02/05/2026
တိုက်စစ်မူးစစ်စစ်မသုံးချင်တဲ့Arteta အခုမှသဘောပေါက်တယ်ထင်တယ်တိုက်စစ်မူးကဘယ်လောက်အရေးပါလဲဆိုတာ။ အရင်နှစ်တွေArsenalဖလားမရတာ တိုက်စစ်မူးမရှိတာကြောင့်ရောသက်ဆိုင်တယ်။
Gyokeres မလာခင်ထိAuba နောက်ပိုင်းဘယ်တိုက်စစ်မူးက 22ဂိုးသွင်းဖူးလဲ ၊Gyokeres ကသူ့ကိုမဖန်တီးပေးလျစ်လျူရှုထားတာတောင် တစ်လောကလုံးကဝိုင်းဝေဖန်နေတာတောင် ရာသီမကုန်သေးဘူး၂၂ဂိုးသွင်းထားတယ် ။
゚viralシ #အာဆင်နယ်
22/03/2026
Sakaလိုချီးထုပ်ကောင်ကို တစ်ပါတ်ပေါင်3သိန်းနဲ့စာချုပ်ချုပ်တယ်တဲ့။အသင်းခေါင်းဆောင်လက်ပတ်နဲ့ကွင်းထဲလုပ်ချင်ရာလုပ်နေတယ် လူပေးဖို့mind set လုံးဝပျောက်နေတယ်၊ အဲ့ဒါကိုNo 10ကိုပါပို့လိုက်တဲ့Artetaရဲ့ဦးနှောက်လည်းရွှေကွတ်ထားပေးရမယ်🫡
22/03/2026
Odegaard ပြန်ကောင်းလာပြီဆိုတော့ ဒီညCarabao Final ပွဲLineup မှာ ပြန်ထည့်ကစားသင့်လား။
ရှေ့လာမည့်EPL UCL ပွဲစဉ်တွေမှာရော Odegaard ကိုLineup ထည့်ကစားစေချင်ကြသလားအာဖန်အပေါင်းတို့ရေ
゚viralシ #အာဆင်နယ်
17/03/2026
Eze ကပါရင်ပွဲရလဒ်ကောင်းတယ်၊ပွဲကြီးတိုးတယ်ဒီဘဲက။
Captain ရေရာသီကုန်ထိပြန်မလာပါနဲ့အုံး
゚viralシ #အာဆင်နယ်
12/03/2026
ညကSakaကိုကြည့်ရတာဒေါသအလိပ်လိပ်ကိုထွက်တာ၊
ဒီလိုကောင်ကို တစ်ပါတ်ပေါင်၃သိန်းခွဲပေးရတာတော့မဟုတ်သေးဘူး။
အသင်းရဲ့ကစားပုံလေးကောင်းနေတယ်တိုက်စစ်ဆင်ပြီဟေ့ကောင်းနေပြီ ညာခြမ်းကSakaကိုရော့ဆိုပြီးဘောလုံးပေးမိရင်အဲ့မှာဘောလုံးပျက်ပြီးကောင်တာပေါက်ပြီဘဲ၊အဲ့တော့မဆိုင်တဲ့Rice တို့Zubiတို့ကပြေးရလွှားရပြန်ရောအဲ့တောပြိုင်းတာပေါ့ဒီကောင်တွေလည်း။
တိုက်စစ်မှာလူပေးဆော့မလားဆိုရင်လည်းမဟုတ်၊သူနဲ့ကစားကွက်ဖော်ဖို့ဘောလုံးပေးလိုက်ပြီဆိုရင် Messiလိုနဲ့တစ်ယောက်တည်းဆွဲပြေးကန်ဖို့လုပ်အဲ့မှာဘောလုံးပျက်၊ခနတိုင်းကိုပျက်နေတာကျကွာအသင်းဖော်တွေကိုဒုက္ခပေးသလိုဖြစ်နေပြီ၊ တစ်ယောက်ချင်းလည်းမကျော်နိုင်Madueke ဝင်လာတာတောင်ဟိုကောင်က1 Vs 1 တွေကျော်နိုင်သေးတယ်။ 2vs1လည်းကျော်သလို တိုက်စစ်ကိုလည်းပံ့ပိုးမှုရှိပြီးမြိုင်တယ်ဆော့ရတာ။
Sakaကအကျင့်ကိုပြင်ပြီထင်နေတာလုံးဝမပြင်ဘူးနော်၊တော်ပါသေးတယ် Madueke ဝင်လာလို့သာပေါ့နို့မို့ဆိုဒုတိယအကျော့အတွက်ပိုခက်ခဲသွားနိုင်တယ်။
အမှန်တော့ကျွန်တော်ကဒီညSakaဆီကသွင်းဂိုးတွေ၊assistတွေအများကြီးမျှော်လင့်ထားတာ၊ တကယ်ဆော့တော့ကွင်းထဲမှာကိုယ့်အသင်းဖော်တွေကိုဒုက္ခပေးတဲ့ကောင်ဖြစ်နေတယ်Captainလက်ပတ်နဲ့။
ဘောလုံးရရင်လူပေးဖို့မစဉ်းစားတော့ဘဲMessiဝင်လုပ်နေတယ်၊ဘောလုံးကျသေချာမကိုင်နိုင်ဘူးဘောလုံးကခနတိုင်းပျက်တော့ခနတိုင်းကောင်တာပေါက်။
ဒုကျော့မှာတော့လုံးဝအမှားခံလို့မရတဲ့အပြင်ဒုကျော့မှာCaptainလက်ပတ်ဝတ်မယ့်သူကအသင်းဖော်တွေကိုအချိန်တိုင်းခွန်အားပေးလှုံ့ဆော်ပေးမယ့်သူဖြစ်စေချင်တယ်။
ကျနော်တို့အတွက်ဒီရာသီUCL လမ်းကြောင်းကသမိုင်းတစ်လျှောက်အကောင်းဆုံးလမ်းကြောင်းဘဲ။အဲ့တာကိုCaptainလုပ်မယ့်သူကအသင်းဖော်တွေရဲ့ခေါင်းထဲကိုတစ်ပွဲလုံးလှုံ့ဆော်ပေးနေဖို့လိုတယ်လို့မြင်မိပါတယ်။
06/03/2026
Arsenal fan တွေကအခုတလောOdegaard မပါလို့ကစားရတာကြည့်မကောင်းဘူး၊အမြန်ပြန်လာပါတော့ဘာညာပြောနေကြတာမြင်ရတယ်။
ဒါပေမယ့်ကျနော့်အမြင်ကတော့မတူဘူး။
မှန်တယ်Eze ဆော့ရင်Arsenal အသင်းကစားပုံမကောင်းဘူး ။ဒါပေမယ့် Eze ဝင်ဆော့နေရင်အသင်းကနိုင်နေတယ်ဗျာ ။အဲ့အချက်ကသတိထားမိတာကြာပြီ။
Odegaard ပါလာရင်ကစားပုံလေးလှလာတယ်ဆိုပေမယ့်ရလဒ်ပိုင်းကဒစ်လည်တတ်တယ်။Eze ပါရင်တော့သူခြေစွမ်းပြသည်ဖြစ်စေမပြသည်ဖြစ်စေ အသင်းကကောင်တွေကပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်ဆော့လာတာကိုသိသိသာသာမြင်တွေ့ရတယ်။ Odegaard ကျတော့အသင်းရဲ့ကစားကွက်ကိုသူတစ်ယောက်တည်းကလက်ဝါးကြီးအုပ်ထားတဲ့ပုံကစားတာCaptain ဖြစ်နေတာကရောတစ်ပိုင်းပေါ့။
နောက်ပြီးNo 10 နေရာမှာ Kai သို့မဟုတ်Eze ပါနေရင်အသင်းရလဒ်ကောင်းတယ်ဆိုတာကတော့ငြင်းမရတဲ့အမှန်တရားဖြစ်နေတယ်။
ဟုတ်ပါတယ်Eze ကကစားပုံမကောင်းတဲ့ပွဲတွေရှိတယ်။ ဒါပေမယ့်အဲ့ပွဲတွေကရလဒ်ကျတော့ကောင်းနေတယ်🙂
ညီအကိုတို့ရောဘယ်လိုမြင်ကြလဲ Eze ကိုout ပြီးOdegaard နဲ့လာမယ့်ပွဲတွေကိုရှေ့ဆက်ချင်ကြသလား။
゚viralシ #အာဆင်နယ်
04/03/2026
ဒီနေ့ပွဲကတော်တော်ချာတူးလန်တာပါ။ နိုင်သွားပေမယ့်တစ်ပွဲလုံးArsenal fanတွေကိုနှလုံးရောဂါရအောင်လုပ်သွားတယ်။
Brighton ကArsenal ကိုအပေါ်စည်းကနေကစားသွားတာ၊ ကျွန်တော်တို့ဦးဆောင်ဂိုးတစ်ဂိုးရလိုက်ပေမယ့် EPL မှာနိုင်ပွဲဖော်ဆောင်ဖို့ 1ဂိုးသွင်းရုံနဲ့မလုံလောက်ဘူးဆိုတာကျွန်တော်တို့ရှေ့ပွဲတွေမှာမြင်တွေ့ခဲ့ရပြီးပါပြီ။ အခုBrighton ကစားပုံကအချိန်မရွေး 1:1 ဖြစ်သွားနိုင်တာမျိုးဆိုတော့ ကြည့်ရတဲ့ဖန်တွေကတော့ ရင်တမမနဲ့ပေါ့ ။
Arsenal ပွဲကျတော့ကြည့်ချင်တယ် ၊ကိုယ်Goalသွင်းပြီးရင် ပွဲကိုအမြန်ပြီးစေချင်ကြတယ်😅😅။
ဒီနေ့ပွဲက ကွင်းလည်နဲ့ခံစစ်ကြောင့်သာနိုင်သွားတာပါ။ တိုက်စစ်ကတော့အကုန်ငဖြုန်းတွေချည်းဘဲရယ်။
Zubi ကိုထုတ်ပြီးNorgaard ထည့်တာမှန်တယ်။ Zubi ကပြာနေတယ် ။
ဖြစ်နိုင်ရင်တော့ individual အမှားတွေကိုတတ်နိုင်သလောက်မလုပ်စေချင်တော့ဘူး။ အထူးတဖြင့်ကွင်းလည်နဲ့ခံစစ်ဘဲ။ ရှေ့မှာလုပ်ခဲ့တာတွေကတော်လောက်ပါပြီ၊ ပွဲအပေါ်သေချာအာရုံစိုက်နိုင်ဖို့လိုတယ်
ဒီနေ့ဆိုစစကြည့်တုန်းကအိပ်ချင်မူးတူးဘဲ Raya ကြီးတစ်လုံးရောင်းလိုက်မှ လူကမျက်နှာထသစ်စရာမလိုဘဲကိုလန်းသွားတယ်😅😅။
အခုမန်စီးတီးအမှတ်လျော့သွားပြီဆိုပြီးကျနော်တို့ကပေါ့ပြတ်ပြတ်လုပ်နေလို့တော့မရဘူးနော်။အရင်ရာသီတွေတုန်းကအမှတ်တွေဖြတ်ထားချိန်မှာ ပေါ့ပြတ်ပြတ်လုပ်သလိုအဖြစ်ခံလို့မဖြစ်တော့ဘူး။ဘောလုံံးဆိုတာဘာမဆိုဖြစ်သွားနိုင်တယ်။
ဟိုဘက်အသင်းဂိုးသမားကိုလည်းကျေးဇူးတင်တယ်။ ကိုယ်တွေတိုက်စစ်ကShot on Target တောင်သေချာမရတာ အဲ့အလုံးလေးကယ်ပေလို့ပေါ့။
゚viralシ #အာဆင်နယ်
04/03/2026
Brighton 0:1 Arsenal (HT)
ကိုယ့်ကစားသမားတွေဘဲကိုယ်ကြောက်တယ်။
ဒီကောင်တွေနောက်ပြန်ပေးနေတာများနေလို့ လန့်နေရတယ်။