29/03/2026
ဒီနေ့ဟာ ဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ အသင်းသား Kyaw Htay Aung Kyawhtayaungရဲ့ မွေးနေ့လေးဘဲ ဖြစ်ပါတယ်ခင်ဗျာ။ ယနေ့မှစပြီး ကျော်ကြီး တစ်ယောက် စော်လေးတွေနဲ့ အမြဲလျှောက်သွားနိုင်ပြီး အမြဲ ပျော်ရွှင်နိုင်ပါစေလို့ သံလ္လာဝတီမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ကျော်ကြီရေ 😁
14/03/2026
ဒီနေ့လေးဟာဖြင့် ကျွန်တော်တို့ THANALRWADDY FC ရဲ့ နောက်တန်း ခံစစ်ကစားသမား ရဲမင်းထက်ရဲ့ မွေးနေ့မင်္ဂလာ ရက်မြတ်ကလေးဘဲ ဖြစ်ပါတယ်ခင်ဗျ။ ယနေ့မှစပြီး လိုအင်ဆန္ဒများစွာ ပြည့်ဝကာ မိဘကိုလုပ်ကျွေးပြုစုနိုင်သော သားကောင်းရတနာလေး ဖြစ်ပါစေလို့ ကျွန်တော်တို့ သံလ္လာဝတီမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။
(Happy Birthday ပါ ညီလေးရဲမင်းထက်ရေ မွေးနေ့ပေါင်းများစွာကို သံလ္လာဝတီမိသားစုနဲ့အတူဖြတ်သန်းပြီး အောင်ပွဲတွေ အတူတူရယူကြပါဦးစို့) @
07/03/2026
သံလ္လာဝတီသားတို့ ရုန်းကန်ရမယ့်ပွဲ 💪💪
07/03/2026
ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ ကွင်းလယ် အသက်သွေးကြောဖြစ်တဲ့ နိုင်ထွေးလေးရဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေး ဖြစ်ပါတယ် ခင်ဗျာ။ လိုအင်ဆန္ဒများစွာ ပြည့်ဝပါစေကြောင်း သံလ္လာဝတီမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။Naing Htwe
07/03/2026
ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ Sunday မှာ MTUAC အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ 2-6ဆိုတဲ့ အရှုံးရလဒ်နဲ့ တွေ့ကြုံခဲ့ရပါသည်။
26/02/2026
"စောင့်မျှော်နေရတဲ့ စိတ်လှုပ်ရှားစရာ Match Day တစ်ခု ရောက်ရှိလို့လာပါပြီ! ⚽🔥
(MSL) ရဲ့ အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တစ်ခုဖြစ်တဲ့ THANLARWADDY F.C နဲ့ MTUAC တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု...
ဘောလုံးဝါသနာရှင် မိတ်ဆွေများအားလုံး လာရောက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။
🗓️ Date: 01 MARCH 2026
🕒 Time: 3 PM - 5 PM
📍 Location: Unity Secondary School, Postal Code 689143
11/02/2026
Opponent Best Player
Thanlarwaddy FC
Match 1
------------------------
Thanlarwaddyအသင်းမှ ကျောနံပတ် 9 တိုက်စစ်မှူး Toe Tet Aung သည် အသင်းအတွက် အဆုံးသတ်ကောင်းကောင်းဖြင့် Hat-Trick ဂိုးကိုသွင်းယူပေးနိုင်ခဲ့တဲ့အတွက် Opponent Best Player အဖြစ် Amigos FC အသင်းကရွေးချယ်ပေးခဲ့ပါတယ်။
Congratulations တိုး တက်အောင်
08/02/2026
MSL Cup ပွဲစဉ်မှာ ကျွန်တော်တို့ Thanlarwaddy FC အသင်းမှ ၇ ဂိုး - ၀ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
⚽ ဂိုးသွင်းရှင်များ
• Kyaw Kyaw Lin (3 Goals)
• Toe Tet Aung (3 Goals)
• Aung Kyaw Moe (1 Goal)
အစွမ်းကုန် ကြိုးစားခဲ့ကြတဲ့ အသင်းသားများနဲ့ တခဲနက် အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ရှေ့ဆက်မယ့် ပွဲစဉ်တွေမှာလည်း အကောင်းဆုံး ကြိုးစားသွားပါဦးမည်။
04/02/2026
ကျွန်တော်တို့ Thanlarwaddy FC အသင်းသည် လာမည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် MSL Cup ပွဲစဉ်အဖြစ် Amigos FC နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဘောလုံးပွဲဆိုသည်မှာ ကွင်းအတွင်းက ကစားသမားများ၏ အစွမ်းပြမှုသာမက၊ အသင်းအပေါ်ထားရှိသည့် စိတ်ဓာတ်နှင့် ပရိသတ်များ၏ ယုံကြည်မှုတို့ ပေါင်းစပ်ထားသည့် အနုပညာတစ်ခုဖြစ်သည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် ဤပွဲစဉ်အတွက် ကျွန်တော်တို့အသင်းသားများအားလုံး အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကာ မိနစ် ၉၀ ပြည့်သည်အထိ တည်ငြိမ်ရင့်ကျက်စွာဖြင့် အောင်ပွဲအတွက် ကြိုးစားသွားမည်ဖြစ်ပါသည်။
📍 ပွဲစဉ်အချက်အလက်များ
• Thanlarwaddy FC vs Amigos FC
•ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၆ (တနင်္ဂနွေနေ့)
• အချိန်: ညနေ ၅:၀၀ နာရီ
• နေရာ: Singapore S649348
အမြဲတမ်း အားပေးဝန်းရံပေးကြသည့် ကျွန်တော်တို့ Thanlarwaddy ပရိသတ်များကိုလည်း ကွင်းအရောက် လာရောက်အားပေးကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ သင်တို့၏ အားပေးသံသည် ကျွန်တော်တို့အသင်း၏ အကြီးမားဆုံးသော ခွန်အားဖြစ်ပါသည်။
"ခြေလှမ်းတိုင်းမှာ သမိုင်းရှိစေရမည်"
Fc
fb.me
25/01/2026
ကျွန်တော်တို့ အသင်းကောင်း တစ်သင်းဖြစ်တဲ့ champions ဆုကို ဆွတ်ခူးထားသော မြန်မာ အသင်းကောင်းတစ်သင်းနှင့်ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက်အသင်းရဲ့ တိုက်စစ်ဖိအားများကြားမှာ ရုန်ကန်ရင်း အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။