07/04/2026
DRAKON Cues ရဲ့ TikTok အကောင့်လေးမှာလည်း updated တွေ ကြည့်လို့ရပါပြီဗျာ
DRAKON CUES MYANMAR on TikTok
247 Followers, 1 Following, 727 Likes - Watch awesome short videos created by DRAKON CUES MYANMAR
19/03/2026
နာမည်တူ ပြည်ပထုတ်ကုန်တစ်ခုရှိနေပါသဖြင့် “Drakon Cues” နာမည်ကို ပြောင်းလဲအသုံးပြုသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
19/03/2026
ဆရာနေသွေးဦးနဲ့ ဆရာအန့်ကူတို့ အလုပ်ရုံကို အလည်လာတဲ့ အမှတ်တရလေးပေါ့
05/11/2025
မြန်မာပြည်မှ နိုင်ငံတကာအဆင့်မီ ကျူတံများ ထုတ်လုပ်နိုင်ဖို့ အိပ်မက်ကို အမှန်တကယ် အသက်သွင်းလိုက်ပါပြီ။
*Drakon-Cues*ဆိုတဲ့ နာမည်နဲ့ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ကျူတံများကို မြန်မာနိုင်ငံမှာ စတင် ထုတ်လုပ်တော့မည် ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာနဲ့ ကြေညာချင်ပါတယ်။
* ဘာကြောင့် Drakon-Cues က ထူးခြားတာလဲ? *
✅ အရည်အသွေး အပြည့်အဝသော အဆင့်မြင့် **Ash** နှင့် **Ebony** သစ်သားများကို အသုံးပြုထုတ်လုပ်ထားပါသည်။
✅ *အတွေ့အကြုံနှင့် နည်းပညာ*
ကျူတံ၏ အသက်ဖြစ်သော **အလေးချိန်(Weight)**၊ **မျှချေ(Balance)**၊ **Power** နှင့် **လှပသေသပ်မှု** အစရှိသည့် အရေးကြီးသော အချက်များကို...
- နှစ်(၂၀)ကျော် ကိုယ်တိုင်လေ့လာမှုများနှင့် ထိုင်းနိုင်ငံမှ စနစ်တကျလေ့လာသင်ယူခဲ့သော နည်းပညာများပေါင်းစပ်ကာ တိကျသပ်ရပ်ကောင်းမွန်သော **မြန်မာပြည်ထုတ် Handmade ကျူတံများ** အဖြစ် ဖန်တီးပေးသွားမှာဖြစ်ပါတယ်။
✅ **ချစ်မြတ်နိုးသူမှ ဖန်တီးသူအထိ**
ထုတ်လုပ်သူကိုယ်တိုင်လည်း ဘိလိယက်နှင့်စနူကာ အားကစားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်သည့်အတွက်...
**ကစားသမားတိုင်း၏ လိုအပ်ချက်နှင့် ခံစားမှုကို နားလည်ပါသည်။**
**ကျွန်တော်တို့၏ ရည်ရွယ်ချက်**
မြန်မာ့ဘိလိယက်နှင့်စနူကာ အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်သာမက ဒီအားကစားကိုချစ်မြတ်နိုးကြတဲ့
(ပြည်တွင်း ဝါသနာရှင်အဆင့်မှ လက်ရွေးစင်အဆင့်ကစားသမားများအထိ)…
**အဆင့်မီကျူတံများကို လွယ်ကူသက်သာစွာဝယ်ယူရရှိနိုင်ပြီး ဂုဏ်ယူစွာ ကစားနိုင်စေရန်** ရည်ရွယ်ထုတ်လုပ်ပါသည်။
မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ကိုယ်ပိုင်ထုတ်လုပ်သည့် အရည်အသွေးမြင့် ကျူတံများကို မိတ်ဆက်ပေးရသည်မှာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ဂုဏ်ယူဝမ်းသာစရာတစ်ခုပါ။
**ကျေးဇူးပြု၍ ဒီ Page ကို Like & Follow လုပ်ထားခြင်းဖြင့် နိုင်ငံတကာအဆင့်မှီ မြန်မာပြည်ထုတ်ကျူတံခရီးစဉ်ကို အတူတူ စတင်လိုက်ကြရအောင်**
#ကျူတံ #မြန်မာ့ကျူတံ