Sports Ayar

Sports Ayar

Share

⚽ ဘောလုံးသတင်းများကို အကောင်းဆုံးတင်ဆက်ပေးသွားပါမယ်ရှင့်

𝗦𝗽𝗼𝗿𝘁𝘀 𝗔𝘆𝗮𝗿 🌾⚽

23/06/2026

🥅 Goal 🥅
Ronaldo သွင်းသွားပါပြီ

Photos from Sports Ayar's post 15/06/2026

Spain 0 - 0 Cape Verde [ FT ]

ရေပန်းအစားဆုံးဖြစ်နေတဲ့ စပိန်အသင်းက
အဖွင့်ပွဲမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ၁ မှတ်သာရရှိခဲ့ပါတယ်


Photo crd

14/06/2026

အသက် ၁၈ နှစ်အရွယ်နဲ့ ဘရာဇီးအသင်းအပေါ် ကမ္ဘာ့ဖလားပထမဆုံး ပွဲဦးထွက်မှာတင် ခြေစွမ်းပြခဲ့တဲ့ မော်ရိုကို လူငယ်ကြယ်ပွင့်လေး Ayyoub Bouaddi 🇲🇦

📐 91% pass accuracy
🧠 100% pass accuracy in the final third
🤖 6 ball recoveries
🛡️ 5 interceptions
👊 9 duels won

အနာဂတ်မှာ ထွန်းတောက်လာဦးမယ့် ဒီရတနာလေးကို ဘယ်ကလပ်အသင်းတွေ ခေါ်ယူသွားကြမလဲ ??

13/06/2026

အိမ်ရှင် အမေရိကန်အသင်းကို လာရောက်အားပေးခဲ့ကြတဲ့ ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲများ 🔥

Photos from Sports Ayar's post 13/06/2026

ကနေဒါနိုင်ငံရဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲ ပုံရိပ်တချို့ 🇨🇦🍁

photo crd

11/06/2026

ကပ်သီလေး လွဲချော်ခဲ့ရတဲ့ ရော်နယ်ဒို 💔

09/06/2026

2025 ခုနှစ်ရဲ့ အကောင်းဆုံး ဒိုင်လူကြီးဆုကို ရရှိခဲ့တဲ့
ဆိုမာလီလူမျိုး ကွင်းလယ်ဒိုင်ဟာ
ကမ္ဘာ့ဖလားအတွက် ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခွင့်ရခဲ့ပေမယ့် ပြည်ဝင်ခွင့်ပိတ်ခံထားရတဲ့အတွက် နိုင်ငံအတွင်း ဝင်ခွင့်မရဘဲ အိမ်ပြန်ခဲ့ရပါတယ် ။

အမေရိကန် သမ္မတ ထရန့် တက်လာထဲက ဆိုမာလီယားဟာ ပြည်ဝင်ခွင့်ပိတ်ခံထားရတဲ့နိုင်ငံတစ်ငံဖြစ်လာပါတယ် ။
ဒီကိစ္စနဲ့ပတ်သတ်ပြီး FIFA က သူတို့က ဗီဇာကိစ္စနဲ့ပတ်သတ်ပြီး ပါဝင်ခွင့်မရှိဖူးလို့လည်း ထုတ်ပြန်ခဲ့ပါတယ် ။

04/06/2026

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တရားဝင်ကျင့်သုံးမယ့် စည်းမျဉ်းအသစ်များ

🔴 လက်ပစ်ဘောတွေကို ၅ စက္ကန့်အတွင်း ပစ်ရမယ် ××
လက်ပစ်ဘောတွေ ပစ်တဲ့အခါ ၅ စက္ကန့် အချိန်ရေတွက်မှု စနစ် ရှိလာပါတော့မယ်။ အကယ်၍ ကစားသမားတစ်ဦးက အချိန်အကြာကြီး ဆွဲနေမယ်ဆိုရင် အဲ့ဒီလက်ပစ်ဘောကို ပြိုင်ဘက်အသင်းဆီ ပေးအပ်လိုက်မှာ ဖြစ်ပါတယ်

🔴 ဂိုးကန်ချက်တွေကိုလည်း ၅ စက္ကန့်အတွင်း ကန်ရမယ် ××
ဂိုးသမားတွေအနေနဲ့ ဂိုးကန်ချက် (Goal-kicks) တွေ ကန်တင်ဖို့အတွက် ၅ စက္ကန့်ပဲ အချိန်ရပါမယ်။ တမင်သက်သက် အချိန်ဆွဲနေမယ်ဆိုရင်တော့ ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘော ပေးအပ်တဲ့အထိ အရေးယူခံရနိုင်ပါတယ်

🔴 လူစားလဲရင် 10 စက္ကန့်အတွင်း ထွက်ရမယ်××
လူစားလဲခံရတဲ့ ကစားသမားတွေဟာ အနီးဆုံး နေရာကနေကွင်းထဲကနေ ၁၀ စက္ကန့်အတွင်း ထွက်ခွာရပါမယ်။ အချိန်ဆွဲနေမယ်ဆိုရင်တော့ လူစားဝင်မယ့်သူက ၁ မိနစ်တိတိ ကွင်းထဲဝင်ခွင့်ရဦးမှာမဟုတ်ဘဲ အဲ့ဒီအချိန်အတွင်းမှာ အသင်းအနေနဲ့ ကစားသမား ၁၀ ယောက်တည်းနဲ့ ခေတ္တရင်ဆိုင်ရမှာ ဖြစ်ပါတယ်

🔴 ဆေးကုသမှုခံယူပြီးရင် ၁ မိနစ် စောင့်ရမယ် ××
ကွင်းထဲမှာ ဆေးအဖွဲ့ရဲ့ ကုသမှုကို ခံယူတဲ့ ကစားသမားတွေဟာ ကွင်းပြင်မှာ အနည်းဆုံး ၁ မိနစ်ကြာအောင် နေရပြီးမှ ကွင်းထဲ ပြန်ဝင်ခွင့်ရှိပါမယ်။ (ပြင်းထန်ဒဏ်ရာရရှိမှုတွေ ဒါမှမဟုတ် ဂိုးသမားဖြစ်ရပ်တွေလိုမျိုး အချို့သော အခြေအနေတွေကလွဲရင်ပေါ့)

🔴 ပါးစပ်ပိတ်ပြီး စကားပြောရင် အနီကတ် ××
ကွင်းထဲမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ အငြင်းပွား ရန်ဖြစ်နေချိန်အတွင်း မိမိရဲ့ပါးစပ်ကို ဖုံးအုပ်ပြီး စကားပြောတဲ့ ကစားသမားတွေကို အနီကတ်ပြသပြီး ထုတ်နိုင်ပါတယ်

🔴 မှားပေးမိတဲ့ ထောင့်ကန်ဘောတွေကို VAR ပြန်ကြည့်မယ် ××
ဒိုင်လူကြီးဘက်က မှားယွင်းပေးမိခဲ့တဲ့ Corner တွေကို VAR ကနေ အမြန်ပြန်လည်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်

🔴 ဒုတိယမြောက် အဝါကတ်တွေကို VAR ပြန်ကြည့်နိုင်ပြီ ××
ကစားသမားတစ်ဦး အနီကတ်ပြထုတ်ပယ်ခံရပြီးနောက်မှာ အဲ့ဒီ ဒုတိယမြောက် အဝါကတ်ပြသခဲ့တဲ့ ဖြစ်ရပ်ကို VAR နဲ့ ပြန်လည်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ (ဒါပေမဲ့ ဒိုင်လူကြီးတွေအနေနဲ့ ကတ်မပြရသေးခင် ကြိုတင်စစ်ဆေးဖို့အတွက်တော့ VAR ကို သုံးခွင့်မရှိသေးပါဘူး)

ကမ္ဘာ့ဖလားကို ရင်ခုန်လျက်

24/05/2026

"ဒုတိယလူဖြစ်ပြီးမှ သူ့အချစ်ကို ရတဲ့‌ငါတောင် အတိုင်းထက်အလွန် ပျော်နေသေးတာပဲ...

ဒုတိယနေရာမှာပဲ အမြဲပိတ်မိနေပြီးမှ... ဒီအကြိမ်မှာ ဖလားကြီးကို ကိုင်ခွင့်ရသွားတဲ့ အာဆင်နယ်ဆိုရင်တော့ ငါ့ထက် အဆပေါင်းများစွာ ပိုပျော်မှာပေါ့လေ။ 🥹🏆💔

ခုတော့
အာဆင်နယ်က ဖလားရ ၊ ငါက ကျန်ခဲ့ရ

"

24/05/2026

Selhurst Park Stadium မှာ ဖလားရောက်ရှိနေပါပြီ

ရင်ခုန်စရာနဲ့ ပျော်စရာရယ်
မကြာခင် လွမ်းနေရတော့မည့် ပရီးမီးယားလိဂ်ရယ်

2025/26 အတွက်
Congratulations Arsenal 👏🎈

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon