11/05/2026
ထုတ်ကုန်ပီဗျို့
Sport
11/05/2026
ထုတ်ကုန်ပီဗျို့
09/05/2026
အထုပ်လေး🤑ယုံ"ကြည်"နဲ့ကစားပေးလို့ အထူးပင်ကျေးဇူးတင်ပါသည်😊
09/05/2026
အထုပ်လေး🤩ယုံ"ကြည်"နဲ့ကစားပေးလို့ အထူးပင်ကျေးဇူးတင်ပါသည်😊
19/01/2026
အုပ်စုတွင်းပွဲတိုင်း လွယ်ကူမှာ မဟုတ်ဘူးလို့ မြန်မာနဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ ထိုင်းအသင်းနည်းပြ ဆို
ထိုင်းလက်ရွေးစင်အသင်းနည်းပြဖြစ်သူ အမေရိကန်နိုင်ငံသား အန်တိုနီဟတ်ဆန်က၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုမဲခွဲအပြီးမှာ အုပ်စုတွင်းပွဲတိုင်း လွယ်ကူမှာမဟုတ်ကြောင်း မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အန်တိုနီဟတ်ဆန်က"အုပ်စုအနေအထားက ပျော်စရာကြီးပါ။ ဘယ်လိုတောင် ဒီအသင်းတွေ တစ်အုပ်စုတည်း လာကျနေတာလဲ။ အုပ်စုပွဲတိုင်းက ကျွန်တော်တို့အတွက် လွယ်ကူမှာ မဟုတ်ပါဘူး။ အုပ်စုတွင်း အသင်းတိုင်းက ခက်ခဲတဲ့ပြိုင်ဘက်တွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအခြေအနေကို လက်ခံရမှာပါ။ တစ်ဖက်အုပ်စုကိုလည်း ကြည့်လိုက်ဦးလေ။ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ ပါနေတယ်။ သူတို့အုပ်စုကလည်း ပြိုင်ဆိုင်မှု ပြင်းထန်မှာပါ။ ဘယ်ပွဲကိုမဆို ကျွန်တော်တို့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ။ ဒါပေမဲ့ အုပ်စုအနေအထားက ကျွန်တော်တို့အတွက် ခက်ခဲမှာပါ" လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) ဟာ အမေရိကန်နိုင်ငံသားနည်းပြ အန်တိုနီဟတ်ဆန်ကို နည်းစနစ်ဒါရိုက်တာရာထူးကနေ နည်းပြချုပ်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာအတွင်းက တာဝန်ပေးခန့်အပ်ထားတာဖြစ်ပါတယ်။
အန်တိုနီဟတ်ဆန်ဟာ ဘာရိန်း၊ နယူးဇီလန်လက်ရွေးစင်အသင်းတွေကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး အမေရိကန်အသင်းကိုလည်း ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။
အာဆီယံဘောလုံးအဖွဲ့ ချုပ် (AFF) ဟာ ၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၁၅ ရက်ကပြုလုပ်ခဲ့ပြီး အုပ်စု (A) မှာ လက်ရှိချန်ပီယံ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်း၊ အုပ်စု (B) မှာ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ လာအိုအသင်းတို့ ပါဝင်နေပါတယ်။
အုပ်စုပွဲများကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၈ ရက်အထိကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ ဇူလိုင် ၂၅ ရက်မှာ မလေးရှားအသင်းနဲ့ အိမ်ကွင်း၊ ဇူလိုင် ၂၈ ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ အဝေးကွင်း၊ သြဂုတ် ၄ ရက်မှာ လာအိုအသင်းနဲ့ အိမ်ကွင်း၊ သြဂုတ် ၈ ရက်မှာ ထိုင်းအသင်းနဲ့ အဝေးကွင်း ကစားရမှာဖြစ်ပါတယ်။
Photo- AFC & FAT
19/01/2026
အက်စတွန်ဗီလာအသင်းရဲ့ အိမ်ကွင်းနိုုင်ပွဲဆက်စံချိန် (၁၁)ပွဲမှာ အဆုံးသတ်
အက်စတွန်ဗီလာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲစုံအိမ်ကွင်းနိုင်ပွဲဆက်စံချိန်က (၁၁)ပွဲမှာ အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ သြဂုတ်လက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အဲဗာတန်နဲ့ပွဲ မတိုင်ခင်အထိ အိမ်ကွင်း(၁၁)ပွဲဆက် အနိုင်ရခဲ့တာပါ။
အက်စတွန်ဗီလာအသင်း အနိုင်ရခဲ့တဲ့ ပြိုင်ဘက်တွေက ဘိုလော့ဂ်နာ၊ ဖူလ်ဟမ်၊ ဘန်လေ၊ မန်စီးတီး၊ မက္ကာဘီတဲလ်အဗစ်၊ ဘုန်းမောက်၊ ယန်းဘွိုင်းစ်၊ ဝုလ်ဗ်၊ အာဆင်နယ်၊ မန်ယူနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းနိုင်ပွဲဆက်စံချိန် ရပ်တန့်သွားခဲ့ရသလို၊ အာဆင်နယ်ကို (၄)မှတ်အကွာနဲ့ ကပ်လိုက်နိုင်မယ့်အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရပါတယ်။
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီကတော့ မိမိတို့က ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ ထိပ်ဆုံး(၅)သင်းစာရင်းထဲမှာ မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
Photos: X
09/01/2026
စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)နှစ်ဆက်တိုက် ဆုံတွေ့
၂၀၂၆ စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်ကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရီးယဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)နှစ်ဆက်တိုက် ဆုံတွေ့ရတော့မှာဖြစ်ကြောင်း သိရပါတယ်။
ဆီမီးဖိုင်နယ်ပထမပွဲမှာ ဘာစီလိုနာက ဘီလ်ဘာအိုကို (၅-၀)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို (၄)နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာပါ။
ရီးယဲလ်မက်ဒရစ်ကတော့ ၂၀၂၂ ကနေ ၂၀၂၆ အထိ (၅)နှစ်ဆက်တိုက် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ဆုဖလား(၁၅)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို၊ ရီးယဲလ်မက်ဒရစ်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲ(၃)ကြိမ်မှာလည်း (၂)ကြိမ်အနိုင်ရခဲ့ပါတယ်။
၂၀၂၆ စပိန်စူပါဖလားဗိုလ်လုပွဲကို ဇန်နဝါရီ(၁၁)မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆုကြေးနဲ့ ယှဉ်ပြိုင်မှုအပေါ် ငွေကြေးခွဲဝေမှုအရ ဗိုလ်စွဲတဲ့အသင်းက ယူရို(၈)သန်းအထိ ရရှိမှာဖြစ်ပြီး ရှုံးနိမ့်တဲ့အသင်းကတော့ ယူရို(၇.၄)သန်း ရရှိမယ်လို့ သိရပါတယ်။
Photos: X
09/01/2026
■ ပရီးမီးယားလိဂ် ရလဒ်
အာဆင်နယ် ဝ-၀ လီဗာပူးလ်
■ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ရလဒ်
အက်သလက်တီကို ၁၂ ရီးယဲလ်မက်ဒရစ်
■ စီးရီးအေ ရလဒ်
ခရီမိုနီဆီ ၂-၂ ကာဂလီယာရီ
အေစီမီလန် ၁-၁ ဂျီနိုအာ
■ ပြင်သစ်စူပါဖလား ရလဒ်
PSG ၂-၂ မာဆေးလ်
(Pen ၄-၁ ဂိုးနဲ့ PSG ဗိုလ်စွဲ)
■ ဆော်ဒီပရိုလိဂ် ရလဒ်
အယ်လ်ဟီလာ ၂-၀ အယ်လ်ဟာဇင်
အယ်လ်နာဆာ ၁-၂ အယ်လ်ကာဆီယာ
အယ်လ်နာမာ ၃-၄ အယ်လ်အစ်တီဖာ
Photos: Leagues' Facebook
07/01/2026
■ ပရီးမီးယားလိဂ် ရလဒ်
ဝက်စ်ဟမ်း ၁-၂ နော်တင်ဟမ်ဖောရက်စ်
■ စီးရီးအေ ရလဒ်
ပီဆာ ဝ-၃ ကိုမို
လက်ချီ ဝ-၂ ရိုးမား
ဆာဆူအိုလို ဝ-၃ ဂျူဗင်တပ်စ်
■ အာဖရိကနိုင်ငံများဖလား ၁၆ သင်းအဆင့် ရလဒ်
အယ်လ်ဂျီးရီးယား ၁-၀ DRကွန်ဂို
(မိနစ် ၉၀ ဝ-၀၊ အချိန်ပိုတွင် အယ်လ်ဂျီးရီးယား နိုင်)
အိုင်ဗရီကို့စ် ၃-၀ ဘာကီနာဖာဆို
Photos: Premier League, Africa Cup of Nations