Soccer Age Myanmar

Soccer Age Myanmar

Share

Soccer Age Myanmar 🇲🇲🇲🇲

17/06/2026

ကျားကြီးတွေကို ခြေခေါ်စမ်းမယ့် ငုယင်အသင်း။

အာဆီယံဘောလုံးလောကရဲ့ အကောင်းအသင်းတစ်သင်းအဖြစ် သတ်မှတ်လို့ရတဲ့ ဗီယက်နမ်အသင်းဟာ လာမယ့် ဇူလှိုင်လအတွင်းမှာ မြန်မာအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။

17/06/2026

🔴 2026/27 Myanmar Women League ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဇွဲကပင်ယူနိုက်တက်အသင်းဟာ ပြည်ပကစားသမား ခေါ်ယူမှုအနေနဲ့ အာဖရိကန်ကစားသမားတွေကို ခေါ်ယူဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

15/06/2026

ရေခဲမှတ်လို ငြိမ်သက်နေတဲ့ ရှမ်းယူနိုက်တက်။

မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့်ရာသီသစ်အတွက် ကစားသမားအင်အားဖြည့်တင်းမှုနဲ့ ပက်သက်ပြီး တစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။

14/06/2026
14/06/2026

ထိုင်းလိဂ်ရာသီသစ်က မြန်မာတွေအတွက် အခက်တွေ့မလား။

လာမယ့် ထိုင်းလိဂ်ရာသီသစ်အတွက် ပြောင်းလဲလိုက်တဲ့ ပြည်ကစားသမားခေါ်ယူမှု စည်းမျဉ်းတွေကြောင့် မြန်မာကစားသမားတွေ အခက်တွေ့နိုင်လားဆိုတာနဲ့ ပက်သက်ပြီးတင်ဆက်ပေးလိုက်ပါတယ်။

14/06/2026

🔴 ISPE ကို အခက်တွေ့စေအုံးမယ့် ရှမ်းယူနိုက်တက်
(2026/27 Myanmar Women League ပွဲကြိုသုံးသပ်မှု)

🔴 အခုနှစ်ဘောလုံးရာသီအတွက် ကျင်းပမယ့် 2026/27 Myanmar Women League ပြိုင်ပွဲကတော့ မနက်ဖြန် ဇွန်လ ၁၅ရက်နေ့မှာ စတင်ကျင်းပသွားတော့မှာဖြစ်ပြီးတော့ ပွဲစဉ်(၁)ရဲ့ ပွဲဦးထွက်ပွဲစဉ်အနေနဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ ISPE FC တို့က ယှဉ်ပြိုင်ကစားသွားကျမှာဖြစ်ပါတယ်။

🔴 ရှမ်းယူနိုက်တက်အသင်းနဲ့ ISPE FC တို့ဟာ တွေ့စုံတဲ့ပွဲစဉ်တိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ မနှစ်ကရာသီကတွေ့စုံမှုအဖြစ် ပထမအကျော့မှာ ISPE FC က ရှမ်းယူနိုက်တက်အသင်းကို ၁ဂိုးဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားပေမယ့် ဒုတိယအကျော့မှာတော့ ရှမ်းယူနိုက်တက်အသင်းက ISPE FC ကို သရေကစားထားပါတယ်။

🔴 အခုနှစ်ရာသီမှာတော့ ရှမ်းယူနိုက်တက်အသင်းက နည်းပြချုပ်ရာထူးကိုအပြောင်းအလဲပြုလုပ်ထားသလို တိုက်စစ်ပိုင်းမှာလည်း လူအင်အားဖြည့်တင်းထားတာကြောင့် ISPE FC အနေနဲ့ ပြီးခဲ့တဲ့ရာသီကထက် ပိုမိုခက်ခဲနိုင်ပြီး ISPE FC က အနိုင်ရရှိခဲ့မယ်ဆိုရင်တောင်ကျဉ်းမျဉ်းတဲ့ရလဒ်လောက်နဲ့ပဲ အနိုင်ရရှိသွားချေရှိပါတယ်။ Soccer Age Myanmar က ဒီပွဲစဉ်အတွက်ရလဒ်ကို ခန့်မှန်းကြည့်ရမယ်ဆိုရင်တော့ သရေရလဒ် ထွက်ပေါ်ဖို့များမယ်လို့ ခန့်မှန်းပေးချင်ပါတယ်။

13/06/2026

https://www.facebook.com/share/p/1Fz8jDftAk/

[The Return of Alyssa Jane Ube! 🔙🔥]

မနှစ်ကရာသီရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသူ Alyssa Ube တစ်ယောက် ကျွန်တော်တို့ အသင်းဆီ တရားဝင် ပြန်လည်ပူးပေါင်းလာခဲ့ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အသင်းရဲ့ အောင်မြင်မှု ခရီးစဉ်တွေအတွက် အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့သူ့ကို အသင်းသားတွေ၊ ပရိသတ်တွေအားလုံးက လှိုက်လှိုက်လှဲလှဲ ပြန်လည်ကြိုဆိုပါတယ်။

ဧရာဝတီအက်ဖ်စီအမျိုးသမီးဆီ ပြန်လာတဲ့ Ube တစ်ယောက် ဒီထက်မကတဲ့ အောင်မြင်မှုတွေ အသင်းနဲ့အတူ ဆွတ်ခူးနိုင်ဖို့ ပရိသတ်ကြီးလည်း အားပေးစကားလေးတွေ ပြောခဲ့ပေးဦးနော်။ 🥰

Welcome Home Alyssa Jane Ube 💪

13/06/2026

ဝေဖန်သူတွေကို ဘာပြောလဲ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ဟာ မြန်မာအသင်းတွေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့အပေါ် ဝေဖန်နေသူတွေနဲ့ ပက်သက်ပြီး Myanmar Women League ပြိုင်ပွဲရဲ့ စပွန်ဆာရေးထိုးပွဲရဲ့ အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။

13/06/2026

🔴 2026/27 Myanmar Women League ရာသီအတွက် ဧရာဝတီအမျိုးသမီးအသင်းကနေ ခေါ်ယူထားတဲ့ ဘင်္ဂလား‌ဒေ့ရှ် အမျိုးသမီး လက်ရွေးစင်ကစားသမားရီတူဟာ ဧရာဝတီအမျိုးသမီးအသင်းရဲ့ လေ့ကျင့်ရေးအစီစဉ်တွေမှာ ပူးပေါင်းနေပြီဖြစ်ပါတယ်။

Photo - Ritu Porna Chakma's Facebook

12/06/2026

ရာသီသစ်မှာ ဘာတွေထူးသလဲ မြန်မာအမျိုးသမီးလိဂ်။

လာမယ့် ဇွန်လ ၁၅ရက်နေ့ကနေ စတင်ပြီး ကျင်းပမယ့် 2026/27 Myanmar Women League ပြိုင်ပွဲမှာ ဘာတွေထူးခြားမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon