23/05/2026
MSL Match (2)
AMIGOS FC vs Mon Youth FC
Jurong West Secondary School
24 May 2026 (Sunday) 3:00 PM
ဘောလုံးအားကစားကို ဝါသနာပါသူများ၊ မိမိတို့အသင်းကို ချစ်မြတ်နိုးသူများအနေဖြင့် လာရောက်ကြည့်ရှု အားပေးပြီး အသင်းအတွက် ခွန်အားဖြစ်စေဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
20/05/2026
Finally, They Are "CHAMPIONS" !!
နှစ်ပေါင်း ၂၀ ကျော်ကြာမှ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ Arsenal အသင်းကြီးအတွက် အတိုင်းထက်အလွန် ဂုဏ်ယူပါတယ်ဗျာ။
ကျွန်တော်တို့ AMIGOS FC အသင်းထဲက Arsenal ကို အားပေးကြတဲ့ Amigos ရဲ့ Player တွေရော၊ ဂန်းနားဖန်တွေ အားလုံးနဲ့အတူ ထပ်တူထပ်မျှ အောင်ပွဲခံရင်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်! 🎉🔥
Congratulations Again "Arsenal"
(Photo - Premier League Official Page / Arsenal)
16/05/2026
ဒီတစ်ပတ်မှာတော့ချစ်ကြည်ရေး ခြေစမ်းပွဲစဉ် အဖြစ် ကျွန်တော်တို့ Amigos FC အသင်းဟာ Warriors United အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားတော့မှာ ဖြစ်ပါတယ်။
Amigos FC Vs Warriors United
နေရာ - Kranji Secondary School ကွင်း (61 Choa Chu Kang Street 51, Singapore 689333)
ရက်စွဲ - ၁၇-မေလ-၂၀၂၆ (တနင်္ဂနွေနေ့)
အချိန် - ညနေ ၅:၀၀ နာရီ
ဘောလုံးအားကစားကို ဝါသနာပါသူများ၊ ချစ်မြတ်နိုးသူများ အနေဖြင့် လာရောက်ကြည့်ရှု အားပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
18/04/2026
အီတီဟတ်က အဆုံးအဖြတ် တိုက်ပွဲမှာ အာဆင်နယ်တို့ ချန်ပီယံ အိပ်မက်ကို ဆက်လက် အသက်သွင်းနိုင်မလား?
(Man City vs Arsenal - Match Preview)
မနက်ဖြန် အီတီဟတ် (Etihad) ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြမယ့် Manchester City နဲ့ Arsenal တို့ရဲ့ ပွဲစဉ်ဟာ ဒီနှစ် ၂၀၂၅/၂၆ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆုံးအဖြတ်ပေးမယ့် (Title Decider) အကြီးမားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာပါပြီ ။
လက်ရှိ ဇယားထိပ်ကနေ ဦးဆောင်နေတဲ့ Arsenal ဟာ ပြီးခဲ့တဲ့ အပတ်က ရမှတ်တချို့ ဆုံးရှုံးခဲ့တာကြောင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းသွားခဲ့ပေမယ့် ၊ Opta ရဲ့ တွက်ချက်မှုတွေအရတော့ Arsenal ဟာ ချန်ပီယံ ဖြစ်နိုင်ခြေ ၈၇ ရာခိုင်နှုန်း အထိ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာ ကစားရမယ့် Manchester City ဘက်ကလည်း ဒီပွဲကို အနိုင်ကစားပြီး အမှတ်ပေးဇယားကို ဖိအားပေးဖို့ အစွမ်းကုန် ကြိုးစားလာမှာ အသေချာပါပဲ ။
နည်းစနစ်ပိုင်း အခင်းအကျင်းတွေကို လေ့လာကြည့်ရရင် Arsenal အနေနဲ့ ဒီပွဲမှာ အဝေးကွင်း ဖြစ်တာရယ် ၊ သရေတစ်မှတ် ရရင်တောင် အခြေအနေကောင်းနေသေးတာရယ်ကြောင့် ပုံမှန်လို တိုက်စစ်ဖွင့်ကစားမယ့်အစား ခံစစ်ကို အထိုင်ချပြီး (Low Block / Mid Block) ကစားဖို့ များနေပါတယ် ။ အထူးသဖြင့် ကွင်းလယ်မှာ Merino မပါဝင်နိုင်သလို ၊ Declan Rice နဲ့ Odegaard တို့ ကြံ့ခိုင်မှု မပြည့်ဝတဲ့ အနေအထားမှာ Manchester City ရဲ့ ဘောလုံးပိုင်ဆိုင်မှု (Possession) အသားပေး ကစားဟန်ကို ဖြတ်တောက်ဖို့ Arsenal ကွင်းလယ်လူတွေ အတော်လေး ရုန်းကန်ရဖို့ ရှိနေပါတယ် ။
Manchester City ဘက်မှာတော့ ကွင်းလယ်ဖန်တီးရှင် Rayan Cherki ရဲ့ Half-spaces တွေမှာ နေရာယူ လှုပ်ရှားမှုတွေက အဓိက အသက်သွေးကြော ဖြစ်လာမှာပါ ။ ထို့အပြင် ညာတောင်ပံမှာ ခြေစွမ်းပြနေတဲ့ Semenyo နဲ့ Arsenal ဘယ်နောက်ခံလူ Hincapie တို့ရဲ့ အားပြိုင်မှုဟာ ဒီပွဲရဲ့ အရေးအကြီးဆုံး နည်းစနစ်ပိုင်း အဆုံးအဖြတ် (Key Battle) ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာတုန်းကလည်း Semenyo ရဲ့ အရှိန်နဲ့ ထိုးဖောက်မှုတွေကို Arsenal ခံစစ် တော်တော်လေး ဒုက္ခရောက်ခဲ့တာ တွေ့ရပါတယ်။
တဖက်မှာလည်း Manchester City ခံစစ်ဟာ Guardiola အားထားရတဲ့ Gvardiol ၊ Ruben Dias နဲ့ Stones တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ Guehi နဲ့ Khusanov တို့ရဲ့ အတွဲအဖက် အသစ်ကို အသုံးပြုရဖို့ ရှိနေပါတယ် ။ ဒါဟာ Arsenal အတွက် Saka မပါဝင်နိုင်ပေမယ့် ၊ တန်ပြန်တိုက်စစ်ကနေ တဆင့် Manchester City ခံစစ်ရဲ့ အားနည်းချက်ကို Martinelli တို့ရဲ့ အမြန်နှုန်းတွေနဲ့ အကောင်းဆုံး အသုံးချနိုင်မယ့် အခွင့်အရေး တစ်ခုပဲ ဖြစ်ပါတယ် ။
နည်းစနစ်ပိုင်းအရ Arsenal ရဲ့ အကြီးမားဆုံး လက်နက်ကတော့ Set-piece နည်းပြ Nicolas Jover ရဲ့ တည်ကန်ဘော ကစားကွက်တွေပဲ ဖြစ်ပါတယ် ။ Open Play ကနေ ဂိုးသွင်းဖို့ ရုန်းကန်ရချိန်တွေမှာ Gabriel နဲ့ Saliba တို့လို လေကြောင်းအသာစီးယူနိုင်တဲ့ ကစားသမားတွေဆီ တိတိကျကျ ပေးပို့ပြီး အဆုံးသတ်လေ့ရှိပါတယ် ။ လက်ရှိ Manchester City ခံစစ်မှာ ခေါင်းတိုက်ရှင်းထုတ်နိုင်စွမ်း မြင့်မားတဲ့ Ruben Dias နဲ့ Stones တို့ လွဲချော်နေတာကြောင့် Arsenal ရဲ့ Set-pieces ခြိမ်းခြောက်မှုတွေက ပိုပြီး အန္တရာယ် ပေးနိုင်ပါလိမ့်မယ်
[ Admin Suggestion ]
ဒီပွဲအတွက် Admin ရဲ့ အမြင်နဲ့ ခန့်မှန်းချက်ကို သုံးသပ်ပြရရင်တော့ Arsenal ဟာ အဝေးကွင်းမှာ သရေတစ်မှတ် ရဖို့အတွက်သာ အဓိက ဦးတည်ပြီး ခံစစ်ကို အသေပိတ်ကစားသွားဖို့ ရှိနေပါတယ်။ ဒါကြောင့် အကြိတ်အနယ် အားပြိုင်ရင်း သရေ (Draw) ကျသွားဖို့ ရာခိုင်နှုန်း အများဆုံး ရှိနေပါတယ် ။ Arsenal အနေနဲ့ လွယ်လွယ်ကူကူ ရှုံးဖို့ (Lose) ခဲယဉ်းပြီး ၊ အကယ်၍ Manchester City ဘက်က အနိုင်ရခဲ့ရင်တောင် ဂိုးပြတ်ဖို့ မရှိဘဲ အိမ်ကွင်းမှာ အကြိတ်အနယ် ကပ်နိုင် (Win) သွားဖို့ပဲ ရှိကြောင်း ခန့်မှန်းရပါတယ် ။
[ Match Preview & Tactics Analysis ]
အားပေးခဲ့တဲ့ မိတ်ဆွေတွေ အားလုံး
ကျေးဇူးတင်ပါတယ်။
AMIGOS FC Page ကိုလည်း
Like & Follow လုပ်ပေးခဲ့ကြပါဦး
17/04/2026
မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယလေး ဖြစ်ပါစေခင်ဗျာ။
ယနေ့ကျရောက်သော ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ကျွန်တော်တို့ Amigos FC အသင်းကို အစဉ်တစိုက် အားပေးဝန်းရံကြတဲ့ ပရိသတ်များ၊ ကစားသမားများနဲ့တကွ မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ✨✨✨
01/03/2026
MSL CUP ရဲ့ စိတ်လှုပ်ရှားဖွယ် အုပ်စုပွဲစဉ် (Round-2) အဖြစ် ကျွန်တော်တို့ Amigos FC အသင်းဟာ Phoenix Brothers FC အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားတော့မှာ ဖြစ်ပါတယ်။
Amigos FC Vs Phoenix Brothers FC
🔸 နေရာ - Jurong West Secondary School ကွင်း
🔸 ရက်စွဲ - ၁-မတ်လ-၂၀၂၆ (တနင်္ဂနွေနေ့)
🔸 အချိန် - ညနေ ၅:၀၀ နာရီ
ဘောလုံးအားကစားကို ဝါသနာပါသူများ၊ ချစ်မြတ်နိုးသူများ အနေဖြင့် လာရောက်ကြည့်ရှု အားပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
07/02/2026
⚽ MATCH DAY IS COMING! ⚽
MSL CUP ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ကျွန်တော်တို့ Amigos FC အသင်းဟာ THANLARWADDY FC နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ 🏆
Group-A ရဲ့ ပထမဆုံးပွဲစဉ်မှာ အနိုင်ရလဒ်နဲ့အတူ အစပြုနိုင်ဖို့ ကျွန်တော်တို့ အသင်းသားတွေ အားလုံး အကောင်းဆုံး ပြင်ဆင်ထားပါတယ်။
မြန်မာပရိသတ်တွေနဲ့ ဘောလုံးချစ်သူတွေအားလုံး ကွင်းထဲကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။
နေ့ရက်: ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့)
🕔 ပွဲချိန်: ညနေ ၅ နာရီ
🏟️ ကွင်း: Jurong West Secondary School
Amigos FC အသင်းကို အမြဲတမ်း အားပေးကြတဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံး ကစားကွက်တွေနဲ့ တုံ့ပြန်သွားပါမယ်။ ကွင်းထဲမှာ ဆုံကြမယ်နော်! 🔥💪
23/10/2025
MATCH DAY ⚽
🔥 SERENITY FC vs AMIGOS FC 🔥
🗓️ ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၅ (တနင်္ဂနွေနေ့)
⏰ အချိန်: ညနေ ၃ နာရီ မှ ၅ နာရီ ထိ
🏟️ ကွင်း: Yishun Primary School
🇸🇬 လိပ်စာ: 500 Yishun Ring Rd, Singapore 768679
09/10/2025
⚽ MATCH DAY! 💛🖤
🔥 Myanmar Soccer League (MSL) Season 1 – Match 33
🏟️ Regent Secondary School
🕔 10/12 | 17:00
⚔️ Spring United FC vs AMIGOS FC