ရွှေရည်နန္ဒာ-𝐈𝐁𝐞𝐭𝟕𝟖𝟗 𝐀𝐠𝐞𝐧𝐭

ရွှေရည်နန္ဒာ-𝐈𝐁𝐞𝐭𝟕𝟖𝟗 𝐀𝐠𝐞𝐧𝐭

Share

Ibet789

Photos from ရွှေရည်နန္ဒာ-𝐈𝐁𝐞𝐭𝟕𝟖𝟗 𝐀𝐠𝐞𝐧𝐭's post 12/08/2025

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီတွင် ဝတ်ဆင်ကစားမည့် တတိယဂျာစီကို မိတ်ဆက်ပြသခဲ့ပါတယ်ရှင့်

Photos: Man Utd

Photos from ရွှေရည်နန္ဒာ-𝐈𝐁𝐞𝐭𝟕𝟖𝟗 𝐀𝐠𝐞𝐧𝐭's post 12/08/2025

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ ရှစ်နှစ်ကြာ လက်တွဲပြီးနောက် စေ့စပ်ခဲ့ပါတယ်။

ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ဒီအကြောင်းကို သူ့ရဲ့ Instagram ကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။

''ကျွန်မ သဘောတူပါတယ်။ ဒီအရာနဲ့ ကျွန်မဘဝတစ်ခုလုံးအတွက်ပေါ့''လို့ စီရော်နယ်လ်ဒိုရဲ့ဇနီးလောင်းဖြစ်လာသူ ဂျော်ဂျီနာက ရေးသားကာ စေ့စပ်လက်စွပ်ပုံနဲ့အတူ Instagram မှာ တင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒို(၄၀ နှစ်)နဲ့ ဂျော်ဂျီနာ(၃၁ နှစ်)တို့ဟာ ၂၀၁၇ FIFA Football Awards မှာ သူတို့နှစ်ဦး ချစ်ကြိုက်နေမှုကို လူသိရှင်ကြား ချပြခဲ့ပါတယ်။

အဲဒီနှစ်မေလမှာပဲ ပထမဆုံး Instagram post အဖြစ် အတူတွဲတင်ခဲ့ပါတယ်။

ဂျော်ဂျီနာရဲ့အောင်မြင်ခဲ့တဲ့ "I am Georgina" Netflix reality series မှာ စီရော်နယ်လ်ဒိုက အလွန်စိတ်ဝင်စားစရာကောင်းပြီး သူ့အသက်အရွယ်ထက် အများကြီးရင့်ကျက်သူလို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဂျော်ဂျီနာဟာ အာဂျင်တီးနား-စပိန် မော်ဒယ်တစ်ဦးဖြစ်ပြီး entrepreneurနဲ့ social media influencer လည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာဟာ အယ်လာနာ(၇ နှစ်)၊ ဘယ်လာ(၃ နှစ်)တို့ သမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် ခရစ္စတီယာနိုဂျူနီယာ(၁၅ နှစ်)နဲ့ အမြွာတွေဖြစ်တဲ့ အီဗာမာရီယာနဲ့ မတ်တီယို(၈ နှစ်)တို့ရဲ့ မိထွေးလည်းဖြစ်ပါတယ်။

Photos from ရွှေရည်နန္ဒာ-𝐈𝐁𝐞𝐭𝟕𝟖𝟗 𝐀𝐠𝐞𝐧𝐭's post 09/08/2025

မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဖြစ်သူ ဘရူနိုဖာနန်ဒက်စ် က အသင်းဂိုးသမားဟောင်းဖြစ်တဲ့ ဒီဟေးယား ကိုဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါတယ်ရှင်…😘

Photos from ရွှေရည်နန္ဒာ-𝐈𝐁𝐞𝐭𝟕𝟖𝟗 𝐀𝐠𝐞𝐧𝐭's post 08/08/2025

မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ရှက်ရှကို လစာတိုးမြင့်ရရှိမယ်

လိုက်ပ်ဇစ်ကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာတော့မယ့် ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှကိုဟာ ရောက်ရောက်ချင်း တစ်ပတ်ပေါင်(၁၆၀၀၀၀)သာ ရရှိမှာဖြစ်ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ရင် တစ်ပတ်ပေါင်(၂၀၀၀၀၀)ရရှိသွားမယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ရှက်ရှကို ကနဦးပြောင်းရွှေ့ကြေး ပေါင်(၆၆.၃)သန်းနဲ့ Add-ons ကြေး ပေါင်(၇.၄)သန်း ပေးချေပြီး ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး ရှက်ရှကိုနဲ့လည်း လစာနှုန်းထား၊ စာချုပ်သက်တမ်းတွေအတွက် သဘောတူညီမှု ရရှိခဲ့ပါပြီ။

ဒါကြောင့် ရှက်ရှကို(၂၂ နှစ်)က ဒီနေ့ မန်ယူအသင်းနဲ့ ဆေးစစ်မှု ခံယူသွားမယ်လို့ သိရပါတယ်။

မန်ယူအသင်းက စနေနေ့မှာ ဖီအိုရင်တီးနားအသင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပြီး အဲဒီပွဲမှာ ရှက်ရှကိုကို ကစားသမားသစ်အဖြစ် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရပါတယ်။

ရှက်ရှကိုဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်း ခေါ်ယူတဲ့ စတုတ္ထမြောက်ကစားသမားသစ်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း သိရပါတယ်။

02/08/2025

ပရိသတ်အချစ်တော် တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ဟာ ယခုနွေရာသီစျေးကွက်မှာပဲ စပါးအသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဒီစကားကို ထုတ်ပြောခဲ့တာပါ။ သူဟာ စပါးအသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ပေးဆပ်ကစားခဲ့ပြီး နောက်ဆုံးဘောလုံးရာသီမှာ အသင်းအတွက် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ကာ ၂၀၀၈ နောက်ပိုင်း ဆုဖလားငတ်မွတ်မှုကို အဆုံးသတ်စေခဲ့ပါတယ်။

အခုတော့ ရေမြေသစ်မှာ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆွန်က ဖွင့်ဟခဲ့ပါတယ်။ ဆွန်ဟောင်မင်ကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေပေမဲ့ သူကတော့ အမေရိကန် မေဂျာလိဂ်ကလပ် LAFC အသင်းကိုပဲ ပြောင်းကစားဖို့ ဆန္ဒရှိနေတာပါ။ LAFC ကတော့ စပါးအသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ နောက်ဆုံးသောဘောလုံးရာသီမှာ ဆုဖလားနဲ့ ပိတ်သိမ်းနိုင်ခဲ့တာကြောင့် ဆွန်အတွက်တော့ ဟာရီကိန်းထက်တောင် ဇာတ်သိမ်းလှခဲ့တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။

27/07/2025

Premier League Summer Series အ-ဖွင့်-ပွဲကိုတော့ နိုင်သွားခဲ့ပါပြီ ။ ကွန်ညာ ၊ ဘရူနို ၊ မိုင်နူး ၊ အူဂါတီတို့နဲ့ စတင်ပွဲထွက်ခဲ့တဲ့ ကစားပုံက မဆိုးခဲ့ပါဘူး ။

ဘရူနို ရဲ့ ဒုတိယဂိုးကတော့ အတော်လှပါတယ် ။ မိနစ် ၇၀ မှာ အမာခံကစားသမားတွေကို လူစားလဲလိုက်ပြီးတဲ့နောက်မှာတော့ ကစားပုံက သိပ်မကောင်းတော့ပါဘူး ။

အမ်ဘျူမိုကတော့ အသင်းဆီ ရောက်လာတာနောက်ကျတာကြောင့် ဘုန်းမောက်နဲ့ ပွဲမှပဲ ဝင်ကစားမယ်လို့ သိရပါတယ် ။ ဘာပဲဖြစ်ဖြစ် အနိုင်ရလဒ်ကို ယူဆောင်ပေးခဲ့လို့ ကျေးဇူးပါ မန်ယူနိုက်တက် . . .

26/07/2025

မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က အသင်းကစားသမားတွေကို ဈေးပေါပေါနဲ့ ရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်ရှင်။

၎င်းအနေနဲ့ ပြိုင်ဘက်အသင်းတွေအဖို့ အသင်းက အလိုမရှိတော့တဲ့ ကစားသမားတွေကို အလွယ်
တကူ ရရှိမှာမဟုတ်ကြောင်း သတိပေးခဲ့တာလည်းဖြစ်တယ်။

နွေရာသီကာလမှာ မန်ယူအသင်းကနေ အပြောင်း
အရွှေ့သတင်းထွက်ခဲ့တဲ့ ကစားသမားတွေအနက်
ရပ်ရှ်ဖို့ဒ်ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့သွား
ခဲ့ပါပြီ။

ကနဦးအငှားနဲ့ ထွက်ခွာခဲ့တာဖြစ်ပြီး ယူရို ၃၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိတဲ့အချက်လည်း
ပါဝင်ပါတယ်။

ဂါနာချို၊ အန်တိုနီ၊ ဆန်ချိုနဲ့ မာလာစီယာတို့လည်း အသင်းကထွက်ခွာဖို့ ရာခိုင်နှုန်းများနေပါတယ်။

အန်တိုနီကိုတော့ ပြီးခဲ့တဲ့ရာသီက အငှားခေါ်ခဲ့တဲ့ ဘက်တစ်အသင်းက ပြန်လည်ခေါ်ယူဖို့ ဆန္ဒ
ရှိနေပါတယ်။

ဆန်ချိုကို ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပြီး ကစားသမားရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်နေ
ပါတယ်။

ဂါနာချိုကတော့ ကလပ်အသင်းအများအပြားရဲ့ ပစ်မှတ်ထားမှုကို ခံနေရတာဖြစ်ပါတယ်။

Photos: Man Utd

26/07/2025

လိဂ်ချန်ပီယံရှစ်ကလပ်ဝက်ဆမ်အသင်းဟာ ဒိန်းမတ်ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ ချဉ်းကယ်နေတယ်လို့ သိရပါတယ်။

အဲရစ်ဆင်(၃၃ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် မန်ယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်တယ်။

ဝက်ဆမ်အသင်းက လိဂ်ချန်ပီယံရှစ် တန်းတက်ကလပ်ဖြစ်ပြီး ၄၄ နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလိဂ် ဒုတိယတန်းအဆင့်ကို ပထမဆုံးအကြိမ် တန်းတက်လာခဲ့တာပါ။

ဝက်ဆမ်အသင်းကို ဟောလိဝုဒ်က နာမည်ကျော်တွေဖြစ်တဲ့ Ryan Reynoldsနဲ့ Rob McElhenney တို့က ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အဲရစ်ဆင်ရဲ့အေးဂျင့်ဖြစ်သူက ဝက်ဆမ်အသင်းမှာ ကြီးမားတဲ့ စီမံကိန်းတွေ ရှိပေမဲ့ သူ့ကစားသမားက ပထမတန်းအဆင့်နဲ့ အနောက်ဥရောပမှာ ကစားချင်နေဆဲလို့ ပြောခဲ့ပါတယ်။

ဝက်ဆမ်အသင်းဟာ နည်းပြ ဖီးလ်ပါကင်ဆင်လက်အောက်မှာ သုံးနှစ်ဆက် တန်းတက်လာခဲ့တဲ့အသင်း ဖြစ်ပါတယ်။

26/07/2025

မန်ယူအသင်းရဲ့ ၀ါရင့်နောက်ခံလူ လုခ်ရှောဟာ အသင်းက ထွက်ခွာဖို့ စီစဉ်နေပြီး ဆော်ဒီလိဂ်က ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်ရှင့်။

အင်္ဂလန်လက်ရွေးစင်ဘယ်နောက်ခံလူ လုခ်ရှော(၃၀ နှစ်)ဟာ ၂၀၁၄ ကတည်းက ဆောက်သမ်တန်ကနေ မန်ယူကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။

လုခ်ရှောဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်နေသေးပေမဲ့ အသင်းမှာ ကစားခွင့်ရဖို့ အလားအလာနည်းပါးနေပြီဖြစ်တာကြောင့် လမ်းခွဲဖို့ စီစဉ်လာတာဖြစ်ပါတယ်။

မန်ယူနည်းပြ အာမိုရင်မ်က ပြီးခဲ့တဲ့ရာသီမှာ ဒေါ်ဂူကို ခေါ်ယူထားသလို၊ ဒီနွေမှာ ဒီယေဂိုလီယွန်ကို ထပ်ခေါ်ထားတာကြောင့် လုခ်ရှောအတွက် အခွင့်အရေးပိုနည်းသွားတာပါ။

မန်ယူအသင်းမှာ တစ်ပတ်ပေါင်(၁၅၀၀၀၀)ရရှိနေတဲ့ လုခ်ရှောကို ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်ရှင့်…

Photos from ရွှေရည်နန္ဒာ-𝐈𝐁𝐞𝐭𝟕𝟖𝟗 𝐀𝐠𝐞𝐧𝐭's post 26/07/2025

ရာသီကြို အာရှခြေစမ်းခရီးစဥ်ထွက်လာတဲ့ ဘာစီလိုနာအသင်းဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဇူလိုင်လ ၂၀ ရက်မှာ
ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေအသင်းနဲ့
ကစားမှာပါ။

အဲဒီနောက် တောင်ကိုရီးယားကို သွားပြီး
FC ဆိုးလ်၊ ဒေဂူးအသင်းတွေနဲ့ ခြေစမ်းပွဲ
နှစ်ပွဲ ကစားပါလိမ့်မယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Address

LanTwae1
Yangon
11041