Family Health Care Assistant and Pharmacist Aid Training Center

Family Health Care Assistant and Pharmacist Aid Training Center

Share

Health Care Assistant and Pharmacist Aid Training Center

Mobile uploads 20/12/2025
01/11/2025

💥💥💥FREE WEBINAR 💥💥💥

From Collapse to Come back : The Science of Saving Lives

ဒီတစ်ခါတော့ ခေါင်းစဉ် အမိုက်စားနဲ့ FREE SHARING လုပ်သွားမယ့် အစီအစဉ်လေးကို Announce လုပ်ပါရစေ

ရည်ရွယ်ချက်ကတော့
- ဆေးရုံဆေးခန်းပြင်ပမှာ လူတစ်ယောက် ရုတ်တရက် collapse ဖြစ်သွားရင် ..
- ဖြစ်သွားတဲ့သူက ကိုယ်ချစ်ရတဲ့သူ ကိုယ့်အရင်းနှီးဆုံးသူ ဖြစ်ခဲ့ရင်..
- ကိုယ်က ဆရာဝန် သူနာပြုဖြစ်နေပီး ဆေးပစ္စည်းတွေ လက်ထဲဘာမှ မရှိနေခဲ့ရင်..
- Mass Gathering တွေ Event တွေ Public area တွေ လူအများကြီး အလုပ်လုပ်တဲ့နေရာတွေ Company တွေ ကျောင်းတွေမှာသာ ဒါမျိုး ကြုံခဲ့ရင် ..

ကျွန်တော်တို့ ဘာတွေ လုပ်လို့ရမလဲ လက်တွေ့ကျကျ ဆွေးနွေးကြည့်ရအောင်ပါ ..

ဒီ ဆွေးနွေးပွဲလေးမှာ
💢Out of Hospital Cardiac Arrest (OHCA)
💢Adult Chain of Survival
💢Basic Life Support (BLS)
💢Automatic External Defibrillator ( AED ) ဒီအကြောင်းလေးတွေကို

Essential Emergency Care Series ရဲ့ အပြောကောင်း အဟောကောင်း အသင်ကောင်းတဲ့ ပင်တိုင် course trainer Emergency Physician ဆရာက ဆွေးနွေးပေးသွားပါမယ်။

💢Date - Saturday (1st Nov 2025)
💢Time - 8:30 PM

To attend webinar - Please contact page messenger

03/10/2025

I gained 2,747 followers, created 1 post and received 46 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

Photos from Family Health Care Assistant and Pharmacist Aid Training Center's post 10/09/2025

ခုတော့ ဝေးနေကြရတဲ့ အမှတ်တရလေးတွေ ❤️🥰😍

29/03/2025

ချစ်ခင်ရင်းနှီးရပါသော မိတ်ဆွေများအားလုံး လက်ရှိဖြစ်ပေါ်နေသော မြေငလျင်ကြောင့်၊အရေးပေါ်ဖြစ်နေသောနေရာများအား၊အချိန်မှီကူညီနိုင်ရန်၊မြေပြင်တိုက်ရိုက်ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်ချိတ်ဆက်ပြီး ဆက်သွယ်လှူဒါန်းမှုပြုလုပ်ရန် ရှိပါသည်။ သို့ဖြစ်ပါ၍ စိတ်ချယုံကြည်စွာလှူဒါန်းလိုသူများအနေဖြင့် အောက်ဖေါ်ပြပါ Account များအား
မိမိတို့ဆန္ဒရှိသလောက် ပါဝင်လှူဒါန်းမှုပြုနိုင်ပါရန် ဖိတ်ခေါ်အသိပေးအပ်ပါသည်။
လှူဒါန်း ပြီးပါက Screen Shoot ရိုက် ပြီး ကျမရဲ့ Messenger သို့မဟုတ် ကျမ Su May May Account သို့ Tag တွဲ ပြီး တင်ထားလို့ ရပါသည်။

မြေပြင်မှ တိုက်ရိုက် အဖွဲ့များအား လှူဒါန်းပြီး ပါက ကျမ အကောင့်မှ ပြန်လည်၍ တင်ပေးပါ မည်

မြန်မာ KPay~ 09781120916
San Thidar
1. စင်္ကာပူ Paynow ~ 93796218
Khin Phone Myint

2. စင်္ကာပူ ACCOUNTS
One Account
773-361-054-2

3. စင်္ကာပူ bettymay
UNITED OVERSEAS BANK
LTD 7733610542

ဖန်လန် ~ FI55 3939 0069 5881 01
San Thidar Soe

Photos from Family Health Care Assistant and Pharmacist Aid Training Center's post 06/01/2025

Long Case ဘယ်သူဝင်ချင်လည်း အဲဒီအစ်မလည်း ဒီထဲမှာ ရှိနေပါတယ်
တီချယ့် Su May May အကောင့်မှာ Message လာပို့ ပေးပါ

Photos from Family Health Care Assistant and Pharmacist Aid Training Center's post 28/05/2024

ခုချိန်မှာ နိုင်ငံရေး အခြေအနေတွေကြောင့် သင်တန်းသားအသစ်တွေ လက်ခံဖို့ကို ယာယီနားထားပေမယ့် အချိန်ရတာနဲ့ ပြန်ဖွင့်ဖို့ စီစဉ်ထားပြီးသားပါ။ သင်တန်း ဆင်းပြီးသော သင်တန်းသား၊သင်တန်းသူ များအားလုံးက လုပ်ငန်းခွင်မှာ အလုပ်ကိုယ်စီနဲ့ပါ။ ညီမ သင်တန်းက ကလေးတွေမှ စိတ်ချရတာဆိုပြီး အလုပ်လက်ခံပေးကြသောသူများနဲ့ ဆရာမကို ကျေးဇူးတင်လို့ ဆိုပြီး ကလေးတွေနဲ့ လက်ဆောင်ထည့်ပေးကြသူများအားလုံးကို ကျေးဇူးပါ 🙏🙏🙏
အခုက သင်တန်းကလေးတွေ မရှိတော့လို့ Demand တွေအတွက်လည်း အားနာရပါတယ်.. Sorry ပါရှင်❤️❤️
Founder ဖြစ်တယ့် ကျမ ကိုယ်တိုင်လည်း Finland ရောက်နေပါပြီ။ ဒီမှာ Settle ဖြစ်တယ့် အချိန် သင်တန်းကို ပြန်ဖွင့်မယ် ဆိုတယ့်စိတ်ကူးက ခုချိန်ထိ မပြောင်းလဲပါဘူး😄

ဒါက စင်္ကာပူ အင်တာဗျူးအောင်ပြီး စောင့်နေတယ့် သမီးလေး မနေ့က ရောက်သွားပါပြီ။ အစစ အရာရာ ကူညီပေးသူများအားလုံးကို ကျေးဇူးပါ။
Online ကနေပြီး ယခုအချိန်ထိ လုပ်ငန်းခွင်အတွက် ချိတ်ဆက် လုပ်ဆောင်နေတုန်းပါ💪💪💪
တစ်ယောက်သွားတော့ တစ်ယောက်ကလိုက်ပို့၊
တစ်ယောက်လာတော့ တစ်ယောက်ကကြိုနဲ့ သူတို့ကတော့ ဟုတ်နေကြတာပဲ🥰🥰

Photos from Family Health Care Assistant and Pharmacist Aid Training Center's post 28/04/2024

၂ရက်ပြည့် အမှတ်တရ

Finnish စာက ခက်ပါတယ် 💪💪💪
ဖန်လန်ကို လာဖို့ လွယ်သလားဆို မလွယ်ပါဘူး
ခက်သလားဆိုတော့ လည်း Finnish စာ ရရင် မခက်ပါဘူး..အဲဒီအတွက်👇👇
၁- အချိန် ပေးရပါမယ်
၂- ပင်ပန်းခံ နိုင်ရပါမယ်
၃ - ကြိုးစားရပါမယ်
၄ - English စာ ရရပါမယ်
၅ - Computer အခြေခံ ကောင်း ရပါမယ်
၆ - Knowledge Sharing လုပ်နိုင် ရပါမယ်
အရေးကြီးဆုံး အချက်က စိတ်ဓါတ်ပါ
SR နဲ့ စJoin ပြီး Finnish စာကို စပြီး Learning လုပ်ကတည်း က တော်တော်လေး အချိန်ပေးပြီး စာလုပ်ရပါတယ်... ကိုယ်က တစ်ဘက်မှာ Family Health Care Assistant and Pharmacist Aid Training Center ရဲ့ သင်တန်း Founder လည်း ဖြစ်နေတော့ ပိုပင်ပန်း ပါတယ်... FB အရမ်း သုံးတယ့်သူပါ... ခုက ကိုယ်တစ်ခါတစ်ရံ တင်လိုက်တယ့် Post တွေမှာ Comments တွေ ကိုတောင် ❤️ လေးပဲ ပေးနိုင်ခဲ့တာပါ🤩😍

ဒါပေမယ့် ဒီခေတ်၊ အခါ ကြီးမှာ ကလေးရဲ့ ပညာရေး ဘာမှမကုန်ပဲ အာမခံချက်ရှိပြီး စိတ်ချရတယ့် နိုင်ငံ ကို မိသားစုလိုက်သွားဖို့ရွေးချယ်ခဲ့တာပါ ( ဖြစ်နိုင်ရင် ကိုယ့် အမိမြေကတော့ ဘယ်မှ မခွါချင်ပါဘူး)
အဲဒီအတွက် ကိုယ်တစ်ယောက်ထည်းတော့ မသွားဘူးဆိုပြီး သူငယ်ချင်းတွေကို လိုက်စည်းရုံး လိုက်တာ သူတို့က အရင်ရောက်သွားပါတယ် 😅😂😂

Group ဖွဲ့ ပြီး တစ်ယောက်နဲ့ တစ်ယောက် ကိုယ်သိတယ့် Knowledge လေးတွေ Sharing လုပ်တာ ပိုအဆင်ပြေပါတယ် (အဆင်ပြေဆုံးပါ)
တစ်ခါ တစ်ခါ ဘာမှ ဆက်မလုပ်ချင်လောက်အောင် စိတ်ဓာတ် ပါကျ တယ့်အခါ ဒီကိုယ့်ရဲ့ Group တွေက ကိုယ့် အတွက်တော့ အားဆေးပါ🍷🍷💊
ကိုယ်က တစ်အားပူ ပြီး မီး က ခဏခဏပျက် >>> အမြဲ မလာပါသော ခြင်က တအားကိုက်( ခြင်ဆေးနံ့ မခံနိုင်တော့ ပိုဆိုး) တယ့် နေရာက လာတာဆိုတော့ အေးတယ့် ရာသီ ဥတုဒဏ်တော့ ကျင့်သားရအောင် ကြိုးစားရအုံးမှာပေါ့🤩🫠 ကိုယ့် ကလေးကတော့ အေးဆေး ပျော်နေတော့ တော်သေး😍😍
အခက်အခဲ တွေလည်း အများကြီး ကြုံခဲ့ ရပါတယ်.... နောက်မှ ဆောင်ရန် ၊ ရှောင်ရန် လေးတွေ နဲ့ SR အကြောင်းကိုပါ သိသလောက်၊မှတ်မိသလောက် အချိန်ရရင်ရေးပါအုံးမယ်...

Photos from Family Health Care Assistant and Pharmacist Aid Training Center's post 25/04/2024

SG ကို ချောမောစွာ ရောက်ရှိပါပြီ... အစစအရာရာ ကူညီပေးကြသော တစ်ယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးပါ 🙏🙏🙏
မသွားခင် ပစ္စည်းတွေ သိမ်းရ၊ထုတ်ရ နဲ့ လေယာဉ်ပေါ်ရောက်တယ့် အထိကို မနားခဲ့ရတော့ နှုတ်မဆက်ခဲ့မိလို့ ကျန်ခဲ့ရင် နားလည်ပေးကြပါ 😍😍😍

Photos from Family Health Care Assistant and Pharmacist Aid Training Center's post 12/10/2023

New Post တွေ မတင်ဖြစ်ပေမယ့် ဒီရက်တွေမှာ First Interview နဲ့ Second Interview တွေ အတွက် ကောင်းကောင်း လုပ်ပေးနိုင်ခဲ့....

Good Luck for All🙏🙏🙏

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

No. 170(B), Mya Sabai Street, 24 Qrd, South Dagon
Yangon