: (Link သိုမဟုတ် ပုံပါ QR Code ကို Scan ဖတ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်)

Registration Link - https://forms.gle/Zm8TmFE8UkuZecEJ8
Register Deadline - Feb 9, 2026 (Sunday)

(မှတ်ချက် - Workshop ပုံစံမျိုးဖြစ်လို လက်တွေ့ပါဝင်ဆွေးနွေးမေးမြန်းနိုင်သူတွေကိုသာ ဦးစားပေးပါမယ်။ ဖေဖော်ဝါရီ ၁၅ ရက် Program လျှောက်လွှာမပိတ်ခင် အသင့်ဖြစ်နေဖို ဒီ Workshop က အထောက်အကူအများကြီးပေးမှာပါ!)

🔹 ပိုမိုလေ့လာနိုင်ရန် - https://www.facebook.com/share/p/1Q9DFUn3Wt/

သင့်ရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ အရင်းအနှီးနဲ့ အသိပညာတွေကို တစ်နေရာတည်းမှာ ရယူလိုက်ပါ! 💙💛

____________________________________________________________

💡 A great opportunity has arrived for young university students with a passion for Creative Skills & Entrepreneurship!

💛 Phoo Pwint Sa - Incubation Program Webinar 💙

University Esports Network (UEN) and Phoo Pwint Sa have teamed up to host a special webinar to discuss in detail how to turn your passion into a business.

✅ What will be discussed in the webinar?

▪️Detailed explanation of the Phoo Pwint Sa Program.

▪️About the (4) categories included and how people can apply.

▪️Seed Funding $50,000 opportunity and Mentoring programs that will provide training.

▪️Step-by-step instructions on how to fill out the Application Form correctly and correctly.

❇️ Which categories will be included?

👗 Fashion: Designers and fashion creators.

🎮 Esports: Tournament organizers, streamers, coaches, and team owners.

👾 Video Games: Game Developers, Designers, and Creators.

🎨 Webtoon: Comic Artists and Content Creators.

📅 Date: February 10, 2026

🕒 Time: 3:00 PM

📍 Platform: Google Meet

📩 Register now to attend the Webinar: (You can register by scanning the link or QR Code in the image)

Registration Link - https://forms.gle/Zm8TmFE8UkuZecEJ8
Register Deadline - Feb 9, 2026 (Sunday)

(Note - Priority will be given to those who are willing to participate in the practical discussion, as it is a workshop format. This workshop will help you a lot to be ready before the program application closes on February 15!)

🔹 Learn more - https://www.facebook.com/share/p/1Q9DFUn3Wt/

Get the resources and knowledge you need for your future in one place! 💙💛



28/01/2026

🏆 ASTRAL WALKER 🏆
Sometimes, silence wins louder than noise.
ဒီ Champion က
ပြောစရာမလိုအောင်
Action နဲ့သက်သေပြခဲ့တဲ့Teamပါ 🔥

No rush, no chaos —
just clean moves, right timing, and strong mindset 💎

Game တစ်ပွဲချင်းစီမှာ
confidence, strategies, Team work တွေပေါင်းစပ်ပြီး ရလာတဲ့result ကတော့ CHAMPION 👑

Congratulations to Our CHAMPION "Astral Walker"👏🏻🏆
ရှေ့လျှောက် ပြိုင်ရမဲ့ပွဲတွေမှာလဲ အောင်မြင်မှုတွေပဲ ဆွတ်ခူးနိုင်စေဖို့လဲ ဆုတောင်းပေးနေပါတယ်ရှင့်။
This summer Astral Walker didn’t just win, he left a mark ✨
🏆 2026 YUFL Qualifier | Summer Edition




26/01/2026

Our Championnnnn-Godess Mode 🏆✨
2025-2026 YUFL Qualifier(Female)
မိန်းကလေးအသင်းပြိုင်ပွဲအတွက်
Team Godess Modeမှ Team Ziaအား 3-2 ဆိုတဲ့resultနဲ့အနိုင်ရရှိပြီးတော့
Champion အသင်းဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။
YUFL Female Teamအဖြစ် အောင်မြင်မှုတွေယူဆောင်လာနိုင်မယ်လို့လဲ ဆုမွန်ကောင်းတောင်းပေးရင်း Champion အသင်း Goddess Mode ကိုလဲ Congratulationပါလို့ပြောချင်ပါတယ်ရှင့်။





21/01/2026

🔥 OFFICIAL ANNOUNCEMENT 🔥
🏆 2026 VEC – YUFL Qualifier (Summer Edition)
📣 Tournament Team List ကို တရားဝင်ကြေငြာလိုက်ပါပြီ!
ဒီ Seasonမှာတော့ Skill 🔥, Strategy 🧠, Teamwork 💪 အပြည့်အဝနဲ့ စိတ်လှုပ်ရှားစွာယှဉ်ပြိုင်သွားမယ့် အသင်းတွေကို ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။

👑 MALE TEAM
Best Boy Fighters
Team Shel Phoke
Next Time Play
Astral Walker
Polca

👑 FEMALE TEAM
Godess Mode
Team ZIA
AS

အသင်းတိုင်းက အနိုင်ရချင်တဲ့စိတ် အကောင်းဆုံး Performanceတွေအပြင် ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
🎮 ဘယ်အသင်းကို Support လုပ်မလဲ?ဘယ်အသင်းက YUFL ကျောင်းကိုယ်စားပြု Champion ဖြစ်သွားမလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ကြရအောင်👊🏻





19/01/2026

2026 VEC Summer Edition
YUFL Qualifier registerationကတော့ပြီးဆုံးပီဖြစ်ပါတယ်ရှင်။
ပါဝင်ယှဥ်ပြိုင်ကြမယ့်အသင်းတွေနဲ့အစီစဥ်တွေကို ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့်။





17/01/2026

🔥 2026 VEC – YUFL Qualifier | Summer Edition 🔥
Mobile Legends နဲ့ PUBG Mobile ကိုချစ်တဲ့ Gamer များအတွက် အခွင့်အရေးကြီးတစ်ခု ပြန်လာပါပြီ!

2026 VEC – YUFL Qualifier (Summer Edition) မှာ သင့်ရဲ့ skill, strategy နဲ့ teamwork ကို ပြသပြီး
အမြင့်ဆုံး stage ကို တက်လှမ်းနိုင်မယ့် အချိန်ရောက်ပါပြီ။

🎮 Professional-level Competition
ဒီ Qualifier ပြိုင်ပွဲက အရည်အချင်းရှိတဲ့ Player တွေကို ရွေးချယ်ပေးမယ့် official platform တစ်ခုဖြစ်ပြီး
Mobile Legends(Male & Female) နဲ့ PUBG Mobile နှစ်မျိုးလုံးကို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။

🚀 Why You Should Join
-ကိုယ့်ရဲ့ Gaming Skill ကို စမ်းသပ်နိုင်မယ်
-Competitive Experience ရယူနိုင်မယ်
Esports Career အတွက် လမ်းဖွင့်ပေးမယ့် အခွင့်အရေး
-Community ကြီးတစ်ခုနဲ့ ချိတ်ဆက်နိုင်မယ်

📌 Register Now!
အခုပဲ QR Code ကို Scan လုပ်ပြီး Register လုပ်လိုက်ပါ။
Summer Edition Qualifier မှာ ပါဝင်ယှဉ်ပြိုင်ပြီး
Champion ဖြစ်နိုင်မယ့် Player က သင်ဖြစ်နိုင်ပါတယ်!

💥 Play Hard. Compete Strong. Rise as a Legend. 💥

Register Link Here👇

https://forms.gle/AmiweaFxAqUggfWU6






26/12/2025

“What truly matters is not what was supposed to happen, but what we were able to do — that is the milestone.”

ဒါကတော့ ကျနော်တို့ရဲ့ Esport Association Club Memberတွေဖြစ်တဲ့

Win Pa Pa(UENCheerleader/German)
Soe Than Naing (Content Creator/Chinese)
Shwe Yi Shin Thant(Panelist/English)
Moe Myat Chel(Talent/Japan)
Shin Thant Aung(The Whole King/Chinese)
Min Maw Koon (Cheerleader Management/Chinese)

သူတို့တွေကို Appreciate လုပ်တဲ့စာလေးပါဗျ။

ကျွန်တော်တို့ Esport Clubညီကိုမောင်နှမတွေရဲ့ ကြိုးပမ်းအားထုတ်မှုလေးကြောင့် ခုဆိုနေရာတစ်ခု မှတ်တိုင်တစ်ခုထိ အောင်မြင်လာခဲ့ပါပြီ။

လူတိုင်းမေးကြတဲ့ 'မင်းတို့ Esport Clubကဘာလုပ်လို့ရလို့လဲ ဘယ်လိုအခွင့်အရေးတွေ ရနိုင်လို့လဲ'
ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ ဒါပါပဲ။

ကျွန်တော်တို့လို လူငယ်တွေအတွက် ကိုယ်ပိုင်လမ်းတစ်ခု carrerတစ်ခုကို ဖောက်နိုင်ဖို့အတွက် experience တွေပေးနိုင်ပါတယ်။အခုလိုမျိုး ကြိုးစားပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ member တွေကို ကျေးဇူးလဲတင်သလို ဂုဏ်လဲယူရပါတယ်ဗျာ။

ရှေ့လျှောက်လဲ ဒီထက်မက ‌ပိုအောင်မြင်အောင် ကြိုးစားသွားပါမယ်‌ဗျ။ဒါ့ကြောင့်မို့ ဒီစီနီယာ အကို၊အမတွေကို အားကျတယ်ဆိုရင်တော့ Club ကိုလာ joinဖို့ welcome လုပ်ပါတယ်ဗျာ။နောက်လာမဲ့ ညီလေး၊ညီမလေးတွေကိုလဲကျွန်တော်တို့ဘက်က တတ်နိုင်သလောက်ကြိုးစားအားထုတ်ပေးသွားအုံးမှာပါ။





Want your business to be the top-listed Gym/sports Facility?

Website