30/05/2026
🔥😍Cele မမ Stamp၏ သိဒ္ဓိတင်ပွဲ👏
လာမယ့် ဇွန်လ ၂၆ မှာ ကျင်းပမယ့် One Friday Fight 160 ရဲ့ Inner Circle ပွဲစဉ်မှာ Stamp ရဲ့ တွဲဆိုင်း ပါဝင်လာပါတယ်။အက်တမ်ဝိတ် မွေထိုင်းပွဲ အနေနဲ့ ထိုးမှာပါ။ပြိုင်ဘက်ကတော့ အသက် (၃၁) အရွယ် မက္ကဆီကိုသူ စင်သီယာ ဖလောရက်စ် ဖြစ်တယ်။ One မှာ ၂ပွဲထိုးထားပြီး ၂ပွဲလုံး အမှတ်နဲ့ အရေးနိမ့်ထားတယ်။
ပွဲအခင်းအကျင်း အရ ဒဏ်ရာကနေ ပြန်သက်သာလာပြီး တကျော့ပြန်ထိုးတဲ့ပွဲမှာ ရှုံးခဲ့တဲ့ စတန့်အတွက် ဒီပွဲက သိဒ္ဓိတင်မဲ့ပွဲပါဘဲ။မကြာသေးခင် ရက်ပိုင်းအတွင်း စတန့်က လူမှူကွန်ရက်စာမျက်နှာမှာ ကျော်ကြီးနဲ့ နှစ်ယောက်တွဲပုံတင်ပြီး “နည်းနည်းလေး ထပ်စောင့်ပါဦး၊ ကျွန်မတို့ မကြာခင် ထိုးရတော့မှာပါ” တင်ထားတယ်။ Stamp သတင်းက တရားဝင်တက်လာတဲ့အပြင် One က ကျော်ကြီးပွဲ ကို ပြန်တင်နေတော့ မကြာခင် မောင်ကျော်ကို Lumpinee စင်မြင့်ထက်မှာ ပြန်မြင်ရဖွယ် ရှိပါတယ်။
30/05/2026
🔥🇲🇲😍သမိုင်းဝင်ပွဲမှာ ဂုဏ်သရေရှိဧည့်သည်တော် အဖြစ် တက်ရောက်မယ့် Joshua Van👏
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီက အိမ်ဖြူတော် (White House) မြက်ခင်းပြင်တွင် ကျင်းပမည့် သမိုင်းဝင် “UFC Freedom 250” ပွဲတွင် UFC ချန်ပီယံ Joshua Van ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း UFC က သတင်းထုတ်ပြန်ထားပါတယ်။အဆိုပါ “UFC Freedom 250” ပြိုင်ပွဲကြီးနှင့်အတူ တွဲဖက်ကျင်းပမည့် ပရိသတ်ပွဲတော် (Fan Festival) တွင် Vanပါဝင်တက်ရောက်မှာဖြစ်တယ်။ ၎င်းပွဲတော်ကို လာမည့် ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ပြုလုပ်သွားပါမယ်။
ပရိသတ်ပွဲတော် အား ကမ္ဘာကျော် UFC ကစားသမားကြီးများဖြစ်သည့် ဒပ်စတင် ပွိုင်ရီယာ (Dustin Poirier)၊ ချားလ်စ် အိုလီဗီယာရာ (Charles Oliveira)၊ ကာမာရူး အူစမန် (Kamaru Usman)၊ ဟင်နရီ စီဟူဒို (Henry Cejudo)၊ အလက်ဇန်ဒရီ ပန်တိုဂျာ(Alexandre Pantoja)စသည့် ချန်ပီယံဟောင်းကြီးများနှင့် ထိပ်သီးစိန်ခေါ်သူများစွာ ပါဝင်တက်ရောက်မှာ ဖြစ်တယ်။ဒါ့အပြင် ပရိသတ်များနှင့် လက်မှတ်ရေးထိုးခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်း (Meet-and-Greet) များ ပြုလုပ်သွားမှာ ဖြစ်တယ်။Fan Festival မှာ ပရိသတ်များ အနေဖြင့် တိုက်ခိုက်ရေးသမားများနှင့် ဆုံတွေ့ခွင့်ရမည့်အပြင် စကားဝိုင်း ဆွေးနွေးပွဲများ၊ အမေးအဖြေ ကဏ္ဍများ၊ ကစားသမားများ ဝိတ်ချိန်သည့် အခမ်းအနား နှင့် ကမ္ဘာကျော် Zac Brown ၏ ဂီတဖျော်ဖြေပွဲများကိုပါ အခမဲ့ ကြည့်ရှုခွင့် ရရှိကြမှာပါ။
Pantojaနဲ့ မောင်Van အိမ်ဖြူတော်ပွဲမှာ flyweight ခါးပတ်အတွက် face off လုပ်တာတွေ့မြင်ရမဲ့ အနေအထားလို့ သူံးသပ်မိပါကြောင်း။
30/05/2026
🔥😍ကျားအိုကြီး နဲ့ ကောင်တာဆရာ Lumpinee သားရဲတောထဲ ဘယ်သူ အောင်ပွဲခံမလဲ
ကစားသမားကောင်း ပေါများတဲ့ flyweight တန်းမှာ မွေထိုင်းပွဲစဉ်တပွဲ One Championship ဘက်က ချပြလိုက်တယ်။နာမည်ကျော်တွေဖြစ်တဲ့ Nong-O နဲ့ Kongthonranee တို့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လာမယ့် ဇွန် ၂၆ မှာ ကျင်းပမဲ့ One Friday fight 160 မှာ ပါဝင်လာမဲ့ပွဲစဉ် ဖြစ်တယ်။ကစားသမားတွေအတွက် အဆုံးအဖြတ်ပွဲစဉ် အနေအထားပါဘဲ။
ဖိုက်တာနှစ်ယောက်က လက်ရည်မကွာတဲ့ ကစားသမားတွေ ဖြစ်တယ်။ဒါ့အပြင် နောက်ဆုံးပွဲစဥ်တွေမှာ ခါးပတ်လုရတော့မယ့် Asadulla ကို အလဲထိုးနဲ့ အသီးသီး အရေးနိမ့်ထားပြန်တယ်။ရှေ့ပွဲစဉ်တွေမှာ အပြန်အလှန် အနိုင်ရထားပေမဲ့ အလဲထိုးနဲ့ အနိုင်ရထားတာ မဟုတ်ပါ။ဒီပွဲစဉ်မှာ အနိုင်ရမဲ့သူက အရှုံးနွံက အမြန်ဆုံး ရုန်းထွက်နိုင်မှာ ဖြစ်တယ်။
ကစားပုံနဲ့ သမ္ဘာ အရ Nong-O အသာရထားပါတယ်။ One ရဲ့ သက်တော်ရှည် ဘမ်တန်ဝိတ်တန်း မွေထိုင်းနဲ့ ကစ်ဘောက်ဆင် ချန်ပီယံဟောင်းကြီးကို ကောင်တာ ကစားသမား Kongthonranee ဘယ်လို ရင်ဆိုင်လာမလဲ။Nong-O ရဲ့ အသက်အရွယ်က ထည့်သွင်းစဉ်းစားရမဲ့ အချက်တချက်ပါ။ပွဲအစမှာ စိတ်သွားတိုင်း ကိုယ်ပါဖို့ မလွယ်ကူတဲ့ Nong-O ရဲ့ အခြေအနေ ကို Kongthoranee အခွင့်အရေးအဖြစ် အသုံးချန်ိုင်မလား။
ပွဲစဉ် အနေအထားအရ အလဲထိုးနိုင်မယ့်ပွဲစဉ်မျိုး မထင်ဘူး။ဆိုင်ထိုးပြိုင်ထိုးရင်း အမှတ်ယူကြမဲ့ပွဲလို့ ယူဆမိပါရဲ့။ ဒိုင်အဆုံးအဖြတ် အရ Nong-O ဘဲ အမှတ်နဲ့ အနိုင်ရသွားဖို့ အလားအလာ ပိုများပါတယ်။ Lumpinee ကြိုးဝိုင်းထဲမှာ အဖြေပေါ်မယ့် သည်တွဲဆိုင်း ကို လာမယ့် ဇွန် ၂၆ မှာ ရှူစားရမှာ ဖြစ်ပါတယ်။
06/05/2026
🔥သာမန်ကစားသမားလား၊ ထူးကဲသူ ဖြစ်လာမလား Luo Chao
မေလအတွက် One Fight Night 42 ရဲ့တွဲဆိုင်းများကို One က တရားဝင်ကြေညာထားပါတယ်။ တွဲဆိုင်း9ဆိုင်း ပါဝင်နေပြီး ခေါင်ပွဲအဖြစ် Featherweight MMA ချန်ပီယံ Tang Kai က မြွေဟောက် Gasanov နဲ့ ရင်ဆိုင်ရပါမယ်။ အဖွင့်ပွဲမှာ Lineker ကို TKO နဲ့ အနိုင်ယူခဲ့တဲ့ Ben Wollis က Petchtanong နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး Haggerty ရဲ့ kickboxing ခါးပတ်နား ခြေလှမ်းချနိုင်မလား စောင့်ကြည့်သွားရမှာပါ။
မျက်နှာသစ်တွဲဆိုင်းအဖြစ် တရုတ်kickboxer Luo Chao နဲ့ Souza ရဲ့ featherweight kickboxing တွဲဆိုင်း ပါဝင်နေပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Rich Franklin ရဲ့ One Heroes Series ပြိုင်ပွဲမှာ 3ပွဲနိုင် 2ပွဲ ရှူံး ရလာဒ် ပိုင်ဆိုင်ခဲ့တဲ့ တရုတ်လေးတယောက် ကို One က စာချုပ်ကြီးနဲ့ ပြန်လည်ခေါ်ယူလိုက်တာ ဖြစ်တယ်။နာမည်ကျော် တရုတ် Kickboxer တယောက်ကို ထပ်မံခေါ်ယူနိုင်တဲ့ One ရဲ့ ခြေလှမ်းက ဒေါ်လာတသန်းတန် Grand Prix ပြိုင်ပွဲဆီသို့လား။ ISKA စူပါဝယ်လ်တာဝိတ်တန်းရဲ့ ချန်ပီယံအသစ်အတွက် promotion အသစ်မှာ ဘယ်လိုပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမလဲ။
Doctor ခေတ်လွန် ONE ရဲ့ featherweightတန်း kickboxing မှာ ကစားသမားကောင်းတွေ အများအပြား စုဝေးနေတယ်။Team Vasileus ရဲ့ ကြားဖြတ် ချန်ပီယံဟောင်းNoiri, Venum က Siasarani,တရုတ်လေး Liu, Anpo, Kaito Ono, ဆိတ်ကြီး Marat တို့က Superbon ရဲ့ ခါးပတ်ကို ခြိမ်းခြောက်နိုင်သူတွေပါဘဲ။ မွေဘုရင်Tawanchai တောင် kickboxing မှာ ရလာဒ် မကောင်းပါဘူး။
တရုတ်ကစားသမားတွေက Aggressive ဆန်ဆန် ကစားတတ်တယ်။Body shot တွေ အားပြုကစားတတ်တဲ့ ကစားသမားတယောက် One ရဲ့ featherweight တန်း မှာ အောင်မြင်နိုင်မလား ရလာဒ်တွေက သက်သေပါဘဲ။နယ်မြေသစ်မှာ သာမန်ဖိုက်တာဘဝနဲ့ စာချုပ်ကုန်ဆုံးသွားမလား၊ခါးပတ်နားထိကပ်နိုင်မဲ့သူ ဖြစ်မလား ကာယကံရှင်ကိုယ်တိုင် ဖြေဆိုရမှာ ဖြစ်ပါတယ်။
02/05/2026
🔥😍👏လူမှန်၊အချိန်မှန်ရောက်ရှိလာခြင်း
One Samurai 1 ပွဲစဉ်က မထင်မှတ်တဲ့ အလှည့်အပြောင်းများနဲ့ ပြီးဆုံးသွားခဲ့ပါဘီ။ချန်ပီယံအသစ်တွေ ထွက်ပေါ်လာသလို ချန်ပီယံဟောင်းများလည်း ခါးပတ်ထိန်းနိုင်ခဲ့တယ်။Takeruတယောက် ကစားသမားဘဝကို အနိုင်ပိုင်းပြီးနှုတ်ဆက်နိုင်ခဲ့ခြင်းက ပရိသတ်တွေအတွက် အမှတ်ရစရာပါဘဲ။One Samurai 2 ကို August လမှာ ကျင်းပမှာဖြစ်ပြီး ဘယ်သူတွေ ပါဝင်လာကြမလဲ။
မွေထိုင်း ပရော်ဖက်ဆာ nadaka ရဲ့ ကလပ်တူညီအကို Shimon စာချုပ်ကြီးရသွားတာ ဝမ်းသာစရာပါ။ဒုတ်ိယအချီ knockdownကြောင့် ပွဲအရှိန်မြှင့်သလို ဖြစ်ပြီး knockdownရအောင် ပြန်ယူခဲ့သလို Jojo ကို ပွဲသိမ်းလုနီးပါး ကစားပြခဲ့တယ်။ချက်ထရီမွေးစားသားJojo ရဲ့အခြေအနေကို Shimonက ချပြလိုက်တဲ့ပွဲပါဘဲ။ပွဲအပြီး အင်တာဗျူးမှာ Rankingထဲက ကစားသမားနဲ့ထိုးချင်တယ် ပြောသွားတာကြောင့် One Samurai 2 မှာ ထပ်မြင်ရဖို့ များတယ် ယူဆပါ၏။Ranking ကစားသမားထဲက Naito နဲ့ ပွဲ ဖြစ်လိမ့်မယ် ခံစားမိပါတယ်။
တာဝမ်ချိုင်း ခြေထောက်ကျိုးခဲ့တဲ့ One Friday fight 137မှာ Shimon က စာစစ်မှူး Dekduanglek ကို အသာစီးထိုးပြီး အနိုင်ရခဲ့တယ်။Khalilovနဲ့ ပွဲမှာလည်း ranking ဝင်တဲ့ ကစားသမားကို အသာစီးထိုးသတ်နိုင်ပေမယ့် eye poke ကြောင့် ပွဲပျက်တာ နှမြောဖို့ကောင်းပါတယ်။Flyweight တန်း မွေထိုင်း အနေအထားအရ စာချုပ်ကြီး ပေးသင့်တဲ့ ကစားသမား လက်ချိုးရေလို့ရပါတယ်။Tomahawak လေး Yunusovကို စာချုပ်ကြီး မြင်ချင်မိပါရဲ့။Superlek, Rotang, Nong-Oနဲ့ Kongthoranee တို့အတွက် နိုင်ငံခြားသား ပြိုင်ဘက်တွေက ပိုပြီးခက်လာပါဘီ။Asadulla, Ortikov တို့လို နည်းစနစ် ကြွယ်ဝသူတွေ ၊ Jaosuayaiနဲ့ Black Panther လို ပညာသမားတွေ များပြားတဲ့ဝိတ်တန်းမှာ Shimon တယောက် ဘယ်အဆင့်အထိလုပ်ပြနိုင်မလဲ။Aiwa Sports Gym နဲ့ ဂျပန်အတွက် မွေထိုင်းချန်ပီယံ နောက်တယောက် ထပ်ထွက်လာနိုင်မလား အချိန်က ဖြေဆိုသွားပါလိမ့်မယ်။
25/04/2026
🔥Hyu(သို့)ဂျပန်ဈေးကွက်၏အနာဂတ်အိမ်ရှေ့စံ
One Championship ရဲ့ kickboxing ကစားနည်း နယ်ပယ်မှာ လူစွာလုပ်နေကြတာ ဂျပန်တွေပါဘဲ။
ဝိတ်တန်းငယ်များနဲ့ ဝိတ်တန်းလတ်ရဲ့ အဆင့်ချိတ်တဲ့ ကစားသမား နဲ့ ချန်ပီယံ(ဟောင်း)စာရင်းမှာ ဂျပန်တွေ လွှမ်းမိုးထားပါတယ်။တခေတ်တခါက Shinya Aoki လို MMA ကဝေတပါး နဲ့ Akimoto လို kickboxing ချန်ပီယံ တယောက် One မှာ ထွက်ပေါ်ခဲ့တာ လွမ်းစရာတွေပါ။
Takeru ကို ခေါ်ယူလိုက်နိုင်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် K1 လို နာမည်ကျော် kickboxing ပရိုမိုးရှင်းရဲ့ ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို ပါ ခေါ်ယူနိုင်ပြန်တယ်။Takeru ရဲ့ Team Vasileus က ချန်ပီယံဟောင်း Nori နဲ့ ချန်ပီယံခါးပတ် နဲ့ နီးစပ်နေတဲ့ Yoza ကို မွေးထုတ်ထားနိုင်တယ်။One Samurai 1 မှာလည်း Team Vasileus က မျက်နှာသစ် ကစားသမားတွေ ပါဝင်နေပြန်ပါတယ်။
Takeru ခေတ်အလွန်မှာ ဂျပန်ဈေးကွက်ရဲ့ အိမ်ရှေ့စံ ဘယ်သူဖြစ်လာနိုင်မလဲ။Team Vasileusကို မေ့လိုက်ရင် အဖြစ်နိုင်ဆုံးသူက Hyu ပါ။K1 ချန်ပီယံဟောင်း ဂျပန်တွေထဲ Yozaက လွဲရင် ကျန်ကစားသမားတွေက ရလာဒ်ပိုင်း တည်ငြိမ်မှူ မရှိပါဘူး။Hyu တယောက်ဘဲ ဂျပန်ကစားသမားတွေထဲ ပုံရိပ်ကောင်း ပိုင်ဆိုင်ထားတယ် ပြောရမယ်။
Team Mehdi Zatout အဖွဲ့သားဂျပန်လေးရဲ့One ရလာဒ်များက ခမ်းနားပါတယ်။Takeru ကို အခြေပြုပြီး နာမည်ကျော်တွေနဲ့ ကျင်းပခဲ့တဲ့ One Friday Fight 81 မှာ ပါဝင်ခွင့်ရတဲ့ ကောင်လေးက kickboxing နယ်ပယ်မှာ ရှူံးပွဲမရှိသေးဘူး။
Estipinan ကို fight IQ နဲ့ ပွဲသိမ်းပြခဲ့တာ အထင်ကြီးစရာပါဘဲ။ဒေါ်လာ 50000 အပိုဆုကြေးကို 2ခါ ရရှိထားတဲ့ ဂျပန်လေးကို Rodtang, Superlek တို့ ရင်ဆိုင်ရဲပါ့မလား။
Suablack ကို တချီနဲ့ ပွဲသိမ်းပြခဲ့သလို တနိုင်ငံတည်းသား Naito ကို ပွဲဖြတ်နိုင်မလား။Takeru ခေတ်လွန်မှာ ဂျပန်ရဲ့ kickboxing champion ထပ်ဖြစ်လာန်ိုင်မလား။Hyu တယောက် ဘယ်အဆင့်အထိ ရောက်မလဲ ကာယကံရှင်နဲ့ အချိန်က ဖြေဆိုသွားရမှာ ဖြစ်ပါတယ်။
23/04/2026
🔥ပဏ္ဍိတ ပီသသော ကလေးထိန်း
လတ်တလောကာလမှာ ပရိုမိုးရှင်းနဲ့ ကစားသမားတွေ အကျိုးစီးပွားအတွက် ထိပ်တိုက်ရင်ဆိုင်မှူတွေ ရှိလာကြပါတယ်။ Rodtang နဲ့ One ကြား ပဠိပက္ခကြောင့် ပရိုးမိုးရှင်းနဲ့ ကစားသမားများ သူ့ဘက်၊ကိုယ့်ဘက် မကြည့်ဘဲ ကိုယ်အသာစီးရဖို့ ဟန်ပြ ဆက်ဆံရေးများ ဖြစ်လာကြတယ်။အကျိုးစီးပွား အသာစီးရဖို့ ဟန်ပြဆက်ဆံရေးများဟာ ရေရှည်မှာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ကိလေသာ မကုန်နိုင်သေးတဲ့ ပုထုဇဉ်တွေ အကျိုးစီးပွားကြောင့် မခေါ်နိုင်၊မပြောနိုင် ဖြစ်ကုန်တာ၊ တရားတဘောင် ရင်ဆိုင်တာ မမြင်ချင်မှ အဆုံးပါဘဲ။
လတ်တလောမှာ One နဲ့ Rodtang ရဲ့အကျိုးစီးပွား ပြဿနာကြောင့် Takeru က ဖိုက်တာတွေကို တန်ဖိုးထားဖို့ ပရိုမိုးရှင်းတွေကို တောင်းဆိုလိုက်တယ်။ ကစားသမားဘဝက သက်တမ်းတိုလို့ ဂရုစိုက်သင့်ကြောင်း မှတ်ချက်ပေးလိုက်ပါသေးတယ်။အကျိုးအကြောင်း သင့်လျော်တဲ့ ပညာရှိစကားပါဘဲ။
Promotion တွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ Takeruက တောင်းဆိုလိုက်တယ်။ယခုနောက်ပိုင်း ဂျပန်ရဲ့ kickboxing promotion Rise နဲ့ Glory တို့ ပူးပေါင်းဆောင်ရွက်တဲ့ Rise:El Dorado ပွဲစဉ်နဲ့ မွေထိုင်းလောကရဲ့ နံပါတ် 2 ဖြစ်တဲ့ RWS နဲ့ Rise ကြား ကစားသမား အပြန်အလှန်စေလွှတ်ပြီး ထိုးသတ်လာတာကို ရည်ရွယ်တယ်လို့ ယူဆမိပါရဲ့။
ပရိသတ်တွေ ကိုလည်း ကစားသမားတွေနဲ့ ပတ်သက်ပြီး လေးစားမှူရှိဖို့၊ အွန်လိုင်းမှာ မြင်ရသလောက်နဲ့ မဝေဖန်ဖို့ ထောက်ပြသွားတာ ချီးကျူးရပါမယ်။ကစားသမားတွေမှာလည်း ရေခဲတုံးဥပမာလို မမြင်ရတဲ့ပြဿနာ အများအပြား ရှိနေကြောင်း ပညာရှိဆန်ဆန် ပြောဆိုသွားတာ ချီးကျူးမိတယ်။နောက်ဆုံးပွဲစဉ်မှာ ရလာဒ်ကောင်း နဲ့ ကစားသမားဘဝစာမျက်နှာ ကို ပိတ်သိမ်းနိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။