CHIN FC, JOHOR

CHIN FC, JOHOR

Share

Well Come To CHIN FC

17/07/2025

20.7.2025
Chin FC V Htin Htin Like ချစ်ကြည်​ရေး ခြေစမ်းပွဲ

Htin Htin Like Fc (သုံးသပ်ချက်)

*Htin Htin Like အသင်း ဟာ အခုနောက်ပိုင် အကောင်းဆုံး စုဖွဲ့မှုတွေနဲ့ တည်ဆောက်ထားတဲ့ အသင်းကောင်းတစ်သင်း
ဖြစ်ပါတယ်" ထို့အတူ အသင်းအုပ်ချုပ်သူရဲ့ ပံ့ပိုးမှုကလဲ လိုလေးသေးမရှိ ပြည့်ပြည့်စုံစုံ ထောက်ပံမှုနဲ့အတူ နိုင်ပွဲတွေဆက်တိုက်ရနေတဲ့
အသင်းဖြစ်ပါတယ် Chin Fc အနေနဲ့အ
အရင်က တွေ့ဆုံမှုတွေမှာ အသာစီး ရရှိထားပေမဲ့ အခု အချိန်တွေ့ဆုံမှုမှာတော့အတော်လေးကို လေး ခက်ခဲတဲ့ ပွဲစဥ် တစ်ပွဲ အဖြစ် ရှိနေမှာဖြစ့ပါတယ်

*CHIN FC (သုံးသပ်ချက်)

Chin Fc အသင်းကတော့ အခုချိန် အဘက်ဘက် က ကျဆင်းနေတဲ့ အသင်း ဖြစ်ပြီးတော့
ကစားသမား ပြန်လည် အားဖြည့်မှု နဲ့အတူ
အခုနောက်ပိုင်း ပွဲစဥ်တိုင်း ရုန်းကန်နေရတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ် *ပြီးခဲ့တဲ့ ရာသီတွေက ဆန်းဆန်းတောက် အသင်းတစ်သင်း ဆိုပေမဲ့ လက်ရှိတွင် ပွဲစဥ်တိုင်း ရုန်းကန်နေရပြီး
လာမဲ့ တနင်္ဂနေ့ မနက် 8:00 နာရီး မှာ ကစားမဲ့ အသင်းကလည်း Team work အရမ်းကောင်းတဲ့ အသင်း ဖြစ်လို့ Chin Fc အသင်းတွက်တော့ စိန်ခေါ်မှု တစ်ရပ် အဖြစ် ရှိနေမှာအသေချာဘဲ ဖြစ်ပါတယ် *
# ဘောလုံး ချစ်ပရိတ်သတ် များ အနေဖြင့် လာမဲ့ တနင်္ဂနေ့ ပွဲစဥ်ကို ဘယ်အသင်း အနိုင်ရရှိသွားမလဲ ဆိုတာ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်ကြည့်ကြပါစို့
*အားကစားကလောင်ဆင်* (JK)




11/06/2025

Happy birthday par မွေးနေ့မှာပျော် ရွှင်ပါစေနော် ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ လိုရာဆန္ဒအားလုံး ပြည့်ပါစေ
CHIN FC အသင်းမှာလဲ ပို၍ အားကိုးရသောသူဖြစ်ပါစေ

God bless you 🙏

30/05/2025

Happy birthday par CHIN FC
အသင်းရဲ့ အားကိုး ရတဲ့ ဂိုးသမားရေ
မွေးနေ့မှာ ပျော်ရွှင်ပါစေ နော် ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း ကျပါစေ နောင်နှစ်ပေါင်းများစွာတိုင်
ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေ🤝
God bless you 🙏

Photos from CHIN FC, JOHOR's post 13/04/2025

Happy birthday အုပ်ကြီးရေ
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆန္ဒနဲ့ဘဝတစ်ထပ်တည်း ကျပါစေ ရှေ့ဆက် ခြေစွမ်းတွေလဲ ပြန်ပြနိုင်ပါစေ 👏🤝💪
God bless you 🙏
Năing Thăńg

26/03/2025

ဘောလုံးအားကစားက လူကြိုက်များလား၊ မများလား နိုင်ငံတကာက ဘောလုံးပရိသတ်အင်အားကိုသာ ကြည့်ပါ။ ဘောလုံးပွဲဟေ့ဆို ထိုင်ရာမထစတမ်း စုဝေးကြည့်ကြ၊ တစ်နိုင်ငံလုံးနီးပါး အားပေးလိုက်ကြတာမျိုး။ ကိုယ့်နီးစပ်ရာ ဘောလုံးအားကစားကွင်းလေးတွေမှာလည်း အားတဲ့အချိန် အပျော်တမ်းစုကစားကြပါသေးတယ်။ ဒီဘောလုံးကစားနည်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် သိပ်အကျိုးပြုနိုင်တယ်ဆိုတာရော သိထားပြီးပြီလား။ အပျော်တမ်းအဖြစ်နဲ့ ကလေး၊ လူကြီး အတူကစားလိုတောင်ရတဲ့ ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင်နော်။

ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး တွေကတော့ –

(၁) သက်လုံကောင်းစေတယ်

ဘယ်နှုန်းနဲ့ပဲဖြစ်ဖြစ် မိနစ် ၉၀ လောက်ပြေးနေဖိုဆိုတာ သက်လုံကောင်းမှ၊ အမောခံနိုင်မှ ဖြစ်မှာပါ။ ကစားနေချိန်အတွင်း ဖြည်းဖြည်းလှုပ်ရှားလိုက်၊ ပြေးလိုက်၊ မြန်မြန်ပြေးလိုက်နဲ့ သက်လုံကောင်းဖို အလေ့အကျင့်ဖြစ်စေနိုင်ပါတယ်။ ဘောလုံးကစားလေ့ရှိသူက ပုံမှန်ထက် ပိုပြီး အမောခံနိုင်ပါတယ်။

(၂) နှလုံးသွေးကြောကျန်းမာရေး ပိုကောင်းစေတယ်
ဘောလုံးကစားသူက ပုံမှန်လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ အားစိုက်ပြေးတာ တိုကြောင့် နှလုံးခုန်နှုန်းကိုမြန်စေပြီး နှလုံးအတွက်လေ့ကျင့်ခန်းဖြစ်စေပါတယ်။ ဒီလိုပုံမှန်လှုပ်ရှားမှုက နှလုံးကို အားကောင်းစေပြီး သွေးလွှတ်ကြောတွေထဲက အဆီချေးတွေကို ချေဖျက်ပေးနိုင်တယ်၊ သွေးဖိအားကို ကျစေတယ်၊ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။

(၃) အဆီကျပြီး ကြွက်သားကျစ်စေတယ်
ဘောလုံးကန်ခြင်းက ကြွက်သားနဲ့ နှလုံးကို လုပ်ဆောင်ချက်ဖြစ်စေတာဖြစ်တဲ့အတွက် အဆီတွေလောင်ကျွမ်းစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြွက်သားတည်ဆောက်မှုကို ပိုကောင်းစေပြီး လှုပ်ရှားမှုတိုင်းမှာ အဆီပိုတွေကို လောင်ကျွမ်းစေတာကြောင့် အမျိုးသားတွေ အဆီကျကျစ်လျစ်ဖို အထိရောက်ဆုံးအားကစားထဲမှာ ပါဝင်ပါတယ်။

(၄) အရိုးသန်မာစေတယ်
လူတွေက အသက်ကြီးလာတာနဲ့အမျှ အရိုးကျန်းမာရေးက ကျဆင်းအားနည်းလာတတ်ပါတယ်။ ဘောလုံးကစားနည်းက ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီညီလှုပ်ရှားမှုနဲ့ လေ့ကျင့်လှုပ်ရှားမှုကြောင့် အရိုးဖွဲစည်းမှုကို ပိုကျန်းမာစေပါတယ်။

(၅) လှုပ်ရှားလုပ်ဆောင်မှု စည်းဝါးကိုက်ညီစေတယ်
ဘောလုံးကို ကိုယ့်ခြေထဲမှာ ထိန်းနိုင်ဖို လမ်းလျှောက်တာ၊ ပြေးတာ၊ အမြန်ပြေးတာတွေ ကြားမှာ လိုသလို ပြောင်းလဲလှုပ်ရှားနိုင်ဖို စည်းဝါးကိုက်ညီမှုက အဓိကအရေးကြီးပါတယ်။ အချိုး၊အကွေ့၊ အလိမ်၊ ဂိုးသွင်း၊ ဂိုးဖမ်းတာတွေမှာလည်း မျက်စိနဲ့ ခြေလက်လှုပ်ရှားမှုက အချိတ်အဆက်မိနေမှဖြစ်မှာပါ။ ဒီလိုအလေ့အကျင့်ကနေ အာရုံစိုက်နိုင်စွမ်းနဲ့ စည်းဝါးကိုက်ညီမှုကို ပိုကောင်းစေပါတယ်။

(၆) အသင်းအဖွဲလိုက်လုပ်ဆောင်မှု ပိုကောင်းစေတယ်
တစ်ဦးချင်းစွမ်းရည်ထက် အသင်းအဖွဲလိုက် ရလဒ်ကောင်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကျင့်သားရလာပါမယ်။ အဖွဲသားတွေနဲ့ ဘယ်လို အချိတ်အဆက်မိအောင် လှုပ်ရှားမလဲဆိုတဲ့ သော့ချက်ကို အသုံးချနိုင်လာတာ အကောင်းဆုံးပါပဲ။

(၇) ဦးနှောက်စွမ်းဆောင်ရည် ပိုကောင်းလာမယ်
အခြေအနေကို မူတည်ပြီး ချက်ချင်းပြောင်းလဲလှုပ်ရှားရတဲ့အခါ အာရုံစူးစိုက်နိုင်စွမ်း၊ ကိုယ့်ကိုယ်ကို ကြပ်မတ်ထိန်းသိမ်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်မြန်မြန်ချမှတ်နိုင်စွမ်းတိုမှာ အရည်အချင်းတိုးတက်လာပါမယ်။ အနိုင်ရဖို ဘယ်လိုဗျူဟာနဲ့ ဘယ်လိုလှုပ်ရှားမယ်ဆိုတာ ကွက်တိလုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာစေတယ်
ဘောလုံးကန်ခြင်းက ကိုယ်ခန္ဓာကြံ့ခိုင်စေရုံပါမက ကစားသမားရဲ့စိတ်ကိုလည်း ကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေတိုးတက်လာတာက လုပ်ဆောင်နိုင်စွမ်းတွေမှာ သိသိသာသာ ကောင်းမွန်စေပါတယ်။ စိတ်ဓာတ်ကျနေသူတွေမှာပါ ဘောလုံးကစားရင်း ပြန်လည်တက်ကြွလာတာတွေ ဖြစ်စေနိုင်ပါတယ်။

(၉) ကိုယ်ခံအားကို ကောင်းစေတယ်
ဘောလုံးကန်ရင်း လှုပ်ရှားလေ ကျန်းမာကြံ့ခိုင်လေမို ကိုယ်ခံအားပိုကောင်းစေတယ်၊ ရောဂါပိုးတွေ ခုခံနိုင်စွမ်းပိုကောင်းစေပါတယ်။

ဘောလုံးကစားနည်းက ငွေကုန်ကြေးကျလည်းမများ၊ ကန့်သတ်ချက်လည်းမများတဲ့ အားကစားတစ်မျိုး ဖြစ်တဲ့အတွက် အပျော်တမ်းအနေနဲ့ရော၊ ကျန်းမာရေးအတွက်ပါ ကလေးလူကြီး အရွယ်မရွေး လူတိုင်းပါဝင်ကစားနိုင်ပါတယ်။

Photos from CHIN FC, JOHOR's post 10/03/2025

Happy Birthday par
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆန္ဒနဲ့ဘဝတစ်ထပ်တည်း ကျပါစေ 👏 ပွဲတိုင်းမှာ လဲ ခြေစွမ်းပြနိုင်ပါစေ
God bless you 🙏
Ro Ling Hung

Photos from CHIN FC, JOHOR's post 08/03/2025

2025-2026 ဘောလုံး ရာသီအတွက်
CHIN FC မှ ပေါင်သန်း 60 စီနဲ့😍 ခေါ်ယူအားဖြည့်လိုက်သော ကစားသမားသစ်နှစ်ဦးဖြစ်သော ဆလိုင်း အောင်ပြည့်ထွန်းAM နှင့် ဆလိုင်းအောင်ပြည့်ဖြိုးCF တို့ရဲ့ ပုံရိပ်များ😍 👏🤝🤝

Wellcome. To CHIN FC 👏👏🤝🤝💪💪

Photos from CHIN FC, JOHOR's post 08/03/2025

2025-2026 ဘောလုံး ရာသီအတွက်
CHIN FC မှ ပေါင်သန်း 60 စီနဲ့😍 ခေါ်ယူအားဖြည့်လိုက်သော ကစားသမားသစ်နှစ်ဦးဖြစ်သော ဆလိုင်း ထန်းမာန် နှင့် ဆလိုင်း ထွန်းမင်းလတ် တို့ရဲ့ ပုံရိပ်များ😍 👏🤝🤝

Wellcome. To CHIN FC 👏👏🤝🤝💪💪

Photos from CHIN FC, JOHOR's post 04/03/2025

9.3. 2025 အတွက်

မြန်မာ့ရိုးရာ နှစ်သစ်ကူး နှစ်ဦးတရားပွဲနှင့် လမ်း
လျောက်သင်္ကြန်ပွဲတော် ရန်ပုံငွေအတွက် CHIN FC အသင်း မှ ပါဝင်အားဖြည့်ခြင်း👏👏🤝🤝

@အကောင်းဆုံး ကြိုးစားကြမယ် 👏🤝💪💪

28/02/2025

တစ်ချိန်ချိန်မှာ အမှတ်တရဖြစ် ​ပြန်ကြည့်ဖို့
ငါတို့တွေ ဆိုးသူကောင်းဖက် အတူ ရှိခဲ့ကြတယ်
ရေပေါ်လဲ ဘောလုံးကန်ခဲ့ကြသလို😍
ကုန်းပေါ်မှာလဲ ကန်ခဲ့ကြတယ်😍

ရသင့်ရထိုက်တဲ့ အောင်မြင်မှု တွေလဲ ယူခဲ့ကြတယ် ထပ်ပြီး ရှေ့ဆက်ကြတာပေါ့ 💪💪

FC အသင်းသူအသင်းသား
အားလုံးကို ချစ်တယ်

@ဘဝတစ်ကွေ့မှာ အမှတ်တရတွေပါ့ကွာ😥

Photos from မေတ္တာရိပ် ဖောင်ဒေးရှင်း's post 22/01/2025

နောက်ထပ်ပွဲတေလည်း ရန်ပုံငွေအတွက်ဆို
ပါဝင်အားဖြည့်ဖို့ အသင့်ပါဘဲ💪❤️
CHIN FC JOHOR BAHRU 😍

Want your business to be the top-listed Gym/sports Facility in Johor Bahru?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Johor Bahru
808000