Dr Khine

Dr Khine M.B.B.S

ကျွန်မတို့ တခါတလေကိုယ်မပြောချင်တဲ့အရာတွေပြောမိ၊ကိုယ်မဖြစ်ချင်တဲ့ပုံစံတွေကို ကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြောမိ၊တုံ့ပြန်လို...
29/01/2026

ကျွန်မတို့ တခါတလေကိုယ်မပြောချင်တဲ့အရာတွေပြောမိ၊ကိုယ်မဖြစ်ချင်တဲ့ပုံစံတွေကို ကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြောမိ၊တုံ့ပြန်လိုက်မိတာတွေကြုံဖူးကြမှာပါ။ဒါတွေက အကျင့်ကြောင့်လို့ထင်ခဲ့မိပေမယ့် တကယ်တမ်းကျ ကျွန်မတို့ရဲ့မသိစိတ်ထဲမှာ အမြစ်တွယ်နေတဲ့ အကြောက်တရားတွေ၊အနာတရတွေကြောင့်ဖြစ်ပေါ်လာတဲ့ trauma response တွေကြောင့်ဘဲဆိုတာကို healing journey ကိုဖြတ်သန်းရင်းသိလာခဲ့ရတယ်❤️‍🩹

လူရယ်လို့ ဖြစ်လာရင် ဘဝမှာ trauma(နာကျင်မှု)မရှိတဲ့သူဆိုတာ မရှိပါဘူး။ တချို့traumaတွေက အချိန်နဲ့အမျှ ပျောက်သွားသလို ထင်ရပေမယ့် တချို့ကတော့ ကိုယ့်စိတ်အတွင်းမှာ တိတ်တိတ်လေး နေရာယူပြီး ကိုယ့်အပြုအမူတွေ၊ အတွေးအခေါ်တွေကို မသိမသာ ထိန်းချုပ်နေတတ်ပါတယ်။

💔ဒီ traumaတွေကို Healing မလုပ်ဘူးဆိုရင် အတိတ်က နာကျင်မှုတွေကို မသိမသာ နေ့စဉ်ဘဝထဲ သယ်ဆောင်နေမိတတ်ပါတယ်။ ဥပမာ-အလွယ်တကူ စိတ်တိုတတ်လာတာ၊ လူတွေကို မယုံကြည်နိုင်တော့တာ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားနိုင်တော့တာတွေက ဒီtraumaတွေကြောင့် ဖြစ်လာတဲ့ကိုယ့်ရဲ့စိတ်က တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။အကျိုးဆက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ကိုယ့်relationship မှာ အဆင်မပြေတာတွေဖြစ်စေပြီး ဘဝကိုအဆင်မပြေမှု၊တိုးတက်သင့်သလောက် မတိုးတက်စေတာတွေဘဲဖြစ်စေမှာဖြစ်ပါတယ်

❤️‍🩹Healingလုပ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်အတွင်းကမ္ဘာinner worldကို ပြန်ရှာဖွေရတာဘဲဖြစ်တယ်။ဒီtraumaတွေကို Healing လုပ်နိုင်တဲ့အခါ ကိုယ့်နာကျင်မှုကို ဖုံးကွယ်ဖို့မကြိုးစားတော့ဘဲ ငါနာကျင်ခဲ့ဖူးပါလားဆိုပြီး အမှန်တိုင်းလက်ခံနိုင်လာမယ်။လက်ခံနိုင်လာတဲ့အချိန်ကစပြီး healing process စတင်ပြီလို့ဆိုလို့ရပါတယ်

❤️‍🩹Healing ဆိုတာ ပြီးပြည့်စုံလာဖို့ မဟုတ်ပါဘူး။ နာကျင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို နားလည်ပေးနိုင်ဖို့၊ ကိုယ့်စိတ်ကို မပစ်ထားတော့ဖို့ပါ❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr Khine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category