15/07/2025
⚡️ One Pose You Should Try It Tonight !
Trikonasana (Triangle pose) က ခန္ဓာကိုယ်အထဲက ပင်ပန်းမှုတွေကို ချက်ချင်း ဖြေဖျောက်နိုင်ပါတယ်
🌟 ဘာတွေဖြစ်သွားမလဲဆိုရင်…
💪 Whole-body stretch
🌬 Breath + Length
🧠 Focus upgrade
🌀 Core & side body activation
💫 Detox + strength + calm တို့ကို တစ်ခါတည်းရရှိမှာပါ။
ဒီ pose တစ်ခုနဲ့ပဲ တစ်နေ့တာ whole-body reset လုပ်နိုင်မယ်ဆိုတာကို သိထားပေးပါရှင့် ❤️
10/07/2025
🌿🧘♀️ Today’s Reminder:
"Focus on the Present — Through Yoga"
မနေ့ကနဲ့ မနက်ဖြန်ကို စဉ်းစားရင်း
ဒီယနေ့ကို မမြင်မိတဲ့အခါတွေ ရှိပါတယ်။
ယောဂက နေပြောပြနေပါတယ် “အခု အချိန်ခဏလေးကိုပဲ ခံစားပါ…”
အသက်ရှူ လိုက်တဲ့အချိန် တစ်ကြိမ်ချင်းစီတိုင်းမှာ စိတ်ကအေးချမ်းသွားတာ၊
ခန္ဓာကိုယ် တစ်နေရာချင်းဆီ ရောက်သွားတာကို ထားရင်း တဒင်္ဂလေးကိုဘဲ မှတ်သားလိုက်ပါ။
✨ Try this short mindful practice today:
1️⃣ Mountain Pose – ခန္ဓာကိုယ်ကို တည်ငြိမ်စေ ပြီး စိတ်ကိုငြိမ်းချမ်းစေတယ်
2️⃣ Standing Forward Fold – ပင်ပန်းမှုကို ခဏတာ ပြေလျော့စေတယ်
3️⃣ 3-Minute Deep Breathing – အသက်ရှူခြင်းနဲ့အတူ စိတ်ကိုအေးချမ်းစေတယ်
09/07/2025
🌙💪 Evening Yoga for Strength — End Your Day Feeling Strong & Grounded
နေ့တစ်နေ့တာကို မျှော်လင့်ချက်နဲ့ပြည့်စုံဖို့အတွက်
ညဘက်မှာ ကိုယ့်ခန္ဓာနဲ့ သတိကို ပြန်ပေါင်းဖို့ အချိန်ယူပါ။
Strength ဆိုတာ တစ်ခါတည်း သူ့ဘာသာ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး…
နေ့တိုင်း သေးသေးလေးကနေ လေ့ကျင့်မှုတွေနဲ့ စတင်ရပါတယ်။
✨ ညနေခင်းအချိန် Strength Yoga Routine – 5 Poses
1️⃣ Plank Pose – Core နှင့်ရင်သားကြွက်သားပိုင်းကို အားကောင်းစေတယ်
2️⃣ Chair Pose (Utkatasana) – ဗိုက်အောက်ပိုင်း၊ ခြေနင်းအင်အား တိုးတက်စေတယ်
3️⃣ Low Lunge Twist – တင်ပါးကိုဖွင့်ပြီး ကျောရိုးကို ကြံ့ခိုင်စေတယ်
4️⃣ Boat Pose (Navasana) – အတွင်းပိုင်း ab strength တည်ဆောက်ပေးတယ်
5️⃣ Bridge Pose – ခန္ဓာကိုယ်အောက်ပိုင်းအင်အားနှင့် လည်ပင်းကျောတို့ကို ခိုင်မာစေတယ်
💡 ဒီလေ့ကျင့်ခန်းတွေက မနက်ဖြန်အတွက် ကိုယ်ရဲ့စွမ်းအားကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်တည်ဆောက်ဖို့အထောက်အကူဖြစ်မှာပါ။
09/07/2025
🌅💛 Morning After — Wake Up with Stillness & Strength
> “When the body rests in peace, it wakes with purpose.” 🌿
မနေ့ညမှာ ငြိမ်းချမ်းစွာအိပ်လိုက်တာနဲ့
ဒီမနက်မှာ ကိုယ့်ကိုယ်ကို ပိုသန်မာသလို ခံစားရလား?
ယောဂနဲ့ အေးချမ်းစွာအိပ်စက်ခြင်းက မနက်အဖွင့်ကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း စတင်ပေးတတ်ပါတယ်။
✨ ဒီမနက်အတွက် အသေးစား Morning Flow လကတော့
1️⃣ Seated Side Stretch
2️⃣ Cat-Cow Pose
3️⃣ Low Lunge (Anjaneyasana)
4️⃣ Mountain Pose + 3 Deep Breaths ဖြစ်ပါတယ်။
💡 မနက်စောစောလေးမှာ ကိုယ့်စိတ်အတွင်းအေးချမ်းမှုကို သတိပြုရင်း
နေ့သစ်ကို အဓိပ္ပါယ်ရှိရှိစတင်လိုက်ပါ။
📣 မနေ့ညမှာ ယောဂလေးနဲ့အိပ်လိုက်သူလေးတွေရယ်…
ဒီမနက်မှာ နေ့စဉ်ဘဝကို ပြောင်းလဲစေမယ့် ပျော်ရွှင်မှုသေးသေးလေး တစ်ခုတွေ့ပါသလား?
08/07/2025
🌙✨ Post 1: Evening Peace with Yoga
🧘♀️ "အိပ်ရာဝင်ချိန်မတိုင်ခင်… ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းသစ်စေမယ့် ခဏတာငြိမ်းချမ်းမှုတစ်ခုလေးပေးပါရစေ"
တစ်နေ့တာလုံး အလုပ်တရှုပ်ရှုပ်နဲ့ အားအင်အပြည့်လုပ်ကိုင်ပြီး နောက်ပိုင်းမှာ
ယောဂအနည်းငယ်နဲ့ ညအိပ်ချိန်ကို အေးချမ်းစွာ ရောက်ရှိဖို့ စတင်လိုက်ကြစို့။ 🌿
✨ ဒီညအတွက် Try လုပ်ကြည့်ဖို့ –
1️⃣ Legs Up The Wall Pose (Viparita Karani)
2️⃣ Seated Forward Fold (Paschimottanasana)
3️⃣ Supine Twist (Supta Matsyendrasana)
4️⃣ Co**se Pose (Savasana)
→ အသက်ရှူခြင်းကို အာရုံစိုက်ပြီး တစ်ချိန်တည်းမှာဘဲ စိတ်ကို ငြိမ်းချမ်းစေပါလိမ့်မယ်။
📣 မနက်ဖြန်အတွက် စိတ်တက်ကြွမှုရဖို့… ဒီညမှာ ကိုယ့်ကိုယ်ကို ငြိမ်းချမ်းအောင်ပြုလုပ်လိုက်ပါ။
03/07/2025
🧘♀️ နေ့စဉ်ဘဝထဲမှာ ယောဂ နဲ့ ငြိမ်းချမ်းမှုကိုဖန်တီးဖို့ လွယ်ကူတဲ့နည်းလမ်းများ 🌿✨
ဘဝတစ်နေ့တာထဲမှာ ယောဂလေးနဲ့ ကိုယ်တိုင်အတွက် "အေးချမ်းတဲ့အချိန်" တစ်ချို့ ဖန်တီးကြပါစို့။
👇 စတင်ရလွယ်တဲ့ နည်းလမ်းလေးတွေ:
✨ မနက်စောစော သို့မဟုတ် ညနေ အလုပ်ပြီးချိန် ၁၅–၃၀ မိနစ် ယောဂာလေ့ကျင့်ပါ
✨ ကိုယ်ပိုင်အေးချမ်းတဲ့နေရာလေးတစ်ခုဖန်တီးပြီး ယောဂလုပ်ဖို့ စီစဉ်ထားပါ
✨ အလုပ်ကြား / အိပ်ခါနီးမှာ အသက်ရှုနည်းလေ့ကျင့်မှု (deep breathing) လေးလုပ်ကြည့်ပါ
✨ စားသောက်ချိန်၊ လမ်းလျှောက်ချိန်မှာ Mindfulness (အာရုံစိုက်မှု (သို့) သတိလေး) အနည်းငယ်ပေါင်းထည့်ကြည့်ပါ
✨ YouTube ကဲ့သို့သော အခမဲ့ Online Resources များနဲ့ အိမ်မှာပဲ စတင်လေ့ကျင့်နိုင်ပါတယ်
💫 ယောဂနဲ့ ကိုယ်လက်၊ စိတ်၊ ဝိညာဉ်ကို ညီညွတ်စေဖို့ နေ့စဉ်အနည်းငယ်ပဲလိုပါတယ်။
ငြိမ်းချမ်းမှုကို ကိုယ်တိုင်ဖန်တီးဖို့ အခုဘဲစတင်လိုက်ပါ။
02/07/2025
🎧🧘♀️ ယောဂနဲ့အေးချမ်းတဲ့အသံတွေ 🌿✨
"Yoga isn’t just movement — it’s rhythm, breath, and stillness… together."
အမြဲတမ်း အသံတိတ်အခြေအနေနဲ့ ယောဂကို လေ့ကျင့်ဖို့မလိုပါဘူး။
တိတ်ဆိတ်မှုအစား အသံတစ်ခုနဲ့ အစားထိုးပြီးလည်း လေ့ကျင့်နိုင်ပါတယ်။
ကျွန်မဆိုရင် မနက်ခင်းသဘာဝအတိုင်း ကြားရတဲ့အသံတွေ (ဉပမာ- ကျေးငှက်သံ၊သစ်ရွက်လေတိုက်သံ၊ ရေစီးသံ စသဖြင့်) သဘောကျလို့ မနက်စောစောလေ့ကျင့်မဖြစ်တဲ့ရက်တွေဆိုရင် အဲ့လိုအသံလေးတွဖွင့်ပြီး လေ့ကျင့်လေ့ရှိပါတယ်။
ယောဂလေ့ကျင့်နေချိန်မှာ နားထောင်တဲ့ သီချင်း (သို့) အသံတစ်ခုက
🌀 အသက်ရှူခြင်းကို စီးချက်ညီညာစေတယ်
🧘 စိတ်ဖိစီးမှုကို ဖြေလျော့စေတယ်
🎧 မျှော်လင့်မှုနဲ့ ငြိမ်းချမ်းမှုကို ပြန်လည်အားဖြည့်ပေးတယ်။
🌟 ယောဂလေ့ကျင့်ချိန်အတွက် YouTube Playlist အကြံပြုချက်များ ကို Commentမှာ မန့်ထားပေးပါတယ်။
🌞 ကျွန်မလို သဘာဝအသံများနှစ်သက်သူများအတွက်လည်း မန့်ထားပေးပါတယ်...
(Click in the comment & Listen 👇)
💬 သင်နားထောင်ရတာ ကြိုက်တဲ့ သီချင်းတစ်ပုဒ်ရှိရင် Comment မှာ ပြန်ပြောပေးနော်။
📣 Tag your yogi friends and let’s co-create a peaceful audio space together.
အားလုံးဘဲအေးချမ်းတဲ့နေ့လေး ပိုင်ဆိုင်နိုင်ပါစေရှင် 😇
01/07/2025
🧘♀️ လည်ပင်း၊ပုခုံးတင်းခြင်းနဲ့ နာကျင်ခြင်းကို ယောဂနဲ့ သက်သာအောင်လုပ်ကြမယ်! 🌿💆♀️
📱 ဖုန်းအမြဲသုံးခြင်း
💻 နေ့စဉ်အလုပ်တွေမှာ အမြဲထိုင်နေရခြင်း
😩 စိတ်ဖိစီးမှုအတက်အကျမကြာခဏဖြစ်ခြင်း…
ဒါတွေကြောင့်ပဲ လူတော်တော်များများမှာ
ပုခုံးနဲ့ ဇတ်ကြောတင်းပြီး လည်ပင်းနာခြင်းနဲ့ တင်းခြင်းတို့ ဖြစ်တတ်ပါတယ်။
🌟 ယောဂ လေ့ကျင့်မှုက ဒီလိုနာကျင်မှုတွေကို ဖြေရှင်းဖို့ သဘာဝနည်းလမ်းဖြစ်ပါတယ်။
🧘♀️ လည်ပင်းနဲ့ပုခုံးအတွက် သက်သာစေတဲ့ ယောဂပုံစံ ၅ မျိုး ကို ဖော်ပြလိုက်ပါတယ်
1. Thread the Needle Pose
2. Cat-Cow Stretch
3. Eagle Arms (Garudasana Arms)
4. Neck Rolls (Gentle Circles)
5. Shoulder Shrugs & Rolls
💡 တင်းရင်းပြီးနာကျင်နေတဲ့ လည်ပင်းနဲ့ ပုခုံးတို့အတွက် တစ်နေ့ကို ၅ မိနစ်ပဲပေးပါ…
ပြေလျော့လာပြီး သက်တောင့်သက်တာဖြစ်လာတဲ့
ခံစားချက်ကို သိသိသာသာရလာမှာပါ 😇
30/06/2025
🧘♀️ညောင်းညာနေသော ခန္ဓာကိုယ်အောက်ပိုင်းကို ယောဂလုပ်ရင်း သက်သာအောင် လုပ်ကြမယ်! 🌿
မနက်စောစော ထလာတဲ့အခါ…
တစ်နေကုန်ထိုင်အလုပ်လုပ်ပြီး မတ်တပ်ထရပ်တဲ့အခါ…
မိမိတို့ရဲ့ပေါင်နဲ့ အောက်ပိုင်းမှာ အကြောေတွတင်းနေတာ, ညောင်းတာမျိုးခံစားဖူးပါလား?
ဒါက ပုံမှန် ဖြစ်ပါတယ်။
🪑 တစ်နေကုန်ထိုင်နေခြင်း
🏃♀️ လှုပ်ရှားမှုနည်းခြင်း
😩 စိတ်ဖိစီးမှုကတောင် ခန္ဓာကိုယ်ကို တင်းရင်းစေနို်င်ပါတယ်။
🌟 ယောဂ လေ့ကျင့်မှုက ဒီလို တင်းရင်းနေမှုများကို သက်သာစေပါတယ်။
✨ အောက်ပါ Hip openers ပုံစံ များက
→ အရေးကြီးတဲ့ ကြွက်သားအများစုကို လျှော့ပေးပြီး
→ ခန္ဓာကိုယ်ပျော့ပြောင်းမှု၊ သွေးလည်ပတ်မှု ကို တိုးစေရုံမက စိတ်ကို ပြေလျော့စေတဲ့ ဟိုမုန်း းတွေကိုပါထွက်စေပါတယ်။
🧘♀️ တင်းကြပ်ပြီး ညောင်းညာနေသော ခန္ဓာကိုယ် အောက်ပိုင်းကို အောက်ပါ ပုံစံ (၅) မျိုးကို လေ့ကျင့်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ပုံစံတစ်မျိုးကို တစ်မိနစ် (သို့) အသက် (၅ - ၁၀) ခါ ရှူစာ ကြာချိန်ထားပြီး ကိုယ်ခံနိုင်ရည်ရှိသလောက် ဖြည်းဖြည်းချင်းတိုးတိုးပြီး ပြုလုပ်ပေးနိုင်ပါတယ်။
(1) Pigeon Pose (Kapotasana)
(2) Butterfly Pose (Baddha Konasana)
(3) Lizard Pose (Utthan Pristhasana)
(4) Happy Baby (Ananda Balasana)
(5) Low Lunge (Anjaneyasana)
26/06/2025
🌿✨ ဒီနေ့ Glimmer လေးတစ်ခု ခံစားဖူးလား? ✨🌿
အမြဲတမ်းအလုပ်တွေ များနေတဲ့ဘဝထဲမှာ
တခဏတာအေးချမ်းမှုတစ်ခု…
အသက်ရှူသံတစ်ခု…
နေရောင်လေးတစ်စင်း…
ယောဂလေ့ကျင့်နေတဲ့အချိန်တစ်ချို့…
ကျွန်မအတွက်တော့ ဒါတွေက glimmers တွေပါ။
🌀 စိတ်ဖိစီးမှုဖြစ်စေတဲ့ triggers တွေရဲ့ ဆန့်ကျင်ဘက်...
🫧 မမြင်ရပေမယ့် စိတ်ထဲရှိနေတဲ့ လှပတဲ့အချို့အခိုက်အတန့်တိုင်း…ပေါ့
🧘♀️ ယောဂဟာ ကိုယ်ခန္ဓာတစ်ခုလုံး၊အသက်ရှူ ပုံစံ၊စိတ်ဓာတ်နဲ့ သတိရှိမှုတို့ကို
တဖြည်းဖြည်းချင်း တိုးတက်လာစေပါတယ်။
မသိမသာနဲ့ပဲ ငြိမ်းချမ်းမှုနဲ့ သာယာမှုတွေကို ပြန်ရှာဖွေစေနိုင်ပါတယ်။
ဒါတွေကဘဲ… ဘဝကို ပိုပြီးတန်ဖိုးရှိစေတဲ့ အခိုက်အတန့်လေးများ ဖြစ်လာတတ်ပါတယ်။
💫 ဒီနေ့မှာ မင်းခံစားနိုင်တဲ့ glimmer တစ်ခုက ဘာလဲဆိုတာ ပြန်လည် ဆန်းစစ်ကြည့်ပါ။
✨ တစ်ခါတစ်လေ အသက်ရှူသံလေးတစ်ခု
✨ သိမ်မွေ့နူးညံ့တဲ့ အကြောလျော့တာလေးတစ်ခု
✨ ဒါမှမဟုတ်လည်း တစ်ယောက်တည်းငြိမ်သက်စွာအနားယူတဲ့အချိန်လေးတစ်ခုပေါ့ ...
အဓိကက မင်းရဲ့စိတ်ဝိညာဉ်လေးကို အိမ်ပြန်လာစေ သလိုဖြစ်စေတဲ့ ခံစားချက်လေးပါ။
---
📣 မင်းရဲ့ Glimmer တစ်ခုကို Comment 💬 မှာ မျှဝေဖို့ ဖိတ်ခေါ်ပါတယ်နော်။
ဒီနေ့ကို ငြိမ်းချမ်းမှုနဲ့ ကုန်ဆုံးကြပါစို့
📲 Share လုပ်ပြီး မျှဝေဖို့မမေ့ပါနဲ့… နွေးထွေးမှုတွေ က မျှဝေလျှင် များလာတတ်ပါတယ်။
#ငြိမ်းချမ်းမှုကိုပြန်ရှာဖွေကြစို့
25/06/2025
🌟 "စိန်ခေါ်မှုတွေက ဘဝကို အဓိပ္ပါယ်ရှိစေတယ်" 🌟
ဟုတ်ပါတယ်။
ဘဝမှာကြုံတွေ့ရတဲ့ စိန်ခေါ်မှုများက
မိမိကိုယ်ကို ပိုပြီးသန်မာစေတဲ့ အခွင့်အလမ်းများလည်းဖြစ်ပါတယ်။ 💪
အိမ်မက်တွေ၊ ရည်မှန်းချက်တွေက
👉 ကိုယ့်ရဲ့ ပြန်လည်စိန်ခေါ်နိုင်စွမ်း
👉 စိတ်ခံစားမှုအထိန်းအကွက်
👉 ခန္ဓာကိုယ်နဲ့စိတ် တို့ပေါ်မှာ မူတည်နေပါတယ်။
🧘♀️ ယောဂ လေ့ကျင့်ခြင်းကလည်း ဒီစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရာမှာ အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။
ခန္ဓာကိုယ် ပျော့ပျောင်းမှု၊ သန်မာမှု တိုးပေးရုံသာမက
စိတ်အေးချမ်းမှုနဲ့ မိမိကိုယ်ကို ပိုမိုနားလည်လာစေပါတယ်။
💡 လူတိုင်းမှာလည်း သူ့ကိုယ်ပိုင် စိန်ခေါ်မှုတွေရှိပါတယ်။
အရေးကြီးတာက ဘယ်လိုရင်ဆိုင်တယ်လဲဆိုတာပဲ။
🫶 ညီမအတွက်တော့ ယောဂက
ဘဝရဲ့ စိန်ခေါ်မှုကို ဖြေရှင်းဖို့နည်းလမ်းဖြစ်ပါတယ်။
အတူတူလေ့လာပြီး အတူတူအားတက်ကြစို့နော်။ 🌈
🙏 ဒီ post က မိမိနဲ့သက်ဆိုင်တယ်လို့ခံစားရင်
Like 👍 / Share 📲 / Comment 💬 လုပ်ပေးဖို့မမေ့နဲ့နော်။
#စိန်ခေါ်မှုနဲ့ရင်ဆိုင်ခြင်း
#ဘဝရဲ့အဓိပ္ပါယ်
#ယောဂနဲ့ငြိမ်းချမ်းမှု