Lady Warriors For Equal F.C

Lady Warriors For Equal F.C Lady Warriors For Equal a women's football Club emphasizes empowering women and teaching football skills while promoting different values.

We invite you to come and support us!
27/02/2026

We invite you to come and support us!


Lady Warriors New Shirt & New Tournament in 2026!Thank you for always supporting us.Your support gives us strength on an...
20/02/2026

Lady Warriors New Shirt & New Tournament in 2026!

Thank you for always supporting us.
Your support gives us strength on and off the field.
We couldn’t stand strong without your support this journey is because of you.
Together, we are Lady Warriors. 💪✨

02/02/2026

လေဒီဝါဒီရာ အမျိုးသမီး ဘောလုံးသင်တန်း။

အပတ်စဉ်တိုင်း ဘောလုံးသင်တန်းကို လုပ်ဆောင်
ပေးပါတယ်။
လေ့ကျင့်မှုဆိုတာ ပြိုင်ပွဲရှိမှ လုပ်တာထက် မိမိတို့ကိုယ်ရေကိုယ်သွေးကို တိုးတတ်ခြင်းတို့ကို ရည်ရွယ်ပြီး ဘောလုံးသင်ယူကြပါတယ်။
ဘောလုံး စကေး တစ်ခုတည်းကိုသာမက မိမိတို့ရဲ့ စိတ်ဖိအားတွေကို လျော့ကျစေခြင်း နောက် မနက်ဖြန်တွေမှာ မိမိတို့လုပ်ငန်းတာ၀န်တွေကိုလုပ်ဆောင်နိုင်အောင်လည်း ဘောလုံးသင်တန်းက ပံ့ပိုးပေးပါတယ်။
အဂ်ါနေ့တိုင်း ညနေ ၆ နာရီမှ ၇ နာရီခွဲအထိ လေ့ကျင့်ပေးပါတယ်။
နေရာကတော့ မဲဆောက် ၃ ထပ်ကွင်း‌(အာရီနာ)ကွင်းမှာ အပတ်စဉ်လေ့ကျင့်ပေးပါတယ်။

Lady Warriors ၂၀၂၅ဘောလုံး သင်တန်းပိတ်ပွဲ ၂၀၂၅ ခုနှစ်မှာ ဘောလုံးအသင်းအနေနဲ့ လိဂ်ပွဲစဉ်တွေကော တစ်ရက်တာပြိုင်ပွဲတွေကော ယှဉ်...
22/12/2025

Lady Warriors ၂၀၂၅ဘောလုံး သင်တန်းပိတ်ပွဲ

၂၀၂၅ ခုနှစ်မှာ ဘောလုံးအသင်းအနေနဲ့ လိဂ်ပွဲစဉ်တွေကော တစ်ရက်တာပြိုင်ပွဲတွေကော ယှဉ်ပြိုင်ခဲ့ပါတယ်။
အောင်မြင်သင့်သလောက် ရလဒ်ကောင်းတွေရရှိခဲ့သလို လိုအပ်ချက်များနဲ့ အရှုံးတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။
သို့ပေမယ့် အသင်းသားတွေနဲ့နည်းပြတွေရဲ့ ‌‌ေဘာလုံးသင်တန်းကို ပုံမှန်လာရောက် သင်ကြားလေ့လာခဲ့တာကြောင့် လိုအပ်ချက်တွေကို လျော့အောင်လုပ်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ တိုးတတ်မှုတွေရရှိခဲ့ပါတယ်။
ဘောလုံးသင်တန်းနှင့် ဘောလုံးပြုင်ပွဲတွေအတွက် လူအားငွေအား အခြားသော ပံ့ပိုးပေးကြသော တစ်ယောက်ချင်းစီတိုင်းကို Lady Warriors အသင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
ပျော်ရွင်စရာကောင်းသော နှစ်သစ်ကူး၁၀၂၅ ခုနှစ်ကို ဖြတ်ကျော်နိုင်ပါစေ။
အားလုံး ၂၀၂၆ နှစ်သစ်မှာ အတူပြန်ဆုံကြပါမယ်။
.c

17/10/2025

⚽️ Lady Warriors အသင်း - ပြိုင်ပွဲအောင်နိုင်ရေးအတွက် ဘာတွေလုပ်နေလဲ 🚀

Date: 17 October 2025


🔥 ချန်ပီယံတွေဟာ လေ့ကျင့်ခန်းကွင်းမှာ မွေးဖွားလာကြတာပါ။ ကွင်းထဲက တောက်ပမှုတွေ၊ ပရိသတ်တွေရဲ့ အားပေးသံတွေ၊ အနိုင်ရပြီးနောက် ဝမ်းသာပျော်ရွှင်မှုတွေ... ဒါတွေအကုန်လုံးရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲ။

Lady Warriors ဘောလုံးအသင်းဟာ လာမယ့်ပြိုင်ပွဲတွေအတွက် မဆုတ်မနစ် ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းပုံမှန်အပတ်စဉ် လေ့ကျင့်ခန်းတွေကို စနစ်တကျ ပြုလုပ်ခဲ့သလို ကြာသပတေးနေ့မှာလည်း အုပ်စုငယ်လေးတွေ ခွဲပြီး အသင်းစိတ်ဓာတ်ကို မြှင့်တင်တဲ့ လေ့ကျင့်ခန်းတွေ ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ကြပါတယ်။

💪 အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်

ဘာကြောင့် လေ့ကျင့်ခန်းတွေက ဒီလောက်အရေးကြီးလဲ။ "Champions are made in training, not on game day" ဆိုသလို ကျွန်မတို့ရဲ့ Lady Warriors တွေဟာ ဒီစကားအတိုင်း လေ့ကျင့်ရေးကွင်းတွေမှာ သက်သေပြနေကြပါတယ်။

🏃‍♀️ ကိုယ်ကာယပိုင်းဆိုင်ရာအတွက်
• သက်လုံခံနိုင်ရည် တိုးတက်မှု
• ကြွက်သားတွေ သန်မာမှု
• အရှိန်အဟုန်နဲ့ သွက်လက်မှု
• ဒဏ်ရာကာကွယ်ရေး
စတာတွေဟာလည်း အရေးပါလှပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းက ဒဏ်ရာဖြစ်ပွားမှုနှုန်းကို 60% အထိ လျှော့ချနိုင်တယ်လို့ အားကစားသိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

🧠 ဦးနှောက်နဲ့ ကစားရမယ်

ဘောလုံးဟာ "ခြေထောက်နဲ့ ကစားတဲ့ စစ်တုရင်ဂိမ်း" ပါ။
ဒါကြောင့်

၁။ တိုက်စစ်ဗျူဟာ
၂။ ခံစစ်စနစ်
၃။ ကူးပြောင်းကစားခြင်း

စတဲ့ အချက်တွေကိုလည်း အပတ်စဉ် ပုံမှန်လေ့ကျင့်သလို ကွင်းထဲမှာ မမျှော်မှန်း နိုင်တဲ့ စိန်ခေါ်မှုတွေ ကြုံလာရင် ဦးနှောက်နဲ့ အသေအချာ တွက်ချက်ကစားနိုင်အောင် လေ့ကျင့်ခဲ့ကြပါတယ်။

🤝 တစ်ယောက်တည်းနဲ့ မအောင်နိုင်ဘူး

"Talent wins games, but teamwork wins championships" ဆိုသလို Lady Warriors အသင်းရဲ့ အင်အားအကြီးဆုံး လက်နက်က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပါပဲ။

💬 ကွင်းထဲမှာ အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့

၁။ ဆက်သွယ်ပြောဆိုမှု (Communication)
၂။ နားလည်မှု (Understanding)
၃။ အပြန်အလှန် ယုံကြည်မှု (Trust)

ဒါတွေကလည်း အမြဲတစေ ကွင်းထဲမှာ လေ့ကျင့်နေကျဖြစ်ပါတယ်။

🎯 အနိုင်ရခြင်းရဲ့ လျှို့ဝှက်သော့ချက်

ဘောလုံးပွဲတစ်ပွဲရဲ့ 90% ဟာ စိတ်ပိုင်းဆိုင်ရာ၊ 10% က ကာယပိုင်းဆိုတာ တကယ် မှန်ကန်နိုင်ပါ့မလား။
ဟုတ်ပါတယ်။

၁။ ဖိအားတွေကြားထဲမှာ နေတတ်ခြင်း
၂။ အနိုင်ရလိုစိတ်
၃။ အာရုံစူးစိုက်မှု
စတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အား အပြည့်အဝရှိတဲ့ အသင်းတွေဟာ ပြိုင်ဘက်တွေထက် 35% ပိုပြီး အောင်မြင်တယ်လို့ သုတေသနတွေက ပြောပါတယ်။

ဒါကြောင့် Lady Warriors အသင်းဟာ တစ်နေ့တစ်ခြား ပိုမိုကောင်းမွန်လာအောင် မဆုတ်မနစ် ကြိုးစားနေကြပါတယ်။ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရဖို့အတွက် နောက်ကွယ်မှာ ဘယ်လောက်ထိ အားစိုက်ထုတ်နေရသလဲ ဆိုတာ သိမြင်ကြရမှာဖြစ်ပါတယ်။

အောင်ပွဲတွေဟာ တစ်နေ့ထဲ၊ တစ်ချိန်ထဲမှာ ရဖို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ်၊ နေ့တိုင်း စိတ်ရှည်မှု၊ စည်းလုံးညီညွတ်မှု၊ ကြိုးစားအားထုတ်မှု၊ အနစ်နာခံမှုတွေ ရှိမှ ဆုတံဆိပ်တွေက ရောက်ရှိလာတတ်ကြတာဖြစ်ပါတယ်။

06/10/2025

🤩 Lampang Sports School အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို Lady Warriors အသင်းက ရှင်းထုတ် ကာကွယ်မှုတွေ အတော်လေး ပြုလုပ်နိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ ပွဲစဉ်မှာ Lady Warriors အသင်းရဲ့ နောက်တန်းတွေရဲ့ ရှင်းထုတ်မှုတွေက အံ့မခန်းဖြစ်ခဲ့သလို Lampang Sports School အသင်းရဲ့ ကန်ချက်အတော်များများကို Lady Warriors အသင်းဂိုးသမား ဂူးလေးကလည်း အစွမ်းရှိသလောက် ရေကုန်ရေခမ်း ကာကွယ်နိုင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ဗီဒီယို Crd - Haruethai Wongpreedasiri

06/10/2025

🤩 Lady Warriors အသင်းနဲ့ Lampang Sports School အသင်းတို့ ပွဲစဥ်က Lady Warriors အသင်းရဲ့ ဦးဆောင်ဂိုးကို တင်ပြပေးလိုက်ပါတယ်။ ဒီသွင်းဂိုးကို Lady Warriors အသင်းရဲ့ အထောင်တိုက်စစ်မှူး မိုးပြည့်ပြည့်ဇော်က ခေါင်းတိုက်ပြီး လှလှပပ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဂိုးမှာဆိုရင် ထောင့်ကန်ဘောကနေတဆင့် ပေးပို့မှုဟာ တိကျ သေသပ်သလို၊ ဂိုးသွင်းသူရဲ့ နေရာယူမှန်ကန်မှု၊ တိကျမှု၊ ချိန်သားကိုက်မှုတွေကို တပေါင်းထဲ တွေ့မြင်ရမှာဖြစ်ပါတယ်။

ဗီဒီယို Crd - Haruethai Wongpreedasiri

Lady Warriors ရဲ့ စိတ်ဓာတ်၊ အားမာန်တွေ အပြည့်အဝ ပြသခဲ့တဲ့ ပွဲ5Oct 2025 🤩 Lady Warriors အသင်းဟာ နှစ်ရက်ဆက်တိုက် ကစားခဲ့ရပ...
05/10/2025

Lady Warriors ရဲ့ စိတ်ဓာတ်၊ အားမာန်တွေ အပြည့်အဝ ပြသခဲ့တဲ့ ပွဲ

5Oct 2025

🤩 Lady Warriors အသင်းဟာ နှစ်ရက်ဆက်တိုက် ကစားခဲ့ရပြီး ပွဲပန်းမှုတွေကြားကနေပဲ Lampang Sports School အသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

🤩 ဒီပွဲစဉ်မှာတော့ ရလဒ်ပိုင်းအရ ၆-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့ အသင်းသားတိုင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ မလျှော့တဲ့ဇွဲသတ္တိတွေကို ပရိသတ်တွေ အထင်းသား မြင်တွေ့ခဲ့ရပါတယ်။

🤩 တိုက်စစ်ကစားသမားတွေ၊ ကွင်းလယ်လူတွေ၊ နောက်တန်းနဲ့ ဂိုးသမားအဆုံး အသင်းတစ်သင်းလုံးဟာ နောက်ဆုံးစက္ကန့်အထိ အရှုံးမပေးဘဲ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။

🤩 ပရိသတ်တွေရဲ့ ရင်ထဲမှာ မရိုးမရွ ဖြစ်သွားလောက်အောင်ကို တဖက်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။

🤩 ဒီပွဲစဉ်ရဲ့ အမှတ်ရစရာ အခိုက်အတန့်တစ်ခုကတော့ Lady Warriors အသင်းရဲ့ အထောင်တိုက်စစ်မှူး မိုးပြည့်ပြည့်ဇော်က အသင်းအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်ပြီး လှလှပပ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

🤩 ထောင့်ကန်ဘောကနေတဆင့် လှပတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူခဲ့ပြီး အသင်းက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ အသင်းရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကို ပိုပြီး ထင်ရှားစေခဲ့သလို ပရိသတ်တွေရဲ့ လက်ခုပ်သံတွေကိုလည်း ဆူညံသွားစေခဲ့ပါတယ်။

🤩 နောက်ဆုံးရလဒ်က အနိုင်ရရှိခဲ့တာ မဟုတ်ပေမဲ့ Lady Warriors အသင်းဟာ ဒီပွဲစဉ်မှာ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကြိုးစားအားထုတ်မှုကို အကောင်းဆုံး ပြသနိုင်ခဲ့ပါတယ်။

🤩 ပွဲပန်းနေတဲ့ ကြားက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်အားမာန်တွေကို ပုံဖော်ပြသခဲ့ကြပါတယ်။

🤩 လာရောက်အားပေးကြတဲ့ ပရိသတ် တစ်ဦးချင်းစီတိုင်းကိုလည်း Lady Warriors အသင်းက ကျေးဇူးတင်ရှိကြောင်း၊ အမြဲအမှတ်ရနေကြောင်း ပြောပါစေရှင့်။

05/10/2025

🤩ဒီနေ့ညနေမှာတော့ Lady Warriors အသင်းနဲ့ Lampang Sports School အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်မှာ Lady Warriors အသင်းရဲ့ နောက်ခံလူ Nar Nar ရဲ့ အမြင်နဲ့ မျှော်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Lady Warriors အသင်းဟာ နှစ်ရက်ဆက်တိုက် ကစားရမှာဖြစ်လို့ ပွဲပန်းမှုတွေရှိသလို၊ လက်ရှိတွေ့ဆုံမှုကလည်း ပွဲကျပ်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။

ပြိုင်ဘက် Lampang Sports School ဟာ ကစားအားကောင်းသလို လျင်မြန်၊ စနစ်ကျတဲ့ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

ဒါပေမဲ့ Lady Warriors အသင်းရဲ့ အဓိက နောက်ခံလူ Nar Nar ကတော့ အခုလို ပြောပါတယ်။

"Lampang အသင်းက အရမ်းတော်တယ်။ ခဏလေးနဲ့ ကိုယ့်နံဘေးကို ရောက်လာတာမျိုးတွေရှိတယ်။ ဂိုးသွင်းလည်း အရမ်းတော်တယ်။ ကျွန်မတို့ မနိုင်ခဲ့ရင်တောင် သရေကျဖို့ မျှော်လင့်တယ်။ ကျွန်မရဲ့ position အနေနဲ့တော့ သူတို့တွေ လုံးဝ ဂိုးမသွင်းနိုင်အောင် ကြိုးစား ကစားသွားမယ်"

Nar Nar (Lady Warriors နောက်ခံလူ)

🗓️ နေ့ရက်: 5.Oct.2025
⏰ အချိန်: ညနေ ၄ နာရီ
🏟️ နေရာ: Mae Sot, We R Soccer Field

🤩 ကျွန်မတို့ အသင်းသားတွေဟာ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်၊ အချင်းချင်းစည်းလုံးမှုတွေနဲ့အတူ ဒီပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။

🤩 ဒါကြောင့် ဒီနေ့ညနေမှာ အားကစားကွင်းကို လာရောက်ပြီး ကျွန်မတို့ကို အားပေးဖို့ တစ်ခဲနက် ဖိတ်ခေါ်ပါတယ်။ အားလုံးရဲ့ပံ့ပိုးမှုနဲ့အတူ ဒီညနေပွဲစဉ်ကို အမှတ်တရဖြစ်အောင် ဖန်တီးကြရအောင်။

ที่อยู่

Ban Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lady Warriors For Equal F.Cผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์