28/02/2026
⚽ Victoria FC U-16 Youth Team Selection Trial ⚽
Victoria FC အသင်းနှင့်အတူ အနာဂတ်ဘောလုံးလောကသို့ တက်လှမ်းလိုသည့် လူငယ်များအတွက် Victoria U-16 မျိုးဆက်သစ်လူရွေးချယ်ပွဲ
✅ လျှောက်ထားနိုင်သူများ
• ၂၀၁၀ ခုနှစ်နှင့် နောက်ပိုင်း မွေးဖွားသူများ (Age Limit) ဖြစ်ရပါမည်။
📍 ရွေးချယ်မည့်နေရာ
• A1 Futsal Court
• မင်းရဲကျော်စွာလမ်း၊ ဒဂုံတက္ကသိုလ်၊ (၁၃၀) ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊
မီးရထားလမ်းကပ်လျက်၊ လမ်းသစ်မှတ်တိုင်အနီး။
📅 ရက်စွဲနှင့် အချိန်
• ရက်စွဲ - ၈ ရက်၊ မတ်လ၊ ၂၀၂၆ (တနင်္ဂနွေနေ့)
• အချိန် - နေ့လယ် ၂:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအထိ
📝 ယူဆောင်လာရမည့်အချက်များ
• မှတ်ပုံတင် (သို့မဟုတ်) မွေးစာရင်း မိတ္တူ (အသက်အတည်ပြုရန်)
• ကိုယ်ပိုင် အားကစားဝတ်စုံနှင့် ဖူဆယ်ပါကေးဖိနပ်
မိမိတို့၏ ခြေစွမ်းကို အကောင်းဆုံး ထုတ်ဖော်ပြသပြီး Victoria FC ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရရှိရန် အခွင့်အရေးကို လက်မလွှတ်ဘဲ လာရောက်အရွေးချယ်ခံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
29/12/2025
Congratulations 🇲🇲 Myanmar’s Futsal U-16 🥉
၂၀၂၅ ခုနှစ်၊ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အာဆီယံထိပ်သီးအသင်းတွေကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး တတိယဆု (Bronze Medal) ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ်အသင်းကို လှိုက်လှဲစွာ ဂုဏ်ပြုလိုက်ပါတယ်။
25/12/2025
Merry Christmas and Happy New Year 🎆🎊
"ခရစ္စမတ်မှာ အလုပ်ပူပန်မှုတွေ ခဏဘေးဖယ်ပြီး မိသားစုနဲ့အတူ ကြည်နူးစရာအချိန်လေးတွေ ပိုင်ဆိုင်ပါစေ။ Merry Christmas ပါ!"🎄⛄️❄️
• "နှစ်ဟောင်းက အခက်အခဲတွေကို ခရစ္စမတ်နဲ့အတူ ထားရစ်ခဲ့ပြီး၊ နှစ်သစ်မှာ အောင်မြင်မှုသစ်တွေ ရရှိပါစေ။"
23/12/2025
"Congratulations ပါ ညီလေး ဇာနည်မိုးမြင့် (Victoria)! 🇲🇲
"ကျွန်တော်တို့ Victoria ကစားသမားလေးဖြစ်တဲ့ ညီလေး ဇာနည်မိုးမြင့်၊ မြန်မာ့လက်ရွေးစင် U-16 ဖူဆယ်အသင်းမှာ ရွေးချယ်ခံရတဲ့အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ASEAN U-16 Boys’ Futsal Championship 2025 ပြိုင်ပွဲမှာလည်း မြန်မာ့လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး လက်စွမ်းပြနိုင်ပါစေ။ ညီလေးရဲ့ အောင်မြင်မှု ခရီးလမ်းဟာ ဒီထက်မက ပိုမိုတောက်ပပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"
Go for it, Zarni Moe Myint! 🔥"
26/11/2025
😔 ဝမ်းနည်းကြေကွဲခြင်း 😔
ကျွန်တော်တို့၏ Victoria U-16 အသင်းနှင့် မြန်မာ့လက်ရွေးစင် U-16 အသင်း၏ ဂိုးသမားတစ်ဦးဖြစ်သော မောင်ဇာနည်မိုးမြင့်၏ ချစ်လှစွာသော
ဖခင်ဖြစ်သူ ဦးဝင်းရှိန် သည် ၂၅-၁၁-၂၀၂၅ (အင်္ဂါနေ့) တွင် ၉၆ ပါးသောရောဂါဖြင့်
ကွယ်လွန် အနိစ္စ ရောက်သွားပါသဖြင့်
ကျန်ရစ်သူ မိသားစုများ၊ ဆွေမျိုးသားချင်းများနှင့်
မောင်ဇာနည်မိုးမြင့်တို့နှင့်အတူ Victoria FC အသင်းသားများ၊ နည်းပြများနှင့် အဖွဲ့ဝင်များအားလုံး
ထပ်တူဝမ်းနည်းကြေကွဲရပြီး စိတ်မကောင်းဖြစ်ရပါသည်။
ကွယ်လွန်သူ ဦးဝင်းရှိန်သည် ကောင်းမွန်သောဘဝ၊
အေးချမ်းသောဘုံဘဝသို့ ကောင်းမွန်စွာ ကူးပြောင်း
ရောက်ရှိပါစေကြောင်း Victoria Football Club မှ
ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
#ဝမ်းနည်းကြေကွဲခြင်း
20/11/2025
❗️အားကစားသမားများ သတိပြုရန်!
ယခု အပတ်တွင်
🛑 (၂၂.၁၁.၂၀၂၅ စနေနေ့) Training မရှိပါ
🟢(၂၃.၁၁.၂၀၂၅ တနင်္ဂနွေ နေ့) တစ်ရက်ပဲ training
ရှိပါတယ်။
Thank you 🙏
04/11/2025
"အေးချမ်းလွန်းတဲ့ တန်ဆောင်မုန်း လပြည့်ည မှာ အားလုံး ဘေးကင်းဘေးရှင်း၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ။
ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲမှန်သမျှကို လွယ်ကူစွာ ကျော်လွှားနိုင်ပါစေ။ လရောင်အောက်မှ ငြိမ်းချမ်းခြင်းများ အားလုံးကို ရရှိပါစေလို့ Victoria Fc အသင်းမှဆုတောင်းပေးလိုက်ပါတယ်။"✨🌕🙏
#လပြည့်ည #အေးချမ်းပါစေ #ကျန်းမာခြင်း #ဆုတောင်း
02/11/2025
ရွေးချယ်ခံရပြီးသော ကစားသမားများအားလုံးသည် အောက်ပါအချိန်ဇယားအတိုင်း စည်းကမ်းတကျ လာရောက်ပူးပေါင်းပေးကြပါရန် အသိပေးအပ်ပါသည်။
တနင်္လာနေ့ (3-11-2025): ညနေ ၄ နာရီ မှ ၆ နာရီ
စနေနေ့ (8-11-2025): မနက် ၈ နာရီ မှ ၁၀ နာရီ
တနင်္ဂနွေနေ့ (9-11-2025): မနက် ၈ နာရီ မှ ၁၀ နာရီ
02/11/2025
ဗစ်တိုးရီးယား အက်ဖ်စီ (Victoria FC) အသင်း၏
လူရွေးချယ်ပွဲ ပုံရိပ်များ…
မိုးလေဝသ အခြေအနေ မကောင်းမွန်သည့်ကြားမှ လာရောက်၍ ဝင်ရောက်အရွေးချယ်ကြသော
ညီငယ်များအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
#လူရွေးချယ်ပွဲ
25/10/2025
❗️Victoria U-17 အသင်းအတွက် ကစားအသစ်များရွေးချယ်ခြင်း❗️
လူရွေးချယ်မည့်နေ့ 🗓️
၁-၁၁-၂၀၂၅ (စနေနေ့)
၂-၁၁-၂၀၂၅ (တနဂ်နွေနေ့)
မနက် ၈ နာရီမှ ၁၀ နာရီအထိ
ရွေးချယ်မည့်ကွင်း 🏟️
Victoria Futsal Club
https://www.facebook.com/victoria.insein?mibextid=ZbWKwL
လာရောက်ရွေးချယ်မည့် ကစားသမားများအနေဖြင့်
- ဖူဆယ် ကစားနည်း အခြေခံရှိရမည်။
- ဖူဆယ်ဖိနပ် ရှိရမည်။
- ဖူဆယ်ဖိနပ် ဖြင့် ကစားတက်ရမည်။
- နိုင်ငံသား မှတ်ပုံတင်ရှိရမည်။