genius Messi
Ball Sayar Gyi
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ball Sayar Gyi, Sports, BayintNaung, Yangon.
ကျွန်တော်တို့ရဲ့ တယ်လီဂရမ် ချန်နယ်လေးအား ဘောလုံးသတင်းများနဲ့ ကံစမ်းမဲအစီအစဉ်လေးများကိုသိရှိဖို့ ဝင်ရောက်ထားနိုင်ပါတယ်ဗျာ🤗
Telegram channel ----- 👉 https://t.me/toponemmlive
PSG vs Arsenal
09/06/2026
MATCHDAY!
AYA TRI NATIONS CUP 2026 (Women's International Friendly Tour)
……………………….
Myanmar 🇲🇲 (Vs) 🇹🇭 Thailand
📅 Date - 9 June 2026
ယနေ့ မြန်မာစံတော်ချိန် ညနေ 5 နာရီအချိန် သုဝဏ္ဏအိမ်ကွင်းမှာ ယှဥ်ပြိုင်ကစားသွားကြမည့် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်း တို့ပွဲစဥ်မှာ မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းကို နှစ်ဂိုး ဂိုးမရှိ အနိုင်ရလဒ် ရရှိမှ ချန်ပီယံ ဖြစ်မှာလဲ ဖြစ်ပါတယ်။
TRI NATION FRIENDLIES
……………………….
Myanmar 🇲🇲 (Vs) 🇵🇭 Philippines
📅 Date - 9 June 2026
ယနေ့ တစ်ရက်ထဲ မှာ ပဲ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် ဖိလစ်ပိုင် လက်ရွေးစင် အမျိုးသား အသင်းတို့ မြန်မာစံတော်ချိန် ညနေ 6:00 နာရီအချိန်မှာ ယှဥ်ပြိုင်ကစားသွားကြမှာလဲ ဖြစ်ပါတယ် ၊ သွင်းဂိုးရရှိမှု ဖိလစ်ပိုင်ထက် များနေတာကြောင့် သရေရလဒ် ထွက်ရုံဖြင့် မြန်မာအသင်း ချန်ပီယံဖြစ်မှာလဲ ဖြစ်ပါတယ်၊ FIFA Day ပွဲစဥ်တွေမှာ အနိုင်ရရှိမှ အဆင့်ရပ်နည်ချက် မြင့်မှာဖြစ်တာကြောင့် ဖိလစ်ပိုင်ကို အနိုင်ကစားဖို့လိုအပ်နေပါတယ် သိုပေမယ့် တဖက် အသင်းမှာ မွေးစားသား နိုင်ငံခြားသား များစွာပါဝင်နေတာကြောင့် အနည်းငယ် ခက်ခဲမည့်ပွဲစဥ်လဲ ဖြစ်လာမှာဖြစ်ပါတယ်။
ာဝရမြန်မာ🇲🇲
08/06/2026
🔥ဂိုးတွေ သွင်းနေနိုင်ဆဲဖြစ်တဲ့
ထရော့ဆတ်
(၃၁)နှစ်အရွယ် ထရော့ဆတ်ဟာ အာဆင်နယ်မှာ အနာဂတ်မသေချာပေမယ့်
ဘယ်လ်ဂျီယံနဲ့ တူနီးရှားပွဲမှာ အဖွင့်ဂိုးသွားခဲ့ပြီး ဘယ်လ်ဂျီယံက (၅-၀)နဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်၊
လာမယ့်ကမ္ဘာ့ဖလားမှာ ဘယ်လောက်အထိ ခြေစွမ်းပြမလဲအပေါ် မူတည်ပြီး အာဆင်နယ်ဘက်က အနာဂတ်ကို ဆုံးဖြတ်ဖွယ် ရှိနေပါတယ်၊
❤️ ထရော့ဆတ်က တိုက်စစ်အတွက် အရေးပါတဲ့ ပေးပို့မှုနဲ့ အသင်းဂိုးပေါက်ပျောက်တဲ့အချိန်တွေမှာ မကြာခဏ ကယ်တင်ဖူးတာကြောင့် နောက်တစ်ရာသီ ဆင်ထားသင့်တယ် ထင်မိပါတယ်၊ ဂန်းနားတို့ကရော ဆင်ထားသင့်/ မထားသင့်???
07/06/2026
အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ
မြန်မာ 🇲🇲🆚🇹🇱 တီမော
🕢 ၇:၃၀
ပိတ်ရက်မှာမောပန်းနေတဲ့စိတ်တွေအပန်းဖြေဖို့အတွက် မြန်မာယူ(၁၉)အသင်းပွဲစဥ်ကိုအတူတူအားပေးကြရအောင်။😬👏🏻🇲🇲
06/06/2026
မြန်မာ ပရိတ်သတ်တွေ အတွက် အနိုင်ပွဲစဥ် တစ်ခုကို စတင် ယူဆောင်ပေးမည့် မြန်မာ အမျိုးသား အသင်းကြီး..
05/06/2026
ဂွာဒီယိုလာ ၊ မော်ရင်ညို ၊ အန်ရီကေးတို့ ၃ ယောက် ဘာစီလိုနာအသင်းမှာ အတူရှိခဲ့ကြတဲ့ ကမ္ဘာကျော်ဓါတ်ပုံကို ဘောလုံးဝါသနာရှင်အတော်များများ သိကြမှာပါ ။ ဒါပေမယ့် ဒီပုံထဲမှာပါနေတဲ့ နောက်ထပ်တယောက် ၊ စတုတ္ထလူကိုတော့ သိတဲ့သူသိပ်မရှိနိုင်ပါဘူး ။ သူဟာ ဘာစီလိုနာရဲ့ နာမည်ကျော်ကစားသမားတယောက်မဟုတ်ခဲ့ပေမယ့် အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတယောက်ဖြစ်ခဲ့တာပါ ။
သူ့နာမည်က ကားလက်စ်လို့ခေါ်ပါတယ် ။ ဘာစီလိုနာအသင်းရဲ့ အရန်ဂိုးသမားပါ ။ ဂိုးသမားဆိုပေမယ့် ဂိုးဖမ်းတာမတော်ပါဘူး ၊ ဘောလုံးကစားတာ ၊ ဘောလုံးပေးပို့တာတွေက ပိုတောင်ကောင်းပါသေးတယ် ၊ ပြောရရင်တော့ ဘာစီလိုနာရဲ့ အိုနာနာပေါ့ ။ ကားလက်စ်ဟာ ဘာစီလိုနာအသင်းမှာ အကြာကြီးရှိနေခဲ့ပြီး ၁၉၉၂ ချန်ပီယံလိဂ်ဖိုင်နယ် ၊ ဘာစီလိုနာအသင်း ချန်ပီယံဖြစ်လာခဲ့တဲ့ပွဲမှာ အရန်လူစာရင်းကနေ ပါဝင်ခဲ့သူပါ ။ ဒီပွဲမှာ ဂွာဒီယိုလာက ပွဲထွက်ကစားခဲ့ပါတယ် ။
နောက်ပိုင်းမှာတော့ ဂွာဒီယိုလာက ဘာစီလိုနာအကယ်ဒမီအသင်းရဲ့နည်းပြဖြစ်လာတယ် ၊ ကားလက်စ်ကလည်း ဘာစီလိုနာအသင်းရဲ့ တိုးတက်မှုတွေမှာ အကူအညီပေးခဲ့ပါတယ် ။ သူဟာ ကမ္ဘာကျော်ကစားသမားမဖြစ်ခဲ့ပေမယ့် သူနဲ့ ဆက်နွယ်သူကတော့ ဘောလုံးသမိုင်းတလျောက် အကောင်းဆုံးကစားသမားတွေထဲကတယောက်အဖြစ် ကျော်ကြားခဲ့ပါတယ် ။
ကားလက်စ်ရဲ့ နာမည်အပြည့်အစုံက ကားလက်စ် ဘက်စကွက်ဖြစ်ပြီး ဘာစီလိုနာနဲ့ စပိန်ဂန္ထဝင်ကွင်းလယ်ကစားသမားကြီး ဆာဂျီယို ဘက်စကွက်ရဲ့ဖခင်ပဲဖြစ်ပါတယ် ။
03/06/2026
ယနေ့ပွဲစဥ်မှာ အိမ်ကွင်းဂျာစီ (အနီရောင်) ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။
02/06/2026
AYA Tri-Nations Cup 2026 အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်လူစာရင်း ထုတ်ပြန် 🇲🇲⚽️
02/06/2026
ASEAN U19 BOYS’ BANK SUMUT CHAMPIONSHIP 2026
……………………….
Full Time
Indonesia U19 🇮🇩 3️⃣-0️⃣ 🇲🇲 Myanmar U19
ယနေ့ည ပိုင်းကယှဥ်ပြိုင်ကစားခဲ့ကြတဲ့ အာဆီယံယူ၁၉ပြိုင်ပွဲအဖွင့်ပွဲစဥ်မှာ တော့ အိမ်ရှင်အင်ဒိုနီးရှား အသင်းကို မြန်မာယူ၁၉အသင်း 3ဂိုး ဂိုးမရှိရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲချိန်အတွင်း ဂိုးရရှိရန်အတွက် အခွင့်ရေး အနည်ငယ်လောက်သာရရှိခဲ့ပြီး freekick မှတစ်ကြိမ် ပွဲချိန် 66min မှာ စိုင်းဘိိုဘိုကျော် ရဲ့ ဂိုးရနိုင်လောက်တဲ့အခွင့်အရေးတစ်ကြိမ် ပွဲပြီးဆုံးကြိမ်မှာ အဝေးကစ်တစ်ကြိမ် ဒီအခွင့်ရေးတွေလောက်သာ ရရှိခဲ့တာပါ၊ အင်ဒိာအသင်း ကစားကွက်မှတစ်ဆင့် ဂိုးရတာမဟုတ်ပဲ မြန်မာအသင်းနောက်တန်းကစားသမားတွေရဲ့ မမှားသင့်တဲ့အမှားတွေကြောင့် 3ဂိုး ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်၊ အသင်းခေါင်းဆောင် No 4 ရဲ့ မဖြစ်သင့်တဲအမှားကြောင့် နှစ်ဂိုး တိတိ ပေးခဲ့ရပြီး နောက်ဆုံးတစ်ဂိုးမှာလဲ နောက်တန်းကစားသမားမှ အမှားကြောင့် ထပ်မံဂိုးပေးခဲ့ရတာလဲ ဖြစ်ပါတယ် ၊ အုပ်စုကြပ်နေတဲ့အနေထားမျိုးမှာ နောက်တစ်ဆင့်တက်ရေးအတွက် ခက်ခဲသွားပြီလဲ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
11211