16/06/2026
စိတ်ဖိစီးမှုတွေကို လမ်းလျှောက်ရင်း ဖြေဖျောက်မလား..? 🧠
N!ke က ၁၀ နှစ်ကြာအချိန်ပေး သုတေသနပြုခဲ့ပြီး "ဖိနပ်တစ်ရံက လူ့ရဲ့စိတ်ကို တည်ငြိမ်စေနိုင်တယ်" ဆိုတာကို သက်သေပြခဲ့ပါတယ်။
ကမ္ဘာကျော် အားကစားသမားတွေ ပွဲမဝင်ခင် စိတ်လှုပ်ရှားမှု လျော့ကျပြီး အာရုံစူးစိုက်မှု အကောင်းဆုံးဖြစ်အောင် စီးတဲ့ "Pregame & Mindset Gear" အမျိုးအစား ဖြစ်ပါတယ်။ဦးနှောက်နဲ့ အာရုံကြော သိပ္ပံပညာကို အခြေခံပြီး ထုတ်လုပ်ထားတာကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပြောအများဆုံးနဲ့ Trend အဖြစ်ဆုံး ဖိနပ်ဒီဇိုင်း ဖြစ်လာခဲ့တာပါတယ်။
ဒီနေ့ပြပေးမှာက ရှေ့က Model (Mind 001) လို မဟုတ်တော့ဘဲ၊ ခြေဖနောင့်ကို သေချာ Locked-in ဖြစ်စေမယ့် Lacing System ပုံစံမို့ လမ်းလျှောက်ရတာ ပိုငြိမ်ပြီး စမတ်ကျနေမှာပါ။
"Pro-Level နည်းပညာနဲ့ Futuristic ဒီဇိုင်းကို ပေါ့ပေါ့ပါးပါး ဈေးနှုန်းနဲ့ စီးချင်သူများအတွက် N!ke Mind 002 (First Copy High Quality) ဆိုင်ကို ရောက်ရှိလို့ထားပါပြီ။
Item : N!ke Mind 002
Price : 165,000Ks
Size : 38,39,40,41,42,43,44,45
Color : 2
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~
16/06/2026
"Hummel x The Prodigy"... 🕷️
ဘောလုံးဂျာစီတွေက ခုနောက်ပိုင်း ကွင်းထဲမှာပဲ ဝတ်ရတဲ့အဆင့်ထက် ကျော်လွန်ပြီး ကမ္ဘာ့ဖက်ရှင်လောကကို စိုးမိုးလာတာ အားလုံးသိပြီးသားပါပဲ။ ခုမြင်နေရတဲ့ Hummel x The Prodigy ကတော့ ယဉ်ကျေးမှုနှစ်ခု ထိပ်တိုက်တွေ့ဆုံရာကနေ ပေါက်ဖွားလာတဲ့ Rare Piece တစ်ခုပါ။
1990 ခုနှစ်တွေထဲက ဗြိတိန် အခြေစိုက် Electronic / Cyberpunk Rock လောကကို အုပ်စိုးခဲ့တဲ့ ဒီဂန္ထဝင်တီးဝိုင်းကြီးတစ်ခုရှိပါတယ်။ သူတို့က လူအုပ်ကြီးကို ရူးသွပ်သွားစေနိုင်တဲ့ Energy မျိူးနဲ့ သူတို့ရဲ့ ဂီတက ပုန်ကန်ချင်တဲ့ စိတ်ဓာတ်၊ ရဲရင့်တဲ့ အသွင်အပြင်နဲ့ ဆန်းသစ်မှုတွေ ပြည့်နှက်နေတာပါ။ ဖျော်ဖြေပွဲတစ်ခုလုပ်တိုင်း Stadium တစ်ခုလုံး မြေငလျင်လှုပ်သလို တုန်ခါသွားစေတဲ့အထိ အရူးအမူး အားပေးကြမ်းခဲ့ရတဲ့ အဖွဲ့ဖြစ်လို့ "Iconic" ဆိုတဲ့ စကားလုံးထက်တောင် ပိုထိုက်တန်ပါတယ်။
တွေ့ရတဲ့အတိုင်း ရင်ဘတ်က ပုရွက်ဆိတ်တံဆိပ်ဟာ သူတို့ရဲ့ သင်္ကေတဖြစ်ပြီး "Underground ယဉ်ကျေးမှု" ကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် Jersey ကျောပြင်က Gothic Font နဲ့ '91' ဆိုတာ ဒီအဖွဲ့ စတင်ပြီး ကမ္ဘာကြီးကို တော်လှန်ခဲ့တဲ့ 1991 ခုနှစ်ကို အမှတ်ရပြီး ဖန်တီးခဲတာမလို့ လူတိုင်းဝတ်နေတဲ့ ပုံစံခွက်ထဲက ခပ်ရိုးရိုးဂျာစီတွေကြားထဲမှာ ကိုယ့်ရဲ့ Style ကို ထင်ထင်ရှားရှား ကွဲထွက်သွားစေဖို့ဆို ဒါလေးက ညီကိုတို့ အတွက်ပဲ ...
Item : Hummel x The Prodigy
Price : 32,000Ks
Size : S,M,L,Xl,2Xl
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~
15/06/2026
Sweden အသင်းကတော့ ဘောလုံးအနုပညာရဲ့ အလှပဆုံး ညတစ်ညကို ဖန်တီးပြခဲ့တာနော်... 🇸🇪
Tunisia နဲ့ ပွဲမှာ 5 - 1 ဆိုတဲ့ ပြတ်သားလွန်းတဲ့ရလဒ်နဲ့အတူ "Blågult" တို့ရဲ့ မုန်တိုင်းဒဏ်ကို ဘယ်သူမှ မတားဆီးနိုင်ကြောင်း သက်သေပြလိုက်တဲ့ပွဲတစ်ပွဲလို့ မြင်ပါတယ်...
ကွင်းလယ်က စည်းချက်တွေ၊ တိုက်စစ်ရဲ့ ထက်မြက်တဲ့ သွင်းဂိုးတွေနဲ့အတူ ပြီးပြည့်စုံတဲ့ ကမ္ဘာ့ဖလား ညချမ်းတစ်ခုကို ဂုဏ်ပြုရင်း သူဆို့ ဝတ်ဆင်ကစားခဲ့တဲ့ အိမ်ကွင်း Jersey လေးကို တင်ပေးလိုက်ပါတယ်။
Item : Sweden Home Kit 2026
Price :45,000Ks
Size : S,M,L,Xl, 2Xl
Org Name Set :12,000Ks
Gyökeres 17
Isak 9
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~
15/06/2026
Promotion Baseball Jersey collection..
နောက်ပိုင်း Baseball Jersey တွေက အားကစားနဲ့ ဖက်ရှင် ကို ပေါင်းစပ်နိုင်တဲ့ Classic Item တစ်ခု ဖြစ်လာခဲ့ပြီး " Cool, Casual, Customizeble" ဆိုတဲ့ Element တွေကြောင့် လူငယ်တွေကြားမှာ ခေတ်စားလာခဲ့တာပဲ ဖြစ်ပါတယ်။အဲ့ဒီအပြင်ကိုမှ Loose Fit ဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ဝတ်ရတာ ကြိုက်တဲ့ သူတွေ အတွက်လည်း အဆင်ပြေနေစေမှာပါ။ခေတ်နဲ့အညီလိုက်ကာကျွန်တော်တို့ M21 မှာလည်း Baseball Jersey Fan တွေအတွက် အသင်းတော်တော် များများရဲ့ Baseball Jersey တွေဟာ ရောက်ရှိလို့နေပြီး ခုလက်ရှိ Promotion လည်းရှိတယ်နော်..
Item : Baseball Jersey
Promotion Price : 29,000Ks
Size : S,M,L,Xl,2Xl
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~
15/06/2026
M21 ရဲ့ Socksleeves Stock ပြန်ဝင်..
ဆန်းသစ်တဲ့ Product တခုအဖြစ်မိတ်ဆက်ပေးခဲ့ရာကနေ ဘောလုံးသမားတွေအတွက် မရှိမဖြစ် Product တခုဖြစ်လာခဲ့တဲ့ Socksleeves တွေကို အခုတခါမှာလည်း M21 ကနေ ပိုမိုကောင်းမွန်တဲ့ Premium Quality နဲ့ ဒီဇိုင်းအသစ်တခု ထပ်မံဖန်တီး ထုတ်လုပ်ခဲ့ပါတယ်။
• ခြေအိတ်ကို Pro ကျကျစီးချင်သူတွေအတွက် အောက်ခံ Non-Slip (Grip Socks) နဲ့ဖြစ်စေ၊ Cotton Socks တွေနဲ့ဖြစ်စေ မိမိကြိုက်နှစ်သက်ရာကို ဝတ်ဆင်ပြီး အပေါ်ကနေ စွပ်ချလိုက်ရုံပါပဲ။
• အရင်လို ကပ်ကြေးနဲ့ ဖြတ်ရတာ၊ ချည်ပိုတွေထွက်တာတွေ၊ ထိန်းဖို့ တိတ်ကပ်ရတဲ့ ဒုက္ခတွေကနေ ကင်းဝေးပြီး အဆင်သင့်ဝတ်ဆင်လို့ရနိုင်မှာဖြစ်ပါတယ်။
• Polyester နဲ့ Nylon ကိုအချိုးကျပေါင်းစပ်ပြီး နောက်ဖက် ခြေသလုံးမှာလေဝင်လေထွက်ကောင်းစေမယ့် လေပေါက်ကျယ်လေးတွေ ပါဝင်တာမို့ ဝတ်ဆင်ရတာ ပိုမို သက်တောင့်သက်သာရှိစေမှာပါ။
• အားကစားသမားတွေအတွက် သက်တောင့်သက်သာအရှိဆုံးဖြစ်စေမယ့် ချည်သား၊ Cutting နဲ့ Fabric အသေးစိတ်ကအစ M21 SPORT ကနေ စနစ်တကျဖန်တီးပေးထားပါတယ်။
Item : M21 Socksleeves MF 6603
Price : 15,000 ks
Colors : 12
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~
15/06/2026
Stanley x Messi Tumbler...10🇦🇷
သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသောလူသား ရဲ့ အငွေ့အသက်ကို နေ့တိုင်း လက်ဖျားမှာ ဆုပ်ကိုင်ထားချင်လား...
တကယ့် Messi Fan စစ်စစ်တစ်ယောက်ဆိုရင် Argentina အသင်းရဲ့ ကောင်းကင်ပြာ၊ ခွက်ရဲ့ အလယ်မှာ ဂုဏ်ယူစွာ နေရာယူထားတဲ့ ရွှေရောင် "Messi" ရဲ့ Logo နဲ့ နံပါတ် "10" အဝိုင်းလေးကို မြင်ရုံနဲ့တင် ရင်ထဲမှာ တစ်ခုခု ခံစားလိုက်ရမှာ သေချာပါတယ်။
ရေအေးအေးလေးပဲ သောက်သောက်၊ ကော်ဖီပူပူလေးပဲ ထည့်ထည့်၊ Stanley ရဲ့ ထိန်းသိမ်းမှု အစွမ်းက မက်ဆီရဲ့ ခြေစွမ်းလိုပဲ ဘယ်တော့မှ ကျဆင်းမသွားဘူးဆိုတာ ယုံ...
Item :Stanley x Messi Tumbler
Price : 95,000Ks
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~
15/06/2026
MLS ရဲ့ ဘုရင်ကြီးဖြစ်တဲ့ LA Galaxy ရဲ့ နှစ် (30) ပြည့် အထိမ်းအမှတ် "The VElO CITY Kit" ရောက်ရှိ... LA
အားလုံးသိကြတဲ့အတိုင်း LA Galaxy ဆိုတာ MLS မှာ MLS Cup (6) ကြိမ်အထိ အများဆုံးရရှိထားတဲ့ သမိုင်းဝင် အစဉ်အလာကြီးမားတဲ့ အသင်းကြီးတစ်သင်းပါ။ David Beckham, Zlatan Ibrahimović တို့လို ကမ္ဘာကျော် ကစားသမားကြီးတွေ ခြေချခဲ့တဲ့ အသင်းကြီးလည်း ဖြစ်ပြီး။ အခုလက်ရှိမှာလည်း Dortmund ရဲ့ ဝါရင့်ကစားသမားကြီး Marco Reus ရောက်ရှိနေလို့ လူစိတ်ဝင်စားမှု မြင့်တတ်နေကြောင်းနဲ့ အသင်းကြောင်းက ဒီလောက်ပဲပြောမှာဖြစ်ပြီး
အခုရောက်ရှိလာတဲ့ 2026 Home Kit အကြောင်းကို ဆက်ချင်ပါတယ် အသင်းရဲ့ နှစ် (30) ပြည့်ကို အခြေခံထားပြီး Classic အဖြူရောင်ပေါ်မှာ အသင်းရဲ့ အမှတ်အသားဖြစ်တဲ့ Navy နဲ့ Yellow Stripe အရိုးရှင်းဆုံးတွဲဖတ် ချပြခဲ့ပါတယ်။ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနှစ်ရဲ့ လည်ပင်း ဒီဇိုင်းက စာရေးသူ ကျွန်တော့်ကို အကြိုက်တွေ့စေတာတော့ အမှန်ပါပဲ။
ဒါကြောင့်ခုလို နိုင်ငံတကာရက်သတ္တပတ်မှာအသင်းကြီးတွေ ခေတ္တနားနေပေမယ့် LA Galaxy jersey ကို မျှော်နေမယ်လို့ ထင်တာနဲံ လာတင်ပေးတာပါ။
Item :LA Galaxy Home Kit 26-27
Price : 45,000Ks
▪ Player Version ▪
Size : S,M,L,Xl,2Xl
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~
14/06/2026
"Chelsea ပရိသတ်တွေ အိပ်ပျော်နေတုန်း Real Madrid က ညသန်းခေါင်ကြီး ဓားပြတိုက်သွားပါပြီ... 🤫"
ကဲ ကမ္ဘာကျော် အပြောင်းအရွှေ့သတင်းထောက်ကြီး အကောင့်နေ"HERE WE GO" လို့ သေချာပေါက် အော်လိုက်ပြီဆိုတော့ စပိန်နောက်ခံလူ Marc Cucurella တစ်ယောက် Real Madrid ဆီ ပြောင်းဖို့ ရာနှုန်းပြည့် သေချာသွားခဲ့ပါပြီ။
ဆိုတာ့ Real Madrid ရဲ့ ဘယ်နောက်ခံနေရာဟာ အမြဲတမ်း ဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာတစ်ခုပါ။ အခု ကူကူရယ်လာကို ရလိုက်တာက အသင်းအတွက် ခံစစ်ပိုင်းရော၊ တိုက်စစ်လိုက်ပါမှုပိုင်းမှာပါ တော်တော်လေး အားကိုးရမယ့် အပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။ ကွင်းထဲမှာ နေရာစုံ ကစားနိုင်ပြီး မမောမပန်း ပြေးလွှားနိုင်တဲ့ သူ့ရဲ့ Work Rate က Real ရဲ့ ကွင်းလယ်နဲ့ ခံစစ်ကို ပိုပြီး ကျစ်လစ်သွားစေမှာ အသေအချာပါပဲ။
Real Madrid မှာ ကာဗာဟာလ်၊ ရူဒီဂါတို့လို ဆံပင်ကတုံး၊ဆံပင်တိုတွေကြားထဲ... အခု ကူကူရယ်လာရဲ့ အထာကျကျ ဆံပင်ကောက်ကောက် ဖွဖွကြီး ရောက်လာတော့မှာဆိုတော့ ပြိုင်ဘက် ကစားသမားတွေ ဖြတ်ကျော်ဖို့ ကြိုးစားတိုင်း ဘောလုံးမမြင်ရဘဲ ကူကူရယ်လာရဲ့ ဆံပင်တွေပဲ မြင်နေရမယ့် ကွင်းလယ်ကွင်းပြင် မြင်ကွင်းကတော့ တကယ့်ကို ကြည့်ကောင်းတော့မယ်နော်..
Chelsea ဘက်ကလည်း "ရောင်းချင်လို့ ရောင်းတာလား၊ ဈေးကောင်းရလို့ လွှတ်လိုက်တာလား" ဆိုတာ သူတို့ပဲ သိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် Real ဘုရင်မင်းမြတ်တို့ကတော့ ညဉ့်နက်သန်းခေါင်မှာ ကစားသမားသစ်တစ်ယောက်ကို အိတ်ထဲ အေးအေးဆေးဆေး ထည့်သွားပြန်ပါပြီ။
14/06/2026
ဘောလုံး Jersey Fan တစ်ယောက်အတွက် Belgium ရဲ့ Away Kit လေးကတော့ အမြင်ကွဲလွဲနေပါလိမ့်မယ်..
ပထမဆုံးမြင်လိုက်ရင် "အင်္ကျီပေါ်က စက်ဝိုင်းကွက်ဆန်းတွေက ဘာလဲ" ဆိုပြီး ထူးဆန်းနေမှာ သေချာပါတယ်။ ဒါပေမဲ့ ဒါဟာ ရိုးရိုးဂျာစီတစ်ထည် မဟုတ်ပဲ"ဝတ်ဆင်လို့ရတဲ့ အနုပညာလက်ရာတစ်ခု" ဖြစ်ပါတယ်..🎨
ဒါက Belgium ရဲ့ ကမ္ဘာကျော်ပန်းချီဆရာကြီး René Magritte ကို ဂုဏ်ပြုပြီး ဖန်တီးထားတာမလို့ အနုပညာဆန်လွန်းနေတာပါ။
အင်္ကျီနောက်ကျောမှာ ပန်းချီဆရာကြီးရဲ့ နာမည်ကျော်စကားစုဖြစ်တဲ့ "Ceci n'est pas un maillot ဆိုတဲ့ စာသားလေး ပါဝင်လို့ တကယ့်အထာကျလွန်းပါတယ်
နိုင်ငံ Jersey တွေထဲ ဒီဇိုင်းဆန်းဆန်းကိုရှာနေသူတွေ အတွက် ဒါလေးက စိတ်တင်စားစရာပါပဲ နော်
Item : Belgium Away 2026
Price : 45,000Ks
▪ Player Version ▪
Size : S,M,L,Xl,2Xl
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~