03/05/2026
"Mainoo ဆုံးဖြတ်ပေးခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ Top3 တိုက်ပွဲ"
Manchester United နဲ့ Liverpool တို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ United က ၂ ဂိုးအသာနဲ့ ဦးဆောင်ပြီးမှ ၂ ဂိုးပြန်ပေးလိုက်ရပေမယ့် နောက်ဆုံးမှာတော့ ၃ - ၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲအစ 6 min မှာတင် Cunha ရဲ့ သွင်းဂိုးနဲ့ ယူနိုက်တက်တို့ ဒီနေ့ပွဲစဉ်ကို ဦးဆောင်ကစားခဲ့ပြီး 14 min အရောက်မှာတော့ Big Ben က ယူနိုက်တက်အတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး ပထမပိုင်း ပြီးဆုံးချိန်မှာ ယူနိုက်တက်တို့ 2 -0 ဆိုတဲ့ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စချိန်မှာတာ့ Liverpool အသင်းရဲ့ ကွင်းလည်ကစားသမား Szoboszlai က ချေပဂိုး တစ်ဂိုးကို လှလှပပ သွင်းယူပေးသွားပါတယ်။
56 min အရောက်မှာCody Gakpo က ဒုတိယချေပဂိုး သွင်းယူလိုက်တဲ့အချိန်မှာတော့ ပွဲက ၂-၂ နဲ့ အကြိတ်အနယ် ပြန်ဖြစ်သွားခဲ့ပါတယ်။ United အနေနဲ့ ၂ ဂိုးအသာစီးရထားတာကို လက်လွှတ်လိုက်ရလို့ အကျပ်အတည်းဖြစ်သွားခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။
ပွဲကစားချိန် ၇၇ မိနစ်မှာ Mainoo က အဝေးကနေ အပိုင်ကန်သွင်းပြီး United အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဒီဂိုးဟာ Old Trafford တစ်ကွင်းလုံးကို ဟိန်းထွက်သွားစေခဲ့သလို United ရဲ့ နိုင်ပွဲကိုလည်း အတည်ပြုပေးခဲ့ပါတယ်။United ပရိသတ်တွေ အားကိုးရတဲ့ လူငယ်ကြယ်ပွင့် Kobbie Mainoo ဟာ ဒီနေ့ပွဲမှာလည်း သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ဒီနေ့ပွဲမှာ Mainoo ရဲ့ ခြေစွမ်းဟာ ချီးကျူးစရာပါ။ အနိုင်ဂိုးသွင်းယူပေးရုံသာမက ကွင်းလယ်မှာ ဘောလုံးထိန်းကျောင်းမှုနဲ့ ပွဲဖတ်နိုင်မှုတွေက Liverpool ရဲ့ ကွင်းလယ်ကို ကောင်းကောင်း ယှဉ်ကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုးဟာ United အတွက် လာမယ့်ရာသီ Champions League ဝင်ခွင့်ကို သေချာစေခဲ့တဲ့ အဖိုးတန်ဂိုးလည်း ဖြစ်ပါတယ်။
ဒီနိုင်ပွဲဟာ Manchester United အတွက်တော့ Liverpool ကို ဒီရာသီ League ပွဲစဉ် ၂ ကျော့လုံး အနိုင်ရတဲ့ "Double" မှတ်တမ်းကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ Liverpool ဘက်က Salah မပါဝင်နိုင်တာဟာ သူတို့အတွက် အားနည်းချက် ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါ။
United အနေနဲ့တော့ ဒီပွဲအနိုင်ကြောင့် ရမှတ် ၃ မှတ်သာမက Champions League ဝင်ခွင့်ကိုပါ လက်မှတ်ထိုးနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် အလွန်အောင်မြင်တဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။
02/05/2026
"Fulham ကိုကျော်ဖြတ်ပြီး ၂၂ နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံဆုကို အရယူမယ့် အာဆင်နယ်"
လက်ရှိ ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ Premier League အဆုံးအဖြတ်ကာလမှာ အာဆင်နယ်အသင်းအတွက် Fulham နဲ့ပွဲစဉ်ဟာ အမှားခံလို့မရတဲ့ "မဖြစ်မနေအနိုင်ယူရမယ့်ပွဲ" (Must-win Game) တစ်ပွဲဖြစ်နေပါတယ်
အာဆင်နယ်ဟာ လက်ရှိ Premier League ဇယားထိပ်မှာ ရမှတ် (၇၃) မှတ်နဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ပြိုင်ဘက် မန်စီးတီးက တစ်ပွဲလျော့ကစားထားပြီး (၇၀) မှတ်နဲ့ ကပ်လိုက်နေတာကြောင့် ဒီနေ့ပွဲမှာ အာဆင်နယ်ကသာ Fulham ကို အနိုင်ရရှိခဲ့ရင် မန်စီးတီးထက် (၆) မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါဟာ မန်စီးတီးအပေါ် ဖိအားပေးနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပါ။
Premier League ရာသီသိမ်းဖို့ လက်ကျန် (၄) ပွဲသာ လိုတော့တဲ့အချိန်မှာ အာဆင်နယ်ပရိသတ်တွေအတွက် အိပ်မက်တွေက တကယ်ဖြစ်လာဖို့ နီးစပ်နေပါပြီ။ ဒီနေ့ညမှာ ကစားမယ့် Fulham နဲ့ပွဲဟာ ရိုးရိုးပွဲစဉ်တစ်ခုထက်ပိုပြီး "Title Decider" လို့တောင် ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က Newcastle ကို အနိုင်ရပြီး ယုံကြည်မှု ပြန်တက်နေတဲ့ အာဆင်နယ်အတွက် Fulham ကို ထပ်နိုင်ခြင်းက ကစားသမားတွေကို "ငါတို့ ချန်ပီယံဖြစ်တော့မယ်" ဆိုတဲ့ စိတ်ဓာတ်ခွန်အား အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။လက်ရှိမှာ မန်စီးတီးနဲ့ ဂိုးကွာခြားချက်က (၁) ဂိုးသာ ကွာတာကြောင့် ဒီပွဲမှာ Fulham ကို ဂိုးပြတ်အနိုင်ယူနိုင်ရင် ရမှတ်တူသွားခဲ့ရင်တောင် အသာရမယ့် အခွင့်အရေး ရှိပါတယ်။အာဆင်နယ်ပရိသတ်တွေရဲ့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဆာလောင်မှုတွေဟာ ဒီနေ့ပွဲရဲ့ ရလဒ်ပေါ်မှာ အများကြီး မူတည်နေပါတယ်။ Fulham ကို ကျော်ဖြတ်နိုင်ခဲ့ရင် Premier League ချန်ပီယံဆုဟာ မြောက်လန်ဒန်ဆီ ပြန်ရောက်လာဖို့ ၉၀% သေချာသွားပြီလို့ ဆိုရမှာပါ။
02/05/2026
🏆 "ဘရူနို ဖာနန်ဒက်စ်- ယခုရာသီ Premier League ၏ နှိုင်းယှဉ်၍မရသော ကွင်းလယ်ဘုရင်"
Premier League ရဲ့ ပြင်းထန်လှတဲ့ ပြိုင်ဆိုင်မှုတွေကြားထဲမှာ အဆင့်အတန်းတစ်ခုကို တည်ငြိမ်စွာ ထိန်းထားနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီရာသီမှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) ဟာ သူ့ရဲ့ ခြေစွမ်းဟာ အခြားကွင်းလယ်ကစားသမားတွေထက် အလှမ်းကွာဝေးနေကြောင်းကို ကိန်းဂဏန်းအချက်အလက်တွေနဲ့တကွ သက်သေပြနေပါတယ်။
အခြားအသင်းတွေမှာလည်း ထိပ်တန်းကွင်းလယ်လူတွေ ရှိကြပေမယ့်၊ ဘရူနိုရဲ့ "ဘက်စုံစွမ်းဆောင်နိုင်မှု" နဲ့ "အသင်းအပေါ် သက်ရောက်မှု" အပိုင်းမှာတော့ သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ကို ဖြစ်နေရတာပါ။သာမန် ပေးပို့မှုတွေထက် ပြိုင်ဘက်နောက်တန်းကစားသမားတွေ ကြောက်ရတဲ့ killer pass တွေနဲ့ ပွဲတိုင်းနီးပါး ဂိုးဖန်တီးမှု တွေ ပြုလုပ် နိုင်တဲ့ကစားသမား ဆိုတာ လက်ချိုးရေလို့ရပါတယ်။အဲ့ထဲမှာ မှ Bruno ဆိုတာ No 1 နေရာမှာ ရှိနေတဲ့ကစားသမားပါ၊ဒီရာသီ Premier League မှာ အခွင့်အရေးအများဆုံး ဖန်တီးထားတဲ့ ကစားသမားစာရင်းကို ကြည့်ရင် ဘရူနိုဟာ ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်နေပါတယ်။ သူ့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းဟာ ယူနိုက်တက်တိုက်စစ်ရဲ့ အသက်သွေးကြောပါပဲ။
အချို့သော တိုက်စစ်ကွင်းလယ်လူတွေဟာ ခံစစ်ပိုင်းမှာ အားနည်းတတ်ကြပေမယ့် ဘရူနိုကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူဟာ ဘောလုံးဆုံးရှုံးသွားရင် ချက်ချင်းပြန်လုဖို့ ဝန်မလေးသလို၊ အသင်းခံစစ်ကူညီဖို့အတွက်လည်း ကွင်းတစ်ခုလုံးအနှံ့ ပြေးလွှားကစားတတ်သူပါ။ "Possession won in final third" (ပြိုင်ဘက်နယ်ပယ်အတွင်း ဘောလုံးပြန်လည်လုယူနိုင်မှု) အများဆုံး ကစားသမားစာရင်းမှာလည်း သူဟာ ထိပ်တန်းမှာ ရှိနေပါတယ်။ တိုက်စစ်ရော ခံစစ်ရော ဒီလောက်အလုပ်လုပ်နိုင်တဲ့ No.10 ကစားသမားဟာ Premier League မှာ ရှားပါးလှပါတယ်။
ဂိုးဖန်တီးမှု၊ Key Passes၊ လုပ်အားနှုန်း၊ ခံစစ်ကူညီမှုနှင့် အသင်းအပေါ် လွှမ်းမိုးမှုစတဲ့ ကဏ္ဍစုံကို ခြုံငုံသုံးသပ်ကြည့်ရင် ယခုရာသီ Premier League မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ တန်းတူနှိုင်းယှဉ်လို့ရတဲ့ ကွင်းလယ်ကစားသမား မရှိသလောက်ဖြစ်ကြောင်း ရဲရဲကြီး ဆိုနိုင်ပါတယ်။ သူဟာ လက်ရှိအချိန်မှာ Premier League ရဲ့ အကောင်းဆုံး ကွင်းလယ်ဗိုလ်ချုပ်ကြီးပါပဲ။
29/04/2026
Attacking and Defending "War"
Atletico Madrid နဲ့ Arsenal တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ဘောလုံးလောကရဲ့ "ဆန့်ကျင်ဘက် အယူအဆနှစ်ခု" အားပြိုင်ပွဲလို့ ပြောလို့ရပါတယ်။ တစ်ဖက်က မာကျောတဲ့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကို အသားပေးတဲ့ "Simeone Style" ဖြစ်ပြီး၊ နောက်တစ်ဖက်ကတော့ လှပတဲ့ ကွင်းလယ်ကစားကွက်နဲ့ တိုက်စစ်ဖွင့်ကစားတတ်တဲ့ "Arteta Style" ဖြစ်နေလို့ပါပဲ။
ဒီပွဲဟာ "ဓား နဲ့ ဒိုင်း" တိုက်ပွဲမျိုး ဖြစ်ပါလိမ့်မယ်။ Arsenal က ထိုးစစ်ဆင်တဲ့ ဓားဖြစ်ပြီး Atletico ကတော့ မာကျောတဲ့ ဒိုင်းဖြစ်ပါတယ်။
ပွဲဟာ Atletico ရဲ့ အိမ်ကွင်းမှာဆိုရင် သူတို့ရဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ နိုင်ပွဲရယူတတ်တဲ့ အလေ့အထကြောင့် Arsenal အတွက် တော်တော်လေး ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ Arsenal ရဲ့ လက်ရှိ တိုက်စစ်အရှိန်အဟုန်ကလည်း Atletico ခံစစ်ကို အချိန်မရွေး အလုပ်ပေးနိုင်စွမ်း ရှိပါတယ်။
စပိန်အသင်းတွေနဲ့ အဝေးကွင်းပွဲစဉ် တွေ ကစားရတိုင်း အရေးနိမ့် နေကျ စပိန်ကုန်း ဆိုတဲ့ နာမည်ဆိုးကို Semi Final မှာ Premier league ရဲ့ တစ်သင်းထဲ သောကျန် နေသေးတဲ့ Arteta ရဲ့ Arsenal ဘာတွေလုပ်ပြသွားနိုင်မလဲ စောင့်ကြည့်လိုက်ကြရ အောင်ဗျာ။
28/04/2026
PSQ နဲ့ Baryen တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဆိုတာ ဘောလုံးလောကရဲ့ Elite clash တစ်ခုပါ။
⚔️ ဥရောပရဲ့ ဘုရင်နန်းတော်လုပွဲ- PSG vs Bayern Munich ⚔️
ဘောလုံးဝါသနာရှင်တွေ စောင့်မျှော်နေတဲ့ Titans နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပြန်လာပါပြီ! ဒါဟာ ရိုးရိုးပွဲစဉ်တစ်ခုမဟုတ်ဘဲ ပြင်သစ်ရဲ့ ကြွယ်ဝမှုနဲ့ ဂျာမနီရဲ့ စနစ်ကျမှုတို့ ထိပ်တိုက်တိုးမယ့် "စစ်ပွဲ" တစ်ခုပါ။
၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ Bayern က PSG ကို အသည်းခွဲခဲ့တဲ့ သမိုင်းရှိသလို၊ နောက်ပိုင်းနှစ်တွေမှာလည်း တစ်သင်းနဲ့တစ်သင်း အနိုင်အရှုံးအလှည့်ကျ ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာရော PSG က အိမ်ကွင်းမှာ အရှက်ပြန်ဆပ်နိုင်မလား?
ဒီပွဲမှာ ဘယ်သူက သူရဲကောင်းဖြစ်လာမလဲ?
Harry Kane ကပဲ ဂိုးတွေထပ်သွင်းဦးမလား? ⚽
ဒါမှမဟုတ် PSG က အိမ်ကွင်းပရိသတ်ရှေ့မှာ အံ့အားသင့်စရာ ရလဒ်ထုတ်ပြမလား? 🏟️ စောင့်မျှော်ကြည့်ရှု လိုက်ရအောင်ဗျာ။