08/01/2026
⚽ နောက်ဆုံးပွဲအတွက် အားမာန်အပြည့်နဲ့ တိုက်ပွဲဝင်ကြစို့ - Loyal Strikers FC! 🔴⚪️
Myanmar Soccer League (MSL) Season-1 ရဲ့ အရေးကြီးလှတဲ့ Match-43 ပွဲစဉ် ရောက်ရှိလို့လာပါပြီ။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ဟာ ခြေစွမ်းပြသနေတဲ့ Spring Utd FC အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ပြိုင်ဘက်အသင်း နဲ့ ကျွန်တော်တို့ရဲ့ နိုင်လိုစိတ်ပြင်းထန်တဲ့Loyal Strikers FC အသင်းတို့ ယှဉ်ပြိုင်ကြမဲ့ ပွဲမှာ အသင်းသားအားလုံး ကွင်းထဲမှာ "ရေကုန်ရေခမ်း" အားထုတ်ကစားပြီး အောင်ပွဲကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားကြပါစို့။ ချွေးစက်တိုင်းဟာ အသင်းရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်ပါစေ။
ချစ်ခင်ရပါသော အသင်းပရိသတ်များရဲ့ အားပေးသံက ကျွန်တော်တို့အတွက် အင်အားအရှိဆုံး လက်နက်ပါပဲ။ ကွင်းထဲကို လာရောက်ပြီး အင်တိုက်အားတိုက် အားပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
📅 ပွဲစဉ်အသေးစိတ်-
နေ့ရက်: ၁၁ - ၁ - ၂၀၂၆ (တနင်္ဂနွေနေ့)
အချိန်: ညနေ ၅:၀၀ နာရီ (5 PM)
နေရာ: Jurong West Sec Sch
အောင်ပွဲဆီသို့ အတူတူ လှမ်းချီကြမယ်!
Go Loyal Strikers! 💪🔥
04/01/2026
"ချွေးစက်တွေနောက်က စည်းလုံးမှုနဲ့ Loyal Strikers FC ရဲ့ လေ့ကျင့်ရေးကွင်း 🏟️💪"
ဒီနေ့ Sunday Training မှာ အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုက တကယ်ကို လေးစားဖို့ကောင်းပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း၊ အမှားတွေကို ပြင်ဆင်ရင်းနဲ့ အသင်းရဲ့ အင်အားကို တည်ဆောက်နေကြပါတယ်။
ကွင်းပြင်ပမှာ ညီအစ်ကိုတွေဖြစ်သလို၊ ကွင်းထဲမှာလည်း တစ်စိတ်တစ်ဝမ်းတည်း တိုက်ပွဲဝင်ဖို့ အမြဲအသင့်ပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က တစ်ခုတည်းပါ... အဲ့ဒါကတော့ "အောင်ပွဲ" ပါပဲ။ 🏆
အားပေးနေတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ရလဒ်တွေ ယူဆောင်လာပေးပါ့မယ်။
28/12/2025
Loyal Strikers FC ညီကို တွေ ရဲ့ ဂိုးမိုးရွာခဲ့တဲ့ ပွဲ
Loyal Strikers FC ⚽️ 8 Vs 1 ⚽️ Golden Stars FC
အသင်းရဲ့ ညီလေး Rabbit ရဲ့ နှုတ်ဆက်ပွဲလေး ❤️
27/12/2025
📢 Match Day Announcement: Loyal Strikers FC ⚽🔥
Myanmar Soccer League (MSL) Season 1 ရဲ့ အကြိတ်အနယ်ရှိလှတဲ့ Match (41) ပွဲစဉ်ကို ရောက်ရှိလို့လာပါပြီ။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ Loyal Strikers FC ဟာ Golden Stars FC အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
📅 ပွဲစဉ်အသေးစိတ်-
ပြိုင်ဘက်အသင်း: Golden Stars FC
နေ့ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့)
အချိန်: ညနေ ၅:၀၀ နာရီ (17:00)
နေရာ: Jurong West Secondary School
📣 ပရိသတ်များသို့ ဖိတ်ကြားချက်-
မိဘပြည်သူများနှင့် ချစ်ခင်ရပါသော အသင်းပရိသတ်များအားလုံးလည်း ကွင်းထဲကို လာရောက်ပြီး ကျွန်တော်တို့ရဲ့ Loyal Strikers FC ကစားသမားတွေကို အင်တိုက်အားတိုက် လာရောက်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးသံက ကျွန်တော်တို့အတွက် အကြီးမားဆုံး ခွန်အားပါပဲ။
👕 အသင်းသားများသို့ အထူးသတိပေးချက်-
ဒီပွဲစဉ်အတွက် ကျွန်တော်တို့အသင်းသားများအားလုံး အဖြူရောင်ဂျာစီ (White Jersey) ဝတ်ဆင်ပြီး ကစားရမှာဖြစ်ပါတယ်။ ဒါကြောင့် အသင်းသားတွေအနေနဲ့ ဂျာစီအရောင် မှားယွင်းမှုမရှိအောင် ကြိုတင်ပြင်ဆင်လာကြဖို့ အထူးသတိပေးအပ်ပါတယ်ဗျ။
အတူတကွ တိုက်ပွဲဝင်ပြီး အောင်ပွဲဆီသို့...
Go Loyal Strikers! 💪🔥
25/12/2025
Loyal Strikers FC မှ မင်္ဂလာရှိသော ခရစ္စမတ်အခါသမယဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🎄⚽
"ဒီနေ့ကျရောက်တဲ့ ခရစ္စမတ်နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ Loyal Strikers FC ရဲ့ မိသားစုဝင်များ၊ အားပေးကြတဲ့ ပရိသတ်များ (Fans) နဲ့ ခရစ်ယာန်ဘာသာဝင်များအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ။
ဘောလုံးပွဲတစ်ခုမှာ စည်းလုံးမှုက အရေးကြီးသလိုပဲ၊ ဒီခရစ္စမတ်ကာလမှာလည်း တစ်ဦးနဲ့တစ်ဦး မေတ္တာတွေ၊ ငြိမ်သက်ခြင်းတွေ ဝေမျှရင်း ပျော်ရွှင်စရာနေ့ရက်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ရှေ့ဆက်မယ့် ပွဲစဉ်တိုင်းမှာလည်း ကျွန်တော်တို့ Loyal Strikers FC နဲ့အတူ အောင်ပွဲတွေ အတူတူဆင်နွှဲကြရအောင်ပါ။
Merry Christmas to you all! 🎅🎁✨
"
18/12/2025
မိုးထဲရေထဲမှာ Loyal Strikers FC ညီကိုတွေ အတူတူ ရုန်းခဲ့ကြတဲ့ ပွဲ 💪🏻
14/12/2025
အလုပ်အကိုင်မတူ
အသက်အရွယ်မတူ
မွေးရပ်မြေ မတူ
သို့ပေမယ့်
ဝါသနာတူ
နိုင်ငံအတူ🇲🇲
ခံယူချက်ချင်း တူ လို့
ညီအကိုတွေအဖြစ်
ခင်မင်ရင်းနှီးကြရင်း
အသင်းအဖွဲ့ တခုအဖြစ်
ရှေ့ဆက်နေကြတယ်
မင်းဝမ်းနည်းတဲ့အခါ
ဝိုင်းဝန်းနှစ်သိမ့်
မင်းအဆင်ပြေတဲ့အခါ
ထပ်တူဝမ်းသာ
မင်းလဲပြိုတဲ့အခါ
ဖေးမကူညီရင်း
တို့အားလုံးဟာ
တသွေးတသားတည်းပါပဲ
လာပါ ...
ငါတို့ညီအကိုတွေ
အတူတကွနဲ့
စည်းစည်းလုံးလုံး
ဆက်လက်ရပ်တည်ကြရင်း
ပျော်ရွှင်မှု
ဝမ်းသာမှု
ဝမ်းနည်းမှု
အောင်မြင်မှု တွေဆီကို
အတူတူ လျှောက်လှမ်းရအောင် 🫂🫂🫂
( ယနေ့ပွဲကို ဝိုင်းဝန်းအားဖြည့်ပေးကြတဲ့ညီအကိုတွေအားလုံးနှင့်တယောက်ချင်းစီတိုင်းသာမက ပွဲစဥ်တိုင်း မကန်ရသည့်တိုင် လိုက်လံဝန်းရံပေးတဲ့ LS ရဲ့ ချစ်ညီကိုတွေ အားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါတယ် )
14/12/2025
အသဲကောင်းလို့ ပွဲတောင်းနေတဲ့ Strikers တို့အတွက်
Super Sunday ရဲ့ လှပတဲ့အခိုက်အတန့်မှာ
ပြိုင်ဖက်ကောင်း MU ကို ဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင် သွင်းပြီး
အဖိုးတန် ၃မှတ်ကို ရယူနိုင်ခဲ့ပါတယ်
ပွဲကောင်းတပွဲရဲ့ အနှစ်သာရကို ပေါ်လွင်စေခဲ့ပြီး ဖျော်ဖြေမှုရသကို အပြည့်ပေးစွမ်းခဲ့တယ်ဆိုရင်လည်း မှားမယ် မထင်ပါဘူး
ပထမပိုင်း မိနစ် ၂၀မှာ LS အသင်းရဲ့ တိုက်စစ်မှူး Charm က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် MU အသင်းက ပြန်လည်ချေပခဲ့လို့ တဖက် ၁ဂိုးစီနဲ့ သရေဖြစ်နေခဲ့ပါတယ်
ဒုတိယပိုင်းမှာတော့ LS အသင်းက ကစားကွက်အပြောင်းအလဲပြုလုပ်ကာ အသင်းရဲ့ အားထားရတဲ့ ကစားသမား Phyo Lin San က ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူရင်း LS အသင်းကို ပြန်လည်ဦးဆောင်စေခဲ့ပါတယ်
အဲဒီ နောက်မှာတော့ Phyo Linn San ကပဲ၄လုံးဆက် ဂိုးသွင်းယူကာ 1-5 ဆိုတဲ့ ရလဒ်နဲ့ အသင်းကို ဦးဆောင်စေခဲ့ပါတယ်
MU အသင်းဘက်ကလည်း ၂ဂိုးဆက် ပြန်လည်ချေပရင်း 3-5 ဆိုတဲ့ရလဒ်နဲ့ ပွဲကိုမြိုင်ဆိုင်စေခဲ့ပါတယ်
အဆုံးသတ်မှာတော့ LS အသင်းရဲ့ အထောင်တိုက်စစ်မှူး Nanda နဲ့ ဗဟိုခံစစ်မှူး Mg Bhone (Phone) တို့က လှပတဲ့ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူရင်း ပွဲကို အဆုံးသတ်စေခဲ့ပါတယ်
ပွဲစဥ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ၄ဂိုးအထိ သွင်းယူပေးခဲ့တဲ့ Phyo Linn San ကိုဂုဏ်ယူစွာပေးအပ်ရင်း (မိမိအမြင်ဖြင့်)
LS ပရိတ်သတ်တွေလည်း Super Sunday ရဲ့ ညကို ပျော်ရွှင်စွာ ဖြတ်သန်းစေလိုပါကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
Loyal strikers FC 7- 3 Myanmar United
30/11/2025
Myanmar Family Football Club မှာ 🏆
Loyal Strikers FC ပြိုင်ပွဲဝင် အသင်းသား ညီကိုများ❤️
16/11/2025
LOYAL STRIKERS FC VS RED STARS FC
FRIENDLY MATCH
လိဒ်ပွဲတွေ နားတုန်းလေး ⚽️
ᩣシ
18/10/2025
🛡️ ကွင်းလယ်ခံစစ်ရဲ့ အမာခံ - HTIKE NC (ထိုက်လင်းကျော်) ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါပြီ! 🛡️
Loyal Strikers FC ကွင်းလယ်ခံစစ်မှာ မရှိမဖြစ်တဲ့၊ နည်းစနစ်ပိုင်းအထူးကျွမ်းကျင်တဲ့ HTIKE NC (ထိုက်လင်းကျော်) ကို ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါရစေ။
⭐ နာမည်ရင်း: Htike Linn Kyaw
⭐ ကစားသမားနာမည်: HTIKE NC
⭐ ဂျာစီနံပါတ်: 8
⭐ ကစားသမားနေရာ: ကွင်းလယ်ခံစစ် (Defensive Midfielder - DM)
HTIKE NC ဟာ ကွင်းလယ်ခံစစ်နေရာကနေ အသင်းရဲ့ ခံစစ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးတဲ့ အဓိက ကစားသမားတစ်ဦးပါ။ သူ့ရဲ့ Skill ပိုင်း ကျွမ်းကျင်မှုက တခြားသူတွေနဲ့မတူ ထူးခြားပါတယ်။ ပြိုင်ဘက် ကစားသမား နှစ်ယောက်၊ သုံးယောက်ကြားထဲကနေတောင် ဘောလုံးကို အသာလေး လိမ်ခေါ်ထွက်နိုင်တဲ့ အရည်အချင်းရှိသူပါ။
ဘောလုံးကို အလွယ်တကူ မပေးဘဲ ကာကွယ်ထားနိုင်တာကြောင့် တိုက်စစ်စတင်ဖို့ အချိန်ရစေပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ဖြတ်တောက်ရာမှာလည်း ထိရောက်တာမို့ Loyal Strikers FC အသင်းရဲ့ အားထားရတဲ့ မရှိမဖြစ် DM တစ်ယောက် ဖြစ်ပါတယ်။
အသင်းရဲ့ အမာခံ ကစားသမား HTIKE NC အတွက် အားပေးလိုက်ကြရအောင်!
#ထိုက်လင်းကျော်
#မာန်ထက်သန်သောအသင်းသား