Nay Myo Lwin

Nay Myo Lwin

Share

အားကစားသတင်းများတင်ဆက်ပါမည်

10/05/2026

ဂျပန်ဖို၊က်တာ တိုင်ရာကိုအနိုင်ယူပြီး ချန်ပီယံဘွဲ့ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ ဗန် 🥊👑

09/05/2026

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၆ ခုနှစ်အတွက် Football Writers Association ( FWA ) Awards ကို ထိုက်တန်စွာဆွတ်ခူးရရှိသွားခဲ့ပါတယ် ။ ဒီဆုအတွက် အားကစားကလောင်ရှင်နဲ့ အဖွဲ့ဝင် ၉၀၀ က ရွေးချယ်ပေးခဲ့ကြတာဖြစ်ပြီး ဘရူနိုဟာ ရမှတ်အားလုံးရဲ့ ၄၅% ကို ရရှိခဲ့ပါတယ် ။ အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ဒုတိယရခဲ့ပြီး ဘရူနိုနဲ့ ၂၈ မှတ်သာ ကွာဟခဲ့တာပါ ။ မန်စီးတီးဂိုးသွင်းရှင် အာလင်းဟာလန်းကတော့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ် ။

ဒီဆုကို မန်ယူအသင်းက မရရှိတာ ၁၆ နှစ်ကြာခဲ့ပြီး ၂၀၁၀ တုန်းက ဝိန်းရွန်းနီက နောက်ဆုံးရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာတော့ မိုဟာမက်ဆာလာက ဒီဆုကို ၃ ကြိမ်နဲ့ အများဆုံးရယူဆွတ်ခူးထားပါတယ် ။

FWA Awards ကို ဆွတ်ခူးရရှိသူဟာ ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးဆုကိုလည်း ဆွတ်ခူးလေ့ရှိတာကြောင့် ဘရူနို ဖာနန်ဒက်စ် နောက်တကြိမ်အောင်ပွဲခံသွားဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ ။

07/05/2026

မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ်ကို အားလုံးက ထောက်ခံအားပေးကြပြီး လာမယ့်ရာသီမှာလည်း အသင်းမှာဆက်ရှိနေစေချင်ကြောင်း အာမက် က sky sports နဲ့ အင်တာဗျူးမှာပြောပြလာခဲ့ပါတယ်။

နည်းပြတစ်ဦးရဲ့ အနာဂတ်ဟာ ကစားသမားတွေ ဆုံးဖြတ်ခွင့်ရှိတဲ့ ကိစ္စမဟုတ်ပေမယ့်၊ ကစားသမားအားလုံးက ကာရစ်ကို နည်းပြအဖြစ် ရထားတဲ့အပေါ် အထူးကျေနပ်နေကြပြီး သူ့ကို အပြည့်အဝ ထောက်ခံအားပေးကြတယ်လို့ ဆိုပါတယ်။

"သူက ကစားသမားအားလုံးနဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားနိုင်တဲ့ နည်းပြမျိုးပါ။ ဒါကြောင့် သူ့ကို နည်းပြအဖြစ် ရထားတဲ့အတွက် ကျွန်တော်တို့ တကယ်ကို ဝမ်းသာရသလို၊ လာမယ့်ရာသီမှာလည်း သူ ဒီရာထူးမှာ ဆက်ရှိနေမယ်ဆိုရင် ကျွန်တော်တို့ အများကြီး ဝမ်းသာမိမှာပါ။"

"ခက်ခဲတဲ့ အချိန်တွေမှာတောင် သူက ကျနော်တို့ကို စကားပြောပေးဖို့ ရှိနေတယ်၊ ကျနော်တို့ကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ အဲ့ဒါက အရမ်းကို အရေးကြီးတဲ့အရာပါ။ သူ့ကို နည်းပြအဖြစ် ရထားတဲ့အတွက် ကျွန်တော်တို့ တကယ်ကို ဝမ်းသာရပါတယ်။"

07/05/2026

Transfer News

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ တောင်ပံကစားသမား Rashford ကို ပြန်လည်ခေါ်ယူသွားမှာမဟုတ်ပါဘူး။

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့အတူ သူလစာက တစ်ပတ် ပေါင် ၃ သိန်း ၂ သောင်း ၅ ထောင်အထိ တိုးမြှင့်သွားလို့ ရောင်းချဖို့ပဲစီစဉ်ထားပါတယ်။ Rashford ကိုယ်တိုင်ကလည်းယူနိုက်တက်မှာပြန်ကစားဖို့အစီအစဉ်မရှိပါဘူး။

[via samuelluckhurst]

07/05/2026

OFFICIAL!
Champions League Final is set!

ပီအက်စ်ဂျီ နဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဆုံတွေ့ကြပါပြီ ။

မနှစ်က ဆီမီးဖိုင်နယ်အဆင့်တုန်းက တွေ့ဆုံခဲ့ကြတဲ့ ၂ သင်းဖြစ်ပြီး အဆိုပါအချိန်တုန်းက ပီအက်စ်ဂျီက အနိုင်ရရှိခဲ့ပါတယ် ။

ဒီတကြိမ်မှာတော့ အာဆင်နယ်က မနှစ်ကထက် ပိုကောင်းတဲ့အသင်း ဖြစ်နေပါပြီ ။

ဘယ်အသင်းအနိုင်ရဗိုလ်စွဲသွားမလဲဗျာ . . .

07/05/2026

ကတ်စီမဲရိုး ဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ်လို့ နောက်ဆုံးအတည်ပြုလိုက်ပြီး တစ်သက်တာ ပရိသတ်အဖြစ် ဆက်ရှိနေမယ်လို့ နှုတ်ဆက်စကားပြောကြားလိုက်ပါတယ်။

"ကျွန်တော့် ကစားသမားဘဝရဲ့ အခန်းကဏ္ဍသစ်တစ်ခုဆီကို ကျွန်တော် ကူးပြောင်းတော့မှာပါ။ ဘယ်ကိုသွားမလဲ ဆိုတာကိုတော့ ဆုံးဖြတ်ရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်က အမြင့်မားဆုံး အနေအထား ကနေပဲ ထွက်ခွာသင့်တယ်၊ ထိပ်ဆုံးနေရာ ကနေပဲ ထွက်ခွာရမယ်လို့ ထင်ပါတယ်။"

"အင်္ဂလန်မှာဆိုရင် ကျွန်တော်က တစ်သက်တာ ယူနိုက်တက် ပရိသတ် တစ်ဦး အဖြစ်ပဲ ရှိနေမှာပါ။ ပရိသတ်တွေ ပေးခဲ့တဲ့ မေတ္တာတရားတွေအတွက် ကျွန်တော် ကျေးဇူးတင်စကားပဲ ဆိုနိုင်ပါတယ်။"

06/05/2026

ရူဘင်အမိုရင်ရဲ့လက်အောက်မှာ ကစားရတာကို တကယ်သဘောကျခဲ့တယ်

🗣️ဘရူနိုဖာနန်ဒက်စ် က "ကျွန်တော် ရူဘင်အမိုရင်ရဲ့ လက်အောက်မှာ ကစားရတာကို တကယ်ပဲ နှစ်သက်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက ကျွန်တော် ဘောလုံးကို အများကြီး ထိတွေ့ခွင့် ရခဲ့လို့ပါပဲ။

ကျွန်တော် အဲ့ဒီလို ကစားပုံကို တကယ်ပဲ သဘောကျခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ကစားသမားတစ်ယောက်အနေနဲ့ ပိုပြီး ပြည့်စုံလာခဲ့တယ်လို့ ထင်လို့ပါ" ဆိုပြီးတော့ ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

ပရိသတ်တွေကတော့ No.8 ကို ဆင်းကစားပြီးတော့ Potential အပြည့်ကို မပေးစွမ်းနိုင်ဘဲ ဖြစ်ခဲ့ရတဲ့ ဘရူနိုအတွက် နည်းပြအမိုရင်ကို မကြိုက်ကြပေမဲ့ ဘရူနိုကတော့ ချီးကျူးစကားပဲ ပြောလာခဲ့ပါတယ်။

06/05/2026

Team News

မန်ချက်စတာယူနိုက်တက်အနေနဲ့ UCL ဝင်ခွင့်ကသေချာသွားခဲ့ပြီဆိုပေမယ့် အဆင့် 3 နေရာနဲ့ရာသီသိမ်းဖို့ဆိုရင်တော့ လာမယ့် လက်ကျန်သုံးပွဲမှာ 3 မှတ်ထပ်ရဖို့လိုအပ်နေပါသေးတယ်။

Premier League ရဲ့ ဆုကြေးသတ်မှတ်မှုအရ အဆင့် 4 နဲ့ အဆင့် 3 ကြားမှာ ဆုကြေး ပေါင် သန်းအချို့ ကွာဟနေလျက်ရှိပါတယ်။

[via MEN]

06/05/2026

Teammate ကောင်းတွေလိုနေသူ လိပ်ကြီး ✅🛑

နာရီအနည်းငယ်အတွင်းမှာပဲ ရီးရဲမက်ဒရစ်ပရိသတ်ပေါင်း ၂၀၀,၀၀၀ ကျော်ဟာ အသင်းကနေ “အမ်ဘာပေထွက်ခွာဖို့ကို ” တောင်းဆိုကာ လက်မှတ်ရေးထိုးခဲ့ကြပါတယ် 🤯✍️😳

ဒီပုံစံအရဆိုရင်တော့ အမ်ဘာပေ ရီးရဲလ်မက်ဒရစ်ဆီမှာဆက်နေဖို့ အခွင့်ရေးနဲပါးလာပါပြီ 🤔🤔🤔

တစ်ထီးတစ်နန်းနေချင်သူ လိပ်ကြီးဟာ အသင်းဖော်တော်တော်များများနဲ့ အဆင်မပြေတော့တဲ့အကြောင်းကို
MARCA သတင်းငှာနဖော်ပြတယ်လို့ FabrizioRomano
ပြန်ပြီး Post တင်ပါတယ်

ဒီသတင်းတွေမထွက်ခင်ကတည်းက ကောလဟာလ အနေနဲ့ Mbappé မက်ဒရစ်မှာအဆင်မပြေဖြစ်နေတဲ့
အကြောင်းကို စပိန်မီဒီယာတော်တော်များများကရေးသားနေခဲ့တာ....

Mbappe ဟာ သူ့အတွက်ဘယ်တောင်ပံမှာကစားရတာကိုသဘောကျတဲ့သူ Vinicus ရှိနေလို့ CF နေရာမှာပြောင်းကစားပေးနေခဲ့ရတာ

Mbappe Vs Vinicus ပြိုင်ဆိုင်မှုတွေကြား Vinicus
ဘက်ကို မက်ဒရစ်အသင်းဘက်က ပိုပြီးထောက်ခံမှုတွေပေးထားတယ်လို့လည်းသိရတယ်

အသင်းဘက်ကလည်းလာမဲ့ရာသီ UCL တွေလည်း
ကစားရတော့မှာမို့ ဘယ်တောင်ပံနေရာအတွက် အတော်လေးကိုအားဖြည့်ချင်နေတာ

Mbappé ရေစိတ်ကူးမလွဲနဲ့ Bruno Fernandes လို
ခေါင်းဆောင်မျိုးနဲ့တွဲကစားရရင် အသင်းမှာရှိတဲ့ ကစားသမားတွေကလည်း Teammate အပြည့်ရှိကြသူတွေမို့ အများကြီးမင်းအတွက်မျော်လင့်လို့ရတယ်...🤪😁

06/05/2026

မန်ယူနိုက်တက် ကွင်းလယ်လူ ကာစီမဲရိုး ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ကာစီမဲရိုးရဲ့ မိသားစုဟာ အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ သွားရောက် နေထိုင်ရမယ့် အစီအစဉ်ကို အတော်လေး သဘောကျ နှစ်သက်နေကြတယ်လို့ သိရပါတယ်။ ကာစီမဲရိုး ကိုယ်တိုင်ကလည်း မက်ဆီ နဲ့ တစ်သင်းတည်း အတူတွဲကစားရမယ့် အခြေအနေအပေါ် အတော်လေး စိတ်ဝင်စားနေပါတယ်။

ဒါကြောင့် အင်တာမိုင်ယာမီ အသင်းဟာ ဒီနွေရာသီမှာ ကာစီမဲရိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် အလားအလာ အကောင်းဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

05/05/2026

အသင်းက UCL ဝင်ခွင့်လည်း ရသွားပြီဆို​တော့ မိုက်ကယ်ကာရစ် နဲ့ ပတ်သက်ပြီး ​တွေ​ဝေစရာ​တွေ ၊ စဥ်းစားစရာ​တွေ အများကြီး မရှိ​တော့ဘူး ။

ကျွန်​တော်တို့ ဒီ ဆယ်စုနှစ်​ကျော်လုံး ယူနိုက်တက်ကို ယူနိုက်တက်အစစ်မှန်ပြန်ဖြစ်ဖို့ နည်း​ပေါင်းစုံ ၊ အ​တွေး​ပေါင်းစုံက​နေ အသင်းတာဝန်ရှိသူ​တွေ ပြင်ဆင်ခဲ့ကြ​ပေမဲ့ အသင်းက ဘာမှ ထူးမလာဘဲ ဒီသံသရာ​ထဲမှာပဲ လည်​နေခဲ့တာ ။

ကျွန်​တော်တို့​ ယူနိုက်တက်ဖန်​တွေဟာ ဆာအဲလက်စ်ရဲ့ ​ရွှေ​ခေတ်ကို တသသ နဲ့ ​မော်ဒန်​ဘောလုံး​လောကထဲမှာ တမ်း​တ​နေခဲ့ကြရတာ ။ ​မော်ဒန်​ဘောလုံးမှာ DNA အ​ကြောင်း​ပြောရင်ပဲ အတိတ်မှာ ပိတ်မိ​နေသလိုလို နဲ့ အဲဒီအတိတ်​တွေထဲက​နေ ရုန်းထွက်နိုင်ဖို့ရာ နည်းပြအမျိုးမျိုး ၊ ကစားသမားအဖုံဖုံ နဲ့အတူ စီမံချက်တလွဲ​တွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်​နေခဲ့တာ ။

ဒါ​ပေမဲ့ အခု မိုက်ကယ်ကာရစ်ရဲ့ ရာသီဝက်စာ စာမျက်နှာမှာ ကျွန်​​တော်တို့ ​တွေ့လိုက်ရတဲ့ သဲလွန်စ တခုက ယူနိုက်တက်ဟာ နည်းပြအစ ၊ ကစားသမား​တွေအဆုံး ယူနိုက်တက် DNA ရှိ​နေဖို့လိုတယ် ။ တက်ကနစ်​တွေ ၊ အရှိန်ဝါ​တွေထက် အသင်းအ​ကြောင်းကို နားလည်ဖို့ ပိုအ​ရေးကြီးတယ် ။ သမိုင်း​ကြောင်းကို တန်ဖိုးထားတတ်ဖို့လိုသလို ၊ ပရိတ်သတ်ရဲ့ ဆာ​လောင်မှုကိုလည်း မြင်​အောင်ကြည့်တတ်ရမယ် ။ ရင်ဘက်​ပေါ်က Logo က လွဲရင် အရာရာဟာ ဒုတိယ ဦးစား​ပေးဖြစ်​နေရမယ် ဆိုတာပဲ ။

ကာရစ်ဟာ တခြားအရှိန်ဝါကြီးတဲ့ နည်းပြ​တွေနဲ့ ယှဥ်ရင် သမ္ဘာရော ဝါ​​ရော အရမ်းကိုမှ နုနယ်​သေးတယ်ဆို​ပေမဲ့ ဒီအသင်းကို အဆင့်တခုစီဆွဲ​ခေါ်သွားနိုင်ဖို့ဆို တခြားလူထက် ကာရစ်ကို ပုံအပ်သင့်တယ်လို့ပဲ မြင်မိ​တော့တယ် ။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon
11011