30/07/2026
MPL SEASON - 2
WEEK : 8
မင်္ဂလာပါ ပရိသတ်ကြီး ။
Myanmar Premiership League ရဲ့ အပါတ်စဉ် (၈)မှာ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်တစ်ခုအနေဖြင့် BURMA UNION FC Vs WOODLANDS FC တို့ Sunday : 7pm, SIA Sports Club Stadium ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
MPL ရဲ့ ပြိုင်ပွဲတိုင်းမှာ ခြေစွမ်းကောင်းတွေ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားကြပြီး စိတ်ဓာတ်ပိုင်းပါ အမြင့်ဆုံးတွေ ကိုယ်စီရရှိထားကြတဲ့ အသင်းနှစ်သင်း တွေ့ဆုံမူပါ
ဒီရာသီ ကစားသမားစုဖွဲ့မူ အင်အား အရလည်း ချန်ပီယံ မျှော်လင့်နိုင်ကြတဲ့ အသင်းတွေဖြစ်တာနှင့်အညီ ပွဲစဉ်တိုင်းကို သေချာတိုက်ပွဲဝင်ဖို့ နှစ်သင်းစလုံး ပြင်ဆင်လာကြမှာတော့ အမှန်ပါ..
Singapore ရဲ့ ညလေညင်းအေးအေးလေး အကူအညီနဲ့ SIA မြက်ခင်းစိမ်းတွေပေါ်မှာ ပြိုင်ပွဲဝင်ကြမယ့် ဒီပွဲစဉ်ကတော့ ပြင်းထန်လှတဲ့ တိုက်ပွဲတစ်ပွဲကို ရသမြောက်ခံစားခွင့်ရဦးဖြစ်ပါတယ်..
စိတ်ဝင်စားလို့ ဒီလိုပွဲမျိုး တိုက်ရိုက်ကြည့်ချင်
တယ်ဆိုရင်တော့ SIA Sports Club ကွင်းကြီးစစ်မြေကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
MPL သတင်းနှင့်မီဒီယာ ✍️
30/07/2026
MPL SEASON - 2
WEEK : 8
မင်္ဂလာပါ ပရိသတ်ကြီး ။
Myanmar Premiership League ရဲ့ အပါတ်စဉ် (၈)မှာ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်တစ်ခုအနေဖြင့် WARRIORS UNITED Vs YAUNG NI FC တို့ Sunday : 4pm, UWC Tampines Stadium ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
MPL မှာရှုံးပွဲမရှိသေးတဲ့ အသင်း ရောင်နီတပ်သားတွေနဲ့ ရှုံခြင်း နိုင်ခြင်း နှင့် အနိုင်မပေါ် အရှုံးမပေးခဲ့တဲ့ တိုက်ပွဲမျိုးစုံ ရင်ဆိုင်ပြီးထားတဲ့ စစ်သည်တော်ကြီးတွေ ယှဉ်ပြိုင်ကြမယ့်ပွဲ...
Warriors တွေကပဲ MPL စစ်မြေပြင်ဆိုတာ ဘယ်အရာမှ လွယ်မနေဘူးလို့ ရောင်နီတပ်သားတွေကို သင်ခန်းစာပေးနိုင်မှာလား
တိုက်ပွဲဆိုတာ ဒီလိုအနိုင်ယူတတ်ရတယ်လို့ ရောင်နီတပ်သားတွေက စစ်သည်တော်ကြီးတွေကို သက်သေပြနိုင်ဦးမလား
ကစားအားကောင်းပြီး မာမာထန်ထန်နှင့် တန်ပြန်
တိုက်စစ်တွေသုံးပြီး ပြိုင်ဖက်တွေကို အရည်ဖျော်နိုင်စွမ်းရှိတဲ့ Triple မဟာမိတ်ညီနောင်တွေ...
ဘာတွေဖြစ်လာမလဲ ??? စိတ်ဝင်စားလို့ ဒီလိုပွဲမျိုး တိုက်ရိုက်ကြည့်ချင်တယ်ဆိုရင်တော့ UWC Tampines စစ်မြေပြင်ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
MPL သတင်းနှင့်မီဒီယာ ✍️
30/07/2026
MPL SEASON - 2
WEEK : 8
မင်္ဂလာပါ ပရိသတ်ကြီး ။
Myanmar Premiership League ရဲ့ အပါတ်စဉ် (၈)မှာ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်တစ်ခုအနေဖြင့် MAY KHA FC Vs TRIPLE ALLIANCE FC တို့ Sunday : 4pm, SRC@Ayer Rajah Stadium ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဒီပွဲစဉ်ကတော့ အပူ နဲ့ အအေး တွေ့ဆုံမူလို့ ညွှန်းချင်ပါတယ်။
တည်ငြိမ်ရင့်ကျက်မူတွေနှင့် ပြိုင်ဖက်တွေကို သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ မေခ...
ကစားအားကောင်းပြီး မာမာထန်ထန်နှင့် တန်ပြန်
တိုက်စစ်တွေသုံးပြီး ပြိုင်ဖက်တွေကို အရည်ဖျော်နိုင်စွမ်းရှိတဲ့ Triple မဟာမိတ်ညီနောင်တွေ...
ဘာတွေဖြစ်လာမလဲ ??? စိတ်ဝင်စားလို့ ဒီလိုပွဲမျိုး တိုက်ရိုက်ကြည့်ချင်တယ်ဆိုရင်တော့ Ayer Rajah ကိုလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
MPL သတင်းနှင့်မီဒီယာ ✍️
30/07/2026
MPL SEASON - 2
WEEK : 8
မင်္ဂလာပါ ပရိသတ်ကြီး ။
Myanmar Premiership League ရဲ့ အပါတ်စဉ် (၈)မှာ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်တစ်ခုအနေဖြင့် PHOENIX BROTHERS FC Vs TAUNGGYI ZONE FC တို့ Sunday : 7pm , Safra Tampines Stadium ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဒီပွဲစဉ်ကလည်း မာဂုဏ် ဆောင်တဲ့ အသင်းနှစ်သင်းရဲ့ ညမီးရောင်တွေအောက်မှာ သူနိုင် ကိုယ်နိုင် အပြိုင်ကြမ်းကြမယ့်ပွဲလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။
ဖီးနစ်ညီအကိုတွေရဲ့ အနိုင်မခံအရှုံးမပေးလိုစိတ်
တောင်ကြီးသားတွေရဲ့ အရာရာပေးဆပ် တိုက်ပွဲဝင်စိတ်
တကယ်ထိပ်တိုက်စုံတဲ့ ပွဲပါပဲဗျာ..
Safra ကွင်းကြီးရဲ့ ပွဲကြည့်စင်ကနေ လာရောက်လို့ ရှုစားဖို့ ဖိတ်ခေါ်ပါရစေ...
MPL သတင်းနှင့်မီဒီယာ ✍️
30/07/2026
MPL SEASON - 2
WEEK : 8
မင်္ဂလာပါ ပရိသတ်ကြီး ။
Myanmar Premiership League ရဲ့ အပါတ်စဉ် (၈)မှာ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်တစ်ခုအနေဖြင့် APRIL UNITED Vs DRAGON ELEVEN FORCE FC တို့ Sunday : 5pm , Safra Tampines Stadium ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
MPL နိုင်ပွဲမရရှိသေးပဲ ရုန်းကန်နေရတဲ့ အသင်းနှစ်သင်း ထိပ်တိုက်ရင်ဆိုင်ကြမှာဖြစ်ပါတယ်။
နှစ်သင်းစလုံး ခြေစွမ်းပိုင်းနှင့် ကစားပုံ ကောင်းမွန်ကြပေမယ့် ခံစစ်အမှားတွေနှင့် ကံတရားရဲ့ မျက်နှာသာမပေးမူကြောင့် လို့ပြောရမလားပေါ့..
ဒီပွဲစဉ်မှာတော့ ဘယ်အသင်းက အနိုင်ယူ (၃) မှတ်သိမ်းပိုက်မလဲ? အမှတ်တွေ ခွဲဝေယူကြမှာလား?
တကယ်ကို ကြည့်ကောင်းဦးမယ့် ပွဲစဉ်တစ်ပွဲဖြစ်နေပါတယ်။
မိမိတို့ သက်ဆိုင်ရာ အသင်းတွေကို အားပေးရင်း Safra ကွင်းကြီးရဲ့ ပွဲကြည့်စင်ကနေ ရသမြောက်ပြိုင်ပွဲတစ်ခုကို ရှုစားဖို့ ဖိတ်ခေါ်ပါရစေ...
MPL သတင်းနှင့်မီဒီယာ ✍️
29/07/2026
MPL Week 7 : Matches Results
.................................
26th July မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Premiership League ပြိုင်ပွဲ ပွဲစဉ်များရဲ့ ရလဒ်များဖြစ်ပါတယ်။
MPL သတင်းနှင့် မီဒီယာ ✍️
23/07/2026
MPL SEASON - 2
WEEK : 7
မင်္ဂလာပါ ပရိသတ်ကြီး ။
Myanmar Premiership League ရဲ့ (၇) ပါတ်မြောက်မှာ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်တစ်ခုအနေဖြင့် ဒီအပါတ် Sunday : 7pm , Safra Tampines Stadium ဘောလုံးကွင်းကြီးမှာ MAY KHA FC Vs JU**IE FC အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဝါရင့် နည်းပြတွေနဲ့ ကစားသမားတွေကို အခြေပြုထားတဲ့ MAY KHA က သဘာရှိတယ် ဘာမဆိုလုပ်ပြနိုင်တယ်။
လူငယ်အင်အားနဲ့ တည်ဆောက်ထားတဲ့ JU**IE FC မှာ အထာရှိတယ်။ ဘာမဆို လုပ်ပြရဲတယ်။
သဘာ နဲ့ အထာ ပြိုင်ဆိုင်ကြမယ့်ပွဲမှာ ညပွဲလည်းဖြစ်နေတာကြောင့် ဗျာများနေစရာမလိုပဲ
Safra ကွင်းကြီးရဲ့ ပွဲကြည့်စင်ကနေ ရသမြောက်ပြိုင်ပွဲတစ်ခုကို လာရောက် ရှုစားဖို့ ဖိတ်ခေါ်ပါရစေဗျာ..
MPL သတင်းနှင့်မီဒီယာ ✍️
23/07/2026
MPL SEASON - 2
WEEK : 7
မင်္ဂလာပါ ပရိသတ်ကြီး ။
Myanmar Premiership League ရဲ့ (၇) ပါတ်မြောက်မှာ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်တစ်ခုအနေဖြင့် ဒီအပါတ် Sunday : 5pm , Safra Tampines Stadium ဘောလုံးကွင်းကြီးမှာ KARENNI FC Vs BAGAN FC အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
BAGAN FC ဆိုတာတော့ အထူးမိတ်ဆက်ပေးမနေတော့ပါဘူး
အသင်းသစ် KARENNI FC ရဲ့ခြေစွမ်းပိုင်းကို အတိအကျ ခန့်မှန်းလို့မရနိုင်ပေမယ့် စိတ်ဓာတ်နဲ့ စည်းလုံးမူအားကိုတော့ အားလုံးခန်မှန်းလို့ရနိုင်မယ်လို့ထင်ပါတယ်။
MPL ပြိုင်ပွဲဖြစ်နေတာကြောင့် အနိုင်ယူလိုမူနဲ့ ပြိုင်ဆိုင်လိုမူတွေကပဲ ပွဲကောင်းတစ်ပွဲဖြစ်နေမှာ အသေအခြာပါပဲဗျာ...
မိမိတို့ သက်ဆိုင်ရာ အသင်းတွေကို အားပေးရင်း Safra ကွင်းကြီးရဲ့ ပွဲကြည့်စင်ကနေ ရသမြောက်ပြိုင်ပွဲတစ်ခုကို ရှုစားဖို့ ဖိတ်ခေါ်ပါရစေ...
MPL သတင်းနှင့်မီဒီယာ ✍️
21/07/2026
MPL Week 6 : Matches Results
.................................
19th July မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Premiership League ပြိုင်ပွဲ ပွဲစဉ်များရဲ့ ရလဒ်များဖြစ်ပါတယ်။
MPL သတင်းနှင့် မီဒီယာ ✍️
15/07/2026
MPL SEASON - 2
WEEK : 6
မင်္ဂလာပါ ပရိသတ်ကြီး ။
Myanmar Premiership League ရဲ့ (၆) ပါတ်မြောက်မှာ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်တစ်ခုအနေဖြင့် ဒီအပါတ် Sunday : 7pm , UWC Dover Stadium ဘောလုံးကွင်းကြီးမှာ ALCHEMY UNITED Vs YAUNG NI FC တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဒီပွဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေ နဲ့ စောင့်ကြည့်ဖို့ လိုအပ်တဲ့ အပိုင်းတွေရှိပါတယ်။
ပေါင်းစည်း အင်အားနဲ့ အသစ်ပြန်လည် တည်ဆောက်ထားတဲ့ Alchemy တပ်သားတွေ
သူတို့ရဲ့ ရသာန်က လင်းလက်နေဆဲ ရောင်နီတွေကို ခြေဖျက်ပြီး အိမ်မက်ဆိုးတွေပေးမက်မှာလား..
ရောင်နီလုလင်တွေကပဲ ရောင်နီတွေနဲ့ ဒို့အတူသီချင်းကို ညနက်နက်မှာ သံပြိုင်ဟစ်ဆိုနေဦးမှာလား...
မိမိတို့ သက်ဆိုင်ရာ အသင်းတွေကို အားပေးရင်း Super Sunday ရဲ့ ပွဲကောင်းတစ်ပွဲကို စောင့်ကြည့်ကြမယ်ဗျာ..
MPL သတင်းနှင့်မီဒီယာ ✍️