19/04/2026
အာဆင်နယ်သတင်းတွေ မတင်ဆက်တာကြာပေမယ့် ဒါလေးတော့ ရေးဦးမယ်
အာတေတာကို မယုံကြည်တဲ့သူတွေထဲ ကိုယ်အမြဲပါခဲ့တယ်။ ဒီရာသီတော့ ချာတေတာကို တောင်းပန်ရပြီထင်ပေမယ့် အချိန်တန်တော့ ထွေးဇာတ်ခင်းတာပါပဲ။ ကိုယ်မှားကောင်းမှာနိုင်တယ်၊ ဒါပေမယ့် အာတေတာကို ဘယ်လိုမှ သဘောကျလို့မရခဲ့တာ အမှန်ပဲ။
လူတိုင်းမှာကြောက်တာ စိုးရွံ့တာတွေ ရှိပေမယ့် စွန့့်စားရတာတွေ အရဲစွန့်ရတာတွေ ရှိတာပဲ၊ အာတေတာတော်ပါတယ်၊ ဒါပေမယ့် သူ အရဲစွန့်ဖူးလို့လဲ၊ တလွဲဆံပင်ကောင်းနေတာ၊ ကြောက်နေတာတွေနဲ့ အမြဲဒုတိယလူဖြစ်နေတာ၊ ယူလိုက်တဲ့သင်ခန်းစာနဲ့ အတွေ့အကြုံကလည်း မြန်မာ့လက်ရွေးစင်အသင်းနဲ့ နင်လားငါလားဖြစ်နေပြီ
အမ်းမရိတ်မှာ ရှိနေတဲ့ ဗိုင်းရပ်စ်က အာတေတာပဲ၊ ဒီကောင်ရှိနေသရွေ့ အာဆင်နယ် ဘာဖလားမှ မရဘူး၊ ဒီနေ့ပွဲလည်း မကြည့်ဖြစ်ပါဘူး၊ အာတေတာရှိနေသရွေ့ အာဆင်နယ်ပွဲလည်း ပြန်ကြည့်ဖြစ်ဦးမှာ မဟုတ်ပါဘူး။
အသင်းဟာ ပဲ့ကိုင်ရှင်အပြောင်းအလဲ လိုကောင်းလိုနေပါပြီ။ အသင်းမှာလည်း မရှိသင့်တဲ့ကစားသမားတွေ အတော်လေးများနေတယ်။ အခြေအနေတစ်ခုရောက်လာအောင် ဆွဲတင်ပေးခဲ့တာတွေအတွက် အာတေတာကို အသိအမှတ်ပြုပေမယ့် ခုချိန်မှာပြောချင်တာကတော့
Get out of our team, Mikel Arteta.
ထပ်မံဖြည့်စွက်ချက် /
ဒီနေ့ပွဲခြေစွမ်းကိုပြောချင်တာထက် အမြဲလုပ်နေကျအမှားတွေကို ထပ်တလဲလဲ လုပ်နေတာ မစွန့်စားရဲတယတွေကို သဘောမကျမိတာလို့ဆိုရမယ်၊ ဒီရာသီဆိုနော်ဂတ်ကို အမြဲချောင်ထိုးတယ်၊ ဒုတိယရာသီ၀က်ဆို အသင်းက ယိမ်းယိုင်တတ်နေတာကို ကာရာဘောင်မှာ energy တွေဖြုန်း၊ ဗိုလ်လုပွဲကျ ကုန်းတယ်၊ စသဖြင့်ပါပဲ။
23/08/2025
ကော်နာ နှစ်လုံးရရှိခဲ့ရာမှာ တင်ဘား ကပဲ နှစ်ဂိုးရအောင်စွမ်းဆောင်ထားကာ တစ်ဂိုးပါ ဖန်တီးထားပါသေးတယ်။
23/08/2025
အာဆင်နယ် ကစားသမားဘဝ ပထမဆုံးဂိုးကို ဗစ်တာယိုးခရက် တစ်ယောက် လှလှပပ ကြီးကိုသွင်းယူသွားခဲ့တာမို့ ၃ ဂိုး ဂိုး မရှိနဲ့ဦးဆောင်ထားနေပါတယ်။
23/08/2025
ပထမဆုံး ရတဲ့ထောင့်ကန်ဘောမှာတင် တင်ဘာ က ဦးဆောင်ဂိုးသွင်းလိုက်ပါပြီ။
🟥၁ _ ၀🟨
23/08/2025
အီဇီ တစ်ယောက် အာဆင်နယ်ရဲ့ ကစားသမားသစ်ဖြစ်လို့လာခဲ့ပြီး အီဝီစမစ်ရိုးနောက်ပိုင်း လစ်လပ်နေတဲ့ ကျောနံပတ် ၁၀ ကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။
ငယ်စဉ်ကလေးဘဝကတည်းက အာဆင်နယ် အသင်းအကယ်ဒမီမှာရှိခဲ့ပြီး အကြောင်းအမျိူးမျိူး ကြောင့် တစ်နေရာစီဝေးသွားခဲ့ပေမယ့် အခုတော့ပြန်လည်ရောက်ရှိလာပါပြီ။
" ကျွန်တော်စတင်ခဲ့တဲ့နေရာကိုပြန်လည်ရောက်ရှိလာပါပြီ။ ကျွန်တော့်ကို ဒီနေရာမှာပဲ ပျိူးထောင်ပေးခဲ့ကြပြီးတော့ ဒီနေရာမှာပဲ ကြီးပြင်းခဲ့ရတာပါ။ ဒီတော် ဒီကိုပြန်မလာခင် ကစားသမားခရီးဘဝမှာ အများကြီးကို ကြုံတွေ့ခဲ့ပြီးပါပြီ။အဲ့လိုအရာတွေကို ကျွန်တော်ကျေးဇူးတင်မိပါတယ်။ဘာလို့လဲဆို အဲ့အတွေ့အကြုံတွေကပဲ ဒီနေ့မြင်နေရတဲ့ ကျွန်တော်ရယ် လို့ဖြစ်လာရတဲ့အဓိကအကြောင်းပါပဲ "
🗣️အီဇီ
23/08/2025
အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ကပ္ပတိန်ကြီး အတွက် ဆိုရင် ယနေ့ကစားပွဲဟာ သူ့ရဲ့ အာဆင်နယ်၂၀၀ ပြည့်ပွဲလေးပဲဖြစ်ပါတယ်။
23/08/2025
လူစာရင်းထွက်လာပါပြီ။မာဒူအီကီ ပထမဆုံးအကြိမ်အဖြစ်ပွဲထွက်လူစာရင်းမှာ ပွဲထွက်ကစားသမားနေနဲ့ပါဝင်လာပါတယ်။
23/08/2025
ယနေ့ည ပွဲမစခင်မှာ အာဆင်နယ် ကစားသမားအသစ်ဖြစ်လာမယ့် အီဇီ ကို မိတ်ဆက်သွားမယ်လို့လည်းကြားနေရပါတယ်။
23/08/2025
ယနေ့ည မြန်မာစံတော်ချိန် ည ၁၀နာရီ ၃၀ မိနစ်မှာ အာဆင်နယ်အသင်းဟာ လိဒ့်ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားမှာပဲဖြစ်ပါတယ်။
20/08/2025
အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး ဟားဗက် ၄ လခန့် အနားယူရမယ့်ကိစ္စတွေဖြစ်ပေါ်ပြီးနောက် ခရစ္စတယ်ပဲလေ့ကစားသမားအီဇီးကို အလွယ်တကူ လျင်လျင်မြန်မြန်ပဲ ခေါ်ယူလိုက်ပါတယ်။ စပါးအသင်းက ဒီကစားသမားကို စိတ်ဝင်စားနေတာကြာပြီဖြစ်ပေမယ့် အာဆင်နယ်က ရက်ပိုင်းအတွင်း အမိအရခေါ်ယူသွားတာပါ။ ပြောင်းရွေ့ကြေးကတော့ သန်၊း ခြောက်ဆယ်ကျော် (ဖြည့်စွက်ထည့်သွင်း ရေးသားခြင်း: ၆၈ သ၊န်း ) နဲ့ဖြစ်တယ်လို့သိရပါတယ်။
20/08/2025
PFA Awards ပွဲမှာတွေ့ရတဲ့ ဂန်၊းနားတွေပဲဖြစ်ပါတယ်။
ရိုက်စ်၊ဆလီဘာ၊ဂါဘရီရယ်တို့ကတော့ တစ်နှစ်တာ အကောင်းဆုံးအမျိူးသားအသင်း ၁၁ယောက် စာရင်းမှာပါဝင်ခဲ့ပြီး
ရူဆို၊ ဖောက်စ်၊မာရီအိုနာ၊လစ်တဲ စတဲ့ လေဒီဂန်၊းနား ၄ယောက်ဟာလည်း တစ်နှစ်တာအကောင်းဆုံးအမျိူးသမီး ဆုကိုရရှိခဲ့ပါတယ်။ ဒီအပြင့် မာရီအိုနာက တစ်နှစ်တာ အကောင်းဆုံးအမျိူးသမီးကစားသမားဆုကိုလည်းရရှိခဲ့ပါသေးတယ်။ တစ်နှစ်တာ အကောင်းလူငယ်ဆုံးအမျိူးသမီးဘကစားသမားဆုကိုလည်း ဒီရာသီမှ လီဗာပူးလ်ကနေ ခေါ်ယူထားတဲ့ အိုလီဗီရာစမစ် ကရရှိသွားပါတယ်။
Big congratulations to y'all , Gunners ♥️