Min Thein Kyaw - Remind

Min Thein Kyaw - Remind

Share

Coach

16/05/2026

# # 🔔 📢 Networking Day လာပါပြီ! 🤝✨

သင်တန်းတွေပြီးသွားလို့ အဆက်အသွယ်ပြတ်နေလား? ဒါမှမဟုတ် အလုပ်ခွင်ထဲမှာ တစ်ယောက်တည်း ရုန်းကန်နေရသလို ခံစားနေရပြီလား? အိမ်ထဲမှာပဲ အချိန်ကုန်နေမိလို့ အပြင်လောကနဲ့ ဝေးကွာနေသလို ဖြစ်နေတဲ့ သူတွေအတွက် ဒီပွဲလေးက အဆင်သင့်ရှိနေပါပြီ။

📌📌**ဒီပွဲလေးက ဘယ်သူတွေအတွက်လဲ?** 🤔

✅* မိတ်ဆွေသူငယ်ချင်းအသစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ချင်သူတွေ။
✅* နယ်ပယ်အသီးသီးက လူတွေဆီကနေ ဗဟုသုတနဲ့ သတင်းအချက်အလက်သစ်တွေ ရယူချင်သူတွေ။
✅* ဝါသနာတူ၊ Passion တူတဲ့သူတွေနဲ့ ဆုံတွေ့ပြီး စိတ်ကူးချင်း ဖလှယ်ချင်သူတွေ။
✅* လူစိမ်းတွေနဲ့ စကားပြောဖို့ ကြောက်နေတတ်ပေမဲ့ ဒီအတားအဆီးကို ကျော်လွှားချင်သူတွေ။
✅* ရင်းနှီးတဲ့ သူတွေဆီကနေ လမ်းညွှန်မှု (Guidance) နဲ့ ခွန်အားတွေ ရယူချင်သူတွေ။
✅* ကိုယ့်ရဲ့ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ရင်ဖွင့်တိုင်ပင်ချင်သူတွေ။
✅* လက်ရှိမှာ လမ်းပျောက်နေသလို ခံစားနေရပြီး အဖြေတစ်ခုခုကို ရှာဖွေနေသူတွေ။

အထက်ပါအချက်တွေထဲက တစ်ချက်ချက်နဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ **Networking Day** က နေ ကြိုဆိုပါတယ်။ 🤗

**Networking Day မှာ ဘာတွေလုပ်ကြမလဲ?** ❓❓

✳* ပျော်စရာကောင်းတဲ့ **Interactive Games** တွေ အတူတူဆော့မယ်။
✳* လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အတူတူတိုင်ပင်ပြီး ရင်ဖွင့်ကျမယ်။
✳* ရင်းနှီးပွင့်လင်းစွာ မိတ်ဆက်စကားပြောရင်း **Connection** တွေ တည်ဆောက်ကြမယ်။

⛔ တကယ်တော့ ကိုယ်တစ်ယောက်ထဲ ဖြစ်နေတာမဟုတ်ပါဘူး Networking Day ရှိနေတာကို မသိဘူးဖြစ်နေလို့ပါ။ 😊

🗓 **ကျင်းပမည့်ရက်:** မေလ ၁၇ ရက်နေ့ (ည ၈ နာရီ)
📍 **နေရာ:** Zoom (Online)

✨ **Networking Day ကို Join မယ်ဆိုရင်တော့ :**

Comment မှာ **"Yes"** လို့ ရေးပေးခဲ့ပါ။ ကျွန်တော်တို့ဘက်ကနေ Group ထဲကို အပ်ပေးပြီး Zoom Link ပို့ပေးသွားပါမယ်။

** ကျွန်တော်တို့ အချင်းချင်း လက်တွဲပြီး ရှေ့ဆက်ဖို့ Networking Day မှာ ဆုံကြရအောင်!** 🚀

--------

21/04/2026

" ရင်ဖွင့်ကြမယ် "" 🗣️✨

❌Coaching က လူတိုင်းအတွက်တော့ မဟုတ်ပါဘူး❌

အဲဒီတော့ ဘယ်လိုလူတွေက Coaching ကို ယူသင့်သလဲ? မိမိကိုယ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်လိုသူတွေ အတွက်တော့ ယူသင့်ပါတယ်။ 🏆🏆

⛔ ဘာကြောင့် Coaching ကို ယူရမှာလဲ??? 🤔

✅ ၁။ မိမိကိုယ်ကိုယ် သိမြင်လာခြင်း
Coaching က မိမိရဲ့ အတွေးအခေါ်ပုံစံတွေ၊ အမူအကျင့်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားမိတဲ့ အယူအဆ (Limiting Beliefs) တွေကို ပြန်လည် ဆန်းစစ်နိုင်အောင် ကူညီပေးပါတယ်။ ကိုယ်တိုင် သတိမမူမိတဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လာစေပါတယ်။

✅၂။ ပန်းတိုင်များ ရှင်းလင်းသေချာခြင်း
အနာဂတ်အတွက် ဘာလုပ်ရမှန်း မသေချာတဲ့အခါ ဒါမှမဟုတ် ရည်မှန်းချက်တွေ များနေတဲ့အခါ Coaching က ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေကို ခွဲခြားပေးပြီး တိကျတဲ့ ပန်းတိုင် (SMART Goals) တွေ ချမှတ်နိုင်အောင် လမ်းညွှန်ပေးပါတယ်။

✅ ၃။ တာဝန်ယူမှုရှိခြင်း
လူအများစုက စိတ်ကူးရှိပေမယ့် လက်တွေ့လုပ်ဆောင်တဲ့နေရာမှာ အားနည်းတတ်ကြပါတယ်။ Coach တစ်ယောက်ရှိခြင်းက မိမိချမှတ်ထားတဲ့ အစီအစဉ်အတိုင်း တကယ်လုပ်ဆောင်ဖြစ်အောင် တွန်းအားပေးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပါတယ်။

✅ ၄။ ရှုထောင့်အသစ်များ ရရှိခြင်း
ပြဿနာတစ်ခုကို တစ်ကိုယ်တည်း စဉ်းစားနေရင် အဖြေမထွက်ဘဲ ပိတ်မိနေတတ်ပါတယ်။ Professional Coach တစ်ယောက်က ဘက်လိုက်မှုမရှိတဲ့ မေးခွန်းတွေ မေးမြန်းခြင်းအားဖြင့် ပြဿနာကို ရှုထောင့်အသစ်ကနေ မြင်လာအောင်နဲ့ အဖြေရှာနိုင်အောင် ကူညီပေးပါတယ်။

✅ ၅။ စွမ်းဆောင်ရည် မြင့်မားလာခြင်း
လုပ်ငန်းခွင်မှာဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ ဘဝမှာဖြစ်စေ လက်ရှိထက် ပိုမိုထူးချွန်ချင်သူတွေအတွက် Coaching က လိုအပ်တဲ့ အရည်အချင်း (Skills) တွေကို ဘယ်လိုအသုံးချရမလဲဆိုတဲ့ နည်းဗျူဟာတွေကို ချမှတ်ပေးနိုင်ပါတယ်။

📌📌 မှတ်ချက်

🚫 Coaching ဆိုတာ အကြံပေးခြင်း (Mentoring)
၊ ကုသခြင်း (Therapy) မဟုတ်ပါဘူး။ 🚫

✳ Coaching က ကိုယ့်ကိုယ်တိုင် ကိုယ် ဆီမှာ
ရှိပြီးသား အလားအလာ (Potential) တွေကို အသုံးချပြီး အကောင်းဆုံးရလဒ် ထွက်လာအောင် ပံ့ပိုးပေးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

မိတ်ဆွေ ကော လက်ရှိမှာ ဘယ်လိုနယ်ပယ်မျိုး
(ဥပမာ- အလုပ်အကိုင်၊ စိတ်ပိုင်းဆိုင်ရာ၊ ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေး ) အတွက် Coaching ယူဖို့ စဉ်းစားနေတာပါလဲ?

Free Coaching Session ယူမယ်ဆိုရင်တော့ Comment မှာ 👇 '' CS '' ဆိုပြီးရေးခဲ့လို့ရပါတယ်။

Chat Box ✉ ကနေ လဲ
ဆက်သွယ်မေးမြန်းလို့ရပါတယ်။

မင်းသိမ်းကျော် ( Coach )

17/04/2026

တစ်ခုခုကို စလုပ်ဖို့အတွက် သံသယ တွေရှိနေခဲ့ရင်.....


12/04/2026

နှိုင်းယှဉ်ခြင်း (Comparison) ဆိုတာ
လူသားတွေရဲ့ နေ့စဉ်ဘဝမှာ ရှောင်လွှဲလို့မရတဲ့

သဘာဝတစ်ခုပါ။ ကျွန်တော် တို့ဟာ ပစ္စည်းတစ်ခုဝယ်တာကအစ၊ အလုပ်အကိုင်ရွေးချယ်တာအဆုံး

အမြဲတမ်း နှိုင်းယှဉ်နေကြရပါတယ်။ ဒါပေမဲ့ ဒီ "နှိုင်းယှဉ်ခြင်း" ကပဲ ကျွန်တော် တို့ကို တိုးတက်စေ

သလို၊ တစ်ခါတလေမှာလည်း စိတ်မချမ်း
မြေ့စရာတွေ ဖြစ်လာစေတတ်ပါတယ်။

နှိုင်းယှဉ်ခြင်းကို "လှေကားထစ်" အဖြစ် အသုံးချမလား "ချောက်ကမ်းပါး" အဖြစ် အသုံးပြုမလား

ဒါကတော့ ကိုယ်တိုင် ရွေးချယ်လို့ ရပါတယ်။

မင်းသိမ်းကျော် ( Coach )

11/04/2026

ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု
တွေက ကိုယ်အပေါ်မှာပဲ သက်ဆိုင်ပါတယ်

အကြောင်းအရာတစ်ခု အဖြစ်အပျက်တစ်ခု နဲ့
ကြုံလာရတဲ့အခါ ဒီအရာကို ကိုယ်ဘယ်လို ပုံစံနဲ့

တုန့်ပြန်လဲ ပေါ်မူတည်ပြီ
ရလဒ်တွေကလဲ ကွာခြားသွားကျတယ်

ကိုယ်အခု လက်ရှိနေနေရတဲ့ ဘဝကို
မကြိုက်နေ ဘူးဆိုရင်တော့ အရင်က လုပ်ခဲ့တဲ့

အရာ တွေမှားနေခဲ့လို့ ဖြစ်ပါတယ်

မင်းသိမ်းကျော် ( Coach )

10/04/2026

❌ အခုသိထားတဲ့ ပညာတွေက မလုံလောက်သေးဘူး ငါထပ်သိဖို့လိုသေးတယ်ဆိုတဲ့ စိတ် ဖြစ်ဖူးကျလား.....

ဒါက လူတော်တော်များများ ခံစားရလေ့ရှိတဲ့ "Perfectionism" (အရာရာကို ပြီးပြည့်စုံစေချင်တဲ့စိတ်)

----------------------

ဒီစိတ်ကြောင့် လက်ရှိလုပ်နေတဲ့ အလုပ်မှာ မပျော်ရွှင်နိုင်ဘဲ နောက်ထပ် အချက်အလက်တွေ၊ နောက်ထပ် အသိပညာတွေကိုပဲ တမ်းတနေမိတာပါ။

🔴 ဘာကြောင့် မလုံလောက်သေးဘူးလို့ထင်ရတာလဲ....

⛔ Brain's Safety Mechanism: ကျွန်တော်တို့ရဲ့ ဦးနှောက်က မသေချာတဲ့အရာ (Uncertainty) ကို ကြောက်ပါတယ်။ အသစ်တစ်ခုခု စလုပ်တော့မယ်ဆိုရင် ဦးနှောက်က "အန္တရာယ်ရှိနိုင်တယ်" လို့ ယူဆပြီး "မင်း မပြည့်စုံသေးဘူး၊ မလုပ်နဲ့ဦး" ဆိုတဲ့ အတွေးနဲ့ တားဆီးတတ်တာပါ။

⛔ Perfectionism Traps: အမှားအယွင်းမရှိ ပြည့်စုံမှ စချင်တဲ့စိတ်က တကယ်တော့ "ကြောက်စိတ်" ကို ဖုံးကွယ်ထားတာပါ။ အမှားလုပ်မိမှာ၊ အဝေဖန်ခံရမှာကို ကြောက်တဲ့အတွက် "ပြင်ဆင်နေတုန်းပါ" ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်ဆွဲနေတတ်ကြပါတယ်။

⛔ The Learning Paradox: ဗဟုသုတတွေ ပိုသိလာလေလေ၊ ကိုယ်မသိသေးတဲ့ အရာတွေက ဘယ်လောက်တောင် များနေပါလားဆိုတာကို ပိုမြင်လာလေလေပါပဲ။ ဒါကြောင့် သင်ယူလေလေ၊ ကိုယ်က မပြည့်စုံသေးဘူးလို့ ပိုခံစားရလေလေ ဖြစ်တတ်ပါတယ်။

❓ မလုံလောက်သေးပဲ လုပ်ရင် မမှားနိုင်ဘူးလား.....

ကျိန်းသေပေါက် မှားနိုင်သလို၊ ကျရှုံးနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အမြင်လေးတစ်ခု ပြောင်းကြည့်ဖို့ လိုပါတယ်။

✅ Failure as Data: မလုံလောက်သေးပဲ ​စလုပ်တဲ့အခါ ရလာတဲ့ "အမှား" က ကျရှုံးမှုမဟုတ်ဘဲ နောက်တစ်ဆင့်အတွက် လိုအပ်တဲ့ Data (အချက်အလက်) ဖြစ်ပါတယ်။

✅ The Risk of Waiting: အဆင်သင့်ဖြစ်အောင် စောင့်နေခြင်းရဲ့ "Cost" က အမှားလုပ်မိလို့ပေးရတဲ့ "Cost" ထက် ပိုများပါတယ်။ အချိန်တွေ ကုန်သွားမယ်၊ အခွင့်အရေးတွေ ဆုံးရှုံးမယ်၊ စိတ်ဓာတ်တွေ ကျလာမယ်။ ဒါက အကြီးမားဆုံး ကျရှုံးမှုပါပဲ။

❇ ပညာတွေပြည်စုံလာမဲ့ အချိန်ကို စောင့်နေမယ့်အစား "အခုရှိတဲ့အရာနဲ့ အကောင်းဆုံးစလုပ်မယ်" ဆိုတဲ့ စိတ်ကသာ သင့်ကို တခြားသူတွေထက် ခြေတစ်လှမ်း သာစေမှာပါ။

09/04/2026

တစ်ခါက ​​ မြစ်တစ်ဖက်ကမ်းကို ကူးချင်တဲ့
လှေလှော် သမား နှစ်ယောက်ရှိပါတယ်။

ပထမတစ်ယောက်ကတော့ မြစ်ကြောင်းအခြေအနေ၊ ရေစီးနှုန်းနဲ့ လှေလှော်နည်း စာအုပ်တွေကို ဖတ်ပြီး တစ်နေ့လုံး လှေပေါ်မှာ ထိုင်လေ့လာနေပါတယ်။ သူက "ငါ အခု မြစ်အကြောင်းတွေ အများကြီး သိသွားပြီ၊ ငါ တော်တော် တိုးတက်နေပြီ" လို့ တွေးပြီး ကျေနပ်နေခဲ့ပါတယ်။ ဒါပေမဲ့ ညမိုးချုပ်တဲ့အထိ သူ့လှေက ဆိပ်ကမ်းမှာပဲ ရှိနေတုန်းပါ။

ဒုတိယတစ်ယောက်ကတော့ လှေလှော်နည်းကို အကြမ်းဖျင်း သိတာနဲ့ လှေကို စလှော်ပါတယ်။ လှော်ရင်းနဲ့ ရေစီးကြောင်းအခက်အခဲနဲ့ ကြုံရတယ်၊ ပင်ပန်းတယ်၊ ဒါပေမဲ့ သူက လက်တွေ့ လှော်ခတ်နေတာ ဖြစ်တဲ့အတွက် တဖြည်းဖြည်းနဲ့ ဟိုဘက်ကမ်းကို ရောက်သွားပါတယ်။

ဒါကို "Productivity Trap" လို့ ခေါ်တယ်။ တစ်ခုခုကို လေ့လာလိုက်ရတာ၊ ဗဟုသုတရသွားတာဟာ ဦးနှောက်ကို Dopamine ထွက်စေပြီး ငါတော့ တိုးတက်နေပြီဆိုတဲ့ "ခံစားချက်" ကို ပေးစွမ်းနိုင်တယ်။

ဦးနှောက်က သတင်းအချက်အလက်အသစ်တွေ ရတဲ့အခါ "ငါ တစ်ခုခုတော့ လုပ်လိုက်ပြီ" ဆိုတဲ့ အတုအယောင် ကျေနပ်မှုကို ဖန်တီးပေးလိုက်တာကြောင့် တကယ့် ခက်ခဲတဲ့ လက်တွေ့အလုပ်တွေကို ရှောင်ဖယ်သွားတတ်ပါတယ်။လက်တွေ့မှာ တကယ် မလုပ်တဲ့အတွက် လေ့လာနေရုံသက်သက်က အချိန်ဆွဲနည်း တစ်မျိုးဖြစ်ပါတယ်။

တကယ့် အလုပ်ပြီးမြောက်မှု (Impact) ဆိုတာ ကိုယ်သိထားတဲ့ အရာတစ်ခုကို အသုံးချပြီး ရလဒ်တစ်ခုကို အမြန် ထွက်လာအောင် ဖန်တီးနိုင်ခြင်းသာဖြစ်ပါတယ်။

မင်းသိမ်းကျော် ( Coach )

08/04/2026

သင်တန်းတစ်ခုတက်ရင် သင်တန်းကသင်ပေး လိုက်တဲ့

ပညာတွေ အားလုံးကို အကုန်လုံးမှတ်မိချင်တဲ့ စိတ်ထားက တကယ်တော့ တော်တော်လေး ကောင်းပါတယ်။

ဒါပင်မဲ့ လက်တွေ့မှာတော့ အရာအားလုံးကို အသေးစိတ်မှတ်မိဖို့ ကြိုးစားတာက ခေါင်းထဲမှာ Information တွေ အလွန်အမင်း ပြည့်နှက်သွားစေပြီး ရှေ့မဆက်နိုင်အောင် ပိတ်မိသွားစေတတ်ပါတယ်။

ဒီအခြေအနေကနေ ရုန်းထွက်ပြီး
ရှေ့ကို မြန်မြန်ရောက်ဖို့အတွက်

---

၁။ 80/20 Rule (Pareto Principle)

သင်ခန်းစာတစ်ခုရဲ့ ၂၀ ရာခိုင်နှုန်း သော အဓိက Key Concepts တွေကသာ လက်တွေ့ဘဝရဲ့ ၈၀ ရာခိုင်နှုန်း သော ရလဒ်တွေကို ပေးတာပါ။

Pause လုပ်ပြီး အကုန်လိုက်မမှတ်ပါနဲ့ ။ Recording ကို အဆုံးထိ အရင်ကြည့်ပါ။ အဲဒီထဲကမှ ကိုယ့်အတွက် အရေးကြီးဆုံးလို့ ထင်တဲ့ "အချက်အလက်" ၃ ချက်လောက်ကိုပဲ ရွေးမှတ်ပါ။

ပြီးပြည့်စုံမှုကို စွန့်လွှတ်ပါ အကုန်ရမှ ဆိုတာထက် "အသုံးချလို့ရတာလေးတွေ အရင်ယူမယ်" ဆိုတဲ့ Mindset ပြောင်းပါ။

၂။ "Just-in-Time" Learning

အခုဖြစ်နေတာက နောင်ခါလိုအပ်နိုးနိုးနဲ့ အကုန်စုဆောင်းနေတဲ့ (Just-in-case) ပုံစံဖြစ်နေပါတယ်။

ချက်ချင်းသုံးမယ့်ဟာကိုပဲ အာရုံစိုက်ပါ သင်ခန်းစာထဲက အချက်တစ်ခုကို သိလိုက်တာနဲ့ Recording ကို ပိတ်ပြီး အဲဒီအချက်ကို လက်တွေ့ချက်ချင်း သွားလုပ်ကြည့်ပါ။

လက်တွေ့လုပ်ရင်း မေ့သွားမှ ပြန်ကြည့်ပါ ၊အကုန်မှတ်မိအောင်လုပ်ပြီးမှ လုပ်တာထက်၊ လုပ်ရင်းနဲ့ မေ့သွားတဲ့ အချက်ကိုပဲ Recording မှာ ပြန်ရှာကြည့်တာက ဦးနှောက်ထဲမှာ ပိုမှတ်မိစေသလို အလုပ်လည်း ပိုပြီးမြောက်ပါတယ်။

၃။ Active Recall နဲ့ Feynman Technique

အကုန်လုံးကို စာအုပ်ထဲ လိုက်ကူးရေးနေတာ ထက်စာရင် ဗီဒီယိုကြည့်ပြီးတဲ့အခါ စာအုပ်ကို ပိတ်လိုက်ပါ။ ပြီးရင် "ငါ ခုနက ဘာတွေသိလိုက်လဲ"** ဆိုပြီး ချရေးကြည့်ပါ (ဒါကို Active Recall လို့ ခေါ်ပါတယ်)။

အဲဒီထဲကမှ ကိုယ်ပြန်မပြောနိုင်တဲ့ အချက်ကိုပဲ Recording မှာ ပြန်ကြည့်ပါ။ ဒါဆိုရင် အချိန်ကုန်သက်သာပြီး မှတ်ဉာဏ်ထဲမှာ ပိုစွဲမြဲသွားပါလိမ့်မယ်။

၄။ Done is better than Perfect

အမှားဖြစ်မှာကို မကြောက်ပါနဲ့။ အမှားတွေဖြစ်ပြီး စိတ်ညစ်ရတာက သင်ယူမှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။
အမှားဆိုတာ Feedback ပါ၊ အကုန်မှတ်မိပြီးမှ လုပ်လို့ အမှားမရှိတာထက်၊ မှားမှားယွင်းယွင်းနဲ့ မြန်မြန်လုပ်ကြည့်ပြီး ပြန်ပြင်သွားတာက Skill တစ်ခုကို ပိုမြန်မြန် တတ်မြောက်စေပါတယ်။

---

Recording တွေကို "စာအုပ်" လို သဘောမထားဘဲ "Dictionary" လို သဘောထားပါ။ အကုန်ကျက်စရာမလိုပါဘူး၊ လိုတဲ့အခါ ပြန်လှန်ကြည့်လို့ရတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုချက်ပေးလိုက်ပါ။ အဲဒီအခါ စိတ်ပေါ့ပါးသွားပြီး ရှေ့ကို ပိုမြန်မြန်ရောက်လာပါလိမ့်မယ်။

မင်းသိမ်းကျော် ( Coach )

07/04/2026

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နယ်ပယ်တိုင်းက သတ်မှတ်ထားကြတဲ့ စံနှုန်းဘောင်တွေ အများကြီး

ရှိနေကြပါတယ်။ အိမ်ရှိရမယ်၊ ကားရှိရမယ်၊
ရာထူးဂုဏ်ရှိန်နဲ့ ဝင်ငွေဘယ်လောက်ရှိရမယ် ဆိုတဲ့

အရာတွေပြည့်စုံမှ လူရာဝင်တယ်၊ အောင်မြင်တယ်လို့ အသတ်မှတ်ခံရလေ့ရှိပါတယ်။ တကယ်တော့ ဒီစံနှုန်း

တွေဟာ လူတစ်စုက လူတစ်ချို့ တည်ဆောက်ထားတာဖြစ်ပြီး လူအများစုကတော့ ဒါတွေကိုရမှ အောင်မြင်

တယ် ပျော်ရွင်တယ် ဆိုပြီး အထင်မှားကာ ကိုယ်တကယ် ဘာလိုချင်လဲဆိုတာကို မေ့လျော့ပြီး လိုက်လုပ်နေကြရ

တာပါ။ အဲဒီလို သူများဖြစ်ချင်တာတွေနောက် လိုက်ရင်း အပင်ပန်းခံ ကြိုးစားလို့ ရလာပြန်တော့လည်း ခဏတာပဲ

ပျော်ရတာမျိုး၊ ဒါမှမဟုတ် လက်တွေ့ဘဝမှာ ကိုယ့်သဘာဝနဲ့မကိုက်ညီလို့ ပြန်ပြီး စိတ်မသက်မသာ ဖြစ်ရတာမျိုးတွေနဲ့ပဲ ကြုံတွေ့နေကြရပါတယ်။

တကယ်တော့ ပျော်ရွှင်မှု ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်သလို အပြင်ဘက်က အရာဝတ္ထုတွေနဲ့

လည်း တိုင်းတာလို့မရပါဘူး။ သူများက အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်တာကို အောင်မြင်တယ်

ပျော်ရွင် တယ်လို့ ဆိုနေချိန်မှာ သင်က တောင်ပေါ်ဒေသလေးမှာ ခြံစိုက်ပြီး အေးအေးချမ်းချမ်း နေရတာကို ပို

တန်ဖိုးထားတာမျိုး ဖြစ်နိုင်ပါတယ်။ အစစ်အမှန် အောင်မြင်မှုဆိုတာ မိမိရဲ့ အတွင်းစိတ်က တန်ဖိုးထားမှု၊

မိမိရဲ့ ဖြစ်တည်မှုတွေနဲ့ ထပ်တူကျဖို့သာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် အခြားသူတွေ တည်ဆောက်ထားတဲ့

စည်းဘောင်တွေထဲမှာ လမ်းပျောက်မနေဘဲ ကိုယ်တကယ် ဘာကို တန်ဖိုးထားတာလဲ၊ ဘာလုပ်ရင်

တကယ်ပျော်မှာလဲဆိုတာကို ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှတပါး အပြင်မှာသွားရှာလို့မရပါဘူး ။ အဲဒီလို ကိုယ့်ရဲ့

အတွင်းစိတ်နဲ့မဆိုင်ဘဲ အပြင်ဘက်က သတ်မှတ်ချက်တွေကြားမှာပဲ ပိတ်မိနေတာကို Matrix လို့ ခေါ်တာဖြစ်

ပြီး ပျော်ရွင်ချင်တယ် ဆို ရင်တော့ အဲဒီ Matrix တွေထဲကနေ ဖောက်ထွက်ပြီး ကိုယ်ပိုင်ပျော်ရွှင်မှုကိုသာ တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။

မင်းသိမ်းကျော် ( Coach )

06/04/2026

လိုအပ်တဲ့ အချိန်မှ သင်ယူပါ........

တကယ်တမ်းတော့ "သင်ယူခြင်း" ဆိုတဲ့ အရာကပဲ
သင့်ကို ဘာမှမလုပ်ဖြစ်အောင် ချုပ်နှောင်ထားတဲ့

ထောင်ချောက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ အသိပညာ ရှာဖွေတာဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခု ဖြစ်သော်လည်း အသုံးမချတဲ့ အသိပညာတွေ စုဆောင်းနေတာဟာ တိုးတက်မှုမဟုတ်ဘဲ "Information Overload" သာ ဖြစ်နေတတ်ပါတယ်။

အခုလို Information တွေ ပေါများနေတဲ့ခေတ်မှာ '' ငါဘာသိလဲ ဆိုတာထက် ငါဘာတွေကို အသုံးချနေပြီးလဲ'' ဆိုတာက ပိုအရေးကြီးလာပါပြီး။

လူတော်တော်များများဟာ သင်တန်းတွေ တစ်ခုပြီးတစ်ခု တက်နေကြပေမယ့် "ငါ မလုံလောက်သေးဘူး၊ နောက်တစ်ခု ထပ်သင်ဦးမှ" ဆိုတဲ့ အတွေးနဲ့တင် အချိန်တွေ ကုန်ဆုံးသွားပြီး လက်တွေ့တကယ်လုပ်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။

ဒါကို ကျော်လွှားဖို့အတွက် ဆိုရင် ဒီဘက်ခေတ်မှာ အထိရောက်ဆုံးဖြစ်တဲ့ **Just-in-Time Learning ** ဗျူဟာကို အသုံးချရမှာဖြစ်ပါတယ်။

မလိုအပ်သေးတဲ့ အချက်အလက်တွေကို ဦးနှောက်ထဲ ကြိုတင်သိမ်းထားမယ့်အစား လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ လိုအပ်တဲ့ အစိတ်အပိုင်းကိုပဲ ကွက်ပြီး လေ့လာရမှာပါ။

ကျွန်​တော်တို့ ဟာ ဘယ်တော့မှ ၁၀၀ ရာခိုင်နှုန်း အဆင်သင့် ဖြစ်လာမှာ မဟုတ်တဲ့အတွက် သိဖို့သက်သက်အတွက် မသင်ဘဲ လက်တွေ့ လုပ်ဖို့အတွက်သာ သင်ယူဖို့လိုပါတယ်။ လက်တွေ့ Action ယူပြီး လုပ်ရင်းနဲ့မှ လိုအပ်တာကို ထပ်ဖြည့်သင်ယူ သွားရမှာ ဖြစ်ပါတယ်။

မနေ့က သင်ထားတာတွေ Expired မဖြစ်ခင် ဒီနေ့ လက်တွေ့ Action အဖြစ် ပြောင်းလဲလိုက်မှသာ ကိုယ့်ဘဝက မြန်မြန် ဆန်ဆန် တိုးတက်မှုတွေ တွေ့လာရမှာဖြစ်ပါတယ်။

မင်းသိမ်းကျော် ( Coach )

Want your business to be the top-listed Gym/sports Facility?

Website