10/05/2026
MNYC 2026ရဲ့Quarter Final မှာတော့ ကျနော်တို့ Irrawaddy FC အသင်းဟာ Yaung Ni FC အသင်းကို သုံးဂိုးပြတ် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွါခဲ့ရပြီလဲ ဖြစ်ပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်ကစားပေးကြပါသော Yaung Ni FC အသင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ အသင်း၏ လိုအပ်ချက်များအား ပြင်ဆင်ပြီး နောက်လာမည့် ပြိုင်ပွဲများကို အကောင်းဆုံးပြန်လည် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပရိတ်သတ်များကိုလဲ လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ။🙏
27/04/2026
ငါဟာ အရံလူပါ
မနာလိုစိတ် မရှိဘူး
ဒါပေမဲ့ မခံချင်စိတ်တော့ ရှိတယ်
ငါဟာ အရံလူပါ
ပရိသတ်တီးတဲ့ လက်ခုပ်သံက
ငါအတွက် မဟုတ်မှန်းသိတယ်
ငါဟာ အရံလူပါ
လူတွေရဲ့ အာရုံစူးစိုက်က
ငါ့အပေါ်မှာ မရှိမှန်းသိတယ်
ငါဟာ အရံလူပါ
အသင်းအတွက် အရေးပါတဲ့သူ
ဖြစ်ချင်မှဖြစ်မယ်
ငါဟာ အရံလူပါ
အရံခုံပေါ်မှာ ထိုင်နေတဲ့ငါ့ကို
လူတွေ သိချင်မှသိမယ်
ငါ့နာမည်ကို အလွတ်ရချင်မှရမယ်
ငါဟာ အရံလူပါ
တစ်မိနစ်ပဲ ဖြစ်ဖြစ်
ဆယ်မိနစ်ပဲ ဖြစ်ဖြစ်
ဝင်ကစားခွင့်ရမယ့် အခိုက်အတန့်လေးကို
အမြဲမျှော်နေသူပါ
22/04/2026
မင်္ဂလာဧည့်ခံပွဲရောက် Irrawaddy FC အသင်းသားများ
17/04/2026
Happy Myanmar New Year
ယနေ့ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ Irrawaddy FCကို အားပေးကြသော ပရိတ်သတ်များနှင့် မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေခင်ဗျာ။ ချစ်ရတဲ့ အမ်ိမြန်မာပြည်ကြီးလဲ အမြန်ဆုံး ပြန်လည်အေးချမ်းလာစေဖို့အတွက်ကျနော်တို့ Irrawaddy FC မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်ခင်ဗျာ။
15/04/2026
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
ယခုလာမဲ့ Sunday မှာတော့ ပြိုင်ပွဲမှ ခေတ္တအနားရနေတဲ့ Irrawaddy လင်းပိုင်ကလေးများဟာ ကျနော်တို့ အသင်းရဲ့ အုပ်ချုပ်သူ နည်းပြလည်းဖြစ် ကစားသမားလည်းဖြစ် တစ်နည်းအားဖြင့် အသင်းသားများအားလုံးရဲ့ ချစ်လှစွာသော အကိုကြီး ကိုအောင်ပြည့်စုံ(ခ) ကိုဘဲလေးရဲ့ မင်္ဂလာဆွမ်းကျွေးအခမ်းအနားမှာ အားလုံးစုံလင်စွာ တက်ရောက်ကြမှာပဲဖြစ်ပါတယ် ။ Congratulations ပါ ကိုဘဲလေး၊ ရာစုနှစ်များစွာတိုင် အိုအောင်မင်းအောင် ရိုးမြေကျ ပေါင်းဖက်နိုင်စေဖို့ ကျနော်တို့ Irrawaddy မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ။ Irrawaddy FC ကိုအားပေးကြတဲ့ ပရိတ်သတ်များကိုလဲ မင်္ဂလာဆွမ်းကျွေး ဧည့်ခံပွဲသို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။
12/04/2026
Group State match Full Time Result
Irrawaddy FC 3️⃣- 2️⃣ Burma Union
⚽️Khun Min
⚽️Phyo Lay
⚽️Swe Gyi
Road to Quarter Final ✅
10/04/2026
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
အုပ်စုဒုတိယပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ပြီးနောက် ယခုလာမဲ့ Super Sundayမှာတော့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် Burma Union အသင်းနဲ့ Tampines Safra ကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားရတော့မှာလဲ ဖြစ်ပါတယ်။ ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုဒုတိယနေရာမှာ ရပ်တည်နေသော်လည်း Quarter Final တက်လှမ်းရန်အတွက် ယခုပွဲကို မဖြစ်မနေ အနိုင်ကစားနေဖို့လိုအပ်နေခဲ့တာပဲ ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ Irrawaddy FC ကိုအားပေးကြတဲ့ ပရိတ်သတ်များကိုလဲ ကွင်းထဲသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ
🗓️12.4.2026(Sunday)
🕰️19:00-21:00
🏟️ Tampines Safra S’528882
🕰️
06/04/2026
ရိုက်မိရိုက်ရာ Photo Gallery..
📷 # #ဆရာကျောင်း (YNL)