The Youth Legs

The Youth Legs

Share

Peace �

31/05/2026

ဒီကနေ့ Sunday ပွဲစဉ်မှာတော့ ပြိုင်ဘက်အသင်းဖြစ်တဲ့ Gunner Force Fc မှာအဆက်သွယ်မရ ပြိုင်ပွဲကိုလဲလာရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသောကြောင့် ကျနော်တို့အသင်းအနေဖြင့် မကန်လိုက်ရပဲ အနိုင်သုံးမှတ်ကိုရရှိခဲ့ပါတယ်ခင်ဗျာ😁

30/05/2026

ကျွန်တော်တို့အသင်းရဲ့ ယခုပြိုင်ပွဲအတွင်း နောက်ဆုံးပွဲစဉ်အနေဖြင့် "မှော်ဝင်ဆန်းပြား တော်ဝင် Gunner" အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။ နှစ်သင်းစလုံး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သော်လည်း အဆိုပါပွဲစဉ်တွင် အကောင်းဆုံးနှင့် အကြိတ်အနယ်ဆုံး ယှဉ်ပြိုင်သွားကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အသင်းသားများအနေဖြင့်လည်း အတတ်နိုင်ဆုံး လာရောက်ပူးပေါင်းပြီး ပါဝင်အားဖြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပွဲစဉ်အသေးစိတ်:

📆 ရက်စွဲ: ၃၀.၅.၂၀၂၆ (တနင်္ဂနွေနေ့)
🎽 ဝတ်စုံ: အမည်းရောင်
⏰ အချိန်: ည ၉:၀၀ - ၁၁:၀၀
📍 နေရာ: လေးထောင့်ကန်ကွင်း

30/05/2026

ပြီးခဲ့သည့်ပတ် ပွဲစဉ်တွင် ကျွန်တော်တို့အသင်းအနေဖြင့် လူအင်အားနည်းပါးမှုကြောင့် ကစားသမား (၁၄) ဦးတည်းဖြင့်သာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပြီး (၄-၂) ရလဒ်ဖြင့် ပြိုင်ပွဲမှ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါသည်။ သို့သော်လည်း အတွေ့အကြုံကောင်းများ ရရှိခဲ့သည့်အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် အသင်းသားများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ မိမိတို့အသင်း၏ နောက်ဆုံးပွဲစဉ်အဖြစ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သော Gunner force FC အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။ အဆိုပါပွဲစဉ်တွင်မူ ကစားသမားလူစုံလင်စွာဖြင့် အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

13/05/2026

အဖွင့်ပွဲမှာ အရှုံးနဲ့စခဲ့ရပေမဲ့ ၃-၄ ဆိုတဲ့ရလဒ်နဲ့ အကြိတ်အနယ်ရှိခဲ့လို့ အသင်းသားတွေရဲ့ Fighting Spirit ကိုတော့ Shout out ပေးချင်ပါတယ်။ အဆုံးသတ်ပိုင်းမှာ အားနည်းချက်လေးတွေရှိခဲ့တာကို သင်ခန်းစာယူပြီး နောက်ပွဲတွေမှာ အုပ်စုတက်ဖို့ အကောင်းဆုံး Focus လုပ်သွားပါမယ်။ အားတက်သရော လာရောက်ကစားပေးခဲ့ကြတဲ့ အသင်းသားအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ

Photos from The Youth Legs's post 08/05/2026

ကျွန်တော်တို့ရဲ့The Youth Legs (TYL) အသင်းသည် Golden Heart မှ ကြီးမှူးကျင်းပသော "ကွင်းကြီးအလွတ်တန်း ဖိတ်ခေါ်ဖလား" ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။

ပထမဆုံးအဖွင့်ပွဲစဉ်အနေဖြင့် ပြိုင်ဘက်ဟောင်းဖြစ်သည့် Royal Eagle FC အသင်းနှင့် ပြန်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ အဆိုပါအဖွင့်ပွဲစဉ်တွင် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်မလားဆိုသည်ကို ပရိသတ်များမှ ဆက်လက်စောင့်ကြည့်အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

ပွဲစဉ်အသေးစိတ်
• 📆 ရက်စွဲ: ၁၀.၅.၂၀၂၆ (တနင်္ဂနွေနေ့)
• ⏰ အချိန်: ညနေ ၀၃:၃၀ နာရီ မှ ၀၅:၃၀ နာရီ
• 🎽 ဝတ်စုံ: အမဲရောင်
• 📍 နေရာ: ရှမ်းကွင်း (ပေါင်းကူး)

26/04/2026

ဒီအပတ်ပွဲစဉ်မှာတော့ ကျွန်တော်တို့အသင်းဟာ ပြိုင်ဘက်ဟောင်း Jet FC အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၅ ဂိုး - ၁ ဂိုးဆိုတဲ့ ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်ခင်ဗျာ။ ပွဲစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိဘဲ ယှဉ်ပြိုင်ကစားခဲ့တဲ့အတွက် Jet FC အသင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီပွဲစဉ်ရဲ့ ကျွန်တော်တို့အသင်းရဲ့ POTM (Player of the Match) ဆုကိုတော့ RW နဲ့ LB နှစ်နေရာလုံးမှာ ခြေစွမ်းပြကစားခဲ့တဲ့ Wai Yan က ထိုက်ထိုက်တန်တန် ရရှိသွားပါတယ်ခင်ဗျာ

ပင်နယ်တီလွဲတဲ့ ကွင်းလယ်ကစားသမား TYL ရဲ့ကျောနံပါတ် 9 ကတော့ 🫡

24/04/2026

လာပါပြီခင်ဗျာ၊ နောက်ထပ်ပွဲစဉ်တစ်ပွဲ။

TYL အသင်းအနေဖြင့် လာမည့် တနင်္ဂနွေနေ့တွင် ပထမဆုံး ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခဲ့ဖူးသည့် Jet FC အသင်းနှင့် ထပ်မံ၍ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပါသည်ခင်ဗျာ။ ပထမပွဲစဉ်တွင် ကျွန်တော်တို့ TYL အသင်းက ၂-၁ ဆိုသည့် ကျဉ်းမြောင်းသော ရလဒ်ဖြင့်သာ အနိုင်ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် လိုဂိုအသစ်၊ ကွင်းအသစ်များဖြင့် လာရောက်ယှဉ်ပြိုင်မည့် Jet FC အသင်းက မည်သို့ ပြင်ဆင်ထားမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်ခင်ဗျာ။

ပွဲစဉ်အသေးစိတ်

📆ရက်စွဲ: ၂၆.၄.၂၀၂၆ (တနင်္ဂနွေ)

🎽ဝတ်စုံ: အမဲရောင်

⏰အချိန်: ညနေ ၀၄:၀၀ - ၀၆:၀၀

📍နေရာ: ရွှေနံ့သာကွင်း (မင်္ဂလာဒုံ)

24/04/2026

TYL တို့ရဲ့ နောက်ဆုံးပွဲစဉ်မှာ FMF FC နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ တကယ့်ကို ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲပါပဲ။ တစ်ဦးကိုတစ်ဦး ထိခိုက်မှုမရှိအောင် ထိန်းသိမ်းပြီး ကစားပေးသွားတဲ့ တစ်ဖက်အသင်းကိုလည်း လေးစားစွာနဲ့ ကျေးဇူးတင်စကား ပြောပါရစေ

11/04/2026

⚽️ ယနေ့ပွဲစဉ် ကြေညာချက် ⚽️

ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက် (တနင်္ဂနွေနေ့) တွင် ယှဉ်ပြိုင်ကစားမည့် The Youth Legs အသင်း၏ ပွဲစဉ်အသေးစိတ်ကို ဖော်ပြပေးအပ်ပါသည်။ ကျွန်တော်တို့အသင်းကတော့ ယခုပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီးဖြစ်ပါသည်။

📍 ကွင်းနေရာ: ရွှေနံ့သာကွင်း
⏰ ကန်မည့်အချိန်: နံနက် ၉နာရီ
🎽ဝတ်စုံ: အမဲရောင်
🆚 ပြိုင်ဘက်အသင်း: Family Myanmar Fan FC

အသင်းသားများအားလုံး အနိုင်ရလဒ်ဖော်ဆောင်နိုင်ရန် ယုံကြည်မှု အပြည့်ဖြင့် ကစားသွားမည်ဖြစ်၍ နိုင်ပွဲများကိုထိန်းထားနိုင်ဖို့မျှော်လင့်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Shwe Pyi Thar , Oak Pho
Yangon
3716