15/09/2026
လာမယ့် တနင်္ဂနွေနေ့ရဲ့ ညခင်းမှာတော့ Woodleigh Arean ကွင်းကြီးထဲမှာ MPL ရဲ့ ဇယားထိပ် တိုက်ပွဲ တစ်ခုကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်....။ ရေပြင်ထက်မှာ အားကောင်းစွာနဲ့ မြူးထူးခုန်ပေါက် ကစားမယ့် ဧရာဝတီလင်းပိုင်တို့နဲ့ လက်ရှိဇယားထိပ်ကနေ အားကောင်းစွာနဲ့ ဆက်လက်ဦးဆောင်ဖို့ ကြိုးစားနေတဲ့ ရောင်နီလုလင်တို့ရဲ့ ပွဲကတော့ တကယ်ကို လက်မလွတ်ချင်စရာကောင်းပြီး..... မျက်တောင်မခတ်တမ်း ကြည့်ရှုရမယ့် ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်....။
တနင်္ဂနွေနေရဲ့ ညခင်း တိုက်ပွဲအတွက် ရောင်နီလုလင်တို့ဟာ သူတို့ရဲ့ နဂါးဝတ်ရုံတွေကို ဝတ်ဆင်ထားပြီး တိမ်တိုက်တွေကြားကနေ အသင့်ရှိနေပြီ ဖြစ်ပြီး..... ဧရာဝတီလင်းပိုင်တို့ကလည်း ဇယားထိပ်ကနေရာကို ရယူဖို့ အင်တိုက် အားတိုက် လှော်ခတ်လာနေပြီပဲဖြစ်ပါတယ်...။
ဒါကြောင့် လာမယ့် စက်တင်ဘာ ၂၀ရက်နေ့ ည၈နာရီအချိန်မှာတော့ Woodleigh Arena ကွင်းကြီးရဲ့ ပွဲကြည့်စင်တွေထက်ကနေ လာရောက် ကြည့်ရှု အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ....။
ကဲ...... ဇယားထိပ်ကို ဘယ်သူဦးဆောင်သွားမလဲ???
Idea credit to Irrawaddy FC ညီကိုများ 🙏
See you brothers !!!
ရောင်နီမီဒီယာ