Myanmar Tottenham Hotspur

Myanmar Tottenham Hotspur

Share

We Are Tottenham hotspurs

Photos from Myanmar Tottenham Hotspur's post 08/05/2026

လွန်ခဲ့တဲ့ ၇ နှစ်က Tottenham Hotspur အသင်းဟာ AFC Ajax နဲ့ Champions League semifinal ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပထမ‌ကျော့ အိမ်ကွင်းမှာ 0-1နဲ့ ရှုံးနိမ့်ခဲ့ပါတယ်၊ဒုတိယအကျော့ အေဂျက်အသင်းအိမ်ကွင်းမှာ သွားကန်ရတော့လဲ ပထမပိုင်းမှာ 2-0နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ထို့ကြောင့် စပါးအသင်းဖန်တွေနဲ့ဘောလုံးပရိသတ် အားလုံးက နှစ်ကျော့ပေါင်း 3-0 နဲ့ရှုံးနိမ့်နေတဲ့ စပါးအသင်းအနေနဲ့ ဒုတိယပိုင်းမှာ ပြန်မလာနိုင်တော့လောက်ပါဘူး၊ Semifinal ကနေပဲ လက်ပြ နှုတ်ဆက်ရတော့မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
စပါးအတွက် Final အိပ်မက်က လုံးဝ ပျောက်သွားပြီလို့ လူတိုင်းထင်နေတဲ့အချိန်…

ဒုတိယပိုင်းစလို့ ပွဲကစားချိန်
55’ ⚽
59’ ⚽
90+6’ ⚽
မိနစ်တွေမှာ Lucas Moura 🔥က အသင်းအတွက် တစ်‌ဦးတည်း Hat-trick သွင်းယူကာ Spursအသင်း ကို အဝေးဂိုးစည်းမျဉ်းနဲ့ Final ပို့ပေးနိုင်ခဲ့ပြီး ထိုပွဲစဉ်ဟာလဲ Champions League သမိုင်းထဲက အကောင်းဆုံး၊အမှတ်ရဆုံး comeback တွေထဲက တစ်ခု အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဘာလိုလိုနဲ့7နှစ်တောင် ကြာသွားခဲ့ပြီဗျာ
အရင်အချိန်တွေကို ပြန်လွမ်းမိသား🥹

#တော့တင်ဟမ်ဟော့စပါး #ချန်ပီယံလိဂ် #စပါး #အေဂျက်

08/05/2026

Roberto De Zerbi က ဂျိုအာအို ပါလ်ဟင်ညာကို အငှားစာချုပ်ပြီးရင်လည်း ဆက်ထိန်းထားချင်လားဆိုတဲ့ မေးခွန်းအပေါ် 🗣️

“100%နှုန်းပြည့်ပဲ။ ဒီလိုလူမျိုးတွေကို အခြေခံပြီး အသင်းကို တည်ဆောက်ရမယ်။ ကစားသမားကောင်းတွေထက် ယုံကြည်လို့ရတဲ့ လူတွေ၊ ယုံကြည်လို့ရတဲ့ ကစားသမားတွေ ပိုလိုအပ်တယ်။

ပါလ်ဟင်ညာက ကစားသမားအနေနဲ့လည်း ထိပ်တန်းပါပဲ၊ လူပုဂ္ဂိုလ်အနေနဲ့လည်း အရမ်းကောင်းတဲ့သူပါ။ ကျွန်တော်က အသင်းမှာ passion၊ spirit နဲ့ personality တူတဲ့ ကစားသမားတွေကို မြင်ချင်တယ်။ ပါလ်ဟင်ညာလို လူမျိုးရှိနေတာ ကျွန်တော်တို့အတွက် ကံကောင်းမှုပါ” လို့ ပြောကြားခဲ့ပါတယ်။

#တော့တင်ဟမ်ဟော့စပါး #ပရီးမီးယားလိဂ် #စပါး

08/05/2026

🏴🗣 ဒီဇာဘီက James Maddison ကို Leeds နဲ့ပွဲမှာ ပါဝင်ကစားနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး🗣️

“ကျွန်တော် Maddison ကို စဉ်းစားနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်မြင်နေတာက top, top player တစ်ယောက်ပါ။
ဒါပေမဲ့ သူက ပွဲကစားဖို့ အဆင်သင့် မဖြစ်သေးနိုင်ပါဘူး။ Physical condition ကြောင့် မဟုတ်ဘဲ game rhythm နဲ့ intensity ကြောင့်ပါ။
ကျွန်တော်တို့ Premier League မှာ ကစားနေတာဖြစ်ပြီး ဒီလိဂ်ဟာ အားလုံးသိတဲ့ အတိုင်းဘဲ intensity နဲ့ rhythm အမြင့်ဆုံး league တစ်ခုပါ။”

ထပ်ပြီးတော့ —

“Solanke က အရမ်းမြန်မြန် တိုးတက်လာနေပါတယ်။ Stamford Bridge မှာ ကစားမယ့် ချဲလ်ဆီးနဲ့ နောက်ပွဲအတွက် အဆင်သင့် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Vicario ကတော့ ready မဖြစ်သေးပါဘူး။ Plan ဘယ်လိုရှိမလဲဆိုတာလည်း လော‌လောဆယ်ကျွန်တော် မသိသေးပါဘူး။”
[ Alasdair Gold ]

#စပါး #ပရီးမီးယားလိဂ် #တော့တင်ဟမ်ဟော့စပါး #လိဒ်

08/05/2026

ရော်ဘတ်တို ဒီဇာဘီက လိဒ်စ်နဲ့ပွဲမှာ နည်းဗျူဟာတချို့ ပြောင်းလဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ပွဲစဉ်အလိုက် တချို့အရာတွေကို ပြောင်းလဲချင်ပါတယ်။ ဘောလုံးမှာ အခြေခံကစားပုံ principles တွေက အရမ်းအရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာကလည်း အဓိကကျသလို နည်းဗျူဟာပိုင်းကလည်း အရေးပါနိုင်ပါတယ်။

ကွင်းအတွင်း space အသုံးချပုံတွေမှာ တချို့ပြောင်းလဲမှုတွေ လုပ်သွားမှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အကြံအစည်တွေ၊ ညွှန်ကြားချက်တွေ အများကြီး မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမားတွေက game plan ကို အရမ်းစဉ်းစားနေရင်း energy လျော့သွားမှာ မလိုချင်လို့ပါ။

ကျွန်တော်ကတော့ ကစားသမားတွေကို လွတ်လပ်မှုနဲ့ ယုံကြည်မှုရှိရှိ ကစားစေချင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း plan ကို လိုက်နာရမှာပါ။ ဘောလုံးက ၁၁ ယောက်ပေါင်းပြီး ကစားရတဲ့ အားကစားဖြစ်ပြီး golf ဒါမှမဟုတ် tennis လို တစ်ယောက်တည်း မဟုတ်ပါဘူး။

ကျွန်တော်တို့လိုအပ်တာက ရိုးရှင်းတဲ့အရာတွေ၊ ရှင်းလင်းတဲ့အရာတွေပါပဲ။ အဲ့ဒါနဲ့တင် လုံလောက်မယ်လို့ ထင်ပါတယ်။”

#စပါး #ပရီးမီးယားလိဂ် #တော့တင်ဟမ်ဟော့စပါး

07/05/2026

🗣️ Roberto De Zerbi က Archie Gray ဟာ အနာဂတ်မှာ Tottenham အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“သူက အရမ်းငယ်သေးပေမဲ့ player တစ်ယောက်အနေနဲ့ potential အရမ်းကြီးပါတယ်။
ကျွန်တော်ထင်တာက သူဟာ ဒီကလပ်ရဲ့ အနာဂတ် ဖြစ်လာနိုင်ပါတယ်။ ဒီအသင်းရဲ့ captain လည်း ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ ကွင်းထဲမှာ သူ့ရဲ့ အကောင်းဆုံး position က ဘာလဲဆိုတာကို ပိုနားလည်ဖို့ လိုပါတယ်။

သူက position အများကြီးမှာ ကစားနိုင်ပေမဲ့ ကျွန်တော်ကတော့ position တစ်ခုမှာ ပိုပြီး specific ဖြစ်စေချင်ပါတယ်။
အဲ့ဒါအတွက် individual meetings တွေ၊ individual clips တွေနဲ့ အလုပ်လုပ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူက အရေးပါတဲ့ player တစ်ယောက်ပါ။”

#တော့တင်ဟမ်ဟော့စပါး #ပရီးမီးယားလိဂ် #စပါး

Photos from Myanmar Tottenham Hotspur's post 07/05/2026

ဒီနေ့ စပါးအသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာတွေ့ခဲ့တဲ့
ဂျိမ်းမက်ဒီဆင်နဲ့ကစားသမား တချို့ရဲ့ ပုံများ

ဒဏ်ရာရသွားတဲ့ Xavi Simons ရဲ့ နေရာကိုတော့
မက်ဒီဆင်က အစားထိုး ဝင်ရောက်လာတော့မဲ့ အနေထားဘဲဗျို့

#စပါး #တော့တင်ဟမ်ဟော့စပါး #ပရီးမီးယားလိဂ်

07/05/2026

ပရီးမီးယားလိဂ်ကလပ်တွေဟာ ဒီနွေရာသီမှာ စပါးအသင်းက Will Lankshear ကို ထွက်ခွာခွင့်ပေးမယ်ဆိုရင် ခေါ်ယူဖို့ အဆင်သင့်ရှိနေကြပါတယ်။ ဒါပေမဲ့ Roberto De Zerbi လက်အောက်မှာ သူ့ရဲ့အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတွေ ရှိနေတယ်လို့ သိရပါတယ်။
Will Lankshear ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်မှာ အငှားထွက်ကစားပြီး ‌ကောင်းမွန်တဲ့ ခြေစွမ်းမျိုး
ပြသနိုင်ခဲ့ပါတယ်။

#တော့တင်ဟမ်ဟော့စပါး #ပရီးမီးယားလိဂ် #စပါး

06/05/2026

စပါးအသင်းရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ Cristian Romero သို့မဟုတ် Micky van de Ven တို့ထဲက တစ်ယောက်ဟာ ဒီနွေရာသီမှာ အသင်းက‌နေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းရရှိထားပါတယ်။


အသင်းခေါင်းဆောင် ရိုမဲရိုးကတော့ အသင်းကနေ ထွက်ခွါဖို့ ပိုဖြစ်နိုင်ချေရှိပြီး၊ဗန်ဒီဗန်လဲ ဖြစ်နိုင်ပါသေးတယ်၊ ပြောမရဘူး နှစ်ယောက်စလုံးလဲ ထွက်သွားရင် ထွက်သွားနိုင်တယ်။

တကယ်လို့ စပါးဖန်တွေအနေနဲ့ ဒီနှစ်ယောက်ထဲ တစ်ယောက်ကိုဘဲ ရွေးရမယ် ဆိုရင် ဘယ်သူ့ကို အသင်းမှာ ဆက်ထားချင်လဲ ရွေးချယ်ချင်လဲ?

#တော့တင်ဟမ်ဟော့စပါး #ပရီးမီးယားလိဂ် #စပါး

06/05/2026

Jacobs Ben က GiveMeSport ကို ပြောကြားရာမှာ Micky van de Ven ဟာ Tottenham Hotspur အသင်းအနေနဲ့ Premier League မှာ ဆက်လက်ရှိနေမယ်ဆိုရင် သူ့ရဲ့အနာဂတ်ကို Spurs အသင်းအတွက် ပေးဆပ်ကစားသွားဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

“Van de Ven လို ကစားသမားမျိုးဆိုတာ Spurs အသင်း တန်းဆင်းသွားခဲ့ရင်တောင် မဖြစ်မနေ ထိန်းထားရမယ့် ကမ္ဘာ့အဆင့် ကစားသမားကောင်း တစ်ယောက် ပါ။ ဒါပေမဲ့ တန်းဆင်းသွားမယ်ဆိုရင် တော့ ထိန်းထားဖို့က အရမ်းခက်ခဲသွားမယ်။

ဒါပေမဲ့ တစ်ခု ပြောချင်တာက Spurs သာ တန်းမဆင်းဘဲ Premier League မှာ ဆက်ကျန်နေမယ်ဆိုရင်တော့ ကျွန်တော်ရရှိထားတဲ့ အချက်အလက်အရ Van de Ven ဟာ စာချုပ်သစ်ချုပ်ဖို့ အရမ်းစိတ်ဝင်စားနေပါတယ်။

လက်ရှိမှာလည်း သူက နည်းပြ Roberto De Zerbi နဲ့ အရမ်းပျော်ရွှင်နေပါတယ်။ De Zerbi ရောက်လာတာက Spurs အသင်းကို တန်းမဆင်းဘဲ ရှင်သန်နိုင်ချေကိုလည်း မြှင့်တင်ပေးထားပြီး၊ Van de Ven က စာချုပ်သစ်ချုပ်ဖို့ အလားအလာပိုများလာ‌ေစပါတယ်။ ဒါပေမဲ့ Cristian Romero ကတော့ ထွက်ခွာသွားနိုင်သေးပါတယ်” လို့ ပြောကြားထားပါတယ်။

#စပါး #တော့တင်ဟမ်ဟော့စပါး

06/05/2026

Luka Vuskovicကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုဖို့ စတင်ပြင်ဆင်လာတဲ့ စပါးအသင်း

တော့တင်ဟမ်စပါးအသင်းဟာ ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားနေမှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ကာ ဂျာမဏီဘွန်ဒက်လီဂါကလပ် ဟမ်းဘတ်အသင်းမှာ အငှားကစားပြီး ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် Luka Vušković ကို ကာလရှည်စာချုပ်အသစ်တစ်ရပ် ချုပ်ဆိုကမ်းလှမ်းရန် စတင် ပြင်ဆင်နေပြီဖြစ်ပါတယ်။

#တော့တင်ဟမ်ဟော့စပါး #စပါး #ဟမ်းဘတ် #ဘွန်ဒက်လီဂါ

05/05/2026

ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်တဲ့ Xavi Simons ✔️

ပြန်လည်ထူ‌ထောင်ရေးနဲ့ ပြန်လည်ကောင်းမွန်လာမယ့် ခရီးစဉ်တစ်လျှောက်လုံးမှာ
ကျွန်တော်တို့အားလုံးဟာ မင်းဘေးနားမှာ အမြဲရှိနေပြီး အဆင့်တိုင်းကို အတူတူ ဖြတ်သန်းသွားမယ်။
Fighting Xavi Simons 💪🤍

#တော့တင်ဟမ်ဟော့စပါး #စပါး #ဇာဗီစီမွန် #တော့တင်ဟမ်

Want your business to be the top-listed Gym/sports Facility in Johor Bahru?

Click here to claim your Sponsored Listing.

Location

Telephone

Address

Johor Bahru