17/05/2026
ရှိတဲ့လူအင်အားနဲ့ကြေးဆု ယူခဲ့တဲ့ BAGO FC အမျိုးသားအသင်း
BAGO GZ ပြိုင်ပွဲတလျှောက် သက်တမ်းအကြာဆုံးအသင်းအဖြစ်ရှိနေခဲ့တဲ့ BAGO FC အမျိုးသားအသင်းဟာဆိုရင်ဖြင့် ယခုတကြိမ်ယှဥ်ပြိုင်မှုမှာ တတိယဖြင့်သာ ကျေနပ်ခဲ့ရပါတယ်
ပြိုင်ပွဲ အတွင်း စိတ်လှုပ်ရှားစရာအခိုက်တန့်တွေရှိနေခဲ့ပေမယ့် လိုအပ်တဲ့ နိုင်ပွဲ မရရှိခဲ့တာကြောင့် တတိယနေရာကို Back to back {၂လ }ဆက်တိုက်ရရှိခဲ့တာပ့ါ ကျနော်တို့ BAGO FC ရဲ့အဓိက ကစားသမားများ ပွဲပန်းမှုဒဏ်ခံနေရတာကြောင့် အသင်းရဲ့အမာခံ player တချို့ဖြင့်သာ ပွဲကို စတင်ခဲ့ရပါတယ်
ကွင်းအတွင်းထိ လာရောက်အားပေးကြသော ဘောလုံးချစ်ညီကိုများအား အထူးကျေးဇူးတင်ပါကြောင်းနှင့်ပြိုင်ပွဲ အတွင်းထိခိုက်ဒဏ်ရာများရှိခဲ့လျှင် အနူးညွန့်တောင်းပန်အပ်ပါတယ် ခင်ဗျာ
နောင်လာမည့်ပြိုင်ပွဲများအား စောင့်မျှော်ရင်းးးးBAGO FC Fighting ⚽🏆🥇 🥈🥉
15/05/2026
ချန်ပီယံနဲ့အစပြုပီး ချန်ပီယံဖြင့် အဆုံးသတ်ခဲ့တဲ့ BAGOFC အမျိုးသမီး အသင်း
ယခုပြိုင်ပွဲကို ပြိုင်ပွဲတလျှောက် အသင်းရဲ့အမာခံကစားသမားအချို့သာပါဝင်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲအတွင်း နိမ့်ချည် မြင့်ချည်ရင်ခုန်ရဆုံး နဲ့ အခက်ခဲများကို ပဓာန မထားပဲ ကစားသမားတွေရဲ့ ကြိုးစားမှုကြောင့် လိုအပ်တဲ့ အောင်မြင်မှုကို ရယူ သွားခဲ့တာပဲ ဖြစ်ပါတယ်
ယခုတကြိမ်မှာတော့ ထူးခြားမှုဖြင့် ပြိုင်ပွဲအတွင်း ရမှတ်တူ ၃သင်းထိ ဖြစ်နေခဲ့တာကြောင့် ဂိုးပေါင်း {±} ဒိုင်အမှတ်ဖြင့် ပွဲပြီးစေခဲ့ပါတယ်
ကျနော်တို့ BAGO FC အသင်းဟာ ဂိုးပေါင်း {10+} ထိရှိနေခဲ့တာကြောင့် တကျော့ပြန် ချန်ပီယံဆု သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်
BAGO FC အမျိုးသမီးအသင်းရဲ့ Man of the Month ဆုကို အသင်းရဲ့အဓိကအားထားရတဲ့ တိုက်စစ်မှူး No.17 {Nant Zin Mar Aye } မှ ရရှိသွားခဲ့တာဖြစ်ပါတယ်
30/04/2026
မင်္ဂလာနံနက်ခင်းလေးပါခင်ဗျာ
ချစ်ရတဲ့ဘောလုံးဝါသနာရှင်လေးတွေနဲ့မတွေ့ရတာကြာသလို
ပို့စ်လေးတွေ မတင်ဖြစ်သလောက်ပါပဲ
နွေရာသီရဲ့ပူပြင်းလှတဲ့ကာလမို့
အေးအေးဆေးပဲ သွားကြတာပေါ့ ပြီးခဲ့သည့် မြန်မာ့ရိုးရာအတာသကြန်ကြောင့် 4 လပိုင်းပြိုင်ပွဲ ရွေ့ဆိုင်းခဲ့တာကြောင့်
ယခု 5လပိုင်း 10 ရက်နေ့တွင် ကျနော်တို့ Bago fc အသင်းဟာ အမျိုးသားအသင်းနှင့်အမျိုးသမီးအသင်းတို့ ပူးတွဲယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်.စိတ်လှုပ်ရှားစရာ ပျော်ရွှင်မှုပေးသော ပွဲစဥ်များကို ဘောလုံးချစ်ပရိတ်သတ်များ ကွင်းအတွင်းလာရောက်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ...
📅10.5.2026
⏰12:00 to 5:00
🏟️Sky park Arena{Clementi}102 , S596806
🚌 Bus no.::::7-156-165
17/04/2026
ချစ်ရတဲ့ ဘောလုံးပရိတ်သတ်များကို မြန်မာတို့ရဲ့နှစ်ဆန်းတရက်နေ့မှာ ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ
ကောင်းကျိုးအဖြာဖြာ ပွင့်လန်း အနာဂတ်သစ်ဆီ သို့
ရှေ့ဆက်မည့် ခရီးကြမ်းလမ်းထဲမှ Bago fc အမျိုးသမီးအသင်း၏ ရုပ်ချောဖို့ သီးသန့်အဖြစ် နှင့် လေးလေးနက်ရှိနေပေးသော ကျနော်တို့၏ ကွင်းလယ်ကစား သမား { ချာဂီနု}No.4 Nu Nu Aye မွေးနေ့မှသည် နောင်နှစ်ပေါင်းများမှာ စိတ်ချမ်းသာခြင်းများနှင့် ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ
13/04/2026
⸻
🌼💦 မြန်မာသင်္ကြန် အကြိုမှာ နှစ်သစ်မဂ်လာပါ 💦🌼
Bago FC မိသားစုမှ ပရိတ်သတ်များအားလုံးနှင့်
ဘောလုံးချစ်သူများအားလုံးကို
သင်္ကြန်ရေဖြင့်သန့်စင်စေသလို
စိတ်နှလုံးလည်း သန့်ရှင်းစေပြီး
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ခြင်းများ၊
အောင်မြင်ခြင်းများနဲ့ ပြည့်စုံပါစေကြောင်း
Bago fc ရဲ့ နှလုံးသားထဲမှ ဆုမွန်ကောင်း
တောင်းအပ်ပါသည်ခင်ဗျာ 🙏
🧡🧡အသင်းကို အမြဲတမ်းအားပေးနေသော
ပရိတ်သတ်များအားလုံးကိုလည်း
ကျေးဇူးအထူးတင်ရှိပါသည်။
နှစ်သစ်မှာ ပိုမိုကောင်းမွန်သော
performance များနှင့်
ပြန်လည်တွေ့ဆုံနိုင်ရန် ကြိုးစားသွားပါမည်ခင်ဗျာ🧡💦
💦🌊 Happy Myanmar New Year & Thingyan Festival! 💦🌊
21/03/2026
ချန်ပီယံ ကာကွယ်ရမဲ့ Bago Fc အသင်း ပုံစံကောင်းတွေ ပြသရမဲ့ အချိန်ကတော့ ကျရောက်လာခဲ့ပြီဖြစ်ပါတယ်
Super Sunday မှာ
Location.Haw Par Villa MRT
Singapore.119072
လာရောက် အားပေးလို့ ရပါတယ် ဗျ
07/03/2026
ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ယခုတကြိမ်ပြိုင်ပွဲကိုတော့
27 ကြိမ်မြောက် အဖြစ် ကျနော်တို့ Bago FC အသင်းမှ ပါဝင်ယှဥ်ပြိုင်မှာဖြစ်သလို ချန်ပီယံဆုကိုကာကွယ်ရမှာလည်း ဖြစ်ပါတယ်ခင်ဗျ
ချန်ပီယံရဲ့ ချန်ပီယံ အသင်းတွေ နှင့် ပွဲကောင်းတွေ
ရှိနေတာကြောင့် ကွင်းအတွင်းလာရောက်အားပေးဖို့
ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
🏆🥇⚽🏆🥇⚽
🚇-Haw Per Villa MRT
🏟️-25A west coast Hway{S119072}
⏰-12:00 to 5:00pm
🗓️-22.3.2026
23/02/2026
အသင်းပေါင်းစုံယှဥ်ပြိုင်သည့်အနက် ဆီမီးဖိုင်နယ်ဖြင့်သာ ကျေနပ်ခဲ့ရတဲ့ Bago FC အမျိုးသမီး အသင်း
အုပ်စု အဖွင့်ပွဲစဥ်မှာတော့ Bago fc အမျိုးသမီးအသင်းဟာ GZ fc အသင်းနှင့်စတင်ယှဥ်ပြိုင်ခဲ့ပါတယ် အဖွင့်ပွဲဖြစ်တာကြောင့် အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ကစားခဲ့တာကြာင့် 3-1 ရလဒ်ဖြင့် ပထမပွဲပြီးစေခဲ့ပီး ဒုတိယပွဲအဖြစ် Wise lionesses fc အသင်းနှင့်ကစားခဲ့ရာ 6-0 ဖြင့် ၂ပွဲကစား ၂ပွဲနိုင်ဖြင့် အုပ်စုတက်ဖို့ အခြေနေကောင်းခဲ့ပါတယ် အုပ်စုနောက်ဆုံးပွဲမှာတော့ Kayah Liphu fc နှင့် အုပ်စုအဆုံးဖြတ်ကစားခဲ့ရာ 1-1ရလဒ်နှင့်အကြိတ်နယ်ဖြင့် အုပ်စု ဒုတိယဖြင့် semi final တက်ရောက်ခဲ့ပါတယ်
ဆီမီးဖိုင်နယ်ပွဲစဥ်မှာတော့ ကစားရခက်တဲ့ AYA FC နှင့်ကစားခဲ့ရာ 4-0 ဖြင့်ရှုံးနိမ့်ခဲ့ရာ တတိယလုပွဲမှာလည်း HERO fc အသင်းကို 2-0 ဖြင့် ရှုံးနိမ့်ခဲ့ပြီး Top 4ဖြင့်သာကျေနပ်ခဲ့ရပါတယ်
ပွဲကစားချိန် ကြာလာသည့်နှင့်အမျှ ရာသီဥတု အပူချိန်နှင့်ပွဲပန်းမှုဒဏ်ကို ကစားသမားများ ခံစားခဲ့ရပြီး နောက်ဆုံးမှာ အသင်းမှ player များ ဒဏ်ရာကြီးကြီးမား မရရှိခဲ့ပဲ ပျော်ပျော်ရွှင် ပွဲပီးစေခဲ့ပါတယ် ကြိုးကြိုးစားစား ယှဥ်ပြိုင်ပေးခဲ့သော အသင်းမှ player များအား admin အဖွဲ့မှ အထူးကျေးဇူးတင်ပါကြောင်းနှင့်
နောက်လာမည့်ပွဲ fighting နတ်မိမယ်လေးများ 🎗️🥇💪💪💪💪💪
19/02/2026
ယနေ့မှာတော့ ကျနော်တို့ BAGO FC အသင်းရဲ့ကွင်းလယ်ကစားသမား {No.8 Thiha} ရဲ့ birthday ပဲဖြစ်ပါတယ်ခင်ဗျာ မွေးနေ့ မွေးရက်တိုင်းမှာ အလုပ်ကိုင် အဆင်ပြေပြေ နှင့် ချစ်ခင်ရသောသူတွေနဲ့ အမြဲတွေ့ဆုံနိုင်ပါစေလို့ admin တို့အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ ချန်ပီယံဆုတွေလည်း သိမ်းပိုက်နိုင်စေဗျာ 🎂🎉🎉