11/07/2026
Stephen-san စီမံခန့်ခွဲနေတဲ့ Python MMA Gym ကို ဖိတ်ခေါ်ပေးလို့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
Gymအတွင်းပိုင်းက အရမ်းသန့်ရှင်းပြီး၊ လေ့ကျင့်ခန်းပစ္စည်းတွေနဲ့ လေအေးပေးစနစ်တွေလည်း အပြည့်အစုံရှိလို့ အရမ်းသက်တောင့်သက်သာရှိပြီး တခြားကမ္ဘာတစ်ခုထဲ ရောက်သွားသလိုတောင် ခံစားရပါတယ်။
ဒီလိုကောင်းမွန်တဲ့ လေ့ကျင့်ရေးပတ်ဝန်းကျင်ရှိတဲ့ Gym မှာ အားကစားသမားတွေက ကိုယ့်ရဲ့ ကိုယ်ခံပညာလေ့ကျင့်မှုကို အပြည့်အဝ အာရုံစိုက်နိုင်မယ်လို့ ထင်ပါတယ်။
ဖိတ်ခေါ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ 😊
スティーブンさんが経営する
Gym name Python MMA にご招待頂き見学させていただきました。
室内は大変綺麗で設備も空調も整っており快適で異空間のようでした!
選手達も環境の良いジムで格闘技に集中できる事と思います!
お招きありがとうございました😊
09/07/2026
လက်ရွေးစင် သန့်ဇင်၊ လက်ရွေးစင် သန့်ဇင်၏အစ်ကိုနှင့် လက်ရွေးစင် သန့်ဇင်၏ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အပြန်အလှန် မိတ်ဆက်ဖလှယ်ခြင်း၊ အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်းများ ပြုလုပ်ခွင့်ရခဲ့ပါသည်။တစ်ဦးနှင့်တစ်ဦး၏ ရည်မှန်းချက်များနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး၊ အဖိုးတန်သော အကြံဉာဏ်များစွာကို မျှဝေခဲ့ကြပါသည်။ ထို့အပြင် အပြန်အလှန် ပူးပေါင်းကူညီနိုင်မည့် အရာများကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြပြီး၊ အလွန်အဓိပ္ပာယ်ရှိကာ အကျိုးရှိသော အချိန်ကို ကုန်ဆုံးခဲ့ရပါသည်။
အဖိုးတန်သော အချိန်ပေး၍ တွေ့ဆုံဆွေးနွေးပေးခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။
タンジン選手、タンジン選手のお兄様タンジン選手のマネージメントの方などと交流や意見交換をさせていただきました。
お互いの想いや今後の展開を議論して様々な貴重な意見や協力できる事はしあっていくとそんな非常に有意義な時間を過ごしました、
お時間いただきありがとうございました。
09/05/2026
IMAKI မှတာဝန်ရှိသူများအနေနဲ့ ဒီနှစ်တွင်ကျင်းပပြုလုပ်မည့် မြန်မာ့လက်ဝှေ့ပွဲကျင်းပရာ တိုင်းရင်းသားကျေးရွာသို့ သွားရောက်ကာ လုပ်အားပေး အမှိုက်ကောက်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ အချိန်ခနလေးအတွင်းအမှိုက်များစွာကို သိမ်းဆည်းမိခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်သန့်ရှင်းဖို့အတွက်က လူတိုင်းမှာတာဝန်ရှိတဲ့အတွက် အမှိုက်ကိုအလွယ်တကူမလွှင့်ပစ်ဖို့ရန်နှင့် IMAKI မှလည်း အမှိုက်ရှင်းလင်းသွားသည်ကို မြင် တွေ့ရပြီး စိတ်ကြည်လင်ရှင်းလင်းသွားခဲ့ရတဲ့အတွက် နောက်အခေါက်များမှာ သွားရောက်မည့်နေရာများတွင်လည်း အမှိုက်ကောက်တဲ့အကျင့်ကို ယူဆောင်သွားချင်ပါတယ်။
今年開催されるミャンマーラウェイ大会の会場となる民族博物館を訪れた際、IMAKI関係者一同でボランティアとしてゴミ拾い活動を行いました。
短い時間の中でも、たくさんのゴミを回収することができました。
環境を綺麗に保つことは、一人ひとりの責任です。ゴミをポイ捨てしないことを心がけ、少しでも綺麗な環境を守っていければと思います。
また、IMAKIとして実際に清掃活動を行い、場所が綺麗になっていく様子を見ることで、心まで清々しい気持ちになりました。
これからも訪れる場所で積極的にゴミ拾い活動を続けていきたいと思います。
03/05/2026
၃၀.၄.၂၀၂၆
အမှတ် (၂) ၊ မှဲ့ကင်း မိဘမဲ့ဂေဟာ သို့
IMAKI မှမိဘမဲ့ကလေးများအတွက် မုန့်များကိုသွားရောက်လှူဒါန်းခဲ့ပါတယ်။ သွားရောက်လှူဒါန်းခဲ့တဲ့ IMAKI အတွက်အမှတ်တရနေ့ ဖြစ်ခဲ့သလို ကလေးများအတွက်လည်း အခုထက်မက ဆက်လက်ပြီးလှူဒါန်းမှုများကိုပြုလုပ်သွားဖို့ရည်ရွယ်ထားပါတယ်။ နောက်ထပ်လည်း အခုထက်ပိုကောင်းတဲ့ အပြင်အဆင်နဲ့အတူ ထပ်ပြီးလှူဒါန်းဖို့အတွက်အကောင်းဆုံးလုပ်ဆောင်နေပါတယ်။
2026年4月30日
第(2)号ミャエキン孤児院へIMAKIは親のいない子どもたちにお菓子を寄付しました。IMAKIにとって思い出に残る特別な一日となりました。また、子どもたちのために、今後もさらに継続して支援や寄付活動を行っていくことを目標としています。
13/12/2025
ကျွန်တော်တို့ IMAKI မှ မိဘမဲ့ကလေးများအတွက် ငါးပေါင်မုန့်များနဲ့ အချိုရည်များ သွားရောက်လှုဒါန်းခဲ့တဲ့ ပုံရိပ်များပဲဖြစ်ပါတယ်
ကလေးတွေ ပျော်နေတာ မြင်ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။
အခုလို လှူဒါန်းခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။
နောက်ထပ်လည်း အလှုအတန်းတွေနဲ့ ပျော်ရွင်စရာပြိုင်ပွဲများစွာစီစဉ်ကျင်းပမှာဖြစ်လို့ အားလုံးဝိုင်းဝန်းပံ့ပိုးပေးကြပါဦး ခင်ဗျ
09/12/2025
ဒီဇင်ဘာလ လေးရက်နေ့ထုတ် သတင်းစာမှာ ဖော်ပြပါရှိလာတဲ့ ကျွန်တော်တို့ IMAKI Company ရဲ့ လှူဒါန်းမှု မှတ်တမ်းပုံရိပ်လေးပါ။ 📰
လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မြန်မာ့လက်ရွေးစင် ရိုးရာလက်ဝှေ့အားကစားသမားများအတွက် လေ့ကျင့်ရေးပစ္စည်းများနှင့် ငွေကျပ် ( ၁၀ )သိန်းကို ကုမ္ပဏီအနေဖြင့် ဂုဏ်ယူစွာ ပံ့ပိုးလှူဒါန်းခဲ့ပါသည်။
နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏
06/12/2025
IMAKI မှ ဦးစီးကျင်းပခဲ့သော ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်အား ကျေးဇူးတုံ့ပြန်သော အနေဖြင့် IMAKI မှ လက်ဝှေ့ အားကစား ပစ္စည်းများကို လှူဒါန်းပါသည်။
မြန်မာနှင့် ဂျပန် နှစ်နိုင်ငံ ပြည်သူများအနေဖြင့် ရိုးရာလက်ဝှေ့ကို ပိုမို ချစ်ခင်အားပေးကြလိမ့်မည်ဟု မျှော်လင့်သလို၊ ရှေ့ဆက်ပြီးတော့လည်း ပွဲကောင်းများကို ပိုမိုများပြားစွာ ကျင်းပသွားလိုပါသည်။
နောက်ထပ်ကျင်းပမယ့်ပွဲကောင်းများကို IMAKI page မှာ စောင့်မျှော် အားပေးကြပါဦးလို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်
18/10/2025
IMAKI ပြိုင်ပွဲအတွက် ပရိသတ်များစွာက လာရောက်အားပေးကြတာကြောင့် အောင်မြင်မှုအပြည့်ရှိခဲ့ပါတယ်။
ဂျပန်နဲ့ မြန်မာ တစ်စုတစ်စည်းဖြစ်ပြီး အကောင်းဆုံးနေရာတစ်ခုကို ပြင်ဆင်ပေးနိုင်ခဲ့တာဟာ ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာဖြစ်ပါတယ်။
နောက်တစ်ခါ လမ်းအခွင့်အရေးရှိလာရင်တော့ imaki ကို ပြန်လည်ကျင်းပပေးဖို့ စိတ်ကူးထားပါတယ်။
နောက်တစ်ခါမှာတော့ ပိုမိုကောင်းမွန်ပြီး စိတ်လှုပ်ရှားစရာနေရာတစ်ခုကို ပြင်ဆင်ပေးနိုင်ဖို့ ကြိုးစားသွားမယ်။
အားလုံး စောင့်မျှော်ကြပါဦးနော်! 🙇🏻