5Star Betting Tips

5Star Betting Tips

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก 5Star Betting Tips, Bangkok.

02/09/2026

@@@စူဠကမ္မဝိဘင်္ဂသုတ္တန်@@

(၁) သူများအသက်၊သတ်သည့်တွက်၊အသက်ကိုယ့်မှာတို၊
မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို။

(၂) နှိပ်စက်ကလူ၊ ညှဉ်းဆဲမူ၊ပြောထူရောဂါဆို၊
သနားစိတ်သွင်း၊ မနှိပ်နင်း၊ ကင်းရှင်းရောဂါကို။

(၃) ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို၊
ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။

(၄) မနာလိုပြန်၊ဣဿာထန်၊ခြံရံကင်းမည်ဆို၊
ဣဿာမထား၊ဝမ်းမြောက်ငြား၊ ပေါများခြွေရံကို။

(၅) မလှူမဒါန်း၊မပေးကမ်း၊ခြောက်ခမ်းဥစ္စာဆို၊
စွန့်ကြဲလေတုံ၊ပြုပါကုန်၊ ကုံလုံကြွယ်ဝပို။

(၆) မာန်မာနကြွယ်၊ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို၊
ထိုက်သူရိုကျိုး၊မာန်ကိုချိုး၊အမျိုးမြတ်သကို။

(၇) သိဖွယ်ဟူသမျှ၊မမေးက၊ ဖျင်းအ ပညာဆို၊
ကြားမြင်များအောင်၊မေးလေဆောင်၊ခု နောင်တတ်သိလို။

#စူဠကမ္မဝိဘင်္ဂသုတ်
#သုဘ
#တောဒေယျ
#ဘာသာဋီကာဆရာတော်
#အရှင်ဇနကာဘိဝံသ

27/06/2026
25/06/2026

❛ကြွက်သေတခု အရင်းပြု❜

ရှေးသရောအခါ အလောင်းတော်သည် ဗာရာဏသီပြည်၌ စူဠသေဋ္ဌိအမည်ရှိသော သေဋ္ဌေးဖြစ်၏။ တနေ့သ၌ သေဋ္ဌေးသည် နန်းတော်သို့ သွားရာလမ်းတွင် ကြွက်သေတကောင်ကို တွေ့၍ - ဥာဏ်ရှိသောသူသည် ဤကြွက်သေကို အရင်းပြု၍ ပစ္စည်းရှာလျှင် ကောင်းစားလတ္တံ့ဟု ဆို၏။ ထိုသို့ ဆိုသည်ကို အမျိုးသားတဦးသည် ကြား၏။

အမျိုးသားသည် ကြွက်သေကို ကောက်၍ စျေးသို့ သွားပြီးလျှင် ကြောင်စာအဖြစ် ရောင်းရာ အသပြာ တချင်ရွေး ရ၏။ ထိုတချင်ရှေးဖြင့် တင်လဲဝယ်၍ သောက်ရေအိုးတည်လျက် ပန်းခြံမှ လာသော ပန်းသည်တို့အား တင်လဲကျွေး၍ ရေတိုက်၏။ ပန်းသည်တို့လည်း ကျေးဇူးတင်သဖြင့် အမျိုးသားအား ပန်းတဆုပ်စီ ပေးကုန်၏။ ထိုပန်းတို့ကို ရောင်းသော် ငွေရပြန်၏။ ထိုငွေဖြင့် ပန်းသည်တို့အား တိုက်ကျွေးပြန်၏။ ပန်းသည်တို့က ကျေးဇူးတင်သဖြင့် ပန်းပေးပြန်၏။ ဤနည်းဖြင့် အမျိုးသားသည် မကြာခင် ရှစ်သပြာတို့ကို ရ၏။

တနေ့သောအခါ လေပြင်းတိုက်၍ မင်းဥယျာဉ်၌ သစ်ကိုင်း သစ်ခက်တို့သည် ကျိုးပဲ့ကာ အနှံ့အပြား ကျကုန်၏။ ဥယျာဉ်စောင့်လည်း မရှင်းပဲ ထား၏။ ဤအခြင်းအရာကိုမြင်သော အမျိုးသားသည် ဥယျာဉ်စောင့်ထံသို့ သွား၍ - ဤသစ်ကိုင်း သစ်ခက်တို့ကို ကျွန်တော် ရှင်းပေးပါမည်။ ကျွန်တော်အား ပေးပါ-ဟု တောင်း၏။ ဥယျာဉ်စောင့်လည်း အလွယ်တကူပင် ပေး၏။ ထိုအခါ အမျိုးသားသည် သူငယ်တို့ကို တင်လဲပေး၍ ဥယျာဉ်ကို အရှင်းခိုင်း၏။ သူငယ်တို့သည် ဥယျာဉ်ကို ရှင်း၍ သစ်ကိုင်း သစ်ခက်တို့ကို ဥယျာဉ်ဝတွင် စုပုံပေး၏။ မင်း၏ အိုးတော်လုပ်သည် သစ်ကိုင်းသစ်ခက်အပုံကို မြင်လျှင် အိုးဖုတ်ရန် ထင်းအလိုငှါ တဆယ့်ခြောက်သပြာပေး၍ အပျိုးသားထံမှ ဝယ်ယူ၏။

ထို့နောက် အမျိုးသားသည် သောက်ရေအိုးတည်၍ မြက်ရိတ်သမား ငါးရာတို့အား သောက်ရေပေး၏။ မြက်ရိတ်သမားတိုလည်း ကျေးဇူးတင်သဖြင့် မြက်ထုံးတထုံးစီ ပေးသောကြောင့် မြက်ထုံးငါးရာရလေ၏။ ထိုမြက်ထုံးတို့ကို မြင်းကုန်သည်တို့အား ရောင်းပြန်သောအခါ အသပြာ တထောင်ရလေ၏။

နှစ်ရက် သုံးရက် လွန်သောအခါ အမျိုးသားသည် ရေဆိပ်သို့ ဆင်း၍ လှေသင်္ဘောဖြင့် ရောက်လာသော ကုန်တို့ကို ဝယ်ယူရောင်းချသည်။ အမြတ်ကြီးစွာ ရလေ၏။ ထိုသို့ အကြိမ်ကြိမ် ဝယ်ယူ ရောင်းချဖန်များလတ်သော် အသပြာ နှစ်သိန်း ပိုက်မိလေသည်။ ထိုအခါ အမျိုးသားသည် ကျေးဇူးဆပ်ရန် စူဠသေဋ္ဌိ သေဋ္ဌေးထံသို့ သွား၍ - အရှင်သေဋ္ဌေးဆိုသည့်အတိုင်း ကြွက်သေကို အရင်းပြုလျက် ပစ္စည်းရှာပါသည်။ လေးလအတွင်း၌ အသပြာ နှစ်သိန်း ရပါ၏။ တသိန်းကို အရှင်သေဋ္ဌေးအား ကျေးဇူးဆပ်သော အားဖြင့် ကန်တော့ပါသည်ဟု ဆို၏။ သေဋ္ဌေးလည်း အမျိုးသား၏ လုပ်ရည် ကိုင်ရည်ကို သဘောကျသဖြင့် သမီးပေးကာ သမက်ပြုလိုက်လေသတည်း။

ငါးရာငါးဆယ်ဇာတ်
📚 1958 စတုတ္ထတန်း မြန်မာဖတ်စာ

30/03/2026

#ပါချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ
#ခေါင်းဆောင်သုံးမျိုး ဩဝါဒတရားတော်

14/02/2026

#ပါချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ

02/02/2026

#ပါချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ
#ဩဝါဒတရားတော်
#လယ်တီဆရာတော်

22/01/2026

#ပါချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ
#ကိုးကွယ်ခြင်း၏အမြင့်ဆုံးရည်းမှန်းချက် တရားတော်

18/01/2026

#ရတနာ့ဂုဏ်ရည်
#အရှင်ဇနကာဘိဝံသ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok