ဘယ်ရမလဲ ရှိတာနဲ့ ကြိတ်ရမှာပဲ😂😂
နောက်ပိုင်း အဲ့လိုမျက်နာလေး မငယ်ချင်ရင်
အာဟာရအပြည့်နဲ့ အရသာ ကောင်းပြီး အလွယ်တကူ
စားလို့လည်းရတဲ့ Zen Overnight Oat Meal လေးတွေ
ကွီး david ဆီက မှာလို့ရတယိနော်😛💛
David Liam
1% better everyday
တခြားသူတွေကို sharing တွေလုပ်
Training နဲ့ nutrition plan တွေပေးပြီး
ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှ
အပြောနဲ့အလုပ် ညီတဲ့ fitness instructor တစ်ယောက်
အနေနဲ့ ရပ်တည်နိုင်မယ် လို့ခံယူထားဖြစ်တယ်❤
ELEVATEX Super Workout Online Class
အတွက်လည်း effort တွေအများကြီးထည့်ထားတာမို့
သေချာပေါက် ကျေနပ်ရမယ့် ရလဒ်ကောင်းတွေ
အများကြီးပြန်ရမယ်လို့ ယုံကြည်ထားတယ်ဗျာ🔊
Honest review from online class cilent ❤
02/09/2025
ကိုယ့်လူတို့ရဲ့ ကျန်းမာကြံ့ခိုင်မှုခရီးလမ်းအတွက်
ယုံကြည်စိတ်ချရပြီး အရည်အချင်းပြည့်ဝတဲ့
" Fitness Instructor " တစ်ယောက် 🔊
ကျွန်တော်တို့ Fitness instructor
ကျန်းမာ ကြံ့ခိုင်ရေးနယ်ပယ်က trainerတွေအနေနဲ့
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့အညီ
ဗဟုသုတတွေ အစဉ်အမြဲ ဖြည့်ဆည်းနိုင်ပြီး
အကောင်းဆုံးဝန်ဆောင်မှုကို ပေးနိုင်မှသာ
Gym ဆော့ကစားသူတွေအနေနဲ့
ခေတ်နဲ့အညီ နည်းစနစ်တကျ ပိုပြီး
တိုးတက်ကျန်းမာလာကြမှာပါ ❤
ကျွန်တော့်အနေနဲ့ ဒီနယ်ပယ်မှာ
အခြေခံအဆင့်ကနေ အထူးပြုအဆင့်အထိ
အမျိုးမျိုးသော သင်တန်းတွေနဲ့ Master Class
တွေကို အချိန်တခုပေး တက်ရောက်ခဲ့ပြီး အခုလို
ကျွမ်းကျင်မှု့ Certificate တွေကို အသိီးသီးရရှိခဲ့ပါတယ်ဗျ
"ခန္ဓာကိုယ်အချိုးအစားကျပြီး
ကျန်းမာသန်စွမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်ပါသလား???
ကိုယ့်လူတို့ရဲ့ အိပ်မက်တွေကို တကယ်ဖြစ်လာအောင်
ကူညီပေးနိုင်တဲ့ အရည်အချင်းတွေအပြည့်ရှိပါတယ်ဗျ‼
---------------------------------------------
Fitness instructor တယောက်အနေနဲ့
တက်ရောက်ခဲ့တဲ့ courses တွေကတော့
♨ Olympic weight lifting
♨ Kettle master class for hybrid strength
♨ 'Strength and Conditioning'
♨ 'Functional Tools Coach'၊
♨ 'Certified Fitness Trainer'
♨ 'အမျိုးသမီးတင်ပါးအလှ 3D Booty'၊
♨ 'Safe Running Course' certificateတွေကို
အချိန်တခုပေးပြီးတော့ သင်ယူလေ့လာဖြစ် ခဲ့ပါတယ်
✅ ဘာကြောင့် ကျွန်တော့်ကို ယုံကြည်စိတ်ချသင့်တာလဲ??
အထက်မှာ ဖော်ပြခဲ့တဲ့ Certificate တွေနဲ့ သင်ယူခဲ့တဲ့ ကျွမ်းကျင်မှုတွေဟာ ကျွန်တော့ရဲ့ ကြံ့ခိုင်ရေးနယ်ပယ်အပေါ်ထားရှိတဲ့ စိတ်အားထက်သန်မှုနဲ့ သင်ယူမှုအပေါ်ထားရှိတဲ့ ရိုသေလေးစားမှု့ တွေကို ထင်ဟပ်နေတာမို့
ကိုယ့်လူကို ဘေးကင်းစိတ်ချရပြီး ထိရောက်တဲ့
လေ့ကျင့်မှုတွေ ပေးနိုင်မယ်ဆိုတာ
ရာနူန်းပြည့်အာမခံပါတယ်ဗျ 🔊
မှန်ကန်တဲ့ လေ့ကျင့်မှုပုံစံ၊ ထိရောက်တဲ့နည်းလမ်းတွေနဲ့
လမ်းညွှန်ပေးဖို့ ကျွန်တော်အဆင်သင့်ရှိနေပါတယ်
ကိုယ့်ကိုယုံကြည်လို့ လာရောက် တဲ့သူတွေကို
စစ်မှန်တဲ့ နည်းစနစ်တွေ လမ်းညွှန်ပြသမှု့ တွေနဲ့ ထက်သန်တဲ့စေတနာအပြည့်အဝနဲ့အတူ သင်ကြားပေးသွားမှာပါ❤
သေချာလေ့ကျင့်ချင်တယ်
ရှယ်Train ချင်တယ်ဆိုရင် payton က
ကို David Liam ဆီကိုသာ အရောက်လာခဲ့ကြတော့ဗျို့😎
"Transform your body to next level
Empower your mind with David Liam"
02/09/2025
ဒီနေ့တော့ လေ့ကျင့်ခန်း မိနစ် 30 လောက်လုပ်လိုက်ပါဦးမယ် လို့တွေးပြီး တကယ်လုပ်ဖြစ်သွားတဲ့ Motivation
လောက်ကောင်းတာ မရှိဘူး 😎
စိတ်ထဲမှာတင်တွေးနေရုံမရပဲ တကယ်စလုပ်ဖြစ်လိုက်ဖို့ပဲ လိုပါတယ် ကိုယ့်လူတို့ရေ
Don`t be lazy.... Just start‼
Ready for new month😎 ⁉
01/09/2025
🔊 ELEVATEX 🔊
Super Online Workout Class
✅ ရက် ၃၀ အတွင်း အခုလက်ရှိ lifestyle ကနေ
ဒီထပ်ပိုပြီး ပိုမိုကောင်းမွန်တဲ့ သူတယောက်အနေနဲ့
ပြောင်းလဲလိုချင်တယ်ဆိုရင်....
✅ တစ်ပတ်မှာ ၄ ရက် လေ့ကျင့်ခန်းလုပ်ရုံနဲ့ ရက် ၃၀ အတွင်း ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတွေနဲ့အတူ
ကိုယ့်ရဲ့ level ကို ထပ်ဆင့်တိုးနိုင်မယ့်အခွင့်အရေး‼
အတိအကျ ပြောရရင် အခုချိန်ထိ online ပေါ်ကနေပဲ
သူများတွေရဲ့ မိုက်နေတဲ့ Body တွေကိုကြည့်ပြီး
အားကျနေတုန်းပဲလား......
လူမှုကွန်ရက်ပေါ်က Trend တွေမှာပဲ အချိန်ကုန်နေမယ့်အစား၊ ကိုယ်တိုင် ပြောင်းလဲဖို့ အခွင့်အရေးအနေနဲ့
🔊 ELEVATEX 🔊
Super Online Workout Class ရောက်ရှိလာပါပြီဗျ
ဒီသင်တန်းက ကိုယ့်လူရဲ့ အချိန်အများကြီးကို မယူဘဲ
ရက် ၃၀ အတွင်းမှာ သိသိသာသာ ပြောင်းလဲလာစေဖို့ အထူးဒီဇိုင်းထုတ်ထားတာပါ။
ကဲ ဒါဆို ဘာလို့ ဒီသင်တန်းကို တက်သင့်တာလဲ ⁉
✅ အချိန်တိုအတွင်း ထိရောက်မယ့်ရလဒ်
အလုပ်တွေရှုပ်ပြီး Gym သွားဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် တစ်ပတ်ကို ၄ ရက်ပဲ လေ့ကျင့်ခန်းလုပ်ရမှာဖြစ်လို့ အချိန်ကုန်လည်းသက်သာမှာဖြစ်သလို ထိရောက်တဲ့
ရလဒ်ကောင်းတွေလည်း ရရှိမှာပါ။
✅ တိကျမှန်ကန်တဲ့ သင်ကြားပြသပေးမှု့
လေ့ကျင့်ခန်းတွေကို ကိုယ်တိုင်လုပ်ရင်း ဒဏ်ရာရမှာမျိုး
ဒါမှမဟုတ် အကျိုးမရှိမှာမျိုး စိုးရိမ်စရာမလိုတော့ပါဘူး။ Step-by-step video lessons တွေက လေ့ကျင့်ခန်းတစ်ခုချင်းစီကို ဘယ်လိုမှန်မှန်ကန်ကန်လုပ်ရမယ်ဆိုတာ အသေးစိတ်ရှင်းပြပေးထားလို့ အချိန်ကုန်သက်သာစေပြီး ရလဒ်ကောင်းကို ပိုမိုမြန်ဆန်စွာရရှိစေမှာပါ။
✅ personal and group coaching သီးသန့်
အကြံဉာဏ်ပေးဆွေးနွေးတိုင်ပင်ပေးမှု့
ကိုယ့်fitness goal အတွက်သက်ဆိုင်တဲ့
အစားအသောက်နဲ့ ပတ်သက်ပြီး ဘာစားရမှန်း
မသိဖြစ်နေလား။ ကိုယ့်လူရဲ့ Goal နဲ့ ကိုက်ညီမယ့်
1-on-1 Nutrition Plan နဲ့ Weekly Group
zoom Q&A Sessions တွေမှာ ကျွန်တော်နဲ့ တိုက်ရိုက်
ဆွေးနွေးရင်း တိုင်ပင်လို့ရနိုင်မှာဖြစ်ပါတယ်။
✅ အမြဲတမ်း တွန်းအားပေးပြီးတွဲခေါ်မှု့
စိတ်ဓာတ်ကျနေတဲ့အခါ၊ လေ့ကျင့်ခန်းလုပ်ဖို့
ပျင်းနေတဲ့အခါမျိုးမှာ သင်တန်းက community
မိသားစုဝင်တွေနဲ့အတူ အမြဲတမ်း Support လုပ်ပေးနေမှာဖြစ်လို့ တစ်ယောက်တည်း လေ့ကျင့်နေရသလို
ခံစားရမှာ မဟုတ်တော့ပါဘူး။
✅ ကိုယ်ပိုင်ပုံစံနဲ့ စစ်မှန်တဲ့ ယုံကြည်မှု့
ရက် ၃၀ ပြည့်တဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ်က ပိုမိုကျစ်လျစ်လာမယ်၊ အထာကျကျ Body ကို ပိုင်ဆိုင်လာနိုင်သလို၊ ပိုမိုကောင်းမွန်တဲ့ Performance နဲ့ ကိုယ့်ကိုယ်ကို
ယုံကြည်မှုတွေလည်း တိုးတက်လာမှာပါ။
♨ အထူး Promotion အနေနဲ့
သုံးသိန်း (300000) ကျပ်တန် တန်ဖိုးရှိတဲ့
ဒီအစီအစဉ်ကို အခု
ပထမဆုံး Batch သီးသန့်အတွက်
တစ်သိန်း (100000)ကျပ်
သာ ကျသင့်မှာဖြစ်ပါတယ်ဗျ ‼
ဒါက Early Bird အခွင့်အရေး ဖြစ်လို့
ဒီအခွင့်အရေးကို လက်လွတ်မခံဖို့ မှာကြားချင်ပါတယ်
ကဲ အဲ့တာဆို အချိန်တွေမဆွဲတော့ပဲ....
ပထမဦးဆုံး အပ်နှံတဲ့ အရေအတွက်
အယောက် ၁၀၀ သာ လက်ခံမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆို အခုပဲ အမြန်ဆုံး စာရင်းပေး ထားလိုက်ပါဗျ ❤
သင်တန်းကို တက်ရောက်ချင်တယ်ဆိုရင် အခု post အောက်က commet မှာ ELEVATEX လို့ မန့်ခဲ့ရုံနဲ့
ကျွန်တော့် team ကနေ သင်တန်းအကြောင်း
အသေးစိတ်ကို သေချာ လာပြောပြသွားပေးမှာပါ ‼
အထူးအစိီအစဥ်အနေနဲ့ အရင် workout online class တွေ join ခဲ့ဖူးတဲ့ သင်တန်းသားဟောင်းတွေအနေနဲ့
အခု post ကို share ပြီးPage messanger နဲ့
ကျွန်တော့် acc David Liam မှာ
Share ထားတဲ့ Screenshotကို လာပြရုံနဲ့ ဦးဆုံး
ဆယ်ယောက်ကို ရှစ်သောင်း (80000)ကျပ်နဲ့
သင်တန်းအပ်လက်ခံပေးသွားမှာဖြစ်ပါတယ်ဗျ🔊
🔊 ELEVATEX 🔊
Super Online Workout Class
31/08/2025
တင်ပါးဘေးချိုင့်တာက Gym ဆော့ရုံနဲ့ ဖြေရှင်းလို့ရလား?
=====================================
တင်ပါးဘေးချိုင့်တယ်ဆိုတာက
အရိုးဖွဲ့စည်းပုံကြောင့် ဖြစ်နေရတဲ့ ပုံစံတစ်ခုပါ။
ချိုင့်နေသော အရိုးကို ပြန်ဖောင်းလာဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဘာမှလုပ်လို့မရပါဘူး။ ‼
မိန်းကလေးတစ်ယောက်အနေနဲ့ တင်ကိက်ကိက် ဖောင်းဖောင်းလေးနှင့် လှချင်မှာကို သိသော်လည်း
အရိုးဖွဲ့စည်းပုံကိုတော့ Gym ဆော့ရုံနဲ့
ပြောင်းလဲပေးလို့ မရပါဘူး
ဒါကြောင့် မိန်းကလေးတွေအနေနဲ့ တင်ပါးလှချင်တယ်ဆိုရင်
အရိုးကိုပြောင်းလဲဖို့ အာရုံစိုက်မနေဘဲ ကြွက်သားကို
ပိုကြီးထွားနိုင်ဖို့ အာရုံစိုက်ရပါတယ်။‼
တင်ပါးဘေးချိုင့်တာက အဆီနည်းလွန်သူ
ပိန်လွန်းတဲ့သူတွေမှာ ပိုဖြစ်လေ့ရှိတဲ့အတွက်
သင်က တင်ကိတ်ကိတ်ဖောင်းဖောင်းလေးနဲ့
လှချင်တယ်တယ်ဆိုရင်တော့
ရှိသင့်တဲ့ ကိုယ်အလေးချိန်မှာ ရှိနေအောင်
ထိန်းထားဖို့တော့ လိုပါတယ်။
ကံကောင်းစေတဲ့တစ်ချက်က တင်ပါးဘေးချိုင့်တာကို
ဖြေရှင်းဖို့ အရိုးကို ပြောင်းလဲလို့ မရသော်လည်း
တင်ပါးဆုံကြွက်သားအုပ်စု၊
ပေါင်နောက်ကြွက်သား ၊ပေါင်ရှေ့ကြွက်သားတွေကို
အလေးထားပြီး ဆော့ကစားခြင်းအားဖြင့်
တင်ပါးအလှကို ပြန်လည်ရရှိစေနိုင်ပါတယ်
Gym ဆော့သောသူတိုင်း သတိထားဖို့ လိုတဲ့အချက်က
တစ်နေရာတည်းကို ကွပ်ပြီး ကစားခြင်းက
Muscle unbalance ( ကြွက်သား မမျှတမှု ) ကို
ဖြစ်စေပြီး ဒဏ်ဖြစ်စေပါတယ်။
ဒါကြောင့် Body တစ်ခုလုံး မျှတအောင်
ကစားတာကိုတော့ ပို၍ အကြံပေးချင်ပါတယ်။
အကျဥ်းချုပ်ရရင်
တင်ပါးဘေးချိုင့်တာက အရိုးဖွဲ့စည်းပုံ ဖြစ်တဲ့အတွက်
ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ လုပ်လို့မရပါ။
ဒါပေမဲ့ တင်ပါးလှတာကို လိုချင်သေးတယ်ဆိုရင်တော့
ကြွက်သားတွေနဲ့ ဖြည့်တင်းပြီး လှပအောင် လုပ်လို့ရပါသေးတယ်,တင်နောက်မှာရှိတဲ့ အကြီးဆူံးကြွက်သားဖြစ်တဲ့
Gluteus Maximus
အလယ်ကြွက်သား Gluteus
medius အပေါ်ကြွက်သား Gluteus minimus တို့ကို
သေချာစနစ်တစ်ကျTrain ပြီး တင်နောက်ပိုင်းလှအောင်လုပ်သင့်ပါတယ်လို့ အကြံပေးလိုက်ပါရစေဗျ
31/08/2025
ဒီလိုမျိုး စာတွေကို တွေ့မိကြမယ်ထင်ပါတယ်။
ရေသန့်ဘူး ၂ ဘူးလောက်နဲ့ လုပ်တဲ့လေ့ကျင့်ခန်းတွေက
ဘာမှထိရောက်မှု မရှိဘူး။
ဘာမှ အသုံးမဝင်ဘူးလို့ ပစ်ပစ်ခါခါ ပြောနေကြတာမျိုးတွေ ရှိတယ်။
ဒီစကားကို မှန်တယ် မှားတယ် လိုက်ဝေဖန်တာမျိုး မဟုတ်ဘဲ
ကျွန်တော် အမြင်ကိုပဲ ပြောရရင်
ရေသန့်ဘူးလောက်နဲ့ လုပ်ဖြစ်သွားတယ်ဆိုတာက
ဘာမှ မလုပ်ဖြစ်တာထက် အများကြီး ပိုကောင်းပါတယ်။
အခုနောက်ပိုင်းမှာ Online ကနေ Program ဝယ်ယူပြီး ဆော့ဖြစ်ကြတဲ့ လူအများစုမှာဆိုရင်
ဘာပစ္စည်းမှ Ready ရှိမနေဘူး။
Gym သွားဖို့ အဆင်မပြေတာမျိုးတွေ ရှိိတယ်။ အချို့တွေဆို သွားစရာ Gym တောင် သူ့အနီးအနားမှာ ရှိမနေဘူး။
ဒီလိုအခြေအနေမျိုးတွေမှာဆိုရင်
" ရေသန့်ဘူးလောက်နဲ့ လုပ်တဲ့လေ့ကျင့်ခန်းတွေက ဘာမှ ထိရောက်မှု မရှိဘူးဆိုတဲ့ စာကိုတွေ့ပြီး
စိတ်ပျက်ကာ ဘာမှ မလုပ်ဖြစ်တာထက်
ရှိနေသော ရေသန့်ဘူးလောက်နဲ့ လုပ်ဖြစ်သွားတယ်ဆိုတာက အများကြီး ကောင်းပါတယ်။.
အားသာချက် အားနည်းချက်တွေတော့ ရှိတာပေါ့။
ရေသန့်ဘူး ၂ ဘူးနဲ့ လုပ်ပြီး Performance အကြမ်းစားတွေ ရချင်လို့တော့ မရပါဘူး။
သူ့အတိုင်းအတာနဲ့တူ အကျိုးသက်ရောက်မှုတော့ လုံးဝ အသုံးမဝင်တာတော့ မဟုတ်ဘူး။
31/08/2025
ကိုယ့်ရဲ့ body အတွက် ဘာတွေရင်းနှီးမြုပ်နှံထားဖြစ်ကြလဲ?
30/08/2025
ကံကောင်းတဲ့သူတွေပဲ Gym ဆော့ခွင့်ရတာပါ‼
======================
စိတ်ကူးယဥ်ဆန်ဆန်ပြောရရင် ကံကောင်းတဲ့သူတွေပဲ
Gym ဆော့ခွင့်ရတာပါ။
လူတိုင်းအလုပ်လုပ်နေရတာ လူတိုင်းမအားဘူးရယ်🤨
ဒီကြားထဲက Gym ဆော့ဖို့ အချိန်ရှိအောင်
ဖန်တီးနိုင်တဲ့သူတွေကပဲ ဆော့ခွင့်ရတာဖြစ်တယ်။
အချိန်ရှိတယ်ဆိုရင်တောင်
Gym ကို သွားချင်စိတ် ရှိအုံးမှ၊ပေးဆပ်လိုစိတ်
ရှိမှသာ ရောက်ဖြစ်သွားတာမို့
လူတိုင်းက Gym ဆော့ဖို့ ပျင်းတယ်ဆိုရင်တောင်
၊ပေးဆပ်လိုစိတ်မရှိဘူးဆိုရင်တောင်
Gym ဆော့လို့ရလာမဲ့ ခန္ဓာကိုယ်အမိုက်စားတွေ ၊ ကျန်းမာခြင်းတွေကိုတော့ လူတိုင်းလိုချင်ကြပါတယ်‼
လိုချင်ပေမဲ့ မလုပ်ဖြစ်ဘဲ အခြားသူတွေကိုပဲ
အားကျနေရသူတွေထက်
လိုချင်တာကို ရအောင် ကိုယ်တိုင်အားထုတ်ခွင့် ရှိနေတဲ့
Gym ဆော့သူတွေက ပိုကံကောင်းတယ်လို့
ပြောလို့မရပေဘူးလား⁉
ပိုက်ဆံရှိတယ်။Gym ကစားတာ ၊ Gym Lifestyle
ကို အပိုတစ်ခုလို့ မြင်နေသူတွေအတွက်ကော
ဒီဘက်က အရသာကို မသိသေးတဲ့ ကံဆိုးသူတွေလို့
မပြောနိုင်ဘူးလား။
မိမိခန္ဓာကိုယ်ကို မိမိကျေနပ်ရတဲ့အရသာကို
သူတို့မခံစားနိုင်တော့ဘူး။
Gym ဆော့လို့ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ Strong ဖြစ်တာတွေကို သူတို့မသိတော့ဘူး။
ပိတ်လှောင်မိနေသလို အတွေးအခေါ်နဲ့
Gym အတွက် အချိန်ပေးတာက အပိုအလုပ်၊
အစားထိန်းတာက အပိုအလုပ်၊
လုပ်ချင်လျက်နဲ့ စောင့်ထိန်းနေရတာက အပိုအလုပ်
အလကားဖင်ကောင်းကျယ်နေတာပါလို့ မြင်နေရတဲ့အတွက်
Gym ဆော့ဖို့ ကံကောင်းခွင့် မရကြတော့ဘူး‼
ကံကောင်းချင်ရင် အစွဲတွေ ဖျောက်နိုင်ဖို့လိုပါတယ်။
Gym ဆော့ရင် ပင်ပန်းတာတွေ၊ အချိန်ပေးရတာတွေ ရှိပေမဲ့
ဒီအတွက် အကျိုးကျေးဇူးတွေကိုလည်း
Gym ဆော့သူတွေပဲ ခံစားခွင့်ရကြပါတယ်။
Gym ဆော့ခွင့်ရတာဟာ
အခြားသူတွေမရနိုင်တဲ့
✅ ကျန်းမာခြင်း ၊
✅ သန်မာခြင်း၊
✅ နုပျိုခြင်း ၊
✅ စိတ်ဓာတ်သန်မာခြင်း
ဒါတွေကို ရရှိစေနိုင်တဲ့ ကံကောင်းမှု့တွေ ဖြစ်စေတာမို့
စိတ်ကူးယဥ်ဆန်ဆန်ပြောရရင် Gym
ဆော့ခွင့်ရတာကကို ကံကောင်းခြင်းတမျိူးပါ🥰❤
Click here to claim your Sponsored Listing.
Location
Website
Address
Yangon
11041