အဘအကောင့်အစစ်ကိုညီမဆီကိုလာယူပါ
Moung556
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moung556, Sport & recreation, Yangon.
အဘဦးဝင်းစိန်အကောင့်အစစ်ကိုလိုချင်သူများညီမဆီလာယူပါ
31/12/2025
အာဆင်ဝင်းဂါးက ပြောတယ်…
“ကမ္ဘာ့အဆင့် ကလပ်အသင်းတစ်သင်းထဲမှာ နှစ်ပေါင်း၂၅နှစ်ကျော် ဖြတ်သန်းနိုင်ခဲ့တဲ့သူမျိုး ကျနော်တစ်ခါမှ မမြင်ဖူးမကြားဖူးခဲ့ဘူး။ နောက်လည်း ရှိလာနိုင်မယ်မထင်ပါဘူး။ ဒီတစ်ချက်ထဲနဲ့တင် သူဟာ ဘယ်လောက်ထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ယောက်လဲ ကျနော်တို့သိနိုင်ပါတယ်။ သူ့အတွက် ချီးကျူးစကားတွေ များများစားစားမလိုအပ်ပါဘူး”
ဂွာဒီယိုလာက ပြောတယ်…
“၅နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံ၄ကြိမ်ဖြစ်နိုင်ဖို့က တကယ်ကို ခက်ခဲပါတယ်။ အခု ကျနော်တို့ ဒါကို လုပ်နိုင်ခဲ့ပြီ။ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မန်ချက်စတာယူနိုက်တက်ကတော့ ဒါမျိုးကို တစ်ကြိမ်မက၊ နှစ်ကြိမ်မက အကြိမ်ကြိမ်အခါခါ လုပ်နိုင်ခဲ့ပါတယ်။ ဒါ အင်မတန်ချီးကျူးလေးစားရမယ့် ကိစ္စပါပဲ။ ဒီလိုခမ်းနားတဲ့ စံချိန်မှတ်တမ်းတစ်ခုကို တစ်စိတ်တစ်ပိုင်း လိုက်မီနိုင်ခဲ့တဲ့အတွက်လည်း ကျနော်သိပ်ဂုဏ်ယူမိပါတယ်”
မော်ရင်ဟိုက ပြောတယ်…
“၂၀၀၄ခုနှစ် ကျနော်ပေါ်တိုနဲ့အတူ ချန်ပီယံလိဂ်မှာ ယူနိုက်တက်ကို ဖြုတ်ချနိုင်ခဲ့တော့ စိတ်လွတ်ကိုယ်လွတ် အောင်ပွဲခံခဲ့တယ်။ ဒါပေမယ့် ဆာအဲလက်စ်ကတော့ လူကြီးလူကောင်းဆန်စွာပဲ ကျနော့်ကို နှုတ်ဆက်သွားခဲ့ပါတယ်။ သူလည်း နိုင်လိုစိတ် သိပ်ပြင်းပြတဲ့သူပဲ၊ ကျနော်သိတာပေါ့။ ဒါပေမယ့် အရှူံးကိုလည်း တည်ငြိမ်စွာပဲ လက်ခံသွားခဲ့တယ်။ ဒါဟာ ကျနော်သူ့ကို အလေးစားရဆုံးအချက်ပါပဲ၊ သူ့ဆီက ကျနော်မသင်ယူနိုင်ခဲ့တဲ့ အချက်တစ်ချက်လည်း ဖြစ်ခဲ့ပါတယ်”
ယာဂင်ကလော့ပ်က ပြောတယ်…
“လီဗာပူးနည်းပြတစ်ယောက်အနေနဲ့ ဒီစကားပြောရတာ တစ်ရာရာခိုင်နှုန်းမသင့်တော်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော် ဆာအဲလက်စ်ကို အင်မတန်လေးစားတယ်ဗျာ…
သူနဲ့ပထမဆုံးအကြိမ် စတွေ့တုန်းကများဆိုရင် ကျနော့်စိတ်ထဲမှာ ပုပ်ရဟန်းမင်းကြီးနဲ့ တေ့ွရသလောက်နီးနီးကို ထင်နေမိတာပါပဲ”
အန်စလော့တီက ပြောတယ်…
“ကျနော် အင်မတန်လေးစားချစ်ခင်ရတဲ့ ဘောလုံးမိတ်ဆွေတွေထဲမှာ ဆာအဲလက်စ်လည်း ပါ,ပါတယ်။ သူ့မှာ ဘောလုံးနဲ့ပတ်သက်ပြီး ထူးခြားတဲ့အမြင်တွေရှိတယ်။ ကစားသမားအတော်များများကို ပိုမိုတိုးတက်လာအောင် လမ်းညွှန်ပေးနိုင်တယ်။ လူငယ်တွေကို အသုံးပြုရမှာလည်း ဘယ်တော့မှမကြောက်သလို အသင်းကို ခေတ်စနစ်နဲ့အညီ အလိုက်သင့်အလျားသင့် ပြုပြင်ပြောင်းလဲနိုင်သူလည်းဖြစ်ပါတယ်။ နည်းပြအဖွဲ့ဝင်တွေနဲ့ တခြားဝန်ထမ်းတွေကို တာဝန်ခွဲဝေပေးရာမှာလည်း သူက သိပ်ထူးချွန်တယ်။ ဒါကြောင့်လည်း ယူနိုက်တက်လို ထိပ်တန်းကလပ်အသင်းတစ်သင်းကို ၂၅နှစ်ကျော် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်…
ချီးကျူးစရာအကောင်းဆုံးတစ်ချက်ကတော့ ဒီလောက်အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ကြားက သူဟာ မာန်မာနထောင်လွှားခြင်းမရှိဘဲ နှိမ့်ချတတ်သူတစ်ယောက် ဖြစ်နေခြင်းပါပဲ”
ကန်တိုနာက ပြောတယ်…
“ဆာအဲလက်စ်ဖာဂူဆန်ကို မုန်းတဲ့၊ လေးစားမှုမရှိတဲ့သူတွေဟာ ဆာအဲလက်စ်ကြောင့် အိပ်မက်တွေပျက်စီးသွားရတဲ့သူတွေပဲ ဖြစ်လိမ့်မယ်ဗျ” တဲ့…
ဒီနေ့ကတော့ ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ၈၄နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်…
𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐒𝐢𝐫 𝐀𝐥𝐞𝐱!
29/12/2025
နာပိုလီအသင်းမှာ ဟမ်ဆစ် ၊ လာဗက်ဇီတို့နဲ့အတူ အရမ်းကောင်းတဲ့ အတွဲအဖက်ကို ဖန်တီးခဲ့သူ
Uruguay အသင်းမှာ ဖော်လန် ၊ ဆွာရက်ဇ်တို့နဲ့အတူ ကိုပါအမေရိကဖလားကိုရယူနိုင်ခဲ့သူ
ပီအက်စ်ဂျီအသင်းမှာ ဂိုးပေါင်းများစွာသွင်းယူခဲ့သူ
ကွင်းထဲမှာသာမက ကွင်းပြင်ပမှာပါ စိတ်ထားကောင်းသူအဖြစ် ကျော်ကြားခဲ့သူ
မန်ချက်စတာယူနိုက်တက်မှာ ရိုနယ်ဒိုနောက်ပိုင်း ကျောနံပါတ် ၇ ကို flop မဖြစ်အောင် ကစားနိုင်တဲ့ တဦးတည်းသောသူ
အီဒီဆင် ကာဗာနီဟာ ဘောလုံးကစားခြင်းကနေ အနားယူသွားခဲ့ပါပြီ ။
လှပတဲ့သွင်းဂိုးတွေအတွက် အမြဲသတိရနေမှာပါ
မန်ယူဖန်ကို ဒီနှစ်ဖလားလုပွဲအကြောင်းသွားပြောသောအခါ 😅
21/12/2025
ရော်ဂျာရဲ့သွင်းဂိုးတွေနဲ့ နိုင်ပွဲဆက်ခဲ့တဲ့ ဗီလာ
****************
ပရီးမီးယားလိဂ်ပြိုင်ပွဲ (ပွဲစဥ် 17)
အက်စတွန်ဗီလာ 2-1 မန်ချက်စတာယူနိုက်တက်
21/12/2025
ဗီလာရီးရဲကို တယောက်အသာ ၊ ပင်နယ်တီတွေနဲ့ နိုင်ခဲ့တဲ့ ဘာစီလိုနာ
စနေနေ့ညတုန်းက ရီးရဲအသင်းနဲ့ကစားခဲ့တဲ့ ဆီဗီးလားအသင်းဟာ တယောက်လျော့ ၊ ပင်နယ်တီပေးရပြီး ရှုံးနိမ့်ခဲ့သလို မနေ့ညကပွဲမှာလည်း ဗီလာရီးရဲအသင်းဟာ ဘာစီလိုနာအသင်းကို တယောက်လျော့ ပင်နယ်တီပေးရပြီး ရှုံးနိမ့်ခဲ့ပါတယ် ။ ဘာစီလိုနာအတွက် ပင်နယ်တီကို ရာဖင်ညာ ကန်သွင်းခဲ့ပြီး နောက်တဂိုးကိုတော့ ယာမဲလ်က သွင်းယူခဲ့တာပါ ။
ဒီရလဒ်ကြောင့် ဘာစီလိုနာတို့ ရီးရဲကို ၄ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်ခဲ့ပြီး ၂၀၂၅ ကို နိုင်ပွဲနဲ့ နှုတ်ဆက်သွားနိုင်ခဲ့ပါတယ် ။
21/12/2025
သွေးလင်းထက်
👏👏👏👏
၂၀၂၅ ခုနှစ်အတွင်း ONE Championship စင်မြင့်ထက်မှာ ထိုးသတ်ခဲ့တဲ့ မြန်မာဖိုက်တာပေါင်း ၁၆ ယောက်ထိ ရှိခဲ့ပါတယ်။
အဲဒီထဲမှာ သွေးလင်းထက်က စွမ်းဆောင်ရည် အကောင်းဆုံးဖိုက်တာအဖြစ် ရပ်တည်ပြခဲ့ပါတယ်။
သူဟာ ဒီနှစ်အတွင်း စုစုပေါင်း ၅ ပွဲ ထိုးခဲ့ရာ ၊ ၄ ပွဲ နိုင် ၁ ပွဲ ရှုံး မှတ်တမ်းမျိုး ပိုင်ဆိုင်ခဲ့တာပါ။
အနိုင်ရတဲ့ ၄ ပွဲမှာလဲ ၃ ပွဲက ဘောနပ်ဆုတွေတောင် သိမ်းပိုက်ခဲ့သေးပါတယ်။
လာမယ့် ၂၀၂၆ ခုနှစ်မှာလဲ ရလာဒ်ကောင်းတွေ ဆက်လက်ထိန်းထားနိုင်ပါစေ ညီလေးရေ.....💪
21/12/2025
အာဆင်နယ်ရော မန်စီးတီးပါ အဆင့်မပြောင်းလဲဘဲ ချဲလ်ဆီးကိုလိုက်မီလာတဲ့ လီဗာပူးအသင်း
လာမယ့်ပွဲစဉ်မှာတော့ အာဆင်နယ်က ဘရိုက်တန် ၊ မန်စီးတီးက နော်တင်ဟမ်ဖောရက်စ်အသင်းတွေနဲ့ ကစားရမှာပါ ။ လီဗာပူးက အဆင့် ၂၀ က နိုင်ပွဲလုံးဝမရှိသေးတဲ့ ဝုဗ်အသင်းနဲ့ကစားရမှာဖြစ်ပြီး ချဲလ်ဆီးကတော့ ပုံစံကောင်းတွေပြသနေတဲ့ ဗီလာအသင်းနဲ့ ဆုံတွေ့တော့မှာပဲ ဖြစ်ပါတယ် ။
၂၀၂၅ နှစ်ကုန်မှာ အမှတ်ပေးဇယားရပ်တည်မှုတွေ အပြောင်းအလဲထပ်ဖြစ်လာဦးမလား . . .
21/12/2025
ချန်ပီယံဖြစ်ခွင့်မပြောနဲ့
အဆင့်ကျော်တက်ခွင့်တောင် အာဆင်နယ်က မန်စီးတီးကိုမပေးသေးပါဘူး
အက်စ်တွန်ဗီလာနဲ့ပွဲအပြီးမှာဆောင်းဝင်ပြီလို့ထင်ခံခဲ့ရပေမဲ့ အာဆင်နယ်ကတော့ပြန်လာနိုင်ပါတယ်
အခုဆိုရင် နောက်ဆုံး (၃) ပွဲဆက် အနိုင်ရထားပြီး ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာရော အဆင့် (၁) ကနေမကျသေးပါဘူး
မနေ့ညက အဲဗာတန်နဲ့ပွဲမှာလဲ ပင်နယ်တီရတာကို ဒိုင်ကူတယ်လို့ပြောကြပေမဲ့ ဂိုးကံခေနေခဲ့တာကိုလဲ မြင်ကြမယ်ထင်ပါတယ်
နှစ်လုံးတိုင်ထိတယ်ဆိုတဲ့အနေအထားကမနဲပါဘူး ဝင်ခဲ့ရင်အဲ့ဒါနှစ်ဂိုးပါ
အဲ့တော့ တချို့ကစားသမားလေးတွေလိုအပ်ချက်အနဲငယ်ရှိနေကြသေးပေမဲ့ အာဆင်နယ်ကတော့ ခြေပြန်မှန်လာပြီလို့ပြောရပါမယ်
အိုဒီဂတ်တို့ ဆာကာတို့သာ ဒီထက်ပိုလုပ်ပြရင် အာဆင်နယ်က အဆင့် (၁) မှာခြေချိတ်ပြီးထိုင်နေရုံပါပဲ
အခုသူတို့သိပ်မလုပ်ပြသေးတာတောင် အာဆင်
နယ်က အဆင့် (၁) ဆိုတဲ့အနေအထားမျိုးမှာပါ
အဲ့တော့ မန်စီးတီးကိုအဆင့်ကျော်တက်ခွင့်မပေးတာကပဲ အာဆင်နယ်အတွက်အကောင်းဆုံးဖြစ်ပါတယ်
ချီးကျူးချင်စရာအကောင်းဆုံးက မနေ့ညကအဲဗာတန်နဲ့ပွဲမှာ (1-0) နဲ့ပဲန်ိုင်နေပေမဲ့ပိတ်မဆော့ပဲ ဂိုးရဖို့ နောက်ဆုံးမိနစ်ထိ အသားကုန်ရုန်းဆော့သွားကြတာကိုပါပဲ
27/11/2025
လိပ်ကလေး ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ ချန်ပီယံလိဂ် အဝေးကွင်းမှာ နိုင်ပွဲပြန်လည်ရရှိခဲ့တဲ့ ရီးရဲလ်
--------------
အိုလံပီယာကောစ့် (၁-၃) ရီးရဲလ်မက်ဒရစ် (FT)
27/11/2025
အိမ်ကွင်း ဂိုးပြတ် အရှက်ကွဲခဲ့ရပြန်တဲ့ကြိုးကြာ
-----------------
လီဗာပူးလ် (၁-၄) ပီအက်စ်ဗွီ (FT)
Click here to claim your Sponsored Listing.