11/08/2026
11 Aug 2026
Running ဆိုတာ တစ်ယောက်တည်းပြေးပြီး Finish Line ရောက်ဖို့တင် မဟုတ်ပါဘူး။
ကိုယ့်လိုပဲ ပြေးရတာကိုချစ်တဲ့သူတွေနဲ့အတူ အားပေးရင်း၊ လေ့ကျင့်ရင်း၊ တိုးတက်လာရတာ က ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ 🔥
PACE Running Club ရဲ့ ကန်တော်ကြီးနဲ့ သုဝဏ္ဏ မှာဆိုရင်တော့
🏃♂️ Running Form
⚡ Speed Training
⛰️ Hill Training
💪 Strength & Endurance
တွေကိုလက်တွေ့ကျကျ အပြေး Traininer က Sharing လုပ်ပေးနေပါတယ် ခင်ဗျာ
Training တွေကို အတူတူလေ့ကျင့်ပြီး ကိုယ့်ရဲ့ Next Level ကို ရောက်အောင် ကြိုးစားနေကြပါတယ်။
Runner တစ်ယောက်အနေနဲ့ ကိုယ့် Pace ကိုရှာပြီး ကိုယ့် Power ကိုတည်ဆောက်ချင်တယ်ဆိုရင်…..ကျွန်တော်တို့ PACE RUNNING CLUB မှာ ဖိတ်ခေါ်လိုက်ပရစေ
06/08/2026
🏃♂️ အပတ်စဉ် ကြာသပတေးနေ့ PACE RUNNING CLUB Training 🏃♀️
📍 နေရာ – တောင်ဥက္ကလာ ပဒေသာအားကစားကွင်း
🕕 အချိန် – မနက် ၆:၀၀ နာရီ
📅 နေ့ရက် – အပတ်စဉ် ကြာသပတေးနေ့တိုင်း
PACE RUNNING CLUB ရဲ့ အပတ်စဉ် လေ့ကျင့်မှု ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။
တစ်ယောက်တည်း လေ့ကျင့်မယ့်အစား အတူတူ လေ့ကျင့်ကြရအောင်!
အတူတကွ လေ့ကျင့်ခြင်းက... ✅ မှန်ကန်တဲ့ Running Form ကို ပြုပြင်နိုင်မယ်။
✅ ကိုယ်နဲ့ကိုက်ညီတဲ့ Pace ကို သင်ယူနိုင်မယ်။
✅ Speed၊ Endurance နဲ့ Running Efficiency ကို တိုးတက်စေမယ်။
✅ Injury Prevention နဲ့ Injury Recovery Exercises တွေကို စနစ်တကျ လေ့ကျင့်နိုင်မယ်။
✅ အတွေ့အကြုံရှိ Coach များရဲ့ လမ်းညွှန်မှုကို ရရှိမယ်။
✅ အတူတူ လေ့ကျင့်တဲ့ Motivation ကြောင့် ပိုပြီး တိုးတက်လာမယ်။
🏅 ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ Runner တွေအတွက်
PACE၊ Running Form၊ Race Strategy၊ Strength & Mobility Training နဲ့ Injury Recovery Exercises တွေကို PACE RUNNING CLUB မှာ စနစ်တကျ လေ့ကျင့်နိုင်ပါတယ်။
အတွေ့အကြုံ မရှိသေးတဲ့ Beginner ဖြစ်ဖြစ်၊ Personal Best ကို ချိုးဖျက်ချင်တဲ့ Runner ဖြစ်ဖြစ်… အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။
🏃 ကြာသပတေး မနက် ၆:၀၀ နာရီမှာ ပဒေသာအားကစားကွင်း၌ ဆုံကြမယ်!
Run Together • Learn Together • Improve Together PACE RUNNING CLUB
25/07/2026
🏊🚴🏃 IRONMAN 70.3 DESARU COAST, MALAYSIA 🇲🇾
26.07.2026
လပေါင်းများစွာ အချိန်ပေး၍ စိတ်အားထက်သန်စွာ ကြိုးစားလေ့ကျင့်ခဲ့ရတဲ့ IRONMAN 70.3 ပြိုင်ပွဲကြီးကို မနက်ဖြန်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
PACE RUNNING CLUB အနေဖြင့် Founder (၂) ဦးနှင့်အတူ Club Trainer ဆရာဌေးကိုကို တို့လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 💪
မြန်မာနိုင်ငံမှ သွားရောက် ယှဉ်ပြိုင်မယ့် အားကစားသမားများအားလုံး အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး ပြိုင်ပွဲကို အောင်မြင်စွာ ပြီးဆုံးနိုင်ပါစေလို့ PACE RUNNING CLUB မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
📺 IRONMAN 70.3 ပြိုင်ပွဲကို အချိန်နှင့်တစ်ပြေးညီ (Live Tracking / Live Results) ကြည့်ရှုနိုင်ရန် Link ကို Comment တွင် ဖော်ပြပေးထားပါသည်။
အားလုံးပဲ ဝင်ရောက်အားပေးကြပါဦးခင်ဗျာ။
.3