Football's Redemption

Football's Redemption

แชร์

ဘောလုံးနှင့်ပတ်သက်၍ ခံစားထိတွေ့မှုတို့ကို ရေးသားပါသည်။

18/03/2026

👉တစ်ချိန်တည်းမှာ နှစ်ပွဲရှုံးသွားသူ👈
Chelsea အသင်းရဲ့နောက်ခံလူ Mamadou Sarr ဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ PSG အသင်းကို (၀-၃)ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ အာဖရိကဖလားပြိုင်ပွဲရဲ့ဖိုင်နယ်မှာ မော်ရိုကိုအသင်းကို ဆီနီဂေါအသင်းက (၃-၀)နဲ့ ရှုံးတယ်ဆိုပြီး CAF က ဆုံးဖြတ်လိုက်တာကြောင့် (၃)ဂိုးပြတ်နဲ့ တစ်ချိန်တည်းမှာ နှစ်ခါရှုံးခဲ့ရပါတယ်။😂😂😂
Photo - ESPN

16/03/2026

🌟အာဆင်နယ်(၁၆)နှစ်သား လူငယ်ကြယ်ပွင့် ‌သားလေး မက်စ်ဒေါင်းမန်းဟာ အဲဗာတန်အသင်းကို တစ်ကိုယ်တော် စွမ်းဆောင်ရည်ပြသပြီး သွင်းယူခဲ့တဲ့ဂိုးကြောင့် ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးဂိုးသွင်းရှင်အဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။
What a rising star ⭐!

Photos from Football's Redemption's post 11/03/2026

Bayer Leverkusen Vs Arsenal
-Lineup

11/03/2026

အသင်းဟောင်း လေဗာကူဆင် မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကစားလာပြီး အာဆင်နယ်အသင်းနဲ့အတူ ချန်ပိယံလိဂ် (၁၆)သင်း အဆင့် ပွဲစဉ်မှာ အသင်းဟောင်းကို ရင်ဆိုင်ဖို့ရာ BayArena ကွင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကိုင်းဟားဗတ်ဇ် ကတော့ ခံစားချက်ကို အခုလိုပြောကြားခဲ့ပါတယ်-
🎙️“ဒါဟာ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်”
“ရင်းနှီးတဲ့မျက်နှာတွေ အများကြီး ပြန်တွေ့ရသလို အမှတ်တရတွေလည်း အများကြီး ပြန်ပေါ်လာပါတယ်။ အထူးသဖြင့် အာဆင်နယ်ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ငယ်ဘဝကလပ်ကို ပြန်လာရတာ အရမ်းကောင်းပြီး ပွဲကစားဖို့လည်း မစောင့်နိုင်တော့ပါဘူး။”

11/03/2026

အာဆင်နယ် & လေဗာကူဆင် တို့ နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ဘန်ဝှိုက် နှင့် အင်ကာပီယေး တို့နှစ်ဦးရဲ့ ပွတ်တိုက်မှုပါ😅

08/03/2026

📌Vinicius Jr နှင့် Gianluca Prestianni တို့ရဲ့ ဘင်ဖီကာနှင့်ရီးရဲလ်တို့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သံသယဖြစ်ဖွယ် လူမျိုးရေးခွဲခြားမှု(မတိကျသော)ဖြစ်စဉ်ပြီးမှာ လူမျိုးရေးခွဲခြားမှု(မီး)ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကိုလည်း ကူးစက်လာပါတယ်။
- လူမျိုးရေးခွဲခြားခြင်းက ဖေဖော်ဝါရီ(၂၅)ရက်နေ့တုန်းက ချဲလ်ဆီးနောက်ခံလူ Wesley Fofana နှင့် ဘန်လေကွင်းလယ်လူ Hannibal Mejbri တို့ သားကောင်အဖြစ်ပစ်မှတ်ထားခံရပါတယ် ။ နောက်တစ်‌နေ့မှာတော့ ဆန်းဒါးလန်းတောင်ပံလူ Romaine Mundle နှင့် ဝုလ်ဗ်တိုက်စစ်မှူး Tolu Arokodare တို့ စော်ကားခံခဲ့ရပါတယ်။

Photos from Football's Redemption's post 01/03/2026

Arsenal 2-1 Chelsea (Full-Time)
- အာဆင်နယ်အတွက်တော့ တကယ်ကို အဖိုးတန် အနိူင်သုံးမှန်ပါပဲ။ ပွဲဟာ လန်ဒန်ဒါဘီနဲ့တူအောင်ပဲ တကယ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ထူးဆန်းတာက သွင်းတဲ့ (၃)ဂိုး လုံးဟာလည်း အာဆင်နယ် နောက်ခံလူ (၄)ဦးလုံးနဲ့ ပါဝင် ပတ်သက်နေတာပါ။
📌 W.Saliba - တောင့်ကန်ဘောကနေ ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူ။ ဒီဂိုးဟာ သူ့ရဲ့ ဒီရာသီ ပထမဆုံးဂိုးပါပဲ။
📌 P.Hincapié - ချဲလ်ဆီးအသင်းရဲ့(ခြေပဂိုး) တောင့်ကန်ဘောကို ခေါင်းတိုက်ရှင်းထုတ်ရာမှာ မှားယွင်းပြီး ကိုယ့်ဂိုးကို ပြန်သွင်းမိပါတယ်။
📌 J.Timber - အနိူင်ဂိုးကို တောင့်ကန်ဘောကနေပဲ ထပ်ပြီး‌ ခေါင်းတိုက်သွင်းယူသွားတာပါ။
📌 Gabriel.M - W.Saliba ရဲ့ ပထမဦးဆောင်ဂိုးကို ဖန်တီး(Assist)ပေးခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး‌ကစားသမားဆု(MOTM)ကိုလည်း ရရှိသွားပါတယ်။

01/03/2026

ဒီရာသီရဲ့ ပထမဆုံးသွင်းဂိုးကို ရရှိသွားတဲ့ William Saliba💪
Arsenal 1-0 Chelsea

20/02/2026

-ဝုဖ် (Wolves) အသင်းနဲ့ သရေကျခဲ့ပေမဲ့လည်း နည်းပြ အာတီတာကတော့ ကြိုတင်ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ကြာသပတေးနေ့မှာ ကစားသမားတွေကို အနားပေးခဲ့ပါတယ်။
-လေ့ကျင့်ရေးကွင်းကို ပြန်ရောက်တဲ့အချိန်မှာတော့ အသင်းသားတွေအချင်းချင်း အစည်းအဝေးပြုလုပ်ပြီး ပြတ်ပြတ်သားသား ဆွေးနွေးခဲ့ကြတယ်လို့ ဒီကလန် ရိုက်စ်က ဖွင့်ဟခဲ့ပါတယ်။

18/02/2026

ဘာမှပြောစရာမရှိတော့ပါဘူး ထိုက်တန်တဲ့ရလဒ်ပါပဲ မှားရင်တော့ ခံရမှာပဲမို့လား ကိုယ့်အမှားကိုသင်ခန်းစာယူပြီး ရှေ့ဆက်ပိုပြီးကောင်းအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ ခရီးရှည်တစ်ခုမှာ တစ်ခုမဟုတ်တစ်ခုတော့ ပေးဆပ်ရတာပဲမို့လား။ ဒီလိုဆိုရင် ဒီအိပ်မက်က ဘယ်လောက်ရှည်လျားတဲ့ ခရီးစဉ်လဲ (၂၂)နှစ် ကြာသည်အထိ ကြာရှည်လွန်းခဲ့ပြီလေ ရလဒ်ကဘာလဲ ဘယ်အရာတွေက ငါတို့ကို ချွေးသိပ်စေခဲ့သလဲ၊ ဘာတွေက ခွန်အားတွေပေးနေသေးလဲ၊ သွေးတွေဆူပွတ်နေဖို့ လိုသေးတာလား၊ ပြန်လှည့်ကြည့်ရင်လည်း ဘာမှမရှိ၊ ရှေ့မှာလည်း ဘာတွေ တပ်အပ်ပြောနိူင်လို့လဲ၊ အားထုတ်မှု နဲ့ ရလဒ်က တိုက်ရိုက်အချိုးကျရဲ့လား၊ ကံကြမ္မာတိုက်ဆိုင်မှုဆိုတာလည်း အကောင်းလားအဆိုးလား၊ အသံတွေတိုးနေသေးလို့လား မြောက်လန်ဒန်ဟာ ချန်ထားရမယ့်အမွေအနှစ်တွေ မလိုအပ်တော့ဘူးလား၊ အရင်ချိန်တွေကို ပြန်ပြီးတော့ မလိုချင်ပါဘူး၊ အခုလည်း မျှော်လင့်နေတုန်းလို့မဆိုသာတော့၊ သွားတဲ့လမ်းမှာ ဘာတွေကြုံဦးမယ် ပြင်ဆင်ဖို့မလိုတော့ဘူး၊ မလောက်ငှဘူးလို့လည်း မ‌တွေး မိ၊ ထပ်ပြီးလည်း မဖြည့်နိူင်တော့ဘူး၊ လိုပြီးလည်းမတွေးနိူင်တော့ဘူး၊ သဘာဝဟာ သဘာဝပါ။

16/02/2026

⛔ ACL ထိသွားတာကြောင့် မန်စီးတီးနှင့်အာဆင်နယ် နောက်ခံလူဟောင်း Oleksandr Zinchenko တစ်ယောက် ရာသီကုန်အထိ နားရတော့မယ်လို့သိရပါတယ်။ ဒါ့အပြင် အကြီးမားဆုံးကတော့ ကမ္ဘာ့ဖလားကိုလည်း လွှဲချော်သွားပြီဖြစ်တဲ့အတွက်ကြောင့် အတော်ကိုဝမ်းနည်းစရာပါပဲ။ အသက်(၂၉)နှစ်ရှိပြီဆိုပေမယ့် နောက်တစ်ကြိမ်လာမယ့် ကမ္ဘာ့ဖလားကိုတော့ ပါဝင်နိူင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ ဒီဆုံးရှုံးမှုက နိူင်ငံ ယူကရိန်း🇺🇦 အတွက်လည်း နစ်နာခဲ့ရတာက ကြီးမားလွန်းပါတယ်။
Speedy recovery our old gunner💪

Photo : credit

12/02/2026

Brentford 1-1 Arsenal(Full Time)
ပထမပိုင်း
- အာဆင်နယ်တို့ မိနစ်(၃၀)ထိအောင်ကို မတည်ငြိမ်နိူင်ပါဘူး။ ဘရန့်ဖို့ဒ် ကတော့ ဒီပွဲအတွက် အတော်လေးကိုပြင်ဆင်လာတဲ့ပုံစံပါပဲ၊ ပွဲကို အရှိန်အဟုန်နဲ့ အာဆင်နယ်ရဲ့ကွင်းဘက်ခြမ်းမှာ စိုးမိုးထားပါတယ်။ Ouattara ရဲ့ တောင်ပံမှာ ပြေးအားတွေ Thiagoနှင့် Lewis-Potter တို့ရဲ့ အမြင့်ဘောလက်ခံပြီး 2nd ball ဖန်တီးတဲ့ကစားဟန်တွေကြောင့် အာဆင်နယ် ဒုက္ခရောက်ခဲ့ရပါတယ်။ နောက်ဆုံး ၁၀မိနစ်မှာတော့ အာဆင်နယ် ဘောလုံးကိုင်ကစားနိူင်ပြီး ဖြတ်တင်ဘောတွေနဲ့ ဂိုးရဖို့ကြိုးစားပါတော့တယ်။ Zubimendi တစ်ယောက် အရမ်းကို out of position ဖြစ်ပြီး၊ ဘောလုံးသိပ်မကိုင်ပဲ Rice ကပဲ Pivot အနေနဲ့အနေနဲ့ ကစားပါတယ်။
ဒုတိယပိုင်း
- Duels, transition & Set-Piece တွေကို အတော်ကို မြင်တွေ့ရတဲ့ပွဲပါပဲ။ Physical & Power Game တစ်ခုမှာ Ødegaard ကို ဘာကြောင့်ထည့်တာလဲ စဉ်းစားလို့မရတော့ပါဘူး။ ပွဲက ဒုတိယပိုင်းမှာ အရှိန်အကောင်းဆုံးရောက်လာပြီး အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရတာပါ။ Kayode ရဲ့ Long Throw ကတော့ တကယ်ကို First Class ပါပဲ target, weight of pass, fast of ball တွေဟာ near post တွေကို တန်းတန်းကြီးရောက်တာပါ။ အာတီတာတစ်ယောက် အတော်လေး nervous ဖြစ်နေတာ မြင်တွေ့ရပါတယ်။ အမှတ်ကွာဟမှု ကျဉ်းမြောင်းသွားတာကြောင့် အာတီတာ ဖိအားတွေကို ပိုမိုရင်ဆိုင်ရတော့မှာပါ။
Photo: credit

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok