01/09/2026
ပြောင်းရွေ့ကြေးအနည်းငယ်ကွဲလွဲဗျာ ✍️
ℂ𝔸𝕊𝔼 ℂ𝕃𝕆𝕊𝔼𝔻:✅မန်စီးတီးဟာအန်ဇိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ချဲလ်ဆီးနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။✍️
ပြောင်းရွေ့ကြေးပေါင် 105သန်း+ဘောနပ်စ်ပေါင် 15သန်း
ကစားသမားဟာစီးတီးနှင့်5နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတစ်ရာသီလစာပေါင် 18သန်းခန့်ရရှိမည်။✅
ℹ️ Krrish FT
01/09/2026
Here We Go ပါညီကိုတို့
အန်ဇိုကိုခေါ်ယူဖို့ချဲလ်ဆီးနဲ့မန်စီးတီးကြားသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
ပြောင်းရွေ့ကြေးပေါင် 125 သန်းပါဗျာ ✍️
01/09/2026
အဲဗာတန်အသင်းဟာ ဂျက်ဂရီးလစ်ကိုတစ်ရာသီအငှားနဲ့မန်စီးတီးထံကခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
Mykhailo Mudryk ကိုစပါးကချဲလ်ဆီးထံကနေ အငှား +အပြီးသတ်ခေါ် ယူခွင့်နဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီး အငှားခေါ်ယူခအနေနဲ့ ပေါင် 3သန်းပေးချေရမှာဖြစ်ပြီး ရာသီကုန်မှာပေါင်သန်း 50နဲ့အပြီးသတ်ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
ချဲလ်ဆီးခံစစ်မှူးတိုဆင်ကိုစပါးက ပေါင် 21 သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီး sell-on clause 10%လည်းပါဝင်ပါတယ်။ကစားသမားဟာ စပါးနဲ့ 5 နှစ်စာချုပ်ချုပ်ဆိုသွားမှာပါ။
30/08/2026
✍️
ကိုယ့်အမြင်အရဆိုရင်တော့ဒီပွဲမှာ MVP player အနေနဲ့မိုင်နူးကိုပဲပေးချင်တယ်။
ဒီပွဲမှာ ကိုဘီ မိုင်နူးရဲ့ သက်ရောက်မှုက တကယ်ကို ကြီးမားခဲ့ပြီးဒုတိယပိုင်းမှာယူနိုက်တက်အသင်း ပွဲကို လုံးဝစိုးမိုးလာနိုင်ဖို့အတွက် အဓိက သော့ချက်တစ်ခု ဖြစ်ခဲ့တယ်။မိုင်နူးဟာ ပွဲကစားချိန် မိနစ် ၈၀ အတွင်း ဘောလုံးပေးပို့မှု ၅၁ ကြိမ်မှာ ၄၆ ကြိမ်အထိ တိကျအောင်ပေးပို့နိုင်ခဲ့ပြီး အသင်းရဲ့ Tempo ကို ကောင်းကောင်း ထိန်းညှိပေးခဲ့တဲ့ကစားသမား။ပထမပိုင်းလိုအလောတကြီးကစားတဲ့ပုံစံမဟုတ်ပဲ ဒုတိယပိုင်းကွင်းလယ်မှာ ယုံကြည်မှုအပြည့်နဲ့ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ဆွဲထွက်တာနဲ့ Transitions တွေကို လမ်းကြောင်းမှန်အောင် ပုံဖော်ပေးခဲ့တယ်။ ကွန်ညာရဲ့ ပင်နယ်တီမှာ မိုင်နူးရဲ့ Through ball ပေးပို့မှုကြောင့်ပဲယူနိုက်တက်ဟာပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။ဒီပေးပို့မှုဟာ ဒုတိယပိုင်းမှာယူနိုက်တက်အသင်း အရှိန်အဟုန်အပြည့်နဲ့ ဂိုးပြတ်သွင်းနိုင်ဖို့ ယုံကြည်မှု တိုးစေခဲ့တဲ့ Turning Point ဆိုရင်လည်းမမှားပါဘူး။ခြုံငုံပြောရရင် ဒုတိယပိုင်းမှာယူနိုက်တက်အသင်း ကွင်းလယ်ကို လုံးဝစိုးမိုးပြီး ၅-၂ ဆိုတဲ့ ဂိုးပြတ်ရလဒ် ထွက်ပေါ်လာအောင် မိုင်နူးက Metronome အဖြစ် အကောင်းဆုံး ပံ့ပိုးပေးသွားခဲ့တာ ဖြစ်ပါတယ်။✍️
30/08/2026
စောသေးလို့အကျောပေးထားရင်လူတွေကသိပ်နှိမ်ချင်တာ
ပုံ -ဆိုက်ဆိုက်
30/08/2026
တိုက်စစ်ပိုင်းအဆုံးသတ်ညံ့နေလို့ ရှေ့တက်ပြီးတစ်ကွက်ပြလိုက်တဲ့ဂေါင်းကြီး
ယူနိုက်တက် 2-1 အစ်ဆွစ်တောင်း
မက်ဂွိုင်းယား⚽
30/08/2026
မှားလို့ကတော့တစ်ချက်မှားရင်တစ်ဂိုးပဲ
ဒါမျိုးတော့လာမလုပ်နဲ့
ယူနိုက်တက် 1-1 အစ်ဆွစ်တောင်း
30/08/2026
ထုံးစံမပျက်ကိုယ်ကဂိုးအရင်စပေးလိုက်ရမှနေသာထိုင်သာရှိတဲ့ယူနိုက်တက်
ယူနိုက်တက် 0-1 အစ်ဆွစ်တောင်း
30/08/2026
တိုက်စစ်ကောင်းသလောက်ခံစစ်ကကြည့်ရတာသိပ်မစွံဘူး
30/08/2026
ကျီစားရင်စိတ်ဆိုးမလား
ချဲလ်ဆီး 3-2 ဘရိုက်တန်