03/06/2026
(၂၀၀၄) ခုနှစ်က ဖြစ်ရပ်များ
အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရ
လီဗာပူးက နည်းပြထုတ်ပယ်ပြီး စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်
နောက်ရာသီမှာ လီဗာပူးတို့ ချန်ပီယံလိဂ်ဖလားရ
လက်ရှိ (၂၀၂၆) ခုနှစ် ဖြစ်ရပ်များ
အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရ
လီဗာပူးက ဆလော့ကို ထုတ်ပြီး စပိန်လူမျိုးနည်းပြ အာရီယိုလာကို နည်းပြသစ်အတွက် ခန့်
လက်ရှိ ကလန်ဒါအရဆိုရင်တော့ လီဗာပူးတို့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်မလားဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
03/06/2026
ဗီတင်ညာကတော့ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး ကွင်းလယ်လူလို့ ပြောရပါမယ်။ သူနဲ့အတူ တွဲဖက် ယာအိုနေးဗက်စ်ကလည်း တကယ့်ကို ရှယ်ပါပဲ။
သူတို့နှစ်ယောက် ပါဝင်တဲ့ ကွင်းလယ်ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ ပီအက်စ်ဂျီက ဒီကစားသမားတွေနဲ့ပဲ ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ။
လာမယ့် ကမ္ဘာ့ဖလားမှာလည်း ပေါ်တူဂီအတွက် သူတို့ပဲ တွဲကစားဦးမှာဖြစ်ပြီး ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေက ပရိသတ်တွေက စိတ်ဝင်စားစရာကောင်းနေပါတယ်။
03/06/2026
မီလ်နာရဲ့ ကစားသမားဘဝက အခုနေမှာ အသက်အကြီးဆုံး ပရီးမီးယားလိဂ် ကစားသမား ဘာညာ စံချိန်တင်ထားတာပါ။ နောက်ပြန်ကြည့်လိုက်ရင်လည်း တကယ်ကို အံ့အားသင့်စရာတွေပါပဲ။
မီလ်နာက ကစားသမားဘဝမှာ အလန်ရှီးယား၊ ကလွိုက်ဗတ်တို့နဲ့တောင် တွဲကစားခဲ့ဖူးပါသေးတယ်။ အဲ့ဒီတုန်းက နယူးကာဆယ်မှာ ကစားခဲ့တာဖြစ်ပြီး အခုတော့ ပရီးမီးယားလိဂ်မှာပဲ ကျင်လည်ရင်း ဘရိုက်တန်အတွက် ကစားပေးနေပါတယ်။
ဘရိုက်တန်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ဆဲဖြစ်ပြီး နောက်တက်လာတဲ့ ကြယ်ပွင့်တွေနဲ့တောင် ကောင်းကောင်းကြီး ယှဉ်ကစားနေနိုင်ပါသေးတယ်။
03/06/2026
အိုဒီဂတ်ရဲ့ မျက်မှန်ကို အာဆင်နယ် အော်ဖစ်ရှယ်အကောင့်ကပါ ကူညီရှာဖွေပေးနေပါတယ်။ တကယ်တော့ ဒါက နောက်ပြောင်ခဲ့တဲ့ ကိစ္စ သက်သက်ပါပဲ။
အာဆင်နယ်တို့ လန်ဒန်မြို့ထဲမှာ ပရီးမီးယားလိဂ်ဖလားကြီးနဲ့ လှည့်လည် အောင်ပွဲခံချိန်မှာ ဘန်ဝှိုက်က အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ မျက်မှန်ကို ချွတ်ယူပြီး ပရိသတ်ထဲ ပစ်ထည့်ပေးလိုက်တာပါ။
အဲ့ဒီမျက်မှန်က ယူရို (၁,၂၀၀) တန်ပြီး ပြန်လည်းမရလိုက်ပါဘူး။ ဘန်ဝှိုက်က ဒီပွဲမှာ တောက်လျှောက် စနောက်ခဲ့ပြီး ပရိသတ်တွေကျွေးတဲ့ ဟမ်ဘာဂါကိုတောင် ယူစားသွားပါသေးတယ်။
01/06/2026
မန်စီးတီးရဲ့ သက်ဆိုင်ရာအသင်းတွေကတော့ ဒီနှစ်မှာ အက်ဖ်အေဖလားတွေနဲ့ အပြိုင်အဆိုင် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ မန်စီးတီး အသင်းကြီးကလည်း အက်ဖ်အေဖလားဖိုင်နယ်မှာ ချဲလ်ဆီးကို နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။
မန်စီးတီးရဲ့ အမျိုးသမီးအသင်းကလည်း အမျိုးသမီးအက်ဖ်အေဖလားပြိုင်ပွဲမှာ အနိုင်ကစားပြီး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လူငယ်အသင်းကလည်း ထိုနည်းလည်းကောင်းပါပဲ။
အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ (၂၀၂၆) ခုနှစ်မှာ အက်ဖ်အေဖလားကို အသင်းပေါင်းစုံနဲ့ သိမ်းပိုက်သွားခဲ့ပြီး ကျေနပ်စရာ မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
01/06/2026
“နောက်နှစ်ကျရင် ကျနော်တို့ ပိုများတဲ့ မျှော်လင့်ချက်တွေ၊ ဆုဖလားတွေအတွက် ပြန်လာခဲ့ပါမယ်။ ဒီအတွက် သေချာ အာရုံစိုက်သွားမှာပါ” လို့ အာဆင်နယ် ကွင်းလယ်လူ ဒကလန်ရိုက်စ်က ပြောခဲ့ပါတယ်။
ရိုက်စ်က အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လန်ဒန်မြို့ထဲ လှည့်လည်အောင်ပွဲခံတဲ့ အခမ်းအနားမှာ အခုလိုမျိုး ပြောခဲ့တာပါ။ အာဆင်နယ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာရှုံးပြီး နောက်တစ်ရက်ကျတော့ လန်ဒန်မြို့ထဲ ချက်ချင်း အောင်ပွဲခံခဲ့တာပါ။
အာဆင်နယ်တို့ ဒီရာသီမှာ ကာရာဘောင်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတို့နဲ့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်တစ်လုံးတည်းရခဲ့ပြီး ကာရာဘောင်နဲ့ ချန်ပီယံလိဂ်ဖလား ဖိုင်နယ်တွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။
01/06/2026
အာဆင်နယ်က အသင်းသမိုင်းတစ်လျှောက်မှာ ဥရောပဖလားပွဲ၊ ချန်ပီယံလိဂ်ဖလားပွဲ စုစုပေါင်း (၂၀၀) ကျော်အထိ ကစားပြီးပါပြီ။ အတိအကျပြောရရင် (၂၂၆) ပွဲပါ။
ဒါပေမယ့် ဒီလောက်ပွဲအရေအတွက် အများကြီး ကစားပြီးတာတောင် အာဆင်နယ်တို့ အခုချိန်အထိ ချန်ပီယံလိဂ်ဖလားကို မရဖူးသေးပါဘူး။ တော်တော်ဆိုးတဲ့ အချက်အလက်ကြီးပါပဲ။
နောက်ပြီး ဒီလိုမျိုး ချန်ပီယံလိဂ်ဖလားမရဖူးသေးတဲ့ အသင်းတွေထဲမှာလည်း ပွဲပေါင်း (၂၂၆) ပွဲနဲ့ ပွဲအများဆုံး ကစားထားတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားပါသေးတယ်။
01/06/2026
ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အဆုံးအဖြတ် ပင်နယ်တီကန်သွင်းဖို့ ဂါဘရီရယ်လ် ကိုယ်တိုင်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပင်နယ်တီလွဲပြီး အာဆင်နယ်လည်း ချန်ပီယံလိဂ်ဖလားနဲ့ လွဲခဲ့ပြန်ပါတယ်။
ဒီဘရာဇီးသားအတွက်လည်း အာဆင်နယ် ကစားသမားဘဝမှာ ပထမဆုံး ကန်ခဲ့ဖူးတဲ့ ပင်နယ်တီပါ။ “ဂါဘရီရယ်လ်က (၅) လုံးမြောက် ပင်နယ်တီကို ကန်ချင်ခဲ့ပါတယ်။ ကျနော်တို့က ဒီအခိုက်အတန့်တွေအတွက် ပြင်ဆင်ပြီးသားပါ”
“ပုံမှန်ဆိုရင် ဒီလိုမျိုး ပင်နယ်တီကို ဆာကာ၊ အိုဒီဂတ်နဲ့ ဟာဗက်ဇ်တို့ ကန်ရမှာပါ” လို့လည်း အာဆင်နယ်နည်းပြ အာတီတာက ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
31/05/2026
အာဆင်နယ်ကတော့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘောလုံးပိုင်ဆိုင်မှု (၂၄.၇) ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။ ဒါက (၂၀၀၄) နောက်ပိုင်း ချန်ပီယံလိဂ်ဖိုင်နယ်မှာ အသင်းတစ်သင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံး မှတ်တမ်းဖြစ်ခဲ့ပါတယ်။
အာဆင်နယ်ကိုကြည့်ရတာ “မင်းတို့ ပီအက်စ်ဂျီ ဘောလုံးကို အိမ်ယူသွား၊ ဖလားတော့ ငါတို့ယူမယ်” လို့ ပြောချင်ခဲ့တဲ့ပုံပါပဲ။ လက်တွေ့မှာတော့ ပီအက်စ်ဂျီက ဖလားရော၊ ဘောလုံးရော အိမ်ယူသွားပါတယ်။
အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖိုင်နယ်လို နေရာမျိုးနဲ့ မထိုက်တန်တာ ဒီအချက်အလက်တွေက သက်သေပါပဲ။ တကယ်ကို ဆိုးရွားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဘာစီလိုနာသာ ဆီမီးကို ရောက်လာခဲ့ရင် အာဆင်နယ်တို့ ဖိုင်နယ်တက်မှာတောင် မဟုတ်တာ သေချာပါတယ်။
31/05/2026
ယူရို - ၂၀၂၀ ဖိုင်နယ်ရှုံး
ယူရို - ၂၀၂၄ ဖိုင်နယ်ရှုံး
(၂၀၂၆) ကာရာဘောင်ဖလားဖိုင်နယ်ရှုံး
(၂၀၂၆) ချန်ပီယံလိဂ်ဖိုင်နယ်ရှုံး
ဆာကာကတော့ ဖိုင်နယ်ပွဲကြီးတွေနဲ့ ပတ်သက်လာရင် ကံမပါဘူးလို့ ပြောရမှာပါ။ မနေ့ကလည်း အာဆင်နယ်နဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ် ဆင်နွှဲခွင့်ရခဲ့ပေမယ့် ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်နဲ့အတူ ချန်ပီယံလိဂ်ဖလားမရတာကတော့ မဆန်းပါဘူး။ အဆိုးရွားဆုံးကတော့ ယူရို-၂၀၂၀ ဖိုင်နယ်တုန်းက ပင်နယ်တီအဆုံးအဖြတ်မှာ သူကိုယ်တိုင်ပါ ပင်နယ်တီလွဲခဲ့ပြီး လူမျိုးရေးခွဲခြားမှုတွေပါ ခံခဲ့ရတာဖြစ်ပါတယ်။