GeoMap

GeoMap Geospatial Consulting and Mapping Services
https://viber.me/959791195750

02/10/2026

တနင်္သာရီ Flood Map

ကိုယ်နေထိုင်တဲ့ မြို့ရွာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ရင် ဘယ်နေရာတွေ အလွယ်တကူ ရေကြီးနိုင်လဲ ရှာဖွေကြည့်နိုင်ပါတယ်။

Flood Hazard Explorer https://flood-hazard-myanmar.streamlit.app/

28/09/2026

မုန်တိုင်းလာရင် ရန်ကုန်မှာ ရေကြီးတာအပြင် ကြောက်ရတာတစ်ခုက အပင်လဲတာပါ။ မိန်းလမ်းမကြီး‌တော့ ဆိုင်ရာကခုတ်ပေမယ့် ရပ်ကွက်တွေထဲတော့ သတိထားရတယ်။ လေပြင်းတိုက်လို့လဲတာရှိသလို မိုးရွာပြီး ရက်နည်းနည်းကြာမှ လေမတိုက်ဘဲ လဲတာတွေလဲရှိတယ်။ ကိုယ်နေတဲ့ ရပ်ကွက်တွေထဲ ဘယ်အပင်တွေကတော့ ‌သစ်ကိုင်းတွေကြိုးတော့မယ် ၊ ခြောက်နေပြီ၊ ယိုင်နေပြီ၊ အောက်ခြေခြစားနေပြီး ကြို ကြည့်ထားရပါတယ်။ သူ့ဟာသူအိမ်ရှေ့ထိုင်နေရင် အိမ်ရှေ့မျက်နှာစာ အပင်ကြီးလူ‌ေပါ်လဲကြပြီး ခေါင်းချုပ်လိုက်ရတဲ့သူမြင်ဖူးသလို့ ၊ လမ်းသွားနေရင် ကိုယ့်ရှေ့ကကားပေါ် သစ်ပင်ကြီးလဲပြီး သီးသီးလေးလွတ်တာလဲ ကြုံဖူးတော့ သတိထားသွားလာရတော့ပါပဲ။ ခုလဲ မုန်တိုင်းလာတဲ့အချိန် လေပြင်တိုက်ရင် လဲဦးမှာဖြစ်သလို မုန်တိုင်းပြီးသွားလဲ အပင်ကြီးတွေနား သတိပြုသွားလာနေထိုင်ကြပါဗျ။ ဘေးကင်းကြပါစေ။

28/09/2026

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ထားဝယ်ဘက်ကတောထဲမှာ နေတုန်းကမြင်ခဲ့ရတာ တကယ် တောနက်တဲ့နေရာတွေ အောက်‌ခြေ မြေကြီးမမြင်ရ၊ အပင်ကြီးတွေတစုံးမော့ကြည့်ရ။ နောက်ပိုင်း တောင်ပေါ်မှာ အိပ်နေရင်း တဘုန်းဘုန်းနဲ့ တချက်ချက်ကြားလို့ စုံစမ်းကာမှ အပင်ခုတ်တာဖြစ်နေ။ စက်နဲ့ဖြတ်ကြတော့ အဝေးကနေကြားနေရ ၁ နာရီလောက်နေလို့ ဘုန်းဆိုကြားလိုက်ရင် တပင်တော့လှဲပြီလို့သာမှတ်။ ‌ခဲရှာတဲ့အဖွဲ့တွေလဲ အကြောတွေ့တာနဲ့ တစုံးလိုက်ပြီး တူကြတာ။ ဒီနေ့ လမ်းရှိပေမယ့် နောက်လ လမ်းကရှိချင်မှ ရှိတော့တာ။ တူးတဲ့သူတွေကတူး ၊ ခုတ်တဲ့သူတွေကခုတ်နဲ့ ပတ်ဝန်းကျင်က ပျက်စီလာ ၊ Satellite image တွေမှာ ဘယ်နေရာတွေ ပြောင်းလဲသွားလဲ အကုန်မြင်ရပါတယ်။ နောက်ဆုံးတော့
ရေကြီး ၊ မြေပြို သဘာဝဘေးတွေနဲ့ အကုန်ခါးစီးခံကြရ။

ဘန်ကောက်တော့ Urban Flood စပြီးရန်ကုန်အတွက်ရော ကြိုပြင်စေချင်တယ်။ Hazard map လောက်နဲ့မရ နောက်ပိုင်း Township level ထိ Urb...
27/09/2026

ဘန်ကောက်တော့ Urban Flood စပြီး

ရန်ကုန်အတွက်ရော ကြိုပြင်စေချင်တယ်။ Hazard map လောက်နဲ့မရ နောက်ပိုင်း Township level ထိ Urban Flood Risk Assessment လုပ်ဖို့လိုပါတယ်။ ခုလဲ မကြာခင် မိုးကြီးပါတော့မယ်။ ဧရာဝတီ၊ ရန်ကုန် ရေကြီးရေလျှံအတွက် ကြိုတင်ပြင်ဆင်နိုင်ကြပါစေ။ လောလောဆယ် ထားဝယ် ၊ လောင်းလုံဘက် ရုတ်တရက်ရေကြီး ၊ မြေပြိုနေ ဘေးကင်းကြပါစေ။

27/09/2026

Super El Niño စပြီလား။ ၂ ရက်ရှိပြီ တော်တော်ပူနေ။

26/09/2026

GIS Mapping service နဲ့ နားထားတဲ့ သင်တန်း‌တွေ
အားလုံး ရှေ့အပတ်ပြန်စပါမယ်ဗျ။ ဒီကြားထဲ မြေပုံအပ်ထားသော မိတ်ဆွေများ နောက်ကျသွားလို့ တောင်းပန်ပါတယ်ခဗျာ။

မနေ့ စက်တင်ဘာ ၁၉ ရက်နေ့ညက တောင်ကြီးမြို့မှာ တောင်ပေါ်ကနေ ကျောက်တုံးကြီး ရုတ်တရက် ပြိုကျလာတဲ့ ဖြစ်စဉ်တစ်ခုကို တွေ့လိုက်ရပ...
20/09/2026

မနေ့ စက်တင်ဘာ ၁၉ ရက်နေ့ညက တောင်ကြီးမြို့မှာ တောင်ပေါ်ကနေ ကျောက်တုံးကြီး ရုတ်တရက် ပြိုကျလာတဲ့ ဖြစ်စဉ်တစ်ခုကို တွေ့လိုက်ရပါတယ်။ ဘူမိရုပ်သွင်အရတောင်ကြီးမြို့က ရှမ်းကုန်းပြင်မြင့် (Shan Plateau) မှာ ရှိပါတယ်။ အဓိကအားဖြင့် ဒီဒေသက ရေစားလွယ်တဲ့ ထုံးကျောက် (Limestone)၊ ဒိုလိုမိုက် (Dolomite) စတဲ့ Carbonate ကျောက်တွေနဲ့ အဓိက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီကျောက်တွေက အချိန်ကြာလာတာနဲ့အမျှ Chemical Weathering ကြောင့် အတွင်းထဲမှာ လိုဏ်ခေါင်းတွေ၊ ဂလှိုင်ပေါက်တွေ ဖြစ်လာပြီး ကျောက်သားတစ်ခုလုံးရဲ့ rock mass strength ကို လျော့နည်းစေနိုင်ပါတယ်။

ဒါ့အပြင့် tectonics ကြောင့် ဖြစ်ပေါ်လာတဲ့ အက်ကွဲကြောင်းတွ(Joints & Fractures) အများအပြား ဒီဒေသက ကျောက်တာင်တွေမှာရှိပါတယ်။ ဒီအက်ကွဲကြောင်းတွေရဲ့ လားရာနဲ့ တောင်စောင်းရဲ့ ဆင်ခြေလျှောလားရာ တိုက်ဆိုင်နေတဲ့အခါ မြေဆွဲအားကြောင့် ကျောက် တောင် တွေ အလွယ်တကူပြိုကျပြီး Rockfall ဖြစ်လွယ်တဲ့ အနေအထား ဖြစ်ပေါ်လာတတ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကျောက်အက်ကွဲကြောင်းတွေကြားမှာ ပေါက်နေတဲ့ သစ်မြစ်တွေက ကျောက်တုံးတွေကို ဟက်တက်ကွဲအောင် တွန်းထုတ်ပစ်လိုက်တဲ့အတွက် Rockfall ဖြစ်ဖို့ ပိုပြီး အားပေးသလို ဖြစ်သွားတတ်ပါတယ်။

အခုလက်ရှိကာလကတော့ မိုးကောင်းကောင်းရွာတဲ့အချိန် မူလရှိနေတဲ့ ကျောက်အက်ကွဲကြောင်းတွေထဲကို မိုးရေတွေ အလုံးအရင်းနဲ့ ဝင်ရောက်သွားပြီး ရေဖိအား (Pore Water Pressure) ရုတ်တရက် မြင့်တက်လာနိုင်တာကြာင့် မူလကတည်းက stable မဖြစ်တဲ့ ကျောက်တုံးတွေကို ဆက်စပ်ပေးထားတဲ့ မြေသားတွေ ပျော်ကျသွားသလို၊ ရေဖိအားက ကျောက်တုံးတွေကို အချင်းချင်း တွန်းထုတ်လိုက်တဲ့အတွက် ရုတ်တရက် ပြုတ်ကျလာတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရှမ်းကုန်းပြင်မြင့်ဟာ သက်ရှင်ပြတ်ရွေ့ (Active Faults) တွေနဲ့ နီးတဲ့အတွက် အတိတ်က လှုပ်ခဲ့တဲ့ ငလျင်တွေရဲ့ ဒဏ်ကြောင့် ကျောက်သားတွေဟာ ပိုပြီး အက်ကွဲအားနည်းနေတတ်ပါတယ်။ သဘာဝအရဖြစ်စေ၊ လူတွေရဲ့ လုပ်ဆောင်ချက်ကြောင့်ဖြစ်စေ တုန်ခါမှုလေးတွေ ရှိတာနဲ့ ကျောက်‌တောင်ပြိုကျတာကို အလွယ်တကူ စတင်ဖြစ်ပေါ်စေပါတယ်။

​ဒါကြောင့် မိုးတွင်းကာလ မိုးသည်းထန်ချိန်တွေမှာ တောင်ပေါ်ဒေသ တောင်စောင်းတွေ၊ တောင်နံရံတွေအနီး ဖြတ်သန်းသွားလာတဲ့အခါ အထူးသတိပြုကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ရေရှည်အန္တရာယ်ကင်းရှင်းရေးနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင်တော့ ဘယ်နေရာတွေမှာ ကျောက်တောင်ပြိုကျနိုင်ခြေ အများဆုံးရှိလဲဆိုတာကို သိရှိနိုင်မယ့် ကျောက်တောင်ပြိုကျနိုင်ခြေပြမြေပုံ (Rockfall Hazard Map) တွေကို ဘူမိဗေဒသမားတွေ ကွင်းဆင်းတိုင်းတာပြီး စနစ်တကျရေးဆွဲ ပြင်ဆင်ထားသင့်ပါတယ်။

11/09/2026

Website ကနေသင်တန်းအပ်တာပြီး login မရတာ ၊ ebook ဝယ်ထားပြီး ရောက်မလာရင် ကျွန်တော့် Viber ကို တိုက်ရိုက်ပြောပေးထားလို့ရပါတယ်ဗျ။ နေ့စဉ် ည 10 ကစပြီး reply ပြန်တာ ၊ စစ်ပေးတာတွေ လုပ်ပေးပါတယ်ဗျ။

Batch 46 အတန်းအပ်နှံထားသူများ အားလုံး Remind လုပ်ပါတယ်ဗျ။ ဒီနေ့ညကစ Class Invite link တွေ စပို့ပေးထားပါမယ်။ မရသေးရင် ပြန်...
11/09/2026

Batch 46 အတန်းအပ်နှံထားသူများ အားလုံး Remind လုပ်ပါတယ်ဗျ။ ဒီနေ့ညကစ Class Invite link တွေ စပို့ပေးထားပါမယ်။ မရသေးရင် ပြန်ပြောပေးထားပါဗျ။

Address

1-1-1 Marunouchi
Yangon
100-0005

Alerts

Be the first to know and let us send you an email when GeoMap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share