Khun Tha K.T Sports

Khun Tha K.T Sports

Share

အိုင်ဘတ်၇၈၉/Moung556 ဝန်ဆောင်မှု အကောင့်ဖွင့်ကစားရန် ==Viber-09 773773016 Telegram -@KTSports789

08/12/2025

ဘရာဇီးလ်ကြယ်ပွင့်နေမာဟာ ဆန်းတို့စ်အသင်းကို ဘရာဇီးလ်ထိပ်တန်းလိဂ်မှာ တန်းဆင်းရမယ့် အခြေကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဒူးခွဲစိတ်မှုခံယူမယ်လို့ ဆိုခဲ့ပါတယ်။ နေမာဟာ ဒူးနာကျင်မှုကို ခံစားနေရပေမယ့် သူ့ရဲ့ငယ်ဘဝကလပ် ဘရာဇီးလ်ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိနေဖို့အတွက် ပါဝင်ကစားနေတာဖြစ်ပါတယ်။

နေမာဟာ ဆန်းတို့စ်အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့တဲ့ (၄)ပွဲမှာ (၅)ဂိုးသွင်းပြီး (၁)ဂိုးဖန်တီးနိုင်ခဲ့တာပါ။ နေမာဟာ ဆန်းတို့စ်အသင်းကို ကူညီပေးနိုင်ခဲ့ပြီးနောက် အနားယူပြီးရင် ဒူးခွဲစိတ်မှုခံယူမယ်လို့ ဆိုခဲ့ပါတယ်။ နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းရဲ့အပြီးသတ်လူစာရင်းထဲမှာလည်း ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

နေမာဟာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ၂၀၂၃ ခုနှစ်နောက်ပိုင်း ဘရာဇီးလ်အသင်းအတွက် ပါဝင်မကစားတာ (၂)နှစ်ကျော်ပြီဖြစ်ပါတယ်။


07/12/2025

မြန်မာဖိုက်တာဂျိုရှုအာဗန်ဟာ UFC 323 ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ပန်တိုဂျာကို အနိုင်ရပြီး ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်ခဲ့ပါတယ်။ ဂျိုရှုအာဗန်ဟာ ပန်တိုဂျာကို TKO နဲ့ အနိုင်ယူပြီး UFC သမိုင်းမှာ ဒုတိယမြောက်အသက်အငယ်ဆုံး ချန်ပီယံအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ပွဲအစ(၂၆)စက္ကန့်မှာ အဆုံးသတ်ခဲ့ရတဲ့ ဒီပွဲမှာ ပန်တိုဂျာဟာ ဘယ်ဘက်လက်မောင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရသွားခဲ့ပြီး ပန်တိုဂျာအတွက်တော့ ဒီရှုံးပွဲဟာ (၅)နှစ်အတွင်း သူ့ရဲ့ပထမဆုံးရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။ ဂျိုရှုအာဗန်ဟာ UFC မှာ ချန်ပီယံဆုကို ရယူနိုင်တဲ့ ပထမဆုံးအာရှသားနဲ့ မြန်မာကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

03/12/2025

မန်စီးတီးအသင်းက ဖူလ်ဟမ်အသင်းကို (၅-၄)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ(၁)ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးဟာလန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး(၁၀၀)ပြည့်သွားခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲပေါင်း(၁၁၁)ပွဲကစားအပြီးမှာ သွင်းဂိုး(၁၀၀)သွင်းယူနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် ဟာလန်းဟာ နယူးကာဆယ်အသင်းဂန္ထဝင်အလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး(၁၀၀)အမြန်ဆုံးသွင်းယူနိုင်တဲ့သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဟာလန်းကတော့ ပရီးမီးယားလိဂ်သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူပြီး ပျော်ရွှင်တယ်လို့ ဆိုခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၉)ပွဲကစားထားပြီး သွင်းဂိုး(၂၀)သွင်းယူကာ ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

02/12/2025

ကံ နဲ့ ဉာဏ် ပေါင်းစပ်ပြီး ဝါသနာကို ဝင်ငွေအဖြစ် ပြောင်းလဲလိုက်ပါ🏆

ရေရှည်စိတ်ချရတဲ့ Agent ရှာနေပြီဆိုရင် Khun Tha K.T.Sports နဲ့ လက်တွဲနိုင်ပါပြီ🥳

✅အာရုံမနောက်ဘဲ အေးဆေးဆော့ဖို့ ယုံကြည်စိတ်ချရမယ်
✅အသွင်းအထုတ် မြန်ဆန်နေရမယ်
✅သုံးရလွယ်ပြီး ဘောနပ်စ်တွေလည်း ရှိနေအုံးမှ

ဒါတွေအကုန် စိတ်ချရတဲ့ Moung556 မှာ ဘော်ဒါတို့စိတ်ကြိုက် မြန်မာကြေးနဲ့ တစ်ဝတီးနိုင်ပါပြီ။

ဘော်ဒီ၁၀၀၀ကျပ်၊ မောင်း၅၀၀ကျပ်က စတင် ကစားလို့ရပါပြီရှင်
အကောင့်ဖွင့်ရန်နှင့် အသေးစိတ်ကို
Viber-Telegram
09773773016 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

30/11/2025

အင်တာမိုင်ယာမီအသင်းဟာ Eastern Conference ဗိုလ်လုပွဲမှာ နယူးယော့ခ်စီးတီးအသင်းကို (၅ -၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး MLS Cup ဗိုလ်လုပွဲကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တက်နိုင်ခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းခေါင်းဆောင်မက်ဆီဟာ ဒီပွဲမှာ အသင်းအတွက် ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ MLS Cup ဗိုလ်လုပွဲအဖြစ် ဆန်ဒီယေဂိုနဲ့ ဗန်ကူးဗားအသင်းတို့ရဲ့ Western Conference ဗိုလ်လုပွဲမှာ အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိလာပြီးကတည်းက ဆုဖလားအောင်မြင်မှုတွေရယူပေးနေတာဖြစ်ပြီး အခုအချိန်မှာရော အင်တာမိုင်ယာမီအသင်းကို MLS Cup ဆုဖလားကို ပထမဆုံးအကြိမ်ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။

29/11/2025

ဘရာဇီးလ်ကြယ်ပွင့်နေမာဟာ ဆန်းတို့စ်အသင်းက Sport အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘရာဇီးလ်လိဂ်ပွဲစဉ်မှာ အသင်းအတွက် (၁)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ နေမာဟာ အစောပိုင်းက ဒဏ်ရာကြောင့် ဒီနှစ်ကုန်အထိ အနားယူရဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

ဆရာဝန်တွေကလည်း နေမာကို ပွဲတွေမကစားဖို့ အကြံပေးထားပေမယ့် သူကတော့ ဒါကိုလျစ်လျူရှုပြီး တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဆန်းတို့စ်အသင်းကို ကူညီပေးနိုင်ဖို့ပါဝင် ကစားသွားခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဒီပွဲမှာ ခြေစွမ်းပြသခဲ့ပြီး အသင်းအတွက်အဖိုးတန်နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။

ဆန်းတို့စ်အသင်းဟာ ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန်အပြင်ဘက် အဆင့်(၁၅)နေရာကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

29/11/2025

၂၀၂၆ AFC ယူ-၁၇ အာရှဖလားခြေစစ်ပွဲအုပ်စု G ပွဲစဉ်တစ်ပွဲအဖြစ်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ အိုမန်အသင်းတို့ပွဲစဉ်မှာ မြန်မာအသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ပွဲချိန်(၆၃)မိနစ်မှာ အသင်းခေါင်းဆောင်အောင်သီဟက ဂိုးဧရိယာအပြင်ဘက်ကနေ လှပတဲ့ကန်ချက်နဲ့ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းအတွက်ဒုတိယဂိုးကို ပွဲချိန်(၆၆)မိနစ်မှာ ညီညီသန့်က ခေါင်းတိုက်ပြီးသွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒီနိုင်ပွဲကြောင့် ခြေစစ်ပွဲအုပ်စုပွဲစဉ်(၃)ပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရမှတ်(၉)မှတ်ရရှိထားပါတယ်။ အိုမန်နဲ့ ဆီးရီးယားအသင်းတို့ကတော့ (၃)ပွဲကစားထားပြီး ရမှတ်(၆)မှတ်နဲ့ အဆင့်(၂)၊(၃)နေရာတွေမှာ ရပ်တည်နေတာပါ။

အဲ့ဒါကြောင့် မြန်မာအသင်းဟာ နောက်ဆုံးပွဲအဖြစ်ကစားမယ့် ဆီးရီးယားအသင်းနဲ့ပွဲစဉ်မှာ အနိမ့်ဆုံးသရေတစ်မှတ်ရရှိတာနဲ့ အာရှဖလားခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

27/11/2025

လီဗာပူးလ်အသင်းဟာ PSV အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ (၁-၄)ဂိုးနဲ့ အရေးနိမ့်ပြီးနောက် နှစ်ပေါင်း(၇၁)နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေကြုံတွေ့နေရပါတယ်။ လီဗာပူးလ်အသင်းဟာ ၁၉၅၃-၅၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံး(၁၂)ပွဲမှာ (၉)ပွဲအထိ ရှုံးပွဲကြုံတွေ့ထားပါတယ်။

ဒါ့အပြင် လီဗာပူးလ်အသင်းဟာ (၃)ပွဲဆက်တိုက် (၃)ဂိုးပြတ်နဲ့အရေးနိမ့်တာဟာ ၁၉၅၃ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာကစားခဲ့တဲ့ နောက်ဆုံး(၂)ပွဲမှာ ပေးဂိုး(၇)ဂိုးအထိ ခွင့်ပြုခဲ့ရတာပါ။ လီဗာပူးလ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ်မှာအဆင့်(၁၂)နေရာရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။

လီဗာပူးလ်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြအာနီဆလော့ဟာ ဖိအားတွေခံစားနေရပြီး အာနီဆလော့ကတော့ သူ့ရဲ့ရာထူးအတွက် စိုးရိမ်မှုမရှိဘူးလို့ဆိုခဲ့ပါတယ်။

27/11/2025

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲမှုမှာ ဆီဒင်သတ်မှတ်ချက်ထိပ်ဆုံး(၄)နိုင်ငံဟာ ပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်ကို ရောက်တဲ့အထိ တွေ့ဆုံမှာမဟုတ်ဘူးလို့ သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က စပိန်ကို ဆီဒင်(၁)အဖြစ်သတ်မှတ်ထားပြီး အာဂျင်တီးနားကို ဆီဒင်(၂)၊ပြင်သစ်ကို ဆီဒင်(၃)၊အင်္ဂလန်ကို ဆီဒင်(၄)အဖြစ် သတ်မှတ်ထားပါတယ်။

ဆီဒင်(၁)နဲ့(၂)ကို တစ်တွဲ၊ဆီဒင်(၃)နဲ့(၄)ကို တစ်တွဲတွဲထားတာကြောင့် စပိန်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ဗိုလ်လုပွဲကို ရောက်မှသာတွေ့ဆုံမှာဖြစ်ပြီး အင်္ဂလန်နဲ့ ပြင်သစ်တို့လည်း ဗိုလ်လုပွဲကို ရောက်မှသာ တွေ့ဆုံကြမှာပါ။ ဒါပေမယ့် ဒီ(၄)နိုင်ငံဟာ အုပ်စုအဆင့်တွေကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို ရောက်နိုင်ခဲ့မှသာ အခုလိုထိပ်တိုက်တွေ့ဆုံမှုဖြစ်လာမယ်လို့ သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုကို ဒီဇင်ဘာလ(၅)ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။



26/11/2025

ချယ်လ်ဆီးအသင်းက ဘာစီလိုနာအသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် League Phase ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အက်စ်တီဗာအိုက သူ့ကစားသမားဘဝရဲ့အကောင်းဆုံးအခိုက်အတန့်လို့ ဆိုခဲ့ပါတယ်။ အက်စ်တီဗာအိုဟာ ဘာစီလိုနာအသင်းခံစစ်ကစားသမားတွေကို ဂိုးဧရိယာထဲမှာ လိမ်ခေါက်ဖြတ်ကျော်ပြီး ထောင့်ဖြတ်ကန်ချက်နဲ့ လှပတဲ့သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။

အက်စ်တီဗာအိုက "ကျနော့်ကစားသမားဘဝမှာ အလွန်ထူးခြားတဲ့အခိုက်အတန့်တစ်ခုပါ။နောက်ထပ်ဂိုးတွေအများကြီးသွင်းနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ကျနော့်မိသားစုက ဒီမှာ ကျနော့်ကို ကြည့်နေခဲ့တာကို အလွန်ကျေနပ်မိပါတယ်။ပရိသတ်တွေအတွက် ဂိုးသွင်းပြီး ပျော်ရွှင်စေနိုင်ခဲ့တဲ့အတွက်လည်း အလွန်ပျော်ရွှင်ပါတယ်"လို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ဒီရာသီမှာ (၅)ဂိုးသွင်းယူထားတဲ့ အက်စ်တီဗာအိုကို မက်ဆီ၊စီရော်နယ်လ်ဒိုတို့ရဲ့နှိုင်းယှဉ်မှုတွေပြုလုပ်တာက သူ့အပေါ်မှာ ဖိအားတွေများလွန်းတယ်လို့လည်း နည်းပြမာရက်စ်ကာက ဆိုခဲ့ပါတယ်။

25/11/2025

မြန်မာအသင်းဟာ AFC U17 ASIAN CUP SAUDI ARABIA 2026 အုပ်စု(G)ရဲ့ဒုတိယမြောက်ပွဲစဉ်အဖြစ် နီပေါအသင်းနဲ့ ကစားခဲ့ရာ (၄-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာ (၁)ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ (၃)ဂိုးထပ်သွင်းခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။

မြန်မာအသင်းအတွက်သွင်းဂိုးတွေကို ရန်နိုင်အောင်၊အောင်သီဟ၊မျိုးခန့်ကျော်နဲ့ ဝင်းမင်းသန့်တို့က သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းဟာ ခြေစစ်ပွဲ(၂)ပွဲစလုံးအနိုင်ရထားပြီး နီပေါအသင်းကတော့ (၂)ပွဲစလုံးအရေးနိမ့်ထားတာပါ။ မြန်မာအသင်းဟာ အုပ်စုတတိယပွဲစဉ်အဖြစ် နိုဝင်ဘာ(၂၈)ရက်မှာ အိုမန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon