03/08/2023
✍️ဒါကမနှစ်က ကျနော်ရေးသားခဲ့ပို့စ်တစ်ခုပါပဲ✍️
💯ဤအရာကမိတ်ဆွေအတွက်တစ်စုံတစ်ရာအထောက်အကူပြုပါစေဆိုတဲ့စိတ်နဲ့ပြန်တင်ပေးခဲ့သည်ပေါ့
✌ကျနော်ဥာဏ်မှီသလောက်ရေးသားထားတဲ့အကြောင်းအရာတွေဖြစ်နေလို့ အမှားပါရင်လည်းဗွေမယူပါနဲ့ ဂေါင်းကြီးရာ
😇ဒါကငမူးရဲ့ဘောလုံးဒဿနဆိုပါတော့...😇
ကျနော်ကပွဲရွှေးချယ်သူဖြစ်လို့
ပွဲတစ်ပွဲကို Choice လုပ်တော့မယ်ဆိုရင်
ဘယ်လိုအချက်တွေကိုအခြေခံပြီးရွှေးပေးဖြစ်သလဲဆိုတာ
ကျနော်ဖောက်သည်ချပေးခဲ့ပါမယ်
ဒါကတစ်စတာအများစုလည်း
ဒီသဘောတရားအပေါ်ကိုအခြေခံရင်း ပွဲရွှေးထုတ်ရတာပါ
💢ပထမအချက် ပေါက်ကြေး💢
ပေါက်ကြေးဆိုတဲ့သဘောတရားမှာ
ဘော်ဒီကြေးနဲ့ဂိုးပေါင်းကြေးဆိုတဲ့နှစ်ခုကိုသာ
အဓိကအခြေခံကြည့်ရင်းစဉ်းစားရတာပါ
တစ်ချို့တွေကပြောကြပါလိမ့်မယ်
CS ပေးထားတဲ့အဆတွေ
TG ပေးထားတဲ့အဆတွေ
Single Team ပေးထားတဲ့အဆတွေ
Handicaps ဖွင့်ထားတဲ့စျေး(3)မျိုးအပေါ်အခြေခံကြည့်ရတယ်တို့ဘာတို့ညာတို့ပြောကြပါလိမ့်မယ်
ဒါတွေအားလုံးရဲ့မြစ်ဖျားခံရာက
အဓိကပေါက်ကြေးကနေသာဆင်းသက်လာခဲ့တာပါ
ရှင်းရှင်းပြောရရင်
အပေါ်ကရေးခဲ့တဲ့အရာတွေ ငမူးကြည့်လေ့မရှိပါဘူး
ဘာဖြစ်လို့လည်းဆိုတော့
ဒီအရာတွေဟာမိမိစိတ် မိမိရွှေးချယ်မူအပေါ်တွေဝေစေတဲ့အချက်ကြောင့်ပါပဲ
ပေါက်ကြေးဆိုတဲ့နေရာမှာ
အဓိကပွိုင့်အနေနဲ့ကြည့်ရမယ့်အရာက ဂိုးပေါင်းကြေးပါပဲ
ဘာကြောင့်ဒီလိုပြောရသလဲရှင်းပြခဲ့ပါမယ်
A အသင်းအနေနဲ့
ဘော်ဒီကြေး(-40) အကျောပေးထားတယ်ဆိုပါတော့
ဒီဘော်ဒီကြေးဟာ
တကယ်ပွဲကစားချိန်ရောက်လာတဲ့အချိန်မှာ
အပြောင်းလဲသိပ်မရှိတာကို မိတ်ဆွေတို့တွေ့ရပါလိမ့်မယ်
(ကျနော်တို့မသိတဲ့လိဂ်တွေမဆိုလိုပါဘူး)
နားလည်အောင်ပြောရရင်
ပထမပိုင်း (0-0)ရလဒ်ဖြစ်နေခဲ့ရင်တောင်
ဒုတိယပိုင်းမှာ A အသင်းရဲ့ဘော်ဒီကြေးဟာ
(-30/-20/=) ဆိုတဲ့အနေထားမှာသာရှိနေအုံးမှာဖြစ်လို့
သိပ်ကွာဟချက်ရှိနေမှာမဟုတ်ပါဘူး
ဂိုးပေါင်းကြေးကတော့ အဲလိုမဟုတ်တော့ပါဘူး
အကယ်၍ (2-100)ပေါက်ထားတဲ့ပွဲမှာ
ပထမပိုင်း(0-0)ဖြစ်နေမယ်ဆိုရင်
ဒုတိယပိုင်းဂိုးပေါင်းကြေးဟာ
(1-50)အမြင့်ဆုံးကြေးသာရှိတော့မှာပါ
ဒီသဘောတရားကိုကြည့်မယ်ဆိုရင်
ဘော်ဒီကြေးထက် ဂိုးပေါင်းကြေးမှာသာမြုပ်ကွက်ထည့်ထားတယ်ဆိုတာ
နားလည်သဘောပေါက်မယ်ထင်ပါတယ်
နောက်တစ်ချက်အနေနဲ့ ဂိုးပေါင်းကြေးဆိုတာက
အောက်အသင်းရဲ့လုပ်အားနူန်းကိုသာ
အခြေခံရင်းဖွင့်လှစ်ထားတာများပါတယ်
ဥပမာ ဘော်ဒီကြေး (-100) ဂိုးပေါင်းကြေး (3=) ဆိုတဲ့ပေါက်ကြေးမျိုးဆိုရင်
ပွဲအပြီးအောက်အသင်းဂိုးရတာ မရတာအသာထား
အောက်အသင်းဆီကတစ်ဂိုးလောက်တော့ မြင်ရနိူင်မယ်လို့သာကျနော်တို့ခန့်မှန်းသုံးသပ်ရပါလိမ့်မယ်
ခြွင်းချက်အနေနဲ့
ဘော်ဒီကြေး(2+20) ဂိုးပေါင်းကြေး (3=) ဆိုတဲ့ပေါက်ကြေးမျိုးဆိုရင်
အောက်အသင်းသွင်းဂိုးကို ဘွတ်မာကာတွေထည့်သွင်းထားခြင်းမရှိပါဘူး
(အောက်အသင်းဂိုးမရဘူးလို့ဆိုလိုတာမဟုတ်ပေမယ့်
ဒီအထာမျိုးဟာအောက်အသင်းဂိုးရပါမယ်လို့
ကျနော်တို့ဘယ်ရှုထောင့်ကမှတွေးလို့မရပါဘူး)
အနှစ်ချုပ်ဆိုရရင်
ပွဲရွှေးချယ်သူဟာ ပေါက်ကြေးတစ်ခုထဲကြည့်ပြီး
Choice လုပ်ပေးတဲ့သူဖြစ်နေမယ်ဆိုရင်
မလွန်ဆန်နိူင်တဲ့ပေါက်ကြေးတွေကြား
မိမိရွှေးချယ်မူကိုဘောင်ကျဉ်းကျဉ်းလေးထဲကနေပြီး
Decision ချရတယ်ဆိုတာငြင်းလို့မရတဲ့အမှန်တရားပါပဲ
🚨🚨🚨မှတ်ချက် ပေါက်ကြေးတစ်ခုထဲအပေါ်အခြေခံရင်း Choice လုပ်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ရွှေးချယ်မူလို့သတ်မှတ် ဖို့ခက်ပါလိမ့်မယ် ဘာကြောင့်လည်းဆိုတော့ ပေါက်ကြေးဆိုတာပုံစံခွက်တစ်ခုထဲသာရှိနေလို့ပါပဲ
💢ဒုတိယအချက် စရိုက်💢
မိတ်ဆွေအနေနဲ့ထိုးသားဘဲဖြစ်ဖြစ်
တစ်စတာလုပ်ချင်လို့ဘဲဖြစ်ဖြစ်
စရိုက်ဆိုတာကိုသိကိုသိထားသင့်ပါတယ်
ကျနော်ပထမအချက်အဖြစ်ရေးပေးခဲ့တဲ့
"ပေါက်ကြေး" ဆိုတဲ့အချက်ကမိတ်ဆွေသာဘောလုံးလောင်းကစားလုပ်ဖူးသူဆိုရင်
ဒီကြေးပေါက်ရင်
ဒီအသင်းဘယ်လိုလုပ်ကြေးနိူင်မှာလဲကွာဆိုတာမျိုးခံစားတတ်ပြီးသားဖြစ်နေမှာပါ
စရိုက်ဆိုတာကတော့ အဲ့လိုမဟုတ်တော့ပါဘူး
နားလည်အောင်ရေးပြရရင်
ကျနော်တို့အားလုံးနဲ့ရင်းနှီးပြီးသားအသင်းဖြစ်တဲ့
မန်စီးတီးအသင်းဆိုပါတော့ဗျာ
ဒီအသင်းကတိုက်စစ်ကစားပုံကောင်းတယ်
ဒါပေမယ့်တိုက်စစ်မူးစစ်စစ်မပါဘဲကစားကွက်ပုံဖော်ထားတဲ့အသင်းဖြစ်နေတာမို့
မန်စီးတီးဆိုတာကွင်းလယ်အသားပေးကစားကွက်ကို ပုံဖော်ထားတဲ့အသင်းတစ်သင်းပါ
ဒီအရာကိုမိတ်ဆွေမျက်လုံးထဲမြင်အောင်ကြည့်တတ်ရပါလိမ့်မယ်
တိုက်စစ်ကစားပုံကောင်းတယ် ဒါပေမယ့်ကွင်းလယ်ပိုင်းကိုအဓိကဗဟိုပြုကစားတဲ့အသင်းဖြစ်နေလို့ အခြားတိုက်စစ်ကောင်းတဲ့အသင်းတွေထက် မန်စီးတီးခံစစ်ပိုင်းကပိုကျစ်လစ်တဲ့အနေထားမှာရှိနေမှာပါ
ဒီသဘောတရားကို သိထားမယ်ဆိုရင် ခုပြောတဲ့ "စရိုက်" ဆိုတဲ့အချက်ကိုနားလည်ပြီးသားဖြစ်နေပါလိမ့်မယ်
ဒါပေမယ့် ကျနော်တို့တွေဟာ ဘောလုံးအသင်းအကုန်လုံးကိုအမြဲစောင့်ကြည့်ဖူးမှာမဟုတ်လို့ အသင်းတိုင်းရဲ့စရိုက်ကို ကျနော်တို့သိဖို့တော့မလွယ်လှပါဘူး
ဒါကြောင့် အသင်းတစ်သင်းရဲ့စရိုက်ကိုသိဖို့ဆိုရင်
ဒီအသင်းရဲ့ သွင်းဂိုး ပေးဂိုး တွေအပြင် နောက်ဆုံး(5)ပွဲရလဒ်နဲ့ နောက်ဆုံး(5)ပွဲရဲ့ Match Stats တွေကိုကျနော်တို့လေ့လာရင်း ဒီအသင်းစရိုက်ကိုကျနော်တို့ခန့်မှန်းလို့ရမှာပါ (ဒါက အတိအကျခန့်မှန်းခြင်းမျိုးတော့မဟုတ်ဘူးပေါ့)
စရိုက်ဆိုတဲ့နေရာမှာ ကျနော်တို့မဖြစ်မနေသိထားသင့်တဲ့အချက်တစ်ချက်ရှိပါတယ်
ဒါကတော့ Set-Pieces လို့ခေါ်တဲ့ နေရာလွှတ်တွေကိုအသုံးချမူကောင်းတဲ့အသင်းဆိုပြီး သီးသန့်သိထားဖို့လိုပါလိမ့်မယ်
Set-Pieces ဆိုတာက ထောင့်ကန်ဘောကနေတစ်ဆင့်ခေါင်းတိုက်သွင်းတတ်တဲ့အသင်း
ဒါမှမဟုတ် ကစားကွက်မယ်မယ်ရရမရှိပေမယ့်
ဖြတ်တင်ဘောတွေကနေခေါင်းတိုက်ဂိုးသွင်းတတ်တဲ့အသင်းမျိုး ဒါမှမဟုတ်တိုက်ရိုက်ဖရီးကစ်တွေကနေသွင်းဂိုးရယူတတ်တဲ့အသင်းတွေကို ကျနော်တို့သိထားဖို့လိုပါတယ်
နောက်ဆုံးအချက်အနေနဲ့တော့
လိဂ်တစ်ခုခြင်းဆီရဲ့စရိုက်အရ
ဂိုးပေါ် ဂိုးအောက်လိဂ်ဆိုတာရှိပါတယ်
ဥပမာ ဘွန်ဒက်လီဂါဆိုရင်
တိုက်စစ်အသားပေးကစားတတ်တဲ့လိဂ်ဆိုတာ
ကျနော်တို့အားလုံးသိပြီးသားဖြစ်နေလို့
ဒီကောင်တွေပွဲစဉ်တွေမှာ
ဂိုးပေါင်းကြေး(2-100)ဆိုရင်စျေးပျော့တဲ့ဖွင့်လှစ်မူလို့မှတ်ယူလို့ရပါတယ်
ဂိုးပေါင်းစျေး(3+50)နဲ့(3=)ကြားဆိုရင်
ဒါကပုံမှန်ဖွင့်လှစ်မူလို့မှတ်ယူရမှာပါ
💯💯💯ဒီလောက်ဆို "စရိုက်" ဆိုတဲ့အချက်ကိုလည်း
☺ခင်ဗျားနားလည်သဘောပေါက်မယ်ထင်ပါတယ်☺
🚨🚨🚨မှတ်ချက် စုံလိုက်ရွှေးချယ်မူ(ကျင့်ဝတ်)ဆိုတဲ့ပို့စ် ကိုမူးလာရင်ဆက်တင်ပေးအုံးမှာဖြစ်လို့
😇ဆက်သည်းခံပေးပါအုံး ဂေါင်းကြီး😅
02/08/2023
10/06/2023
31/08/2021
31/08/2021
31/08/2021
21/08/2021
10/01/2021
10/01/2021
01/01/2021