THAR HEET Sepak Takraw

THAR HEET Sepak Takraw

แชร์

No pain No gain

12/10/2025

" အားဒစ်ရဲ့ လိပ်သုံးကောင် အသင်းကို စိန်ခေါ်ခတ်သွားမယ့် သရဲ၊မောင်တူး၊ကပ်ဘလူးလေး "

အားဒစ်ရဲ့ လိပ်သုံးကောင် အသင်းကို Power Battle ပြိုင်ပွဲမှာ ဒုတိယမြောက် စိန်ခေါ်ခတ်လာတဲ့ ကစားသမားတွေကတော့ မိတ်ဆက်ပြစရာမလိုအောင် ပရိသတ်တွေ သိကြတဲ့ ဝါရင့်သိုင်းသမားတွေဖြစ်တဲ့ သရဲ၊မောင်တူး၊ကပ်ဘလူးလေး တို့ပဲဖြစ်ပါတယ်။

ဒီလို ဝါရင့်သိုင်းသမားတွေကို အားဒစ်က ဘယ်လိုဖိုက်တာနဲ့ ယှဥ်ဖိုက်ပြသွားဦးမှာလဲဆိုတာကတော့ စိတ်ဝင်စားစရာ တကယ်ကောင်းပါတယ်။

ဘင်လာဒင်ရဲ့ ဖဝါးတွေနဲ့ အစဥ်လာမနေဘဲဖိုက်သွားမလား?

ရှိန်းလေးရဲ့ ဘက်ကင်အားနဲ့ ပြိုင်ဘက်တွေရဲ့ နထင်ပါကားအောင်ပဲ ခတ်ပြသွားမလား?

သရဲတို့ကပဲ လွယ်လွယ်နဲ့စံပယ်တွေမပွင့်တတ်ကြောင်း ဂါထာမန်းမှုတ်ပြီးထုတ်မရတဲ့ အဖိုက်အနှိုက်တွေနဲ့စားသွားမလားဆိုတာကို

လာမယ့် (၁၇)ရက်နေ့ နေ့လယ် မှာ ကျွန်တော်တို့ Bebeetv app နဲ့ M channel ရုပ်သံလိုင်းတို့ကနေ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရပါမယ် ။

HEET Sepak Takraw

07/10/2025

#အားဒစ်ကိုတောင်အခက်ကြုံစေခဲ့တဲ့ခေါင်းဖြူရဲ့ခွင်ပါဝါဆားဗစ်

HEET Sepak Takraw

05/10/2025

အားဒစ်အဓိကပါဝင်တဲ့ " Power Battle " ပြိုင်ပွဲမှာ မြင်တွေရနိုင်တဲ့ ဂျက်ပြန်၊ပျဥ်ပြား၊ခမောက် ပွဲများ နဲ့ ကစားသမားများ

HEET Sepak Takraw

04/10/2025

ခေါင်းဖြူ၊အသေးလေး၊ငသြတို့ နဲ့ ပွဲအပြီး အားဒစ်ရဲ့ အင်တာဗျူးအပြည့်အစုံ

HEET Sepak Takraw

Photos from THAR HEET Sepak Takraw's post 03/10/2025

" အားဒစ်၊ဘင်လာဒင်အတွဲကို အနိုင်ယူပြီး ဆုကြေးငွေ (၉)သိန်း ရရှိပိုင်ဆိုင်သွားတဲ့ ငသြတို့အသင်း "

ငသြ၊ခေါင်းဖြူ၊အသေးလေး တို့အသင်းဟာ
အားဒစ်၊ဘင်လာဒင် အတွဲကို အနိုင်ခတ်ပြသွားပြီး
ဆုကြေးငွေ (၉)သိန်းတိတိ ရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။

၁၁ မှတ် ၁၅ မှတ်အကွာ ၄ မှတ်ဖြတ်ပြီးတော့ကို ခြင်းလုံးမှော်ဆရာ၊အကောင်းဆုံးပိုက်ကျော်ခြင်းကစားသမားဖြစ်တဲ့ အားဒစ်၊ဘင်လာဒင် အတွဲကိုအနိုင်ယူပြခဲ့တာပါ။

အားလုံးက မဖြစ်နိုင်လောက်ဘူးလို့ထင်တဲ့အရာကို အလုပ်နဲ့ ငသြ၊ခေါင်းဖြူ၊အသေးလေးတို့က ပြောင်းပြန်လှန်ပြဖြစ်ခဲ့တာဟာ တကယ်ကို ချီးကျူးစရာပါ။

တကယ်တော့ ပါရမီဆိုတာ ကြိုးစားမှုကနေ အ​ခြေတည်ကြောင်း ကြိုးစားရင် အကောင်းဆုံးရလဒ်တွေဆိုတာ လူတိုင်းပိုင်ဆိုင်ခွင့်ရှိကြောင်းကို ငသြ၊ခေါင်းဖြူ၊အသေးလေးတို့က စကားလုံးတွေနဲ့ ထုတ်ဖော်မပြသဘဲ အလုပ်နဲ့ သက်သေပြသွားခဲ့တာပါ။တကယ်ကို ဂုဏ်ယူပါတယ် ညီလေးတို့ရေ...။

ပါ 👏👏👏....။

#သာဟိ

HEET Sepak Takraw

30/09/2025

" ကျောင်ဆရာ Vs ချစ်လွန်းပို ပွဲအပါဝင် (၁၁)လပိုင်းမှာ ဝမ်းဝမ်းပွဲကောင်းတွေ မြင်ရတော့မှာလား?"

လူငယ်ကြယ်ပွင့်ကစားသမား ချစ်လွန်းပိုဟာ ကျောင်းဆရာကို တစ်ယောက်ကြေးခတ်ဖို့အတွက် စိန်ခေါ်ခဲ့ပေမယ့် ကျောင်းဆရာဟာ ဒူးဒဏ်ရာအ​ ခြေအနေကြောင့် လက်ခံမခတ်ဖြစ်ခဲ့ပါဘူး။

အဲ့ဒီ ဒူးဒဏ်ရာအခြေအနေကြောင့်ပဲ စာရင်းပေးသွင်းပြီးသား Manulife ပြိုင်ပွဲကနေပါ နုတ်ထွက်ခဲ့ရသလို

ချစ်လွန်းပိုနဲ့ ၉လပိုင်းထဲခတ်မယ်ပြောထားတဲ့ပွဲကိုပါ ရွေ့လိုက်ရတာပါ။

ဒါပေမယ့် ချစ်လွန်းပို သိပ်ခတ်ချင်ပါတယ်ဆိုရင်တော့ ဒူးဒဏ်ရာသက်သာအောင်နားပြီး သေချာ ထရိန်နင် ဆင်းပြီးတဲ့အချိန်တစ်ခုဖြစ်တဲ့ (၁၁)လပိုင်းမှာ ချစ်လွန်းပိုတို့ တမုတ်ဆိုးကွင်းကလွဲရင် ကျန်တဲ့ ဘယ်နေရှယ်နယ်ကွင်းမှာဘဲ ဖြစ်ဖြစ် ရိုးရိုးထိုးပွဲတစ်ပွဲ၊ open ပွဲတစ်ပွဲကို မြန်မာတစ်နိုင်ငံလုံးက ဘယ်နေရာမှာဖြစ်ဖြစ် ခတ်ပေးသွားမယ်လို့ဆိုလာပါတယ်။

ဒါဟာ ချစ်လွန်းပိုမှမဟုတ်ဘူး မြန်မာနိုင်ငံကဘယ်ကစားသမားတွေနဲ့ဖြစ်ဖြစ် ခတ်ပေးသွားမယ်ဆိုပြီးပြောသွားခဲ့တာပါ။

ဒါကြောင့် ချစ်လွန်းပိုဘက်ကသာ ကျောင်းဆရာနဲ့တကယ်ခတ်ချင် ယှဥ်ပြိုင်ချင်တယ်ဆိုရင် (၁၁)လပိုင်းကိုစောင့်စေချင်ပါတယ်။ နောက်ထပ် ရက်ပေါင်း (၃၀)ဆိုတာဟာ ဘာမှမကြာတဲ့အချိန်ခဏလေးဖြစ်သလို ကွင်းတွေ နေရာတွေ ရွေးနေဖို့လည်း အကြောင်းပြချက်တွေလိုနေမယ် မထင်ဘူးလို့ မြင်ပါတယ်။

ချစ်လွန်းပိုက လူငယ်တစ်ယောက်ပါ။အခုအချိန်မှာတောင် ကောင်းမွန်တဲ့ခြေစွမ်းတွေ ရလဒ်တွေကိုသက်သေပြထားနိုင်ရင် နောင်တစ်ချိန်မှာဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထုတ်ပြလာနိုင်မယ်ဆိုတာ ဗေဒင်မေးစရာမလိုအောင်ကို မှန်နေမယ့်အရာပါ။

ကျောင်းဆရာဆိုတာလည်း အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြထားတဲ့ကစားသမားပါ။ ဒါကြောင့် အရည်အသွေးကိုမေးခွန်းထုတ်စရာလိုနေမယ် မထင်ပါဘူး။

ဘာပဲဖြစ်ဖြစ်ပါ ချစ်လွန်းပိုကလည်းတရွေ့ရွေ့နဲ့ကျောင်းဆရာမှမဟုတ်ဘူး အကောင်းဆုံးလို့ထင်ရတဲ့ကစားသမားတွေနဲ့ အကောင်းဆုံး ယှဥ်ပြိုင်ရှေ့ဆက်သွားဖို့ရှိသလို

ကျောင်းဆရာကလည်း (၁၁)လပိုင်းကနေစပြီး အလောင်းစည်သူမင်းကြီးလို ငါမအို​သေးကြောင်းအကောင်းဆုံးအခြေအနေတစ်ခုမှာရှိနေသေးတယ်ဆိုတဲ့အကြောင်းတွေကို ထပ်ပြီး သက်သေတွေပြသသွားဦးမှာမို့

(၁၁)လပိုင်းမှာတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ တစ်ယောက်ကြေး ဝမ်းဝမ်းပြိုင်ပွဲတွေကို သိုင်းလောကသားတွေ မြင်တွေ့ရတော့မယ်ဆိုတာတော့ တကယ်ကို သေချာနေတဲ့ အကြောင်းအရာတစ်ခုပါပဲ။

#သာဟိ

HEET Sepak Takraw

24/09/2025

ဒီနေ့ညမှာ ဂုံသီးသန့်ဘယ်သူအကောင်းဆုံးလဲဆိုတာကို အဖြေထုတ်ကြမယ့် ကပ်ဘီလူး နဲ့ ကျောက်ကျော 📛📛📛

HEET Sepak Takraw

Photos from THAR HEET Sepak Takraw's post 23/09/2025

" ဒီညမှာ ကြမ်းပြမယ့် ကပ်ဘီလူး၊သုတ၊မော်ကြီးတို့ပွဲတွေ "

ဒီည (၈)နာရီ ရွှေကုက္ကိုလ်မြိုင်မှာ မှာကျင်းပမယ့် အလွတ်တန်းပိုက်ကျော်ခြင်း ပြိုင်ပွဲကြီးရဲ့ ဆီမီးဖိုင်နယ်မှာ

ကပ်ဘီလူး၊သုတ၊မော်ကြီး တို့အသင်းဟာ ကြည်သာ၊မဲဆောက်သရဲ၊ရပသ ကျောင်းသားတို့နဲ့ဖိုင်နယ်ရောက်ဖို့ အပြင်းအထန်ကြိုးစားရမှာဖြစ်သလို

သရဲ၊ပေါင်ချိန်၊ဂတုံးကြီး တို့အသင်းဟာလည်း ကိုအောင်၊ကိုကြွက်၊ကျန်ကျောင်းတို့အသင်းနဲ့ထိပ်တိုက်တွေ့နေပါတယ်။

နာမည်ကျော် ကစားသမားကောင်းတွေ ထိပ်တိုက်ဆုံတွေ့ကြတဲ့ပွဲတွေဖြစ်တာကြောင့် ပြိုင်ဆိုင်မှုဘယ်လောက်ထိ ပြင်းထန်မယ်ဆိုတာတော့ ညွှန်းဆိုပြမနေချင်တော့ပါဘူး...။

ဒါကြောင့် ဒီလေးသင်းထဲက ပထမဆု​ကြေးငွေ ဘတ်တစ်သိန်းတစ်သောင်းကို ဘယ်အသင်းက ရသွားပြီးဘယ်အသင်းတွေက အကောင်းဆုံး စွမ်းရည်တွေကိုပြသသွားမလဲဆိုတာကတော့ တကယ်ကိုရင်ခုန်ဖို့ကောင်းနေပါပြီ။

ဒီည ၈ နာရီမှာ ဆီမီးဖိုင်နယ်ပွဲစဥ်တွေနဲ့ ဗိုလ်လုပွဲကိုတစ်ခါတည်းကျင်းပသွားမို့ ပိုက်ကျော်ခြင်း ဝါသနာရှင်တွေအတွက်တော့ လက်လွှတ်မခံသင့်ဘဲ စောင့်ကြည့်အားပေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

#သာဟိ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bang Kapi?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bang Kapi