YUFL English Major Football Team

YUFL English Major Football Team

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YUFL English Major Football Team, School Sports Team, Yangon.

Photos from YUFL English Major Football Team's post 19/01/2026

Hello 🇬🇧
ကျွန်တော်တို့ရဲ့ မေဂျာပေါင်းစုံဘောလုံးပွဲကြီး ပြီးသွားချိန်မှာတော့ နှုတ်ဆက်ရမယ့် ကစားသမားတွေများစွာရှိနေပါတယ်ခင်ဗျာ။

English Major Women Football Team ဆိုတဲ့ခေါင်းစဥ်တစ်ခုအောက်ကနေ အောင်မြင်မှုတွေရရှိအောင်ကြိုးစားပုံဖော်ပေးခဲ့ကြတဲ့ကစားသမားတွေထဲကနေ
Ma Su Myat Naing
Ma Ei Thaw
Ma Evan
Ma Yamin
Ma Hnin Pwint Aye
Ma Thet Myat Noe
Ko Soe နဲ့ Chit Su တို့ကိုနှုတ်ဆက်ရပါတော့မယ်။

English Major အတွက် ကိုယ်စားပြုကစားခဲ့တဲ့ကာလတစ်လျောက်လုံး ကောင်းအတူ ဆိုးအတူ ပျော်တလှည့် ငိုတလှည့် တစ်ယောက်ကို တစ်ယောက်အပြစ်မတင်ဘဲ စည်းစည်းလုံးလုံး ကစားခဲ့ပေးကြတဲ့ အစ်မတို့ကို အားလုံးကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ English Family အတွက် တကယ်ကိုအားထားရတဲ့ အမျိုးသမီးအသင်းတစ်ခုဖြစ်ခဲ့တဲ့အတွက် အစဉ်သတိရနေမှာပါခင်ဗျာ။

လေးနှစ်တာကာလမှာ စည်းစည်းလုံးလုံးနဲ့ အတူတကွရှိခဲ့တယ်ဆိုတာကို အမှတ်တရအဖြစ် တင်ရခြင်းဖြစ်ပါတယ်ခင်ဗျာ ။

10/01/2026

ကျွန်တော်တို့ English Major အမျိုးသားဘောလုံးအသင်းဟာ တတိယလုပွဲမှာ French Major အမျိုးသားဘောလုံးအသင်းကို တစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်ခင်ဗျာ ။

ပြိုင်ပွဲတစ်လျောက်လာရောက်အားပေးကြတဲ့ ဌာနမှုးနှင့်တကွ ဆရာ၊ဆရာမများ ၊ English Family ညီကိုမောင်နှမများ ၊ အကအလှတွေနဲ့ဖျော်ဖြေပေးသော Cheerleader Team ၊ အသင်းအတွက်လိုအပ်သည်များအားလုံးကိုကူညီလုပ်ဆောင်ပေးသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 🫶🇬🇧

09/01/2026

တတိယလုပွဲ

မနက်ဖြန်မနက်ကိုးနာရီမှာ ကျွန်တော်တို့ English Major အမျိုးသားဘောလုံးအသင်းဟာ တတိယလုပွဲအဖြစ် French Major အမျိုးသားဘောလုံးအသင်းနဲ့ယှဥ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
မနက်ဖြန်မနက်မှာ သထုံကွင်းထဲကို လာရောက်အားပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ ။💪🇬🇧

07/01/2026

ကျွန်တော်တို့ English Major အမျိုးသားဘောလုံးအသင်းဟာ Semi-Final ပွဲစဥ်အဖြစ် Chinese M​ajor အမျိုးသား​ဘောလုံးအသင်းနဲ့ယှဥ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

လာရောက်အားပေးကြသော ဌာနမှူးနှင့်တကွ ဆရာ၊ဆရာမများနှင့် ပရိတ်သတ်တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏

တတိယလုပွဲစဉ်အဖြစ် French M​ajor အမျိုးသားဘောလုံးအသင်းနှင့် လာမည့် စနေနေ့ နံနက်ကိုးနာရီ အချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသောကြောင့် လာရောက်အားပေးကြပါရန် မေတ္တာရပ်ခံပါတယ်ခင်မျာ။

07/01/2026

ကျွန်တော်တို့ English Major အမျိုးသမီးဘောလုံးအသင်းဟာ တတိယလုပွဲအဖြစ် French Major အမျိုးသမီးဘောလုံးအသင်းနဲ့ယှဥ်ပြိုင်ခဲ့ပြီး Pentaly အဆုံးအဖြတ်နဲ့ ရှုံးနိမ်ခဲ့ပါတယ်ခင်ဗျာ။
လာရောက်အားပေးကြတဲ့ ပရိသတ်များ၊ ဌာနမှုးနှင့်တကွ ဆရာ/ဆရာမတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏

06/01/2026

Match Day 🇬🇧

မနက်ဖြန် နေ့လည် ၂ နာရီမှာ ကျွန်တော်တို့ English Major အမျိုးသားဘောလုံးအသင်းဟာ Semi-Final ပွဲစဥ်အဖြစ် Chinese Major အမျိုးသားဘောလုံးအသင်းနဲ့ ယှဥ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
အရေးပါတဲ့ပွဲစဥ်ဖြစ်တာကြောင့် English Family ကညီကိုမောင်နှမတွေအားလုံးလာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ 🇬🇧 💪

06/01/2026

Hello 👋

မနက်ဖြန် မနက်မှာဆိုရင် ကျွန်တော်တို့ English Major အမျိုးသမီးဘောလုံးအသင်းဟာ တတိယတစ်​နေရာအတွက် French Major အမျိုးသမီးဘောလုံးအသင်းနဲ့ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။
အရေးပါတဲ့ပွဲစဥ်ဖြစ်တာကြောင့် လာရောက်အားပေးကြပါဦးခင်ဗျာ 💪🇬🇧

Photos from YUFL English Major Football Team's post 05/01/2026

English Major အမျိုးသားဘောလုံးအသင်း နဲ့ Russian Major အမျိုးသားဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့သောပွဲစဥ်မှ ပုံရိပ်တစ်ချို့ဖြစ်ပါတယ်ခင်ဗျာ 💪🇬🇧

05/01/2026

English 2-1 Russia (FT)

ကျွန်တော်တို့ English Major အမျိုးသားဘောလုံးအသင်းဟာ အုပ်စုဒုတိယပွဲစဥ်အဖြစ် Russian Major အမျိုးသားအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဆိုတဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်ခင်ဗျာ။
အုပ်စုပွဲစဥ်များယှဥ်ပြိုင်အပြီး ကျွန်တော်တို့အသင်းဟာ နှစ်ပွဲကစား နှစ်ပွဲအနိုင်ရရှိခဲ့ပြီး အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်။ 💪

Keep Following The Dream 🇬🇧

Photos from YUFL English Major Football Team's post 05/01/2026

English Major အမျိုးသမီးဘောလုံးအသင်းနဲ့
French Major အမျိုးသမီးဘောလုံးအသင်းတို့ သရေ ရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဥ်မှပုံရိပ်တစ်ချို့ဖြစ်ပါတယ်ခင်ဗျာ ။ 💪🇬🇧

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon