Myanmar Tottenham Hotspur

Call Website

Myanmar Tottenham Hotspur We Are Tottenham hotspur🐓🤍🏅🏆⚽🇲🇲

အာဆင်နယ်နဲ့ မန်စီးတီးပွဲမှာ ဂါဘရီရယ်က ဟာလန်းကို ခေါင်းနဲ့တိုက်ခဲ့ပေမဲ့ အနီကတ်အပြ မခံခဲ့ရဘူး ဒါပေမဲ့မန်ယူနဲ့ စပါးပွဲမှာတေ...
10/10/2026

အာဆင်နယ်နဲ့ မန်စီးတီးပွဲမှာ ဂါဘရီရယ်က ဟာလန်းကို ခေါင်းနဲ့တိုက်ခဲ့ပေမဲ့ အနီကတ်အပြ မခံခဲ့ရဘူး ဒါပေမဲ့
မန်ယူနဲ့ စပါးပွဲမှာတော့ လုရှောရဲ့ တွန်းထုတ်မှုကြောင့် ကွင်းဘေးကို လဲကျသွားခဲ့ရတဲ့ ဘန်တန်ကာက လုရှောကို ခေါင်းနဲ့ပြန်တိုက်မိတာနဲ့ အနီကတ်ပြခံခဲ့ရပြန်တယ်။ 🤷‍♂️

တူညီတဲ့ လုပ်ရပ်မျိုးတွေမှာ ဆုံးဖြတ်ချက်တွေက ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။

ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေရဲ့ အရည်အသွေးကို တကယ်ပဲ မေးခွန်းထုတ်ချင်စရာပါ။ ရာသီတိုင်းလိုလို အလားတူအမှားတွေ၊ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ ထပ်ခါထပ်ခါ မြင်တွေ့နေရတုန်းပဲ။

ပြီးတော့ ဘာဖြစ်လဲ… အမှားလုပ်မိပြီဆိုရင် စာထုတ်ပြီး တောင်းပန်လိုက်တယ်။ ဒီလောက်နဲ့ပဲ ဇာတ်လမ်းက ပြီးသွားရော။

ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ကြွေးကြော်နေတဲ့ ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အရည်အသွေးကတော့ တကယ်ကို ရယ်စရာကောင်းလွန်းပါတယ်။ 😅

ဘောလုံးပွဲတစ်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲသွားစေနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေရတဲ့သူတွေက ဒီထက်ပိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ မလိုအပ်ဘူးလား။

အမှားလုပ်ပြီး တောင်းပန်ရုံနဲ့ မလုံလောက်ပါဘူး။ အမှားတွေကို ထပ်မဖြစ်အောင် ပြင်ဆင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။


#ပရီးမီးယားလိဂ်
#ဒိုင် #စပါး #တော့တင်ဟမ် #အာဆင်နယ် #မန်စီးတီး
#မန်ယူ

Full Time မန်ယူ 1-1 တော့တင်ဟမ်Mbeumo73’ Bentancur 78’ Red Card 🟥                      Solanke 90+2’ပွဲချိန် ၇၈ မိနစ်နောက...
10/10/2026

Full Time

မန်ယူ 1-1 တော့တင်ဟမ်
Mbeumo73’ Bentancur 78’ Red Card 🟥
Solanke 90+2’

ပွဲချိန် ၇၈ မိနစ်နောက်ပိုင်း တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် မန်ယူအသင်းရဲ့အိမ်ကွင်းမှာ သရေတစ်မှတ် အရယူနိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး


#စပါး #မန်ယူ
#တော့တင်ဟမ် #မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ်

မန်ယူအသင်းနဲ့ပွဲစဉ်အတွက် စပါးအသင်းရဲ့ လူစာရင်းဒီဇာဘီဟာ နိုင်ငံတကာပွဲတွေမှာ ပွဲအများကြီးကစားထားရသူတွေ၊ ခရီးအဝေးကြီး သွားလ...
10/10/2026

မန်ယူအသင်းနဲ့ပွဲစဉ်အတွက် စပါးအသင်းရဲ့ လူစာရင်း

ဒီဇာဘီဟာ နိုင်ငံတကာပွဲတွေမှာ ပွဲအများကြီးကစားထားရသူတွေ၊ ခရီးအဝေးကြီး သွားလာထားရသူတွေကို ထည့်သွင်းစဉ်းစားပြီး စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ ၆ နေရာအထိ ပြုလုပ်ထားပါတယ်။

ဒါ့အပြင် မိုဟာမက် ကူဒုစ် (Mohammed Kudus)ဟာလည်း ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပွဲကို ပွဲထွက်လူစာရင်းကနေ စတင်ကစားခွင့်
ရရှိလာပါတယ်။

Fighting Spurs 💪💪💪


#ပရီးမီးယားလိဂ်
#စပါး #မန်ယူ #မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ်

🚨 စပါးအသင်းဟာ မန်ယူအသင်းနဲ့ ပွဲစဉ်ပြီးနောက် စပိန်နိုင်ငံကို လေ့ကျင့်ရေးခရီး ထွက်ခွာမည်။တော့တင်ဟမ်နည်းပြ ရောဘတ်တို ဒီဇာဘီ...
10/10/2026

🚨 စပါးအသင်းဟာ မန်ယူအသင်းနဲ့ ပွဲစဉ်ပြီးနောက် စပိန်နိုင်ငံကို လေ့ကျင့်ရေးခရီး ထွက်ခွာမည်။

တော့တင်ဟမ်နည်းပြ ရောဘတ်တို ဒီဇာဘီဟာ ရာသီအစပိုင်းမှာ အသင်းသားတွေအချင်းချင်း ပိုမိုရင်းနှီးစည်းလုံးလာစေဖို့ စပိန်နိုင်ငံ၊ မာဘယ်လာမြို့ကို အသင်းလိုက်ခရီးစဉ် စီစဉ်ထားပါတယ်။

ယနေ့ ည မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်ပြီးတာနဲ့ စပါးအသင်းသားတွေဟာ စပိန်နိုင်ငံကို ထွက်ခွာသွားမှာဖြစ်ပါတယ်။

အဲဒီခရီးစဉ်အတွင်း လာမယ့် ကိုဗင်ထရီအသင်းနဲ့ ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်သွားမှာဖြစ်သလို လူသစ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းသစ်တစ်သင်းအနေနဲ့ အချင်းချင်း ပိုမိုနားလည်ရင်းနှီးလာစေဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီဇာဘီရဲ့ ရည်ရွယ်ချက်က ကွင်းထဲက စွမ်းဆောင်ရည်တင်မကဘဲ အသင်းသားတွေအကြား စည်းလုံးညီညွတ်မှုနဲ့ အသင်းစိတ်ဓာတ်ကိုပါ တည်ဆောက်ဖို့ ဖြစ်ပါတယ်။



#စပါး
#တော့တင်ဟမ် #ပရီးမီးယားလိဂ် #မန်ယူ #မန်ချက်စတာယူနိုက်တက် #စပိန် #ကိုဗင်ထရီ

ဒီညတော့တင်ဟမ်ဟော့စပါးပွဲရှိသည်⚔ မန်ချက်စတာယူနိုက်တက် vs တော့တင်ဟမ် 🏆ပရီးမီးယားလိဂ် ဖလား - ပွဲစဉ် 6📅  Saturday, October 1...
10/10/2026

ဒီညတော့တင်ဟမ်ဟော့စပါးပွဲရှိသည်

⚔ မန်ချက်စတာယူနိုက်တက် vs တော့တင်ဟမ်

🏆ပရီးမီးယားလိဂ် ဖလား - ပွဲစဉ် 6

📅 Saturday, October 10, 2026

⏰ မြန်မာစံတော်ချိန် ည 11:00 PM

🏟ကွင်းတည်နေရာ: Old Trafford,Manchester,England

ကွင်းလယ်ဒိုင်: Stuart Attwell

#ဒီညတော့တင်ဟမ်ဟော့စပါးပွဲရှိသည် #စပါး #မန်ယူ
#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ်
#တော့တင်ဟမ်

ပရီးမီးယားလိဂ် ပွဲစဉ်5ပွဲ ကစားအပြီး လက်ရှိ Premier League အသင်းတွေရဲ့တန်းဆင်းနိုင်ခြေ ခန့်မှန်းချက်* Coventry City — 67%...
26/09/2026

ပရီးမီးယားလိဂ် ပွဲစဉ်5ပွဲ ကစားအပြီး လက်ရှိ Premier League အသင်းတွေရဲ့တန်းဆင်းနိုင်ခြေ ခန့်မှန်းချက်

* Coventry City — 67%
* Hull City — 56%
* Ipswich Town — 46%
* Tottenham Hotspur — 14%

ဒီရာခိုင်နှုန်းတွေက Polymarket ရဲ့ market-based ခန့်မှန်းချက် ဖြစ်ပြီး တကယ်တန်း တန်းဆင်းမယ်ဆိုတဲ့ အတည်ပြုချက် မဟုတ်သေးပါဘူး။


#စပါး #တော့တင်ဟမ်
#ပရီးမီးယားလိဂ်

Kusevski ပြန်လာတော့မယ်လို့ မျှော်လင့်လို့ရပါပြီ!ရက်ပေါင်း 500ကျော်ကြာဒဏ်ရာကြောင့် အနားယူနေရတဲ့ Dejan Kulusevski ဟာ လာမဲ့...
24/09/2026

Kusevski ပြန်လာတော့မယ်လို့ မျှော်လင့်လို့ရပါပြီ!

ရက်ပေါင်း 500ကျော်ကြာဒဏ်ရာကြောင့် အနားယူနေရတဲ့ Dejan Kulusevski ဟာ လာမဲ့ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ Tottenham ရဲ့ Matchday Squad ထဲ ပြန်လည်ပါဝင်လာနိုင်ဖို့ မျှော်လင့်ချက်ကောင်းတွေ ရှိနေပါတယ်။

အခြေအနေတွေ အဆင်ပြေပြီး ကြံ့ခိုင်မှုအပိုင်းကလည်း တိုးတက်လာခဲ့မယ်ဆိုရင် လာမဲ့ အောက်တိုဘာ ၁၀ ရက်နေ့ မှာ ကစားမဲ့ မန်ယူအသင်းနဲ့ပွဲမှာတောင် ကူလူဆက်ဗ်စကီးကို စပါးအသင်းရဲ့လူစာရင်းထဲ ပြန်လည်မြင်တွေ့ရနိုင်ပါတယ်။

အချိန်အတော်ကြာ ဒဏ်ရာရနေခဲ့တဲ့ Deki ပြန်လာနိုင်မယ့်သတင်းကတော့ Spurs ပရိသတ်တွေအတွက် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စောင့်မျှော်စရာ သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Deki ရေ…အားလုံးက မင်းကို စပါး Shirt နဲ့ ပြန်မြင်နေချင်ကြပြီ!



#စပါး #တော့တင်ဟမ်
#ဒီဂျန်ကူလူဆက်ဗ်စကီး #မန်ယူ #ပရီးမီးယားလိဂ်

စပါးအသင်းဂျာစီကို ဝတ်ဆင်ရတာ ဘာအဓိပ္ပာယ်လဲဆိုတာ နားလည်ကြရဲ့လားလို့ မေးခွန်းထုတ်လိုက်တဲ့ ဂါးလက်စ်?တော့တင်ဟမ်ဟော့စပါးအသင်းရ...
23/09/2026

စပါးအသင်းဂျာစီကို ဝတ်ဆင်ရတာ ဘာအဓိပ္ပာယ်လဲဆိုတာ နားလည်ကြရဲ့လားလို့ မေးခွန်းထုတ်လိုက်တဲ့ ဂါးလက်စ်?

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နောက်ခံကစားသမားဟောင်း William Gallas က လက်ရှိ Tottenham ကစားသမားတွေရဲ့ အရည်အသွေးနဲ့ အသင်းအပေါ်ထားရှိတဲ့ စိတ်ဓာတ်ပိုင်း ကို မေးခွန်းထုတ်လိုက်ပါတယ်။

ဂါးလက်စ်🗣️ “ဒီကစားသမားတွေမှာ လိုအပ်တဲ့ Quality ရှိရဲ့လား?
Spurs Shirt ကို ဝတ်ဆင်ရတာ ဘာအဓိပ္ပာယ်ရှိတယ်ဆိုတာ ကောသူတို့ နားလည်ကြရဲ့လား?”လို့ မေးခွန်းထုတ်ပြောဆိူသွားခဲ့ပါတယ်။

လက်ရှိ စပါးအသင်းရဲ့ ရလဒ်တွေနဲ့ ကစားပုံအပေါ် ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်နေချိန်မှာ Gallas ရဲ့ မှတ်ချက်ကလည်း ကစားသမားတွေရဲ့ အရည်အသွေးနဲ့ Mentality ကို အာရုံစိုက်စရာ ဖြစ်လာစေခဲ့ပါတယ်။ 👀



#ဂါးလက်စ် #ဝီလျံဂါးလက်စ်

စပါးပွဲပြီးနောက် ပြောစရာတွေက များလွန်းနေပါပြီ…😤အက်စတွန်ဗီလာကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ စပါးအတွက် စိုးရိမ်စရာ...
20/09/2026

စပါးပွဲပြီးနောက် ပြောစရာတွေက များလွန်းနေပါပြီ…😤

အက်စတွန်ဗီလာကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ စပါးအတွက် စိုးရိမ်စရာတွေက တစ်ပွဲထက်တစ်ပွဲ ပိုများလာပါတယ်။

ပွဲပြီးခါနီးမှာ Dominic Solanke ရဲ့ အခြေအနေကလည်း စိုးရိမ်စရာဖြစ်လာခဲ့ပြီး De Zerbi က သူ့ဆီကနေ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် လိုအပ်နေပြီလို့ တိုက်ရိုက်ပြောခဲ့ပါတယ်။ De Zerbi ရဲ့အဆိုအရ Solanke ရဲ့ လက်ရှိ physical condition က လုံလောက်မှုမရှိသေးဘဲ ယုံကြည်မှုအပိုင်းမှာလည်း ပိုကောင်းလာဖို့လိုအပ်နေပါသေးတယ်။

တစ်ဖက်မှာလည်း De Zerbi ရဲ့ အကြောင်းပြချက်တွေက ပရိသတ်တွေအတွက် မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ Fitness၊ leadership၊ communication၊ balance နဲ့ finishing စတဲ့ အကြောင်းပြချက်တွေကို ထပ်ခါတလဲလဲ ကြားနေရပေမယ့် အသင်းရဲ့ ရလဒ်ကတော့ မပြောင်းလဲသေးပါဘူး။

Mateus Fernandes ကိုလည်း De Zerbi က ဒီပွဲမှာ သူ့ရဲ့ performance ကို မကြိုက်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ပေါင်85သန်းနဲ့ ခေါ်ယူထားတဲ့ Fernandes ကို မူလအားသာချက်ရှိတဲ့ midfield role ထက် No.10 နေရာမှာ အသုံးပြုနေရတာကလည်း မေးခွန်းထုတ် ဆွေးနွေးစရာဖြစ်နေပါတယ်။

ပြီးတော့ Kudus အတွက် Fernandes ကို ဒုတိယပိုင်းအစမှာပဲ ထုတ်ခဲ့တဲ့ အပြောင်းအလဲ ကလည်း မေးခွန်းထုတ်စရာပါ။ De Zerbi ကိုယ်တိုင် Kudus ဝင်လာပြီးနောက် အသင်း balance ပျောက်သွားခဲ့တယ်လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒါဟာ ရှုံးနိမ့်ရတဲ့ အဓိကအကြောင်းရင်းမဟုတ်ဘူးလို့ ပြန်ရှင်းပြခဲ့ပါတယ်။

အထူးသဖြင့် အရမ်းထူးဆန်းတဲ့ စာရင်းအင်းတွေ ကလည်း စပါးရဲ့ လက်ရှိအခြေအနေကို ပိုပြီး ထင်ရှားစေပါတယ်။ လက်ရှိ ၅ ပွဲကနေ ၂ မှတ်သာရရှိထားပြီး ၂၀၀၈ နောက်ပိုင်း အဆိုးရွားဆုံး league start ဖြစ်လာခဲ့ပါတယ်။ ထို့အပြင် ပရီးမီးယားလိဂ်အိမ်ကွင်း ၂၅ ပွဲအတွင်း နိုင်ပွဲကလည်း ၃ ပွဲသာ ရှိနေပါတယ်။

အခု International Break သုံးပတ်က De Zerbi နဲ့ Spurs အတွက် ပြန်လည်ပြင်ဆင်ဖို့ အရေးကြီးဆုံးအချိန် ဖြစ်လာပါပြီ။

အကြောင်းပြချက်တွေထက် ရလဒ်နဲ့ စွမ်းဆောင်ရည်ကို ပြောင်းလဲပြသဖို့ အချိန်ရောက်နေပါပြီ။



#စပါး #ရောဘတ်တိုဒီဇာဘီ #ဒီဇာဘီ #တော့တင်ဟမ် #ပရီးမီးယားလိဂ်

COYS 🤍

Full Time တော့တင်ဟမ် 2-3 အက်စတွန်ဗီလာPLသွင်းဂိုး ရှာတွေ့ခဲ့ပေမဲ့ နိုင်ပွဲ ရှာမတွေ့သေးတဲ့ စပါးအသင်း စပါးက တကယ်ပဲ ကျိန်စာသ...
19/09/2026

Full Time

တော့တင်ဟမ် 2-3 အက်စတွန်ဗီလာ

PLသွင်းဂိုး ရှာတွေ့ခဲ့ပေမဲ့ နိုင်ပွဲ ရှာမတွေ့သေးတဲ့ စပါးအသင်း

စပါးက တကယ်ပဲ ကျိန်စာသင့်နေပြီလား?



#ပရီးမီးယားလိဂ် #အက်စတွန်ဗီလာ #ဗီလာ #စပါး
#တော့တင်ဟမ်

Address

Johor Bahru

Alerts

Be the first to know and let us send you an email when Myanmar Tottenham Hotspur posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share