𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

Share

Twinflame Journey Coach 🌊🍃


Let the Wave of Breeze carry your worries away, leaving you calm and free. 🌊 🍃

Photos from 𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆's post 01/06/2026

တစ်ဖက်လူ(DM/DF)ရဲ့ကိုယ့်အပေါ်စိတ်ရင်း 💞🌊🍃
Pick a card 🌊🍃

အဖြေက ပုံမှာထည့်ထားပါတယ်နော်🌊🍃

"တစ်ဖက်လူ(ex,rs,crush)နဲ့ ဘာဆက်ဖြစ်မလဲ"ဆိုတဲ့ extended readingလေးကို 2000ksနဲ့ ဝယ်ယူလို့ရပါပြီနော် 💞🌊🍃

တားရော့နဲ့ extended readingအကြောင်းကို

Telegram -
Viber - 09403351843 💞

ကိုဆက်သွယ်မေးမြန်းbookingတင်လို့ရပါပြီနော်❤️‍🔥

31/05/2026

ဒီစာကိုမြင်တဲ့ သူတွေရဲ့ဘဝမှာ ဘာတွေတိုးတက်ပြောင်းလဲလာနိုင်လဲ?🌊🍃

🌊မင်းတို့ထဲကတချို့အနေနဲ့ လက်ရှိမှာငွေကြေးတွေ လက်ထဲမှာ သိမ်းထား၊စုထားတာကိုမြင်ပါတယ်။ အဲ့လိုသိမ်းထားတယ်ဆိုရင် အဲ့ငွေထဲကတချို့ကို လိုအပ်တဲ့သူတွေကိုလှူတန်းပေးဖို့ ပြောထားပါတယ်။ တကယ်လို့ငွေစုထားသူမဟုတ်ဘူး။🍃တစ်ယောက်ယောက်အပေါ်ကို မေတ္ထာထားနေသူ၊ မဟုတ်လည်း လူတွေအပေါ် ကိုယ်ကမေတ္တာမပျက်သူဆိုရင် ကိုယ့်မေတ္တာတွေ ရောင်ပြန်ဟပ်လာမှာကိုမြင်ပါတယ်။

🍃မင်းတို့ဘဝမှာ ဖြစ်ချင်တဲ့အရာတွေ(ပညာရေး၊ တရားရင်ဆိုင်ရတာတွေ၊ ဘာသာရေးကိစ္စနဲ့ လိုအင်ဆန္ဒတွေ)ကို ကိုယ်က ပိုပြီးစည်းစနစ်တကျလုပ်လာ/ဖြစ်လာတာ၊ တဖြည်းဖြည်းကောင်းတဲ့ဘက်ကိုရောက်လာတာမြင်ပါတယ်။ ကူညီပေးမယ့်သူတွေ၊ သတင်းကောင်းပေးမယ့်သူတွေကိုလည်းမြင်ပါတယ်။ သုရားတရားလုပ်သူတွေလည်း ကိုးကွယ်တဲ့ဘာသာအလျောက် ကံကောင်းမှုအကျိုးတွေရလာတာကိုတွေ့ပါတယ်။

🌊ဘယ်ကိစ္စကိုမဆို ကိုယ်လုပ်နိုင်လေ အကျိုးထူးလေဖြစ်တာမို့ အလုပ်ကိုသေချာဂရုတစိုက်လုပ်စေချင်ပါတယ်။ ဘယ်အရာမဆို "ငါတော့လုပ်သလိုဖြစ်လာပါ့မလား၊ တိုးတက်လာပါ့မလား၊ ကြန့်ကြာနေမလား"ဆိုပြီးအတွေးလွန်တာတွေကို လျော့ပါနော်။ အစောင့်အရှောက်တွေကပါ အနားကစောင့်ရှောက်နေမှာမို့ မစိုးရိမ်ပါနဲ့တဲ့။ (တချို့အတွက်ကျ ကုသိုလ်ကောင်းမှုလုပ်ပြီးရင် မြင်အပ်မမြင်အပ်နဲ့ ကိုယ့်ကိုစောင့်ရှောက်တဲ့အစောင့်အရှောက်တွေကို အမျှဝေပေးဖို့ မမေ့ပါနဲ့လို့သတိပေးထားပါတယ် )

🌊မင်းတို့ဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခု တကယ်ဖြစ်လာနိုင်မလားဆိုတဲ့ Yes or no personal readingကို တစ်ခု 2000ksတည်းနဲ့မေးလို့်ရပါပြီနော်။ 🍃

မေးချင်တယ်ဆိုရင်
Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

26/05/2026

ဒီည (၇)နာရီ telegram free coaching live လေးရှိပါတယ်နော် 💞

Telegram link
https://t.me/waveofbreeze122

25/05/2026

ကိုယ်မမြင်နိုင်တဲ့ ကိုယ့်DMရဲ့ POVကိုသိချင်လား? 🌊🍃

🌊ဒါဆို အခု "D€ath's game" ဆိုတဲ့ဇာတ်ကားလေးကနေ သင်ယူပြီး နားလည်အောင် လုပ်လို့ရပါတယ်။ ဒီကားက သွေးထွက်သံယိုဖြစ်တဲ့ အခန်းတွေပါပေမယ့်၊ ကိုယ့်ဘက်မဟုတ်တဲ့ တခြားသူတွေရဲ့ဘက်ကို ကိုယ်ချင်းစာ တွေးတတ်ဖို့ သင်ယူနိုင်တဲ့ဇာတ်ကားတစ်ခုပါ။ လူတစ်ယောက်ရဲ့လုပ်ရပ်ဟာ တခြားကိုယ်ချစ်ရတဲ့ သူကိုပါထိခိုက်နိုင်တယ် ဆိုတာကိုလည်း ဒီကားကတစ်ဆင့် ကျွန်မတို့သိနိုင်ပါလိမ့်မယ်။🍃

🌊ဒါဆို DMဘက်ကိုနားလည်တာနဲ့ ဒီကားကဘာဆိုင်လဲလို့ မေးပါလိမ့်မယ်။ ဘာဆိုင်လဲဆိုရင် ကျွန်မတို့တွေက အမြဲတစ်ဖက်သတ်တွေးတတ်တဲ့ သူတွေမို့လို့၊ တခြားသူဘက်ကိုလည်း ကြည့်တတ်စေချင်လို့ပါ။ တချို့စိတ်ဒဏ်ရာတွေက အတိတ်မှာပြီးသွားပြီဆိုပေမယ့် ကိုယ့်ဘက်ကတစ်ဖက်သတ် ဆက်တွေးသွားတဲ့အတွေးတွေကြောင့် ဆက်နာကျင်နေကြတာမျိုးရှိလို့ပါ။ အခုလို ကျွန်မတို့တစ်ဖက်သတ်တွေးလာမိပါလား ဆိုတာနားလည်ဖို့ဆို တခြားသူဘက်ကလည်း သူ့အမြင်၊ သူ့အမှန်တရားဆိုတာ ရှိပါလားဆိုတာ သိဖို့လိုပါတယ်။ အဲ့ဒီ့သူ့ဘက်ကအမြင်ကို ဒီserieလေးကနေတစ်ဆင့် သင်ယူနိုင်ပါတယ်။ ဒါကြောင့် ကျွန်မလိုသင်ယူနိုင်ဖို့ ညွှန်းပေးလိုက်တာပါနော် 💞🍃

နောက်နေ့တွေကျရင် ဇာတ်လမ်းထဲကနေ ဘယ်လိုသင်ယူရမလဲဆိုတာကို ကျွန်မvideoနဲ့ ရှင်းပြပေးပါမယ်💞 ဒီစာကိုဖတ်နေကြတဲ့ Twinflameလေးတွေကော ဘယ်လိုဇာတ်ကားတွေကို ကြည့်ပြီးသင်ယူကြလဲ ကောမန့်မှာပြောခဲ့ကြဦးနော် 🫶🌊🍃

Twinflameနဲ့ပတ်သက်တဲ့tarotမေးချင်တယ်ဆိုရင်

Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

25/05/2026

လူသိများပေမယ့် ဆုပ်ကိုင်မထားသင့်တဲ့ Twinflame conceptများ 🌊🍃အပိုင်း (၂)

🟦 Twinflameတွေက မွေးနေ့တူတယ်/တစ်ယောက်ကအသက်ကြီးရမယ်/ Long distanceဖြစ်ရမယ်

အဲ့လိုfactတွေနဲ့ Twinflameဟုတ်မဟုတ်ခွဲမရပါဘူး။ တချို့ Twinflameတွေကမွေးနေ့မတူပါဘူး။ တချို့ကအသက်တူတာတွေလည်းရှိပါတယ်။ တချို့ကျ ငယ်သူငယ်ချင်းတွေဖြစ်နေတာမျိုးလည်းရှိတာမို့ နေရပ်မဝေးနေလည်း Twinflame ဖြစ်နိုင်ပါတယ်။

🟦 Twinflame journeyနဲ့ နတ်ဘုရားတချို့နဲ့ဆက်စပ်နေတယ်ဆိုတာ

"Twinflameဆိုတာက ဂရိခေတ်ကနတ်ဘုရားတွေဖန်ဆင်းပေးတာ။" "ဘယ်နတ်ဘုရားကတော့Twinflameတွေကိုစောင့်ရှောက်တယ်။" "ဘယ်နတ်ဘုရားအတွဲကတော့ Twinflameတွေပဲ" စတဲ့ စကားတွေကို ဟုတ်တယ်မဟုတ်ဘူး ကျွန်မ မငြင်းချင်ပါဘူး။ ဒါပေမယ့် အဲ့အရာတွေကို မသိထားလည်းရသလို၊ မယုံကြည်လည်း ဘာမှမဖြစ်လို့ လွှတ်ချထားလို့ရတဲ့အရာထဲကိုထည့်လိုက်တာပါ။ အဲ့တာတွေမသိလည်း Twinflame journeyကိုလျှောက်လို့ရပါတယ်နော်။

🟦 တတိယလူနဲ့က ဝဋ်ကြွေးကုန်ရင်ကွဲပြီးကိုယ့်ဆီပြန်လာမှာ

ဝဋ်ကြွေးဆိုတာဟာလည်း ကံဆိုတဲ့ရွေးချယ်မှုကြောင့်ဖြစ်လာတဲ့အရာပါ။ အဲ့လိုပဲ တတိယလူကိုထားခဲ့ဖို့၊ ကိုယ့်ဆီလာဖို့ကဝဋ်ကြွေးကြေစရာမလိုပါဘူး။ တတိယလူကိုရွေးချယ်လိုက်တာဟာလည်း သူကိုယ်တိုင်ရွေးချယ်မှုပဲဖြစ်ပြီး၊ ပြန်ထွက်လာဖို့ကလည်း သူကိုယ်တိုင်ရွေးချယ်မှ ဖြစ်မှာပါ။ ဒါကြောင့် ပြန်မလာသေးတာက ဝဋ်ကြွေးကြောင့်မဟုတ်ပဲ မင်းတို့ကိုသူမရွေးချယ်နိုင်သေးလို့ပါ။

🟦 Twinflameနဲ့ Karmic cordဖြတ်ချင်လို့

Twinflame တွေKamricလိုမျိုးဖြစ်နေရတာဟာ past traumaတွေ၊ အတ္တတွေ၊ စွဲလမ်းမှုတွေကြောင့်ပါ။ တချို့ဆို အတိတ်ဘဝကပေါင်းချင်လို့၊ ပြန်ဆုံချင်လို့ဆိုပြီး ဆုတောင်းထားလို့ပြန်ပေါင်းရတာပါ။ ဒါကြောင့် အချိန်ကုန်ခံ၊ ‌ငွေကုန်ခံပြီး Karmic cordဖြတ်မယ့်အစား စွဲလမ်းတာတွေ၊ အတ္တတွေနဲ့ အတွေးလွန်တာတွေ လျော့ချရင်ကို အဆင်ပြေပါပြီ။

🟦 သူက one soulမို့ကိုယ့်ကို unconditional loveနဲ့ချစ်တယ်

သူတို့ကိုယ်သူတို့ပိုချစ်လို့ထားသွားတာပါ။ ပြီးတော့ ပြီးပြည့်စုံတဲ့အချစ်နဲ့ဘယ်လူသားမှမချစ်နိုင်ပါဘူး။ မျှော်လင့်ချက်ကိုလက်တွေ့ကျကျသာထားသင့်ပါတယ်နော်။ တကယ်လို့ သူကချစ်ခဲ့ရင်တောင် reunion stageရောက်မှ healthyဖြစ်ဖြစ်ချစ်ပေးနိုင်လာမှာပါ။ ဒါကြောင့် unconditional loveဆိုတာကို ကိုင်ဆွဲထာမယ့်အစား သူဘယ်လိုချစ်တတ်တာလဲဆိုတာကိုသာ သိအောင်လုပ်သင့်ပါတယ်နော်။

🟦 လိပ်ပြာလေးတွေမြင်ရတယ်၊ angel numberတွေ မြင်ရတာဘာအဓိပ္ပာယ်ပါလိမ့်

အဲ့လို signတွေမြင်ရင် ဘာအဓိပ္ပာယ်လဲဆိုတာကိုသိချင်တာကသဘာဝပါပဲ။ ကျွန်မလည်းအရင်ကလိုက်ရှာခဲ့ဖူးပါတယ်။ ဒါပေမယ့် တခါတလေ အများကြီးတပြုံလိုက်ကြီးမြင်တဲ့အခါကျ ဘာပြောတာလဲ၊ ဘာဖြစ်ချင်တာလဲဖြစ်လာပါရော။ ဒါကြောင့် ကျွန်မတို့ အဲ့signတွေကိုစုပြုံပြီးမမြင်ဘူး၊ intuitionကလည်း သိသင့်တယ်ပြောရင် tarotဖြစ်ဖြစ်ကြည့်လိုက်ပါ။ မဟုတ်ဘူး အများကြီးစုမြင်ရတယ်၊ မသိလို့စိတ်တွေရူပ်တတ်တယ်ဆိုရင်တော့ ဒီအတိုင်းလွှတ်ချထားလိုက်ပါ။ အဲ့တာကိုမှ သိချင်လွန်းရင် Universe messageဖြစ်ဖြစ်၊ သိသင့်တဲ့အရာကိုပဲဖြစ်ဖြစ် tarotသာ မေးလိုက်ပါ။ (ကျွန်မကိုယ်တိုင် tarotမေးတတ်တာလို့ အကြံပေးတာပါ။ တခြား aiကိုမေးတာတို့၊ Googleမှာရှာတာတို့ကိုလည်း လုပ်လို့ရပါတယ်နော်)

🟦 Twinflameတွေမှာ DM/DFကိုအဓိကထား ခွဲခြားတယ်

တကယ်တော့ ဒါကိုကျွန်မပြောချင်နေတာကြာပါပြီ။ Twinflame journeyမှာ DM/DF အဓိကခွဲတာမဟုတ်ပါဘူး။ Runner/ Chaserဆိုတာကိုပဲ အဓိကခွဲပါတယ်။ အဲ့လိုခွဲမှသာ ကိုယ်နဲ့တစ်ဖက်သူရဲ့ life pathနဲ့ action patternကိုကောင်းစွာနားလည်မှာဖြစ်ပါတယ်။ Runnerတွေက Physicalပိုင်း awakeningစဖြစ်တတ်ပြီး မဖြစ်ခင်မှာလည်း အကြာကြီးkarmic patternထဲမှာလည်နေတတ်ပါတယ်။ အဲ့လိုပဲ Chaserတွေဟာလည်း emotional awakeningမဖြစ်ခင် Karmic patternထဲမှာ ရှာဖွေနေရတတ်ပြီး ပြီးမှ emotional awakeningစဖြစ်တာပါ။ ဒီလိုကွာခြားချက်ကို နားလည်ချင်ရင်ဖြစ်ဖြစ်၊ ဘာဆက်ဖြစ်မယ်ကိုသိချင်ရင်ဖြစ်ဖြစ် ကိုယ်ကRunnnerလား၊ Chaserလားဆိုတာကိုသိထားသင့်ပါတယ်။

🌊🍃အခုလိုအချက်တွေကို သိထားရင် attachmentတွေကိုသတိနဲ့ဖယ်ရှားလွှတ်ချနိုင်ပါလိမ့်မယ်။ အပိုင်း(၃)ကိုလည်း ဆက်ပြီးတင်ပေးမှာမို့ သိချင်တာရှိရင် ကောမန့်မှာမေးသွားလို့ရပါတယ်။ 🌊🍃

Twinflameနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုဆွေးနွေးချင်ရင် ကျွန်မဆီမှာTwinflame coaching sessionယူလို့ရပါတယ်။ တစ်ချက်ချင်းစီကိုဖြေရှင်းအဖြေရှာဆွေးနွေးပေးမှာမို့ Twinflameလေးတွေအနေနဲ့ journeyမှာ မသိတာတွေ သိလာနားလည်လာနိုင်ပြီး အဖြေရှာရအတော်သက်သာသွားမှာပါရှင့်။

https://m.facebook.com/story.php?story_fbid=122101314645046213&id=61581386415442

Tarot နဲ့သိလိုတာများမေးလိုပါက

Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါပြီနော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

23/05/2026

DFလေးတွေရဲ့ collective energy 🌊🍃🌌

🌊DFလေးတွေအနေနဲ့ စိတ်နှစ်ခွဖြစ်နေတာကိုတွေ့ရပါတယ်။ တစ်ခါတစ်လေ ဘဝမှာရှိတဲ့အရာတွေနဲ့ အတတ်နိုင်ဆုံးနေနေကြပေမယ့် တစ်ခါတစ်လေကျတော့‌လည်း ကိုယ့်အနားကလူတွေကို စိတ်တိုင်းမကျဖြစ်နေတာကိုမြင်ပါတယ်။ အဲ့လိုမျိုးဖြစ်နေတာက မင်းတို့ရင်ထဲက တကယ်ဘာဖြစ်နေတယ်၊ဘာဖြစ်ချင်တယ်ကို နားမထောင်နေလို့ဖြစ်ပါတယ်တဲ့။ ဒါကြောင့် နားထောင်သင့်ပါတယ်တဲ့။ အဲ့တာကိုသိမှ အလိုမကျတာဘာလဲသိရပြီး အဲ့အရာကို healingလုပ်နိုင်မှာပါ။🍃
🌊တချို့တွေကတော့ DMတွေအကြောင်းကိုတွေးပြီး စိုးရိမ်ပူ‌ပန်နေတာကိုမြင်ပါတယ်။ သူတော့အခုချိန် တခြားသူနဲ့ပျော်နေမှာပေါ့၊ သူနဲ့တတိယလူနဲ့အခုလိုဘယ်လိုဖြစ်နေမှာပေါ့ဘာညာနဲ့ ကိုယ့်အတွေးနဲ့ကိုယ်အဆင်မပြေဖြစ်နေတာမျိုး၊ အတွေးလွန်နေတာမျိုးကိုတွေ့ပါတယ်။ တကယ်တော့ ဒါတွေဟာ ကိုယ့်ဘက်ကသက်သက်အတွေးလွန်နေတာဖြစ်ပါတယ်။ အခုလို စိတ်မလုံတာတွေ၊စိုးရိမ်တာတွေဖြစ်နေတာက ကိုယ့်ရဲ့ dark sideဖြစ်တာမို့ ဒါကိုသေချာသုံးသပ်ပြီးhhealingလုပ်သင့်ပါတယ်နော်။🍃
🌊တချို့တွေအတွက်ကျတော့ အခုလက်ရှိဘဝမှာ ဘာတစ်ခုမှမဖြစ်မြောက်လို့ပျင်းနေကြတာ ဒါမှမဟုတ် ဘာကိုမှလုပ်ချင်စိတ်မရှိလို့ရပ်တန့်နေတာကိုတွေ့ပါတယ်။ အချစ်ရေးမှာ ဒါမှမဟုတ် ကိုယ်ဘာလုပ်ချင်လည်းမသိဖြစ်နေတာကို တွေးရင်း စိတ်တွေလေလွင့်နေတာကိုမြင်ပါတယ်။ လုပ်‌နေကြအလုပ်တွေဟာလည်း ပျင်းစရာကောင်းလာတယ်။ ဆက်လုပ်ချင်စိတ်မရှိဖြစ်လာတယ်။ ဘာလုပ်လုပ်လေးကန်ကန်ကြီးဖြစ်နေတာမျိုးရှိနေနိုင်ပါတယ်။ အဲ့တာကြောင့် ဘဝကခဏတာရပ်တန့်နေတာကိုတွေ့ပြီး တချို့စိတ်ဓာတ်ကျနေတာကိုလည်းတွေ့ရပါတယ်။ အဲ့လူတွေအတွက်အကြံဉာဏ်ကတော့ စိတ်ကိုခဏအနားပေးပြီး ကိုယ်တကယ်ဘာဖြစ်ချင်လဲ၊ ဘာတွေလုပ်နိုင်လဲဆိုတာကို သေချာပြန်စစ်ဆေးတွေးတောသင့်ပါတယ်။ အဲ့တာဆိုရင် ကိုယ်ဘာလုပ်သင့်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကိုသိလာနိုင်ပြီး အခုလိုရပ်တန့်နေတာကနေ့ actionတွေစလုပ်လာနိုင်ပါလိမ့်မယ်။🍃

🌊အခုတစ်ပတ်ရဲ့ DF collective energyကတော့ စိတ်အနားပေးဖို့လိုနေတာကိုတွေ့ပါတယ်။ လုပ်သင့်တယ်ဆိုပြီးအတင်းမလုပ်ပဲ စိတ်ကိုအနားယူပြီးမှ လုပ်သင့်မလုပ်သင့်ကိုပြန်တွေးတောသင့်ပါတယ်နော်။ DFလေးတွေလည်း အမြန်ဆုံးenergyကောင်းလာဖို့ ကျွန်မမျှော်လင့်ပါတယ်။ DFလေး ဂရုစိုက်ကြပါနော် 🫶🥰🍃

DFတွေအနေနဲ့ ကိုယ့်ရဲ့လက်ရှိenergyကို သိချင်ရင် ကျွန်မဆီ energy reading promotion နဲ့tarotလာမေးလို့ရပါပြီ။ အခု postကို shareထားတဲ့ SSပြရုံနဲ့ 1000ks discountရမှာပါနော်။ ဒီလ(30)ရက်နေ့အထိပဲရမှာမို့ နောက်မကျစေနဲ့နော် 🌊🍃

မေးချင်တယ်ဆိုရင်👇🌊🍃
Telegram -
Viber - 09403351843

ကိုဆက်သွယ်booking ယူလို့ရပါပြီနော်🥰🫶

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

21/05/2026

🌊Free live coaching session 🍃

🌊Wave of breeze pageကနေ Twinflameလေးတွေအတွက် free coachingနဲ့အတူ သိသင့်တဲ့ Twinflameအကြောင်းအရာတချို့ကို ပြောပြပေးသွားမယ့် free liveလေးလာပါပြီရှင့် 🍃💞

အစီအစဉ်လေးကနေ ဘာတွေရမလဲ

(၁) Journeyရဲ့ ရူထောင့်အသစ်နဲ့အမြင်တွေကိုသိလာနိုင်ခြင်း 🍃
Twinflame journeyမှာသိသင့် သိထိုက်တဲ့အရာတွေနဲ့အတူ လူပြောနည်းတဲ့အချက်တွေကိုပါပြောပြသွားမှာပါ။

(၂) သိချင်တာများကို တိုက်ရိုက်မေးမြန်းနိုင်ခြင်း🌊
Live session အတွင်း WOB Admin နဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ပြီး ကိုယ်လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေများကို မေးမြန်းနိုင်ပါတယ်။

(၃) Stuckဖြစ်နေတဲ့ သူတွေအတွက်နည်းလမ်းများတွေ့လာနိုင်ခြင်း✨
ရှုပ်ထွေးနေတဲ့ အတွေးများကို ရှင်းလင်းစေပြီး ကိုယ့် journey ကို ပိုမိုနားလည်လာနိုင်ပါလိမ့်မယ်။

🎙️ Liveမှာ ပါဝင်မယ့်အစီအစဉ်များ

✨About Twinflames concepts

Twinflameလေးတွေကြားမှာ သိသင့်တဲ့အရာတွေ၊ ပြောင်းရမယ့်အမြင်တွေနဲ့ တခြားTwinflameဗဟုသုတတွေကိုပြောပြပေးမယ့်အစီအစဉ်

✨Q and A session

Twinflame journeyနဲ့ပတ်သက်ပြီး သိချင်ရာများကိုမေးမြန်းနိုင်မယ့်အစီအစဉ်

✨Discuss with me

တစ်ဦးချင်းစီကြုံတွေ့နေရတဲ့အခက်အခဲများကို တိုင်ပင်ဆွေးနွေးနိုင်မယ့်အစီအစဉ်

📆 Live Session Information

🗓 Date
• 26. 5 2026 (Tuesday)

⏰ Time
7:00 PM – 9:00 PM

📍 Place
Wave of Breeze Telegram Channel

🔗 Join Here

https://t.me/waveofbreeze122

🌊 Twinflame journey မှာ လမ်းပျောက်နေသလို ခံစားရတဲ့အချိန်တွေရှိရင် ဒီ session လေးက သင့်အတွက် အကူအညီတစ်ခု ဖြစ်လာနိုင်ပါတယ်။

✨ Free ဖြစ်တဲ့အတွက် စိတ်ဝင်စားသူများ မဖြစ်မနေ join ထားဖို့ ဖိတ်ခေါ်ပါတယ်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

19/05/2026

Edit: CLOSED!!

1+1 Coaching Session Promotion 🌊🍃

Twinflame journeyမှာ နှစ်လည်းကြာပြီ။ Twinflame journeyနဲ့ပတ်သက်ပြီးလည်း အတော်ကိုသိထားတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို တိုးတက်လာတယ်လို့မထင်ဘူး။ ဒါမှမဟုတ် stuckဖြစ်နေတယ်လို့ထင်တယ်။ မဟုတ်လည်း တစ်ဖက်လူ awakeningမဖြစ်လို့ စိတ်မရှည်နေတာမျိုး ကိုယ့်မှာရှိနေပြီလား?

တကယ်လို့ ဒီလိုမျိုး ကြုံတွေ့နေရပြီဆိုရင် မင်းတို့လုပ်ရမှာက "ကိုယ့်ရဲ့ Twinflame journey နဲ့ပတ်သက်တဲ့ အသိတွေကို Upgrade လုပ်ဖို့ပါပဲ"

အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတာမို့ အရင်က သုံးခဲ့တဲ့ အသိတွေ၊ နည်းလမ်းဟောင်းတွေက အခုအချိန်မှာ အသုံးမတည့်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ မတူညီတဲ့ Twinflame ရှုထောင့်အသစ်တွေကို သိမြင်နားလည်ဖို့ လိုအပ်နေတာပါ။

ပိုပြီး တိကျသေချာတဲ့၊ ကိုယ်တိုင်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် Twinflame အသိအမြင်တွေကို အသေးစိတ် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ ကျွန်မရဲ့ 1+1 Coaching Session Promotion မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🥰

1+1ဆိုတဲ့အတိုင်း နာရီဝက်စာ စာရင်းသွင်းရုံနဲ့ (၃၀ မိနစ်) Free ထပ်ရမှာမို့ စုစုပေါင်း ၁ နာရီအပြည့် အဝပြောဆို ဆွေးနွေးခွင့်ရမှာ ဖြစ်ပါတယ်။

Promotionကာလက
19.5.2026 မှ 29.5.2026 အထိဖြစ်ပါတယ်။

📖 Coaching Session အကြောင်း အသေးစိတ်ဖတ်ရန်

https://m.facebook.com/story.php?story_fbid=122101314645046213&id=61581386415442

Promotionမှာပါဝင်ချင်ရင်

Telegram -
Viber - 09403351843

ကိုဆက်သွယ်မေးမြန်းbookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

16/05/2026

DMတွေရဲ့collective energy 🌊🍃

🌊တချို့Dmတွေက လက်ရှိမှာမိတ်ဆွေသူငယ်ချင်းတွေနဲ့အတူပျော်ရွှင်နေကြတာကိုမြင်ပါတယ်။တချို့ကတော့ တစ်ယောက်တည်းဆိုပေမယ့် ကိုယ်ပိုင်အချိန်တွေကိုအကောင်းဆုံးဖြတ်သန်းနေတာကိုမြင်ပါတယ်။
တချို့ကျရင်ထဲက ကုသစရာတွေ၊ စိတ်ဒဏ်ရာတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုအာရုံစိုက်ထားခြင်း မရှိတာကိုမြင်ပါတယ်။ လူသစ်တွေနဲ့တွေ့ကြည့်တာ/အပေါင်းအသင်းအသစ်တွေနဲ့တွေ့ကြည့်တာ၊ စီးပွားရေးပါတနာအသစ်တွေနဲ့စပ်တူလုပ်ကိုင်နေတာကိုမြင်ပါတယ်။
စိတ်ညစ်စရာတွေ၊ အဆင်မပြေတာတွေကို ဘဝထဲအဝင်မခံပဲ ကိုယ်ဖြစ်ချင်တဲ့အရာ‌နဲ့အိမ်မက်တွေကိုပဲအာရုံစိုက်ထားကိုတွေ့ပါတယ်။ ဘဝကိုအတတ်နိုင်ဆုံး ကိုယ်ဖြတ်သန်းချင်တဲ့ပုံစံလေးနဲ့ အဆင်ပြေအောင်အကောင်းဆုံးဖြတ်သန်းနေကြပါတယ်။
တချို့မလုပ်ဖူးတာတွေ၊ လုပ်ချင်ခဲ့တာတွေကိုစမ်းသပ်လုပ်ဖြစ်နေတာကိုတွေ့ပါတယ်။ ပြောရရင် အခုချိန်မှာအရမ်းကိုတက်ကြွနေကြတာကိုမြင်ပါတယ်။ ဒါကြောင့်အလုပ်တွေအဆင်ပြေလာတာ၊ ရာထူးတိုးတာ၊ ဝင်ငွေတွေများလာတာကိုတွေ့ပါတယ်။ Energyက အရမ်းတက်ကြွပြီး positiveဖြစ်နေတာမို့ ကောင်းတဲ့အရာတွေကို attractလုပ်နိုင်နေတာကိုတွေ့ပါတယ်။
ဘာလုပ်လုပ်လုပ်သမျှအဆင်ပြေနေတာကြောင့် ပျော်နေတာကိုမြင်သလို၊ ပျော်တာကြောင့် အရင်ကမလုပ်ဖူးတဲ့ အိမ်အလုပ်တွေ၊ ကလေးထိန်းပေးတာတွေကိုတောင် လုပ်ပေးနေတာကိုတွေ့ပါတယ်။ 🍃
🌊အခုတစ်ပတ်ရဲ့ DM collective energyကအရမ်းကောင်းပါတယ်။ ကောင်းမွန်တဲ့အလှည့်အပြောင်းတွေကိုပဲ ရင်ဆိုင်ရဖို့ ကျွန်မမျှော်လင့်ပါတယ်။ DFလေးတွေရဲ့ Energyကိုလည်း နောက်ကျကြည့်ပေးပါ့မယ်နော် 🫶🥰🍃

ကိုယ့်DMရဲ့ လက်ရှိenergyကို သိချင်ရင် ကျွန်မဆီ energy reading promotion နဲ့tarotလာမေးလို့ရပါပြီ။ အခု postကို shareထားတဲ့ SSပြရုံနဲ့ 1000ks discountရမှာပါနော်။ ဒီလ(23)ရက်နေ့အထိပဲရမှာမို့ နောက်မကျစေနဲ့နော် 🌊🍃

မေးချင်တယ်ဆိုရင်👇🌊🍃
Telegram -
Viber - 09403351843

ကိုဆက်သွယ်booking ယူလို့ရပါပြီနော်🥰🫶

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

14/05/2026

Twinflame main stageမှာဖြစ်တဲ့ major awakeningတွေနဲ့ minor stageတွေမှာဖြစ်တဲ့ minor awakeningလေးတွေက ဆင်တူနေတတ်ပါတယ်။ မတူတာကတော့ soul levelနဲ့ intuitionကိုနားထောင်နိုင်စွမ်းပါ။ အဲ့တာက stageမြင့်လာလေ မြင့်လာတာတွေပါ။ အဲ့တာနဲ့ ကျွန်မတို့stageခွဲနိုင်ပါတယ်။ ဒါကို သေချာရှင်းလင်းအောင် ပြန်ပြီးရေးသားနိုင်ဖို့လည်း ကျွန်မကြိုးစားနေပါတယ်ရှင့်။ သည်းခံနားလည်ပေးဖို့ ယုံကြည်ပါတယ်ရှင့် 🫶

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon

Opening Hours

Monday 01:00 - 15:00
Tuesday 01:00 - 15:00
Wednesday 01:00 - 15:00
Thursday 01:00 - 15:00
Friday 01:00 - 15:00