YNWA TV Show

YNWA TV Show

Share

Bringing Memory For Liverpool

27/04/2025

မက် အလစ္စတာကို ပိုပြီးသဘောကျစေခဲ့တဲ့ပွဲ

2022 World Cup Final
Argentina vs France (Full Time Replay)

National League မှာတော့ ကျွန်တော်က အသင်းစွဲမရှိပါဘူး
Nation ပြိုင်ပွဲတွေမှာက ရှုံးထွက်အဆင့်တွေ ရောက်လာရင် ပြိုင်ဆိုင်မှုပြင်းထန်လာတတ်တယ်

ပြိုင်ပွဲဝင်ကစားသမားတွေကလဲ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ပေးနေရလို့ တကယ့်ကို အပတ်တကုတ် ကြိုးစားအားထုတ်ကြသလို

ပရိတ်သတ်ရဲ့ အားပေးမှု ၊ မိခင်နိုင်ငံအတွက် နိုင်လိုစိတ်ပြင်းပြတွေကိုလဲ အတိုင်းသားမြင်ရလေ့ရှိပါတယ်

မြန်မာပရိတ်သတ်တွေတောင် အများကြီးမျှော်လင့်လို့မရမှန်း သိလျှက်နဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် တာဝန်ကျေပါတယ်

အာဂျင်တီးနား နဲ့ပြင်သစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကလဲ နိုင်ငံတကာပြိုင်ပွဲမှာ အဆင့်အတန်းအမြင့်ဆုံးဖြစ်တာနဲ့အညီ
ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းပြမှုတွေ ပရိတ်သတ်ရဲ့ ကြောက်ခမန်းအားပေးမှုတွေ
ဒါတွေကို ခံစားခဲ့ရတဲ့အပြင်

ဖိအားတွေအောက်မှာ ကစားနေရတဲ့ ကစားသမားတွေရဲ့ တဦးချင်းအမှားလေးတွေ၊
emotional moment တွေ၊ အားလုံးက မမေ့နိုင်စရာပါပဲ

ကျွန်တော်ဆို အာဂျင်တီးနားဖန်မဟုတ်ပေမဲ့
ဒီမာရီယာ၊မက်ဆီတို့လို ကစားသမားတွေကို သဘောကျတော့ သူတို့ကစားသမားဘဝကနေ အနားမယူခင်မှာ ကမ္ဘာ့ဖလားကို ကိုင်မြောက်သွားစေချင်ခဲ့သေးတယ်

ဘာပေတို့ လူငယ်တစ်သိုက်ကလည်း ထိုက်တန်ပါတယ်

ဒီမာရီယာဆို အာဂျင်က နှစ်ဂိုးပြတ်နိုင်နေချိန်မှာ လူစားလဲခံရပြီး အရန်ခုံထိုင်ခဲ့ရတယ်

နှစ်ဂိုးပြတ်‌နေပြီမို့ အေးဆေးထိန်းချုပ်နိုင်ခဲ့မယ်ထင်ခဲ့ပုံပဲ
ပြင်သစ်က နှစ်ဂိုးပြန်သွင်းပြီး ပွဲပြီးချိန် နီးလာလေလေ ဒီမာရီယာတစ်ယောက် အရန်ခုံမှာ ငိုတာငိုတာ၊ သနားတောင် သနားလာတယ်
သူကွင်းထဲမှာ ရှိနေတုန်းက အများကြီး အကျိုးပြုပေးခဲ့တာကိုး

ပြင်သစ်အသင်းအတွက်ကလဲ အရေးပါတဲ့ ပွဲစဉ်ပါပဲ

ပြင်သစ်သမ္မတ ထင်တယ်(သေချာမသိ)နိုင်ငံအကြီးအကဲတစ်ယောက် ကိုယ်တိုင် လာအားပေးတဲ့ပွဲဆိုတော့ သူတို့မှာ ပိုတာဝန်ကြီးတယ်

အချိန်ပိုပြီးခါနီး ၃-၃ဖြစ်နေချိန်မှာ ပြင်သစ်အသင်းရတဲ့အခွင့်ရေး kolo muani ရဲ့ အဆုံးအသတ်ကို မာတီနတ်က Star fish Save နဲ့ ကာကွယ်လိုက်နိုင်ပုံက မယုံနိုင်စရာပဲ

အဲ့အလုံးသာဝင်သွားခဲ့ရင် ကမ္ဘာ့ဖလားချန်ပီယံက ဘာပေတို့ လူငယ်တစ်သိုက်ဖြစ်သွားခဲ့မှာပါ

Drama တွေအများကြီးပါဝင်တဲ့ WC final ပွဲစဉ်ကို အစဆုံးပြန်ကြည့်လို့ရအောင် တင်ဆက်ပေးထားပါတယ်
https://t.me/fullmatchsoccer

Photos from YNWA TV Show's post 24/04/2025

On this Day
guess the match 😜😜

20/04/2025

ပွဲ အစပိုင်း
ဘရက်ဒလေတစ်ယောက် ညာခြမ်းခံစစ်မှာ struggle ဖြစ်နေပြီဆို ကင်မရာမန်းက အရံခုံက အာနိူးကို ရိုက်ရိုက်ပြတယ်

ပါပူးဖန်တွေ အတွက် အမှတ်တရပုံများများ ကျန်ခဲ့စေချင်သလားမသိ

မောင်အာနိုးက လဲ လူစားဝင်ပြီး ဂိုးသွင်း သွားတယ်

လွမ်းရမယ်ဆိုလဲ လွမ်းလောက်စရာပါပဲ

ဂတ်ပို‌က ကြံရည်ဖန်ရည် ကုန်ဆုံးနေသလိုပဲ၊ သူ့ဆီက တခုခုထွက်လာမယ်လို့ကို မမျှော်လင့်မိ

မာကာ ၊ ဂရာဗန်ဘတ် တို့ကိုပဲ ဘေးကနေ အားနာမိတယ်

ထောင့်ကန်ဘော 13 ကြိမ်လောက်မှာ တစ်ကြိမ်လောက်ပဲ သေချာတိုက်ခွင့်ရပြီး ဂိုးအဖြစ်ပြောင်းလဲဖို့ခက်ခဲနေတာလဲ တွေ့ရတယ်။
တစ်ဖက် ဂိုးသမားနဲ့နောက်တန်းက block သွားတာမျိုးမဟုတ်ပဲ သေချာတိုက်ခွင့်မရတာမျိုးက အားမလိုအားမရဖြစ်မိတာအမှန်။

ပွဲချိန်ပြည့် Replay ကိုတော့ Channel မှာ တင်ဆက်ပေးပါမယ်။
https://t.me/thisisanfield_ynwa

20/04/2025

Our Squad to face Leicester

Alexander Arnold is as SUB

20/04/2025

LEICESTER 🆚 LIVERPOOL
10:00 PM

🏟 King Power Stadium
📆 20/04/25
🏆 Premier League 2024/2025

ပွဲပြီး Full Time Replay ကို Telegram Channel မှာတင်ဆက်ပေးပါမယ်

https://t.me/thisisanfield_ynwa



19/04/2025

Anfield ကွင်းကြီးထဲက Moment တွေကို မျက်မြင်ခံစားချင်ကြတာ Liverpool ဖန်တိုင်းရဲ့အိမ်မက်တစ်ခု ဖြစ်မယ်ထင်ပါတယ်

အခု Video Clip ထဲမှာ Barcelona နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့က ပွဲစဉ်အငွေ့အသက်တွေကို ကိုယ်တိုင်ခံစားရသလို ရိုက်ကူးတင်ဆက်ထားပါတယ်

Kopp Standing ရှေ့က အောင်ပွဲဟန်တွေ
YNWA သီချင်းကို သံပြိုင်သီဆိုအားပေးနေတာတွေကို အနီးကပ်မြင်ရသလို တင်ဆက်ထားတာမို့ လီပါပူးဖန်တိုင်း ကြည့်ချင်ကြမယ်ထင်လို့
တင်ဆက်ပေးလိုက်ပါတယ်

You Will Never Walk Alone

Channel Link ⬇️⬇️
https://t.me/thisisanfield_ynwa

အခြားလိဂ်ပွဲများကြည့်လိုပါက⬇️
https://t.me/fullmatchsoccer

19/04/2025

We call him Lucho🎧🎤🪗

Liverpool Fan တွေက သီချင်းစပ်ရာ၊သီဆိုရာမှာတော့ ဆရာကြီးပဲ
အဲ့သီချင်းတွေကြောင့်ပဲ Anfield Atmosphere က ပိုပြီး နွေးထွေးလာတယ်လို့ ခံစားမိပါတယ်

Lucho Song ကတော့ ကျွန်တော့်အကြိုက် Money Heist ရုပ်ရှင်ရဲ့ Theme Song Melody နဲ့မို့ ကျွန်တော့်အကြိုက်ဆုံးပါပဲခင်ဗျာ

Channel Link ⬇️⬇️
https://t.me/thisisanfield_ynwa

19/04/2025

2005 UEFA CHAMPIONS LEAGUE FINAL
Liverpool 3-3 AC Milan
(Full Time Replay)

အစ္စတန်ဘူညအကြောင်းကို ကျွန်တော်တို့လို 1998 Born တွေက ပြောပြရတာ ခက်ပါတယ်

ဂျာရတ်၊ဟစ်ပီယာ၊ကာရေဂါ၊ဒူဒက်တို့‌ေလာက်ကလွဲပြီး တခြား Legend တွေနဲ့ သိပ်မရင်းနှီးတာလဲပါတယ်

တစ်‌ဦးတည်းသဘောအရတော့ အစ္စတန်ဘူညအကြောင်းပြောရတာ ဂျာရတ်အကြောင်းပြန်ပြောရသလိုပဲ

ပထမတစ်ပိုင်းလုံး ဇာတ်နာနာနဲ့ကြည့်ခဲ့ရတယ်။အရှက်ပြေ တစ်ဂိုးလောက်ပြန်သွင်းနိုင်ရင် ကျေနပ်ပြီဆိုတဲ့ စိတ်နဲ့ ဒုတိယပိုင်းကို ပြန်စရတယ်...

အပြောင်းအလဲတွေက ဂျရတ်ရဲ့ ခေါင်းတိုက်အဖွင့်ဂိုးအပြီးမှာ ဆက်တိုက်ပဲ

ဇာတ်သိမ်းခန်းမှာ မင်းသားက ရွှေအိုးကြီးထမ်းပြန်လာတဲ့ ရုပ်ရှင်ကားလို..
အစ္စတန်ဘူညက
မှော်ဆန်တယ်၊ခမ်းနားတယ်..

You Will Never Walk Alone

Full Time Replay ကြည့်ရန်
Telegram Channel Link ⬇️⬇️
https://t.me/thisisanfield_ynwa

Page နဲ့ Channel လေးကို Join ပေးထားကြပါအုံးခင်ဗျ

18/04/2025

လီပါပူးအသင်းရဲ့ စွဲမက်စရာ ပွဲစဉ်တွေအများကြီးရှိတဲ့အနက်
2015 လီပါပူးဖန်တစ်ယောက်အနေနဲ့ ခုချိန်ထိ မြင်ယောင်နေဆဲပွဲစဉ်ကတော့
2019 UEFA CHAMPIONS LEAGUE
Liverpool 4-0 Barcelona
Epic Comeback ပွဲစဉ်ပဲဖြစ်ပါတယ်

-Cap ဟန်ဒါဆန် ရဲ့ ပွဲပြီးငိုကျွေးနေပုံတွေ
- အာနိုးရဲ့ Corner
-ဝှိုက်နယ်ဒန်ရဲ့လုပ်အား
-လာဘ်ကောင်လေး အိုရီဂီ
-မက်ဆီကို ရန်စတဲ့ ရောဘတ်ဆန်
-ဆွာရက်ကြီး ငိုမဲ့မဲ့ဖြစ်နေပုံတွေ

ဒါတွေအားလုံးကို ဆာလက်၊ဖာမီနို တို့လို အဓိက ကစားသမား‌ေတွမပါပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်

အစ္စတန်ဘူည ပွဲစဉ်က ဖိုင်နယ်ပွဲစဉ်မို့
Anfield ရဲ့ 4-0 ရလာဒ်နဲ့ Barcelona ကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်ထပ် ပိုခမ်းနားတယ်ထင်ရပေမဲ့ အခုပွဲက Live ကြည့်ခဲ့ရတဲ့ ပွဲဖြစ်တာမို့ ခုထိ စွဲနေတုန်းပါပဲ

ညိုကီတို့လဲ အန်ဖီးရင်ခုန်သံတွေကို ပြန်လည်ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

လီပါပူး ရဲ့ တခြားကြည့်လိုတဲ့ပွဲစဉ်များကိုလဲ မန့်မှာ ရေးခဲ့ပေးနိုင်ပါတယ်

You Will Never Walk Alone

Telegram Channel Link ⬇️⬇️
https://t.me/thisisanfield_ynwa

18/04/2025

Liverpool Big Fan များအားလုံးမင်္ဂလာပါ

ကျွန်တော်တို့အသင်းရဲ့
Classic Match
Emotional moment
Highlights
Full Time Replay
အစရှိတဲ့ video လေးတွေ နဲ့ Update News လေးတွေ တင်ဆက်ဖို့ တာဝန်ယူထားပါတယ်ခင်ဗျာ။

အဓိက အနေနဲ့ Full Time Replay များနဲ့ Old Match များကို ဖန်များ အနေနဲ့ Telegram Channel မှာ အလွယ်တကူ ပြန်လည် ခံစားနိုင်ဖို့ ရည်ရွယ်ပါတယ်

ကျွန်တော်တို့ရဲ့ telegram Channel လေးကို Join ထားဖို့ဖိတ်ခေါ်ပါတယ်
https://t.me/thisisanfield_ynwa

18/04/2025

Hello Livers!!
I'm bringing some good things for Liverpool Big Fan.

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon
YNWA