MH Dream Thailand - MHDT

MH Dream Thailand - MHDT

แชร์

“ MHDT” is M for Mayn, H for Hein, D for Dream, T for Thailand , football club ဖြစ်ပါတယ်။

29/06/2026

ပါးစပ်နဲ့ ချစ်ခဲ့တာမဟုတ်ပဲ
ရင်ထဲနှလုံးသားထဲက ချစ်ခဲ့ပါတယ်။
ဒါပေမယ့် အခုတော့
ဘာမှလုပ်ချင်စိတ်ကိုမရှိတော့ပါဘူး။

သူ့နာမည်က “ငြိမ်းချမ်းအောင်”
အခု ကျင်းပနေတဲ့ MFF Fire Dragon Amateur Cup မှာ Cherry Army ရဲ့ နံပါတ် (၇) ရှမ်းပြည်နယ် ရပ်စောက်မြို့သားလေး
တကယ်ကောင်းတဲ့ ညီလေး ၊ ကစားအားကော စိတ်ဓါတ်
ပိုင်းကော ဘာမှပြောစရာမရှိတဲ့ ကစားသမား ကျွန်တော်
သိပ်သဘောကျခဲ့တာ၊
အခု Cherry Army က Amateur ပြိုင်ပွဲမှာ ရှမ်းပြည်နယ်ကနေ လာကစားတာဆိုတော့ သူပါလာတယ်။
ကျွန်တော် သူ့ကို စတွေ့ခဲ့တာက ကျွန်တော် ပင်းတယ မှာ “မယ်ချို” ဇာတ်လမ်းတွဲရိုက်နေတုန်း 2024 ခုနှစ်က ပင်းတယမှာ “မာန်ဟိန်း ဖလား 2024” ဆိုပြီး ပြိုင်ပွဲလုပ်တဲ့အခါ သူတို့အသင်းက ရပ်စောက်ကနေ ပင်းတယ လာပြိုင်တယ် ဖလားယူသွားလို့ သိတာ။
အဲ့ဒီ့ “မာန်ဟိန်းဖလား 2024” ကလည်း ဘာလို့လုပ်ဖြစ်လဲဆိုတော့ ကျွန်တော်က အဲ့အချိန် ရန်ကုန်မှာ Futsal Pro League (1) ပြိုင်ပွဲဝင်နေတဲ့ MH.Dream Team ကို ပိုင်နေတဲ့ အချိန်၊ ကျွန်တော်တို့ Futsal မှာ Pro အဆင့်ကစားသမားဆို အင်မတန်ရှားပါးလွန်းလို့ ကစားသမားလေးတွေ အသစ်ထပ်လိုချင်နေတဲ့ အချိန်၊ အဲ့ဒါနဲ့ ပင်းတယက လူကြီးတွေကို ပြောပြပြီး ပြိုင်ပွဲလုပ်လိုက်တာ (၇၅ သိန်း) ဝန်းကျင်လောက်တော့ ကုန်ကျခဲ့တယ်။ အဲ့ပြိုင်ပွဲမှာ ငြိမ်းချမ်းအောင်တို့ ရပ်စောက်အသင်းဖလားရတယ်၊ ငြိမ်းချမ်းအောင်က အကောင်းဆုံးကစားသမား ဆုရတယ်။ ပြောချင်တာက အခုလာပြီ . . .
သူ့အသက်က အဲ့တုန်းက (၂၃ နှစ်) လို့ပြောတယ်၊ ဘယ်ခြေ ညာခြေ အကုန်အားသန်တယ် နယ်ကဆိုပေမယ့် Attitude မြင့်တယ် နာခံမှုကောင်းတယ် Talent လဲရှိတော့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကျွန်တော်မြင်တယ်၊ အဲ့ဘက်က လူကြီးတွေကလည်း ဒီကလေးကို တကယ် ကိုမာန်ဟိန်းထောက်ပံ့ပေးမယ်ဆိုရင် လက်ရွေးစင်အထိ ဖြစ်နိုင်ချေရှိတယ် ကိုမာန်ဟိန်းကိုဆိုရင်စိတ်ချတယ် ရန်ကုန်လွှတ်ပါတယ်ပေါ့။
အဲ့မှာ ကစားသမားနဲ့ ကျွန်တော် ညှိတယ်၊
“ညီလေး အကို့အသင်းမှာ လာကန်ပါ League (2) မဟုတ်ဘူး ၊ League (1) ကန်ရမယ် ဒါပေမယ့် ညီလေးက Junior players ပဲဆိုတော့ လစာကတော့ (၂) သိန်းပဲရဦးမယ်၊ ဒါပေမယ့် အကိုလုပ်ပေးမှာက အသင်းကပေးတဲ့ လစာ (၂) သိန်း + အကို့အိတ်ထဲက (၂) သိန်းထပ်ပေးမယ်၊ အကို့ Condo မှာပဲနေ၊ အကိုကလည်း League (1) ကန်ဖို့ အသင်းမှာ Training လုပ်နေတာပဲဆိုတော့ အတူတူသွား အတူတူပြန်ကြမယ်၊ အကို Training ပျက်တဲ့နေ့ ညီလေးသွားရင် အသွားအပြန် Taxi ခ အကိုထုတ်ပေးမယ်၊ အကို့ဆီမှာပဲစား ၊ ပိုက်ဆံသုံးချင်လဲ အကို့ဆီကတောင်းသုံး Parquet ဖိနပ်တွေ ဝတ်စုံတွေ ဘာညာ အကုန် အကို Support ပေးမယ် ရန်ကုန်တက်လာခဲ့ကွာ ညီလေး ဆိုပြီး ကျွန်တော် သူ့ကိုခေါ်ခဲ့တယ်၊ သူက ကျွန်တော် လတ်တလောတော့ တောင်ကြီးမှာ တိုင်းနဲ့ပြည်နယ်ပွဲရှိလို့ ကန်လိုက်ဦးမယ် ပြီးရင် လာခဲ့မယ်အကို “ ဆိုပြီး ပြန်ပြောတာနဲ့ ကျွန်တော် ဝမ်းသာသွားတယ်၊
ဇာတ်လမ်းတွဲရိုက်ကူးရေးပြီးတော့ ကျွန်တော်လဲ ရန်ကုန်ပြန်လာခဲ့တယ်၊ အဲ့အချိန်မှာ အသင်းက ဆရာကျော်ဇင်ညွန့်နဲ့ နည်းပြအဖွဲ့တွေကိုလည်း ကျွန်တော်ပြောပြထားတယ်၊ တကယ်ကောင်းတဲ့ကလေး ကျွန်တော် အလုံးစုံတာဝန်ယူတယ် အသင့်သုံးရုံပဲဆိုပြီး ပြောတော့ ကိုမာန်ဟိန်း အသင်းပဲတဲ့ ကိုမာန်ဟိန်း recommend ပေးရင်ကျွန်တော်တို့ သုံးမယ်တဲ့ဆိုပြီး အိုကေနေတော့ ဝမ်းသာနေတာ။
ဒီလိုနဲ့ အသင်းကြီး Training တွေပြန်စဖို့ တပတ်အလိုလောက်ရောက်လာတယ်၊ ကျွန်တော် ငြိမ်းချမ်းအောင် ဆီ ဖုန်းဆက်တယ် ညီလေး လာခဲ့တော့ အားလုံးအဆင်သင့်ပဲဆိုတဲ့ အချိန်မှာ သူပြန်ပြောတဲ့ စကားလေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်၊
“ အကို ကျွန်တော်တို့ တိုင်းရင်းသားတွေက အိမ်အရမ်းလွမ်းတတ်တယ်၊ အိမ်လွမ်းဒဏ် ကျွန်တော််မခံနိုင်ဘူး ထင်တယ်” တဲ့ ကျွန်တော်က
“ရတယ်ညီလေး အခုက အကိုတို့ League မစသေးဘူး Championship ပဲကန်ဦးမှာ အဲ့ဒါက ပြိုင်ပွဲကာလ တစ်လပဲ၊ ညီလေးကန်ကြည့် အဆင်မပြေဘူး အိမ်လွမ်းတယ်ဆို အကိုကိုယ်တိုင်ပြန်ပို့ပေးမယ်”ဆိုတော့
အကို “ဒီလိုပါတဲ့ ကျွန်တော်က ရန်ကုန်တက်လာပြီး Pro ကန်လိုက်ရင် ဒီဘက်နယ်ပွဲတွေမှာ ကျွန်တော့်ကို Ban တော့မှာတဲ့ ၊ အကိုပေးတဲ့လစာနဲ့ အကိုစီစဉ်ပေးတာကိုတော့ ကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် ဒီဘက်မှာ မိဘ အလုပ်လေးကူရင်း ကြေးပွဲလေးတွေလိုက်ကန်နေတာက ပိုအဆင်ပြေလို့ပါ အကိုတဲ့ ၊ ကျွန်တော် လက်ရွေးစင်တွေဘာတွေလဲ မဖြစ်ချင်ပါဘူးတဲ့ မိဘနဲ့ပဲ အတူတူနေပြီး တိုင်းနဲ့ပြည်နယ် ပွဲလေးတွေနဲ့ ဒီလို နယ်ဘက်မှာပဲ ကန်ချင်လို့ပါ တောင်းပန်ပါတယ်” အကိုဆိုတဲ့ စကားပြောရင်း ဖုန်းချသွားတယ်။
သူကတော့ ဖုန်းချသွားပေမယ့် ကျွန်တော့် ခေါင်းထဲမှာ ချာချာလည်သွားသလို အတွေးပေါင်းများစွာလည်းဝင်သွားတယ်၊ ရှုပ်ယှက်ခတ်သွားတာပဲ။
ကျွန်တော်တို့ အမြဲဝေဖန်နေတဲ့ အမြဲပြောပြောနေတဲ့ လက်ရွေးစင်ဆို အမြဲဒီလူဒီလူပဲ၊ တခါလာလည်း ဒါပဲ တခါလာလည်း ဒါပဲဆိုတဲ့စကားတွေ၊ ပြောတော့သာ လွယ်တာ ကျွန်တော်တို့တွေဟာ တကယ်ကောင်းတဲ့ ကစားသမားလေးတွေကို Pro အဆင့်ဆီ ရောက်လာအောင် ဆွဲမဆောင်နိုင်သေးဘူး၊ အဲ့လို မဆွဲဆောင်နိုင်သရွေ့ နိုင်ငံဘောလုံးအဆင့်အတန်းက နိမ့်ကျနေဦးမှာပဲ၊ ဘာ့ကြောင့် ကျွန်တော်တို့ ဘောလုံးက ရန်ကုန်အခြေပြုပဲ ဖြစ်နေရသေးတာလဲ၊ Pro ကန်ချင်ရင် ရန်ကုန်လာခဲ့ ရန်ကုန်မှာမကန်နိုင်ရင် Pro မဖြစ်ဘူး။
Futsal ဆိုလဲ Pro အဆင့် လက်ရွေးစင်အဆင့် မှာ ရန်ကုန် မန္တလေး နှစ်မြို့ပဲရှိတယ်၊ ကျန်တဲ့မြို့က Players တွေမရဘူး၊ မရှိတာမဟုတ်ဘူးရှိတယ်၊ ငြိမ်းချမ်းအောင်လိုပဲ တကယ် Talent ရှိပြီး တကယ်ကောင်းတဲ့ Players တွေ နယ်ပယ်အနှံ့မှာ ရှိတယ် ဒါပေမယ့် ကျွန်တော်တို့ Pro အဆင့်ဆီ မခေါ်လာနိုင်ဘူး။
Podcast တစ်ခုမှာ ကျွန်တော်ဒီအကြောင်းကို ပြောဖူးတယ်၊ Pro players တွေ လစာမြင့်မှရမယ်၊ ဒါမှ လူငယ်တွေကို Pro ဖြစ်ချင်လာအောင် ဆွဲဆောင်နိုင်မယ်၊ တပွဲထိုး ပြိုင်ပွဲတစ်ခုမှ နိုင်ရုံလေးအတွက် ငွေတွေစုပြုံသုံးလိုက်မယ့် အစား Youth Development Program တွေနဲ့ Infrastructure တွေမှာ မြှပ်နှံသင့်တယ်ဆိုတာတွေ ထောက်ပြခဲ့တော့ “မင်းက $ဆရာကြီး” ဆိုတဲ့ Blamers တွေကြားမှာ ကျွန်တော် အရှုံးပေးခဲ့ရတယ်။
ငြိမ်းချမ်းအောင် ပေးခဲ့တဲ့ သင်ခန်းစာက ပြန်ဆက်ရရင် ကျွန်တော် ပင်းတယကို ပြန်သွားတယ် ဒီလိုကစားသမားလေးတွေကို မဆုံးရှူံးချင်လို့ ဒုတိယ ငြိမ်းချမ်းအောင်တွေ တတိယငြိမ်းချမ်းအောင်တွေ ထပ်မဖြစ်ရအောင် ဘာလုပ်ပေးနိုင်မလဲဆိုတာ အဖြေရှာဖို့၊
ပင်းတယ ရောက်တော့ ကျွန်တော်စတင်ကြိုးစားတာ မြို့နယ်ကွင်းကောင်းကောင်းရှိတဲ့ ပင်းတယမြို့မှာ “ပင်းတယ မြို့နယ် ဘောလုံးအဖွဲ့ချုပ်” ဆိုတာ မရှိဘူး၊ အဲ့ဒီမှာ ကံကောင်းတာက ဘောလုံးကို အရမ်းချစ်မြတ်နိုးတဲ့ ဦးစီးရှိတယ် ကျွန်တော်နဲ့ ညီအကိုလိုပဲ၊ သူက ကိုမာန်ဟိန်းက အဆက်အသွယ်တွေရှိတယ် ဖွဲ့စည်းပေး ပြီးရင် ကိုမာန်ဟိန်း မြို့နယ်အဖွဲ့ချုပ်ဥက္ကဌလုပ်ဆိုပြီးပြောတယ် တခုတော့ရှိတယ် ကျွန်တော်က ပင်းတယမှာ အိမ်နဲ့ခြံရှိတော့ သန်းခေါင်စာရင်းတော့ ရွှေ့လိုက် မြို့ခံမှ ဥက္ကဌ လုပ်လို့ရတာဆိုတော့ ဆိုပြီး စီစဉ်ပေးတယ်၊
ကျွန်တော်က ဦးစီးရေ ကျွန်တော် ဥက္ကဌမလုပ်ပါရစေနဲ့ မလုပ်ချင်ပါဘူး အမြဲလည်းနေနိုင်တာမဟုတ်ပဲ ရန်ကုန်မှာပဲ နေဖြစ်နေတာ ပြီးတော့ ဒီအသက်အရွယ်မှ Pro ကလည်းကန်ချင်နေသေးတော့ Training လဲလုပ်နေရလို့ပါ၊ ဒီတော့ ကျွန်တော် နောက်ကွယ်ကနေ ငွေကြေးအင်အား ၊ လူအင်အား အကုန်စိုက်ထုတ်ပေးမယ်၊ အဓိကက “Pindaya Futsal League” ဆိုပြီး ဖြစ်ဖို့ပဲ … အနီးအနားက ရပ်စောက် ၊ ရွာငံ ၊ ညောင်ရွှေ ၊ ဟဲဟိုး ၊ နီးစပ်ရာ မြို့က ကလေးတွေ အကုန် ဒီ League ကို လာကန်နိုင်မယ်၊ ကျွန်တော်က “မြန်မာနိုင်ငံဘောလုံးအဖွဲ့ချပ် MFF” အသိအမှတ်ပြုလဲဖြစ်ချင်တော့ ပင်းတယမြို့နယ်ဘောလုံးအဖွဲ့ချုပ်ကတော့ ဦးစီးတို့ ပဲ လုပ်ပါ ကျွန်တော် နောက်ကနေပဲ ပံ့ပိုးပါရစေဆိုပြီး တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။
အဲ့ဒါနဲ့ ကျွန်တော်လဲ ဒီဘက်က MFF မှာ စာတင်ပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖွဲ့ဖို့လုပ် Planning ဆွဲပေါ့
(၁) ပင်းတယမြို့နယ် Futsal ဘောလုံးသင်တန်း
(၂) ပင်းတယမြို့နယ် Futsal နည်းပြသင်တန်း
(၃) ပင်းတယမြို့နယ် Futsal ဒိုင်လူကြီးသင်တန်း
စတာတွေ ဖွင့်ဖို့ ငွေအား လူအား စပြီး ကြိုးစားတော့တာပဲဗျာ
ဒါတွေအောင်မြင်စွာ ဖွင့်ပြီးရင် ကျွန်တော်ရည်မှန်းခဲ့တဲ့ နှစ်စဉ် ကျင်းပဖို့ “Pindaya Futsal League” လုပ်မယ် Sponsor ရှာပေးမယ်၊ မရခင်စပ်ကြားတော့ ကျွန်တော့် MH Dream Team ကနေပဲ Sponsor ပေးမယ်၊ ထွက်လာတဲ့ ကစားသမားလေးတွေကို MH Dream Team ရဲ့ Senior Team, U-19 Team တွေပို့မယ်၊
ပြီးရင် MH.Danu FC ဆိုပြီးဖွဲ့မယ် နှစ်တိုင်းကျင်းပတဲ့ MFF Amateur Cup ကို ဓနု ကိုယ်စားပြုဝင်ပြိုင်မယ်ပေါ့၊ ကျွန်တော့် အတွေးနဲ့ ကျွန်တော် ကြိုးစားခဲ့ပေမယ့် . . .
အဖြစ်အပျက်တွေက ရုတ်တရက်မြန်လွန်းတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော့် အသင်းကို ဝမ်းနည်းစွာနဲ့ပဲ ကျွန်တော် လက်လွှတ်လိုက်ရတယ်၊ MFF Futsal EC အဖွဲ့ဝင်ထဲကနေ ကျွန်တော် ထွက်
လိုက်တယ်၊ ကျွန်တော် စိတ်ဓါတ်တွေကျခဲ့တယ်၊ အရာရာကို လူတိုင်းကို အရှုံးပေးလိုက်တော့တယ်။
ကျွန်တော် အများကြီးတွေကြုံတွေ့ခဲ့ရတယ် ၊ အများကြီးတွေ ဖြတ်သန်းခဲ့ပြီးပြီ၊ ရလာတဲ့ အတွေ့အကြုံတွေက ခါးသီးလွန်းတယ် ကြမ်းတမ်းလွန်းတယ်၊
အဆိုးရွားဆုံးကတော့ ကျွန်တော် ကြောက်လာတာပဲ၊ ကျွန်တော် Public ကိုလဲကြောက်လာတယ်၊ အားပေးပါတယ်ဆိုတဲ့ Audiences ဆိုတာကိုလဲ ကြောက်လာတယ်၊ ကျွန်တော် အကုန်ပစ်ချပြီး ထွက်လာခဲ့တာပါပဲ၊
အလုပ်တွေအများကြီး လုပ်ပြီးသွားတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ ဖြစ်ချင်စိတ်တွေ ၊ လုပ်ပေးချင်စိတ်တွေ၊ ကြိုးစားပေးချင်စိတ်တွေ အားလုံးဟာ အ-တ်ခံလိုက်ရတာပါပဲ၊
ဒီလိုနဲ့ပဲ Fire Dragon Final ပွဲမှာ Cherry Army ကနေ ငြိမ်းချမ်းအောင် ကစားနေတာကြည့်ရင်း … ဪ ငါခေါ်လာခဲ့ချင်တဲ့ ညီလေး ငါစင်တင်ပေးချင်တဲ့ညီလေးက ငါကန်စေချင်နေတဲ့ ကွင်းမှာ သူကန်နေရပြီပဲ၊ ငါဖြစ်စေချင်သလို အောင်မြင်တဲ့အတိုင်းအတာ တခုထိတော့မဟုတ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းအောင် ဆိုတာကို ဒီအသိုင်းအဝိုင်းက အသိအမှတ်ပြုသွားကြပြီပဲဆိုတာကို တွေးရင်း ကျွန်တော့်ရဲ့ အတိတ်ကို ပြန်စဉ်းစားကြည့်တဲ့ အခါ
အဝေးတနေရာကနေပဲ ကျွန်တော် ပြုံးနေမိပါတယ်။

Photos from MH - Mayn Hein's post 20/05/2026

Match Ticket Price = Baht 9,700 ကျော်
BKK to Johor Round Trip
Flight Ticket = Baht 16,000 ကျော်
Hotel က (1 Day = baht 1,500 ဝန်းကျင်)
5 Days = baht 7,500
စုစုပေါင်းမှ = baht 33,200 ပဲ ကျမှာ
MH Dream Team က Phetchaburi မှာ နောက်ဆုံး One Day Cup ကန်တော့ Sunday တစ်ရက်တည်း Baht (35,000 ကျော်) ကုန်ခဲ့တယ်၊
ငါ့ဘာသာငါ ဒါမျိုးပဲ ခရီးတွေလျှောက်သွားနေလိုက်တော့မယ် ဘာလို့ ရူးပြီး Sunday One Day Cup တွေ ဝင်ကန်နေရတော့မှာလား . . . ကိုယ်ပေးသလောက် ပြန်မတန်တဲ့ အရာတွေ

05/05/2026

ဒီနေ့ည ထိုင်းစံတော်ချိန် ည (၁၂:၀၀) နာရီမှာ
Saudi Arabia 🇸🇦 Vs Myanmar 🇲🇲 ပွဲ တူတူအားပေးကြရအောင်ပါ။

30/04/2026

Our Boss , No.(13) is cooking 🧑‍🍳

Character Name is “ Arga “
Zodiac Sign is “Gemini” ♊️

Only in Cinemas in Myanmar 🇲🇲
Coming May 2026

Photos from MH - Mayn Hein's post 29/04/2026

Our No.(13) is Mayn Hein

28/04/2026

Juniors MH.DT ⚽️🥅

28/04/2026

Boss is traveling 🧳 🧭

ကျွန်တော်တို့ MH.DT အသင်းအနေဖြင့် April 30 မှ May လ တတိယပတ်လောက်အထိ ကိုမာန်ဟိန်း ခရီးသွားမှာဖြစ်တာကြောင့် ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ခေတ္တရပ်နားထားမှာဖြစ်ပါတယ်။
လာရောက်ဖိတ်ကြားပေးထားတဲ့ ပြိုင်ပွဲများကို လေးစားစွာကျေးဇူးတင်သလို ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတိုင်းကိုလဲ ရိုသေလေးစားစွာဖြင့် ဝင်ရောက်မယှဉ်ပြိုင်ဖြစ်ပါကြောင်း အကြောင်းပြန်ပါ့မယ် ခင်ဗျာ။
ကျွန်တော်တို့ အသင်းမှ ကစားသမားများအနေဖြင့်လည်း ဒီအချိန်ကာလအတွင်းမှာ မည်သည့်အသင်းနှင့်မဆို ပြိုင်ပွဲများဝင်ရောက်ကစားနိုင်ပါကြောင်းလည်း အသိပေးအပ်ပါတယ်။
May လ နောက်ဆုံးအပတ်မှပဲ MH.DT (Senior, Junior) အသင်းအနေဖြင့် ပြိုင်ပွဲများပြန်လည်ယှဉ်ပြိုင်ပါမည်ဖြစ်ပါတယ် ခင်ဗျာ။

“Built by Vision, Driven by Teamwork”
We’re

#မာန်ဟိန်း

Photos from MH Dream Thailand - MHDT's post 27/04/2026

Sunday 9 Football Club ကွင်းဖွင့်ပွဲ (Phetchaburi)

MH.DT (1-4) NKL 64
ပွဲစဉ်မှ ပုံရိပ်များ

#မာန်ဟိန်း

Photos from MH Dream Thailand - MHDT's post 27/04/2026

Juniors ကလေးတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ကျွန်တော်တို့ MH.DT Junior FC ဟာ WYT Football Cup ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို ခက်ခက်ခဲခဲ ကျော်လွန်ဖြတ်သန်းပြီး Play-Offs အဆင့်မှာ ပအိုဝ့်ကိုယ်စားပြု အသင်းကြီးတစ်သင်းဖြစ်တဲ့ Best Deal FC ကို ရှုံးနိမ့်ကာ ပြိုင်ပွဲခရီးလမ်း ပြီးမြောက်ခဲ့ရပါတယ် ခင်ဗျာ။

“Built by Vision, Driven by Teamwork”
We’re

#မာန်ဟိန်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Chonburi
Bangkok
20000