GB United FC

GB United  FC

Share

Recruiting and organising Myanmar soccer players who are so united and closed as brothers in our team

Photos from Shwe Eainn Si - မြန်မာ့စားဖွယ်စုံ's post 22/08/2025

GB United FC ညီအစ်ကိုများနဲ့ GB United FC အသင်းကို အားပေးခဲ့ကြသော ချစ်ပရိတ်သတ်ကြီး! ကျနော်တို့ အသင်း စပွန်ဆာ Shwe Eainn SI (ရွှေအိမ့်စည် မြန်မာ့စားဖွယ်စုံ) ရဲ့ ဆိုင်သစ်ဖွင့်ပွဲကို လာပြီးအားပေးတက်ရောက်ကြဖို့ ရင်းနှီးနွေးထွေးခင်မင်စွာနဲ့ ဖိတ်ကြားပါတယ် ခင်ဗျား🙏🙏🙏

https://www.facebook.com/share/p/1AqddY6RBp/

Photos from GB United  FC's post 11/08/2025

GB ညီအစ်ကိုတွေပြန်ဆုံကြတဲ့ မနေ့က Myanmar Community Cup ပြိုင်ပွဲလေး။
အုပ်စုပွဲ ၅ပွဲ ကစား
၃ပွဲ နိုင် ၊ ၁ပွဲ သရေ ၊ ၁ပွဲရှုံး ရလာဒ်ပါ။

24/07/2025

ညီအစ်ကိုတွေ အားလုံး ရင်ဘတ်ချင်း တူနေကြတုန်းဆိုတော့...

09/07/2024

2016-2017

Photos from GB United  FC's post 02/05/2024

😍စိတ်တူကိုယ်တူနဲ့ အသင်းမှာအဘက်ဘက်က တတ်နိုင်သလောက် ကြိုးစားကူညီဝန်းရံကစားပေးခဲ့တဲ့ ကျနော်တို့ရဲ့ ကီပါကြီး အနာဂါတ်ခရီးလမ်း တောက်ပအောင်မြင်ပါစေဗျာ😍

16/04/2024

💕MNY CUP 2024 SINGAPORE ပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ် ပွဲစဥ်မှာ ကျနော်တို့ GB United FC အသင်း ဟာ ပြိုင်ဘက် BURMA UNION FC အသင်းကို ၂ - ၃ ဂိုးကဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲကြီးကို ကွာတားဖိုင်နယ်အဆင့်မှာတင် တတိယအကြိမ်မြောက်၊ ကျောခိုင်းနှုတ်ဆက်ခဲ့ရပြန်ပါပြီ။

ဒီနှစ် တတိယအကြိမ်မြောက်ပြိုင်ပွဲကို ကျနော်တို့ GB United FC အသင်းအနေနဲ့ အကောင်းဆုံးစုစည်းမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ပြင်ဆင်ကာ စ တာထွက် ပြိုင်ပွဲဝင် ခဲ့နိုင်သော်လည်း၊အုပ်စုပတ်လည် ပွဲစဥ်တတိယပွဲမှစ၍ မမျှော်လင့်ခဲ့သော အကြောင်းအရာများဖြစ်တဲ့ အဓိကကစားသမားများ အပြီးပြန်သွားခြင်း၊ ဒဏ်ရာအနာတရများ ပြင်းထန်စွာ ရခဲ့ခြင်းကြောင့်၊ အသင်း နောက်တစ်ဆင့်တက်လှမ်းနိုင်ရေးကို တော်တော်ကြိုးစားပြန်လည်တည်ဆောက်ခဲ့ရပါတယ်။

အသင်း၌ ဆက်လက်ရှိနေသော ကျန်ကစားသမား ညီအစ်ကိုများရဲ့ စိတ်ဓါတ်၊ဇွဲ၊လုံ့လ နဲ့ ညီညီညွတ်ညွတ် ကြိုးစားအားထုတ်မှုတွေကြောင့်သာ၊ ကျနော်တို့အသင်း အုပ်စုနောက်ဆုံးပွဲဖြစ်သော Pyay United FC အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲကြသည့် မိနစ်၃၀ အချိန်ပိုင်းအတွင်းမှာ ၂-၁ ဆိုသော အနိုင်ရလာဒ်ရယူကာ၊ အုပ်စု B ရဲ့ ဒုတိယ နေရာဖြင့် ကွာတားဖိုင်နယ်အဆင့် ပွဲစဥ်ကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ကွာတားဖိုင်နယ် ပွဲစဥ်မှာ အုပ်စု A မှာ ပွဲတိုင်းရှူံးပွဲမရှိ၊ အုပ်စု ပထမ အသင်းဖြစ်သော BURMA UNION FC အသင်းနဲ့ ကျနော်တို့အသင်း ထိပ်တိုက်ရင်ဆိုင်ယှဥ်ပြိုင်ခဲ့ရာတွင်တော့၊ ကျနော်တို့အသင်း ရဲ့ လူအင်အား အလျော့နည်းဆုံး အချိန်နဲ့ ယှဥ်ပြိုင်ခဲ့ကြရပါတယ်။

ကွာတားဖိုင်နယ် ပွဲစဥ်မှာ အသင်းရဲ့ ဦးစားပေး ပထမကစားသမား ၁၁ ယောက်စာရင်းပါ ကစားသမားများဖြစ်ကြသော KHUN BAHAN, KHUN TUN WIN, KHUN KYAW PHAY နဲ့ MYO ZAW စတဲ့ ပထမ DEFENCE LINE PLAYERS များ အပြီးပြန်သွားခြင်း၊ အရေးတကြီး အလည်အပတ်ပြန်သွားရခြင်းများ၊ အသင်းရဲ့ အားအကိုးရဆုံး ရှေ့တန်း တိုက်စစ်မှူးများဖြစ်သည့် THANT ZIN AG, KYAW HTET AUNG နဲ့ YE LIN KO စတဲ့ ကစားသမားညီအစ်ကိုများ ပြင်းထန်သည့် နာကျဥ်အနာတရ ဖြစ်ခြင်း၊လုပ်ငန်းခွင် အရေးပေါ်ကိစ္စကြောင့် ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်နိုင်ခွင့်တွေ ဆုံးရှူံးခဲ့ရခြင်း တို့ကြောင့်၊ နောက်တစ်ဆင့် အကြိုဗိုလ်လုပွဲတက်ရေးအတွက် အခွင့်အရေးရရေး ကြီးကြီးမားမား အခက်အခဲနဲ့ ကြုံခဲ့ကာ ကြိုးစားရုန်းကန်ခဲ့ရပါတယ်။

အသင်းမှာ ရှိတဲ့လက်ကျန်ကစားသမားအင်အားဖြင့်၊ အသင်းအုပ်ချုပ်ရေးအဖွဲ့ ညီအစ်ကိုများ၊ကစားသမား အားလုံးရဲ့ ကြံ့ခိုင်ဇွဲသန်တဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်၊ ကွာတားဖိုင်နယ်ပွဲမှာ ကျနော်တို့ အသင်း အကောင်းဆုံး ယှဥ်ပြိုင်ကစားနိုင်ခဲ့ပြီး၊ ဦးဆောင် အနိုင်ဂိုးများကို ကျနော်တို့ အသင်း စတင်စွမ်းဆောင်နိုင်ခဲ့ပါတယ်၊ ပထမ ပိုင်းမှာ ကွင်းလယ် ဖန်တီးရှင် ကစားသမားများဖြစ်ကြသော CHOAY, MYO THAN KO, KHUN THAN OO တို့ရဲ့ အတွဲညီညီ ပေးပို့မှုမှတစ်ဆင့် အတောင်ပံတိုက်စစ်မှူးလေး KHUN TUN NAING ရဲ့လှပသေသပ်တဲ့ သွင်းယူမှုမှနေ ဗွေဆော်ဦး ပထမဂိုးဖြင့် ပွဲကို ဦးဆောင်နိုင့်ခဲ့ကာ၊ ပြိုင်ဘက်အသင်းမှလည်း ပထမပိုင်း ပြီးခါနီးတွင် ပြန်လည်ချေပဂိုးသွင်းယူခဲ့သောကြောင့် ပထမပိုင်းမှာ တစ်ဘက် ၁ဂိုး စီဖြင့် ပွဲကိုခတ္တရပ်နားခဲ့ပါတယ်။

ဒုတိယပိုင်း စတင်ချိန်မှာတော့ အချို့ နောက်တန်းကစားမားများ အလဲအလှယ် လုပ် အစားထိုးကစားစေခဲ့ပါတယ်၊ ဒုတိယပိုင်း စပြီး မိနစ် ၁၄ - ၁၅ မိနစ်အချိန်မှာဖြင့် အလယ်တန်းနဲ့ ရှေ့တန်းကစားသမား ဖြစ်ကြသော KHUN KYAW ZAYA, KO ZAY နဲ့ YE LIN တို့ ရဲ့အတွဲညီညီ တစ်ဘက်အသင်းဘက် ထိုးဖောက်မှုမှ တစ်ဆင့် ဘယ်တောင်ပံ ကစားသမားလေး YE LIN ၏ တစ်ဘက်ဂိုးသမားအား လျင်မြန်စွာကျော်ဖြတ်ပြီး၊ တစ်ဘက်အသင်းနောက်တန်းလူများ ရှေ့မှာတင်အလှအပဆုံး အဆုံးသတ် ဒုတိယဂိုးကို ထမ်မံသွင်းယူနိုင်ခဲ့ပြီး ပွဲကို ကျနော်တို့အသင်း ဆက်လက် အနိုင်ယူဦးဆောင်နိုင်ခဲ့ပါတယ်။

တစ်ဘက်ပြိုင်ဘက်အသင်းဖြစ်တဲ့ BURMA UNION FC အသင်းမှလည်း အကောင်းဆုံးစုစည်းမှုတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီး၊ အုပ်စုပတ်လည်ပွဲစဥ်များတွင်လည်း ရှူံးပွဲမရှိခဲ့သော အသင်းကောင်းဖြစ်သည်နှင့်အညီ၊ အသင်းအရေးနိမ့်နေသည့်တိုင် ကစားသမားတစ်ဦးချင်းစီတိုင်း စိတ်ပျက်အားလျော့မှု မရှိပဲ ပြန်လည်ချေပဂိုးရရှိရေး ကြိုးစားကစားခဲ့ရာမှာတော့၊ ကျနော်တို့အသင်းရဲ့ အနိုင်ရလာဒ်ကို အားမာန်အပြည့်နဲ့ကြိုးစား ကာကွယ်ပေးနေခဲ့ကြသော YE MIN HTET, MG SAN, ZAY YAR MIN, SHAN GYI, LIN AG, KYAW NG HTET, TUN NG OO, WIN KO LATT နဲ့ AYE KO စတဲ့ အလယ်တန်း/နောက်တန်းကစားသမားများရဲ့ ကြားမှ ပွဲချိန် မိနစ် ၂၄-၂၅ တွင် သူတို့အသင်းအတွက် ထောင့်ကန်ဘောလုံးရသောအခွင့်အရေးမှ ချေပဂိုး ပြန်လည် သွင်းယူပြီး တစ်ဘက်၂ဂိုးစီဖြင့် ပွဲကို ဆက်လက် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။

ဒုတိယပိုင်း ပွဲချိန် ကုန်လုကုန်ခါနီး မိနစ်အနည်းငယ်အလိုတွင် အများတွေးထင်ထားသည့် ပထမပိုင်းနဲ့ဒုတိယပိုင်း ပွဲချိန် အပြီး သရေရလာဒ်ဖြင့် ၂ သင်းလုံးအဆုံးသတ်ကာ၊ ပြိုင်ပွဲစည်းမျဥ်းအရ အချိန်ပိုမကစားပဲ တိုက်ရိုက်ပယ်နယ်တီ အဆုံးအဖြတ် ကစားရေး သိနေခဲ့တဲ့၊ ထိုနေ့ပွဲကို ကိုယ်တိုင် ကိုင်တွယ်နည်းပြချုပ် လုပ်ခဲ့တဲ့ ကျနော် KO TUN မှ အသင်းကစားကွက်နဲ့ လူအစားထိုးမှုများပြုလုပ်ကာ လက်ကျန်မိနစ်အတွင်း အနိုင်ရရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ရာတွင်တော့၊ ပွဲပြီးလုပြီးခင် မိနစ် ၄ - ၅ မိနစ် အလိုတွင် တစ်ဘက် အသင်းကွင်းလယ်လူမှတစ်ဆင့် ပေးပို့သော ဘောလုံးကို တစ်ဘက်အသင်း တောင်ပံတိုက်စစ်မှူးလေးမှ မြန်ဆန်တဲ့ အရှိန်အဟုန်ဖြင့် ကျနော်တို့အသင်း ခံစစ်ကြောင်းကို ထိုးဖောက်မွေနှောက်ကာ ကျနော်တို့အသင်း ဂိုးသမားလေးဖြစ်သော KHUN AUNG MYAT ရဲ့ ညာဘက်ထောင့်ကနေ သူတို့အသင်းအတွက် အနိုင်ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်။

အရမ်း နည်းပါးသော လက်ကျန်မိနစ်များတွင် ကျနော်တို့အသင်းဘက်မှ ညီအစ်ကိုများထပ်မံကြိုးစားယှဥ်ပြိုင်ရင်း ဂိုးသွင်းခွင့်များရရှိခဲ့ပေမယ့် ယခုပြိုင်ပွဲကြီးရဲ့ နှစ်စဥ် ကွာတားပွဲစဥ်များတွင် ဂိုးကံခေမြဲဖြစ်တတ်သော ကျနော်တို့အသင်းဟာ ၂-၃ ဂိုးဆိုသော ရလာဒ်ဖြင့် အောင်ဖျာလိပ်မြဲ နောက်ဆုံးအဆင့်ပွဲစဥ်တွေကို ဆက်လက်မတက်လှမ်းနိုင်ကျောခိုင်းနှုတ်ဆက်ခဲ့ရပြန်ပါတယ်ဗျာ😢😢😢

နောက်ဆုံးကွာတားဖိုင်နယ် ပွဲစဥ်ရဲ့ နောက်ဆုံးမိနစ်အချိန်မှာ အနိုင်ရလိုကာ အချိန်ပို ပယ်နယ်တီကို မကစားလို သောဆန္ဒကြောင့် အမှားအယွင်းပြုလုပ်မိသောကျနော် KO TUN အနေနဲ့ဦးစွာ ပထမ အသင်းကစားသမားများ၊အုပ်ချုပ်ရေးအဖွဲ့ဝင်ညီအစ်ကိုများနဲ့ အသင်းဝန်းရံချစ်ပရိတ်သတ်ကြီးအား၊ ရှူံးခဲ့ရခြင်းရလာဒ် နဲ့အသင်းသားတွေရဲ့ အိမ်မက်ကို မဖြည့်ပေးနိုင်စွမ်းခဲ့တဲ့အတွက် အလေးအနက်ထား အနူးအညွတ်တောင်းပန်ပါတယ်ဗျ🙏🙏🙏

ကွာတားဖိုင်နယ်ပွဲစဥ်မှာ အကောင်းဆုံး ယှဥ်ပြိုင်အနိုင်ယူကစားခဲ့ကြသော ပြိုင်ဘက် BURMA UNION FC အသင်းကစားသမားများ၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲကို လာရောက်ပြီး ပြိုင်ပွဲကြီးကြပ်ရေးတာဝန် ယူပေးခဲ့ကြသော MNY CUP 2024 SINGAPORE ပြိုင်ပွဲဖြစ်မြောက်ရေး နဲ့ EC Members ကော်မတီ အဖွဲ့ဝင် ညီအစ်ကိုများ၊ပွဲကြီးကြပ် ဒိုင်လူကြီးများ၊ Cross Supervision လုပ်ပေးခဲ့ကြ​သော NS FC, BP FC, BAGAN FC နဲ့ GRADE FC မှ အသင်းအုပ်ချုပ်သူများ၊ ၂ ဘက် အသင်းပြိုင်ပွဲ ကို အေးချမ်းငြိမ်းချမ်းစွာ လာရောက်အားပေးကြည့်ရှုပေးခဲ့ကြသော ချစ်ပရိတ်သတ်ညီအစ်ကိုမောင်နှမအားလုံး တစ်ဦးချင်းစီတိုင်းကို ကျနော်တို့ ကွာတားဖိုင်နယ် ပွဲစဥ်ကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် အထူးကျေးဇူးတင်ရှိကြောင်း ကျနော်တို့ အသင်းအုပ်ချုပ်သူ၊ ကစားသမားများ ကိုယ်စား အလေးအနက်ပြောကြားပါတယ်ဗျ။

ပွဲစဥ် ယှဥ်ပြိုင်ချိန်အတွင်း အထက်ပါပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီအပေါ် ကျနော်မှသော်လည်းကောင်း၊ ကျနော့်အသင်းသားများမှသော်လည်းကောင်း မတော်တဆ ထိခိုက်အနာတရဖြစ်စေခဲ့ခြင်း၊ စိတ်အနှောင့်အယှက် တစ်စုံတစ်ရာဖြစ်စေခဲ့ခြင်းများ ရှိခဲ့သည်ဖြစ်သော် GB UNITED FC အသင်းသား အားလုံးကိုယ်စား ကျနော် KO TUN မှ ခွင့်လွတ်နားလည်ပေးရန် အနူးအညွတ် တောင်းပန်ပါတယ်ဗျ 🙏🙏🙏

အားလုံးကိုလေးစားစွာဖြင့်
KO TUN
(GB UNITED FC TEAM FOUNDER)

🏆MNY CUP 2024 SINGAPORE🏆

QUARTER FINAL MATCH @ SUTD (7-9PM)

GB UNITED FC 2 vs. 3 BU FC

MVP AWARD PLAYERS

CHOAY🥇
YE LIN🥇
KHUN TUN NAING🥇

14/04/2024

🏆MNY CUP 2024 SINGAPORE🏆

👉QUARTER FINAL MATCH👈

VENUE: SUTD Sports & Recreation Centre
DATE&TIME:14/04/2024@7pm
ADDRESS:61 Changi South Ave 1, Singapore 486041

Photos from GB United  FC's post 13/04/2024

🏆MNY CUP 2024 SINGAPORE🏆

👉QUARTER FINAL MATCH👈

GB United FC vs Burma Union FC

Date @ Time - 14/04/2024@7pm
Venue - SUTD Sports and recreation centre
Address : 61 Changi South Ave 1, Singapore 486041

💕ကျနော်တို့ GB United FC အသင်း ရဲ့ MNY Cup 2024 Sigapore ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဥ် ကို လာရောက်အားပေးကြဖို့ ချစ်ပရိတ်သတ်ကြီးအား လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။💕

Photos from GB United  FC's post 10/04/2024

🏆Myanmar New Year Cup 2024 - Singapore Group B🏆

❤️အုပ်စုအဆင့်အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းလုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ မိနစ် ၅၀ ကန်ပြီးချိန်မှာ ၁-၁ သရေဖြစ်နေခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် ပွဲကို ရပ်နားရွှေ့ဆိုင်းလိုက်ရပါတယ်။ ကျန်ရှိတဲ့ မိနစ် ၃၀ ကိုတော့ ယနေ့မှာ ဆက်လက်ကစားခဲ့ကြပြီး အသင်းသားတွေရဲ့ နိုင်လိုစိတ်ပြင်းထန်စွာအားသွန်ခွန်စိုက် ကစားခဲ့တာကြောင့် သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့ပါပြီ။ ဒါကြောင့် MNY cup quarter-final အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ 📰
Congratulations, GB brothers 🥂🎉

အကောင်းဆုံးယှဉ်ပြိုင်ပေးခဲ့တဲ့ Pyay United FCမှ ညီကိုများ ကျေးဇူးတင်ပါတယ်။

ဒီနေ့ပွဲကို ကြိုးစားအားထုတ်ပေးကြတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကိုများ၊ ပြိုင်ပွဲဝင် အသင်းကော်မတီဝင်ညီအစ်ကိုများ၊ အသင်း ကစားသမား ညီအစ်ကိုများ နဲ့ လာရောက်ဝန်းရံအားပေးခဲ့ကြသော ချစ်ပရိတ်သတ်ကြီးများ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ဗျ။💕

📍Unity Secondary School 🕔 5 PM
__📍Penjuru recreation centre__

GB United FC🔳 3-2 🟢Pyay United FC

Goal Scorers
Ko Zay ⚽️
Ko Kyaw Zaya ⚽️
Than Oo ⚽️

🏅Most Valuable Player Of The Match Award🏅
Ko Zay
Ko Kyaw Zaya

04/04/2024

🏆MNY CUP 2024 SINGAPORE🏆

GROUP - B
Match - 36

GB United FC vs Pyay United FC

Date @ Time - 7/04/2024@3pm
Venue - Unity Secondary School
Address : 20 Choa Chu Kang Street 62, Singapore 689143

💕ကျနော်တို့ GB United FC အသင်း ရဲ့ MNY Cup 2024 Sigapore ပြိုင်ပွဲစတုတ္ထ မြောက် ပွဲစဥ် ကို လာရောက်အားပေးကြဖို့ ချစ်ပရိတ်သတ်ကြီးအား လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။💕

01/04/2024

🏆MNY Cup 2024 Singapore🏆

Group B
Match - 27

GB United FC 10 vs. 0 Young Tiger FC

01/04/2024

💕MNY Cup 2024 Singapore ပြိုင်ပွဲကြီးရဲ့ ကျနော်တို့ GB United FC အသင်း ပထမ နဲ့ ဒုတိယ ပွဲစဥ်များမှာ GB MVP award ရရှိကြသောကစားသမားများ💕

Kyaw Htet Aung
Khun Tun Naing
Khun Aung Myat

Congratulations bros 👏👏👏

Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Telephone

Address

Singapore