11/09/2026
🏆 The History Of Power Soccer Academy 🏆
Power Soccer Academy ဟာ လူငယ်တွေရဲ့ ဘောလုံးအိပ်မက်တွေကို အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့ပါတယ်။ ဘောလုံးကစားချင်တဲ့ လူငယ်တွေအတွက် Training ပေးရုံသာမက Football နဲ့ Education ကို ပေါင်းစပ်ပြီး လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်အခွင့်အလမ်းတွေ ဖန်တီးပေးရန် ဖြစ်ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ Power Soccer Academy ဟာ ဘောလုံးအခြေခံ Skills တွေကနေစပြီး Teamwork၊ Discipline၊ Game Understanding နဲ့ Competition Experience တွေအထိ စနစ်တကျ တည်ဆောက်ပေးတဲ့ Youth Football Academy တစ်ခုအဖြစ် တိုးတက်လာခဲ့ပါတယ်။
Power Soccer Academy ရဲ့ သမိုင်းမှာ ထင်ရှားတဲ့ အခန်းကဏ္ဍတစ်ခုကတော့ Gothia Cup ဖြစ်ပါတယ်။ 2024 ခုနှစ်မှာ Power Soccer Academy ဟာ ရဲ့ သမိုင်းတစ်လျှောက် မြန်မာနိုင်ငံက ပထမဆုံး ပါဝင်ယှဉ်ပြိုင်မယ့် Club အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒါဟာ Power Soccer Academy အတွက်သာမက မြန်မာ Youth Football အတွက်ပါ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ International Youth Football Tournament တစ်ခုမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခြင်းက မြန်မာလူငယ်ကစားသမားတွေရဲ့ အရည်အချင်းနဲ့ အိပ်မက်တွေကို ကမ္ဘာ့အဆင့် Football Platform တစ်ခုဆီ ရောက်ရှိစေခဲ့ပါတယ်။
ယနေ့မှာတော့ Power Soccer Academy ဟာ Members များစွာနဲ့အတူတူ Yangon မှာ လူငယ်ဘောလုံးဖွံ့ဖြိုးရေးကို ဆက်လက်လုပ်ဆောင်နေတဲ့ Academy တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ လက်ရှိမှာလည်း M3 Bahan Football Ground ကို အခြေပြုပြီး
ကလေးတွေနဲ့ လူငယ်တွေအတွက် Football Training၊ Friendly Matches နဲ့ Competition Experience တွေကို ဆက်လက်ဖန်တီးပေးနေပါတယ်။
💯 What's Power Soccer Academy? 💯
Power Soccer Academy ဟာ ဘောလုံးကို ဝါသနာပါတဲ့ ကလေးတွေနဲ့ လူငယ်တွေကို စနစ်တကျ ဘောလုံး Training နဲ့ Coaching ပေးပြီး သူတို့ရဲ့ Football Skills၊ Physical Ability၊ Game Understanding နဲ့ Teamwork တွေကို တိုးတက်လာအောင် လေ့ကျင့်ပေးတဲ့ Football Academy တစ်ခု ဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်က ကလေးတွေကို ဘောလုံးကန်တတ်ရုံလောက် သင်ပေးဖို့ မဟုတ်ပါဘူး။
- ပိုကောင်းတဲ့ Player တစ်ယောက် ဖြစ်လာဖို့
- ပိုကောင်းတဲ့ Teammate တစ်ယောက် ဖြစ်လာဖို့
- ပိုကောင်းတဲ့ လူငယ်တစ်ယောက် ဖြစ်လာဖို့
- လိုအပ်တဲ့ အခြေခံအရည်အချင်းတွေကို တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။
"TRAINING IS MORE THAN JUST PLAYING FOOTBALL"
- Ball Control
- Passing
- Dribbling
- Shooting
- Speed & Agility
- Positioning
- Game Awareness
- Teamwork စတဲ့ အခြေခံ Skills တွေကို စနစ်တကျ လေ့ကျင့်ပေးသလို ကစားပွဲအတွင်းမှာ ဘယ်လိုစဉ်းစားမလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ အသင်းဖော်တွေနဲ့ ဘယ်လိုပူးပေါင်းကစားမလဲဆိုတာတွေကိုလည်း လေ့ကျင့်ပေးပါတယ်။
Power Soccer Academy မှာ Discipline၊ Confidence၊ Teamwork၊ Responsibility နဲ့ Sportsmanship လို အရည်အသွေးတွေကိုလည်း Football ကနေတစ်ဆင့် တည်ဆောက်ပေးပါတယ်။
လေ့ကျင့်ထားတဲ့ Skills တွေကို Game Situation တွေမှာ အသုံးချနိုင်ဖို့၊ Pressure အောက်မှာ ဆုံးဖြတ်ချက်မှန်မှန်ချနိုင်ဖို့၊ အသင်းလိုက်ကစားနိုင်ဖို့နဲ့ Competition တွေမှာ ကိုယ့်ရဲ့အကောင်းဆုံးစွမ်းရည်ကို ပြသနိုင်ဖို့
Training က အရေးကြီးပါတယ်။
“Every Football Dream Starts Somewhere.”
ကလေးတစ်ယောက် ဘောလုံးကို စတင်ကန်တဲ့အချိန်မှာ သူ့အတွက်တော့ ဘောလုံးကစားတာဟာ ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခုပါ။ ဒါပေမယ့် မှန်ကန်တဲ့ Training၊ စနစ်တကျ Coaching နဲ့ အချိန်ပေးလေ့ကျင့်မှုတွေ ရှိလာတဲ့အခါ အဲဒီကစားနည်းလေးကပဲ အိပ်မက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
အဲဒီအိပ်မက်တွေကို လမ်းကြောင်းမှန်ပေါ် ပို့ဆောင်ပေးဖို့ Power Soccer Academy ရှိပါတယ်။
📍 M3 Bahan Football Ground, Yangon, Myanmar
📞 09 447 004 784
English Version
👇👇👇👇👇
"The History of Power Soccer Academy"
Power Soccer Academy was founded with the vision of turning young people’s football dreams into real opportunities. Our goal is not only to provide football training for young players who are passionate about the sport, but also to combine Football and Education to create better opportunities and brighter futures for the next generation.
Over the years, Power Soccer Academy has grown into a structured Youth Football Academy, developing young players from fundamental football skills to teamwork, discipline, game understanding, and competitive experience.
One of the most significant milestones in the history of Power Soccer Academy was our participation in the Gothia Cup. In 2024, Power Soccer Academy became recognized as the first club from Myanmar to participate in the Gothia Cup. This was not only an important achievement for Power Soccer Academy, but also a meaningful milestone for Youth Football in Myanmar.
Representing Myanmar at an international youth football tournament gave young Myanmar players the opportunity to showcase their abilities, gain international experience, and bring their football dreams to a global football platform.
Today, Power Soccer Academy continues its mission of developing youth football in Yangon, with a growing community of members and young players. Based at **M3 Bahan Football Ground**, the academy continues to provide children and young athletes with opportunities for **football training, friendly matches, and competitive experience.
"What Is Power Soccer Academy?"
Power Soccer Academy is a football academy dedicated to providing structured football training and coaching for children and young people who are passionate about the game.
Our training programs are designed to develop players’:
* Football Skills
* Physical Ability
* Game Understanding
* Teamwork
* Confidence
* Discipline
* Competitive Experience
Our goal is not simply to teach children how to play football.
We aim to help them:
* Become better football players
* Become better teammates
* Become more confident and responsible young people
* Build the essential skills and character they need for the future
TRAINING IS MORE THAN JUST PLAYING FOOTBALL
At Power Soccer Academy, players develop essential football skills through structured training, including:
* Ball Control
* Passing
* Dribbling
* Shooting
* Speed & Agility
* Positioning
* Game Awareness
* Teamwork
But football training is about more than technical skills.
Players also learn how to think during a game, how to make the right decisions, how to work with their teammates, and how to respond to different game situations.
Through football, Power Soccer Academy also helps young players develop important qualities such as:
**Discipline, Confidence, Teamwork, Responsibility, and Sportsmanship.**
Training plays a vital role in helping players apply their skills in real game situations, make the right decisions under pressure, work effectively as a team, and perform at their best in competitive environments.
# Every Football Dream Starts Somewhere #
When a child first starts playing football, it may simply be a fun game.
But with the right training, structured coaching, dedication, and consistent practice, that simple game can grow into a dream — and that dream can become a real opportunity.
At Power Soccer Academy, we are here to help guide those dreams in the right direction.Because every football dream starts somewhere.
📍 M3 Bahan Football Ground, Yangon, Myanmar
📞 09 447 004 784