ခုန်ထိုးအဖွင့်နဲ့ဆို တကမ္ဘာလုံးက ကြိုက်တဲ့သူလာခဲ့ဆိုပြီး စိန်ခေါ်လိုက်တဲ့ မင်းသားကြီး ၊ ဂျွန်ဂို ..
1988 STONY
Sharing Tips Of Nyi Yoe (1988 STONY)
16/01/2024
လူတွေချစ်လို့ရတဲ့ အောင်မြင်မူတွေလို့ပဲ ပြောရမယ် ..
အာ့ကြောင့်ပဲ ဒိုလေးရော မက်ဆီရော ရခဲ့တဲ့ Vote စနစ်အောက်က ဆုတွေ မှာ တနှစ်တာ တကယ်ကောင်းလွန်းလို့ ရခဲ့တာပါဆိုတဲ့ ဆု က အရေအတွက်နဲ့ အရည်အချင်း မကိုက်ညီတာတွေ ပါနေတယ်လို့ပဲ မြင်တယ် ..
လူချစ်လူခင်ပေါတာရယ် နာမည်အရှိန်ဝါရယ်ကြောင့် ရလာတဲ့ Voting ဆုတွေဟာ သူတို့ကို ပိုပြီး ပုံရိပ်ကျစေသလားလို့တောင် မြင်မိတဲ့အထိပဲ .
ဟိုးအရင် Ballon D’or ဆုတွေမှာကတည်းက အဲ့လို ခံစားမိခဲ့ရတာတော့ ကိုယ်တယောက်တည်း မဟုတ်နိုင်ဘူး ..
ပျော်နေကြသူတွေရော လောင်နေကြတဲ့သူတွေရော ဒါဟာ Voting စနစ်ကြောင့် ရသွားတာပါ ဆိုတာမျိုး ကြိုက်တဲ့သူရော မကြိုက်တဲ့သူရောက လက်ခံသင့်တယ်လို့ပဲ မြင်တယ် ..
မက်ဆီကိုယ်တိုင် မတရားညစ်ယူထားတာမျိုးမဟုတ်သလို မဲပေးတဲ့ အသင်းခေါင်းဆောင်တွေ ပလေယာတွေ နည်းပြတွေကလည်း အဂတိလိုက် လာဘ်စားပြီး ပေးကြတာလည်း မဟုတ်ဘူး ..
သူတို့ကြိုက်တာကို သူတို့ပေးကြတာ ..
ဒါပေမယ့် ဒီဆုကို ပေးဖို့ သတ်မှတ်တွက်ချက်ထားတဲ့ ရက်အပိုင်းခြားအတွင်းမှာ မက်ဆီရဲ့ ခြေစွမ်း အောင်မြင်မူက ဆုရဲ့ခေါင်းစဉ်နဲ့ မထိုက်တန်ဘူးလို့ပဲ ကိုယ့်တကိုယ်စာ အမြင်နဲ့ မြင်တယ် ..
ဆုပေးဖို့ Vote ခွင့်ရတဲ့အထဲကလူတွေက သူ့ကိုချစ်တဲ့သူ လေးစားတဲ့သူတွေများတော့ သူ ရသွားတယ် ..
ဒါအမှန်တရားပဲ ..
ဒါတောင်မှ နည်းပြတွေ ဂျာနယ်လစ်တွေပေးတဲ့ မဲမှာ ဟာလန်းနဲ့ အမှတ်တူနေပြီး အသင်းခေါင်းဆောင်တွေကပေးတဲ့ Voting မှာ မက်ဆီက သာသွားတယ်လို့ ပြောကြပြန်ပါရော ..
အရှိန်ဝါကြီးတဲ့ နိုင်ငံကြီးတနိုင်ငံမှာ မမွေးခဲ့ရင် လူချစ်လူခင်ပေါများတဲ့လူတယောက်မဟုတ်ခဲ့ရင် Voting နဲ့ ဆုတခုကို လု ကြရကြေးတိုင်းမှာ ပြတ်ကျန်ခဲ့မှာပါပဲ ..
ရာသီတခုစာအပေါ်မှာ အခြေခံပြီး အရည်အချင်းသီးသန့်ကိုပဲ ကြည့်ပြီး ဆုံးဖြတ် ရွေးချယ်မယ်ဆိုရင် ဆုရနိုင်တဲ့ ပလေယာ စာရင်းက ပြောင်းလဲ သွားပါလိမ့်မယ် .. ဒါပါပဲ !
မက်ဆီတို့ ဒိုလေးတို့ဟာ တကယ့် ဘောလုံး Legend ကြီးတွေပါ .
သူတို့ဖျော်ဖြေပေးခဲ့ကြတာ နှစ်ပေါင်းမနည်းမနောမို့ အနားမယူခင် ယူနိုင်သမျှ ရနိုင်သမျှ ရကြပါစေလို့ပဲ ကြည်ဖြူပေးရမှာပါပဲ ..
ဘယ်သူကမှ GOAT အစစ်ကြီးလို့ ကိုယ်ကတော့ မပြောလို ..
ဘောလုံး အားကစားကို မြတ်နိုးတဲ့ ပရိတ်သတ်တယောက်အနေနဲ့ သူတို့နှစ်ယောက်စလုံးကို သဘောကျတယ် ..
အကြိုက်ဆုံးအားကစားသမားကျတော့ သူတို့မဟုတ်ပဲ ရော်နယ်ဒင်ဟိုကြီးပဲ ဖြစ်နေတယ် ..
ကိုယ်စိတ်ဝင်စား အားပေးတဲ့ အားကစားနည်းတွေထဲမှာ GOAT အစစ်ကြီးလို့ လက်ခံမိတဲ့သူဆိုလို့ တယောက်ပဲရှိတယ် ..
စနူကာလောကက ရွန်နီအိုဆူလဗန် ဆိုတဲ့ ဘဲရီး ..
ဘာ Voting မှမလိုသလို သူရေးခဲ့တဲ့ စံချိန်တွေ မှတ်တမ်း ဆုတံဆိပ်တွေ ဖျော်ဖြေမူတွေ က လုံးဝ အငြင်းပွါးစရာမရှိ ကျွတ်ဆင်ကြီး .. နှစ်ပေါင်း ၃၀ လောက် စမူကာစင်မြင့်ထက်မှာ တောက်ပနေတုန်းပဲ ထိန်းထားနိုင်တုန်းပဲ .. သူ့ကိုတော့ တကယ်ကို ဆိတ်ကြီး အဖြစ် လက်ခံထားဖြစ်တယ် .
Voting တွေနဲ့ ရွေးခြယ်ကြတဲ့ ပွဲမှာ ထိုက်တန်တာ မတန်တာတွေပြောပြီး ပူလောင်နေကြလို့ အလကားပဲဆိုတာ ပြောချင်တာပါ ..
အရည်အချင်းတခုတည်းကြောင့် ရလာနိုင်တဲ့ ဆုတွေမဟုတ်လို့ အရမ်းကောင်းလွန်းလို့ ရလာတာချည်းပဲလည်းမဟုတ်ဘူးဆိုတာကို လက်ခံပြီး လောင်နေတာတွေကို ဖြေလျှော့ကြရမှာပါ ..
ဘာပဲနေနေပါ ..
ဆုရသွားတဲ့ မက်ဆီအတွက်ကတော့ ကောင်းချီးပေးခံရတယ်လို့ပဲ မှတ်ယူပေးရင်း ..
Congratulations ပါ မက်ဆီ 🥳 လို့ပဲ ပြောချင်ပါတယ်ဗျိုး …
15/01/2024
ကြည့်ဖူးသမျှ အားကစားတွေထဲမှာ GOAT လို့ အငြင်းပွါးစရာမရှိ လက်ခံမိတာ ဒီဘဲကြီးပဲရှိတယ် ..
ပရိတ်သတ်တွေကို ခံစားချက်မျိုးစုံရအောင် ဖျော်ဖြေပေးနိုင်တဲ့ တကယ့် ပလေယာအစစ်ကြီး .. တကယ်
လည်းကောင်းပြီး သူစိတ်မကြည်ရင် ထင်ရာလျှောက်လုပ်တတ်တဲ့ ဘဲကြီး ..
မက်ဆီကိုလည်း GOAT လို့ပြောကြတယ် .. ဒိုလေးကိုလည်း GOAT တဲ့ .. ငြင်းကြ ခုံကြတုန်းပဲ ..
သူတို့ရခဲ့တဲ့ တဦးချင်းအောင်မြင်မူတွေမှာ အငြင်းပွါးဖွယ်ရာတွေက ရှိနေတုန်းပဲ ..
မက်ဆီရော ဒိုလေးရော သိပ်ကောင်းတဲ့ သိပ်တော်တဲ့ ကစားသမားတွေလို့ လက်ခံထားပါတယ် .
ဒါပေမယ့် ကိုယ်အရမ်းကြိုက်တဲ့သူတွေတော့ မဟုတ်နေဘူး ..
ဘောလုံးမှာဆို ဒင်ဟိုရဲ့ ကစားဟန်ကို အကြိုက်ဆုံးမို့ မက်ဆီလား ဒိုလေးလားဆိုရင် ဒင်ဟိုလို့ပဲ ဖြေမယ် ..
အင်နီယေစတာ ဇာဗီတို့ကြောင့် မက်ဆီဆိုတာ ထင်ပေါ်လာရသလို ရွန်နီ ဒီမာရီယာ ဘေလ်း အိုဇေးတို့ကြောင့် ဒိုလေးဆိုတာ အကောင်းဆုံးဖြစ်လာခဲ့ရပေမယ့် ..
ဒီဘဲကြီးကျတော့ သူ့ခြေ သူ့လက်ပဲ ..
Team နဲ့ သူ့ကို ပြိုင်ခိုင်းရင် သူလည်း ကောင်းချင်မှ ကောင်းမယ် ..
သူ့ကိုယ်ပိုင် အရည်သွေးနဲ့ သူရယူထားခဲ့တဲ့ အောင်မြင်မူတွေအရ ထိန်းသိမ်းထားနိုင်တဲ့ လက်စွမ်းတွေအရ ..
သူကမှ တကယ့် GOAT အစစ်ကြီးပါပဲဗျာ ..
လက်ရှိအသုံးပြုနေတဲ့ အနံ့ချိုချိုရေမွှေးလေး ၃ ခုအကြောင်း လျှောက်ပြောထားပါတယ် …
Youtube မှာလည်း ကြုံရင် အားပေးသွားကြပါဦးဗျိူးးး ..
https://youtu.be/__DjckzEylY?si=ZleXwU2T_z7HMCUi
ခဗျား ဘာကြိုက်လဲ ? ကျနော် ဘာကိုရွေးမလဲ ?
21/07/2023
နေ့လည် ၁၁:၀၀ နာရီဝန်းကျင်မှာ ပွဲကောင်း (၂) ပွဲရှိမယ်နော် ..
အားထစ် ဘင်လာဒင် အောင်လေး
Vs
မျိုးလေး မှန်လေး ကျောင်းတိုက်
ကြေးစားအဖွဲ့နဲ့ တက်လူငယ်တွေ နှစ်ပွဲကစားမယ် ..
ဒါဟာဘုရင်လုပွဲလည်း မဟုတ်ဘူး ..
ကျောင်းတိုက်တို့ နိုင်ခဲ့ရင်တောင် ကျောင်းတိုက်တို့ဟာ အားထစ်တို့ထက် ကောင်းတယ်ဆိုပြီး ပြောလို့မရသေးပါဘူး ..
ဘုရင်လုပွဲ နေရာလုပွဲ လိုမျိုး သတ်မှတ်ပြီး ချချမယ်ဆိုရင် သူ့အကြိုက် ကိုယ့်အကြိုက် ပိုက်အနိမ့်အမြင့် အစုံကို ကစားပြီးမှသာ အဖြေထုတ်လို့ ရမှာဖြစ်တယ် ..
အားထစ်တို့ အခု ၃ ယောက်ကိုလည်း နေရှင်နယ် အလယ်စည်းထိုးကောင်းလွန်းတဲ့သူတွေက နေရှင်နယ်စည်းကမ်းအတိုင်း စိန်ခေါ်ခတ်ရင် အားထစ်တို့ဟာ ဘာမှ မဟုတ်နေတော့ပြန်သလိုပေါ့ ..
ခြင်းမှာ ဆရာတွေ ဘာတွေ တသတ်မတ်တည်း ဆုံးဖြတ် သတ်မှတ်လို့ မရနိုင်ပါဘူး ..
ဆိုတော့ ပွဲကောင်းတွေကို ပွဲကောင်းလိုပဲကြည့်ပါ ..
မျိုးလေးတို့ ဘယ်လိုပြင်ဆင်လာမလဲ ?
အားထစ်ရဲ့ သမ္ဘာက ဘယ်လိုအလေးသာသွားမလဲ ?
စောင့်ကြည့်ရင်ခုန်ကြစို့ဗျို …
ရွှေခြင်းလုံးကွင်းမှာတိုက်ရိုက်သွားကြည့်နိုင်ပြီး ရွှေခြင်းလုံးပေ့ချ် ကိုလတ်ကြီးတို့ပေ့ချ်မှာ Live ကြည့်နိုင်ပါကြောင်း ..
မျိုးလေး ဆားဗစ်ကို ဘင်လာဒင်ခေါင်းခုနိုင်ရင် ၊ အားထစ်အရှေ့ဖြုတ်ခြင်းမပေါက်ခဲ့ရင် မျိုးလေးတို့ ကစားရင်း ကစားရင်း နိမ့်လာမယ် ..
အောင်လေးရဲ့ ခရိုက ကျောင်းတိုက်ကို မကျော်တော့ရင် အားထစ်တို့ နိမ့်သွားမှာပါပဲ ..
ကစားအားကတော့ နှစ်ပွဲစလုံး ဆက်တိုက်ဆော့မယ်ဆိုရင် အောင်လေး က အကျပိုမြန်နိုင်ပြီးတော့ ကျောင်းတိုက်တို့က ကစားအား ပိုပြီး သာနေမယ်လို့ ထင်မိပါကြောင်း ..
Photo - credit to SCL🥳
စင်ကာပူ မှာ အလုပ်လာလုပ်ချင်လို့ဆိုပြီး မေးလာတဲ့ ညီ ညီမတွေ သိဖို့လိုအပ်မယ့် အချက်အလက်တချို့တလေ ကို အကြမ်းဖျင်းပြောပြပေးထားပါတယ် ..
လေယာဉ်စရိတ်ကို အနည်းငယ် ပိုပြီး ပြောထားတာကလွဲလို့ ကျန်တာတွေက လတ်တလော ပေါက်စျေးတွေဖြစ်တယ် ..
တခြားလိုအပ်တာလေးတွေကို နောက်ထပ် ထပ်ပြီး ပြောပြပေးသွားပါဦးမယ် ..
အားလုံး အဆင်ပြေကြပါစေ .
Youtube မှာ နားထောင်ချင်တယ်ဆိုရင် အောက်ကလင့်လေးမှာ နားထောင်နိုင်ပါတယ်ခဗျ ..
https://youtu.be/NXY__QByCPE