360 Sports

360 Sports

แชร์

Myanmar's first sports agency that organizes and promote local sports

26/02/2026

“၂၀ ရက်နေ့ ပွဲ အတွက် အားဖြည့်နေပြီဖြစ်တဲ့
ရွှေညာကျား “

No pun intended 🔥 🐢

19/02/2026

🥊သောကြာနေ့ ONE friday Fights မှာ လက်ရည်စမ်းတော့မယ့် လှိုင်းထက်အောင်ရဲ့ ပွဲဟောင်းတစ်ပွဲကို ပြန်လည်ကြည့်ရှုနိုင်အောင် တင်ဆက်ထားပါတယ်။

16/02/2026

🥊ONE Friday Fights 143 မှာ ရိုးရာလက်ဝှေ့ဖိုက်တာ လှိုင်းထက်အောင် ပါဝင်လာပါပြီ။

Strawweight တန်းမှာ ထိုင်းဖိုက်တာ Wanchainoi နဲ့ ရင်ဆိုင်ရပါမယ်။ လှိုင်းထက်အောင်က ရိုးရာလက်ဝှေ့မှာ ပါဝါကောင်းတဲ့အပြင် ထိချက် ရယူကစားတာ အားသာသူပါ။ ပညာလည်းစုံသလို ရိုးရာလက်ဝှေ့မှာ အောက်သက်ကျေပြီးသား ဖိုက်တာတစ်ယောက်ပါ။ ONE စင်မြင့်ပေါ် ရောက်ဖို့ ထိုက်တန်သူဖြစ်သလို အခွင့်အရေးနဲ့ ထိုက်တန်ကြောင်း သက်သေပြမယ်လို့ ယုံကြည်ပါတယ်။

ယခုမှတ်တမ်းထဲမှာ ဘောင်းဘီအနီနဲ့ လက်စွမ်းပြနေတာက လှိုင်းထက်အောင်ဖြစ်ပါတယ်။

07/02/2026

အောက်ခြေကန်ချက်တွေနဲ့ ပြိုင်ဘက်ကို အနိုင်ယူလိုက် တဲ့ ထွန်းမင်းနိုင် (ခ) Sulaiman

ပြိုင်ဘက်ကို ချဉ်းကပ်ပုံကောင်းတဲ့အပြင် နဲ့ ပြိုင်ဘက် ရဲ့အားနဲချက်ကို သေချာကြည့်ပြီး ဒုတိယအချီမှာပဲ အနိုင်ယူသွားတာပါ

07/02/2026

One ပွဲတွေကို ကျွန်တော့် အမြင်အရပြောရမယ် ဆို

ရဲရင့်နောင်

စိုးလင်းဦး နဲ့ သွေးလင်းထက်ပြီးရင် ကွင်းထဲမှာ ပရိသတ်ရဲ့ အားပေးမှု အကြမ်းဆုံး fighter ပါ ။
JoJo ကိုများနိုင်လိုက်ရင် super star တစ်ယောက် နတ်ရေကန်ထဲခုန်ချလိုက်သလိုကို ဖြစ်သွားလောက်ပါတယ်။
ပထမနဲ့ ဒုတိယအချီမှာ မယုံနိုင်လောက်အောင်ကို လက်ရည်ကကောင်းလွန်းပါတယ် JoJo အနေနဲ့ ဘာမှကိုလုပ်လို့မရတဲ့အခြေအနေပါ
ပရိသတ်တွေအားပေးကြမ်းချက်က ကြက်သီး ပါထလောက်တယ်
တတိယအချီမှာ ထင်ထားတဲ့ အတိုင်း သက်လုံစကျပါပြီ အဲ့ဒါကို ပြိုင်ဘက်ကို လေးစားမှုမရှိတာရယ် ၊ မာဂုဏ်ကိုပြချင်တာရယ် ၊ ကွင်းထဲ ပတ်ပြေးနေတာရယ် နဲ့ ကွင်းထဲ မှာ Boo ဆိုတဲ့ အသံတွေကျယ်လောင်သွားပါတော့တယ်

ပထမနဲ့ ဒုတိယအချီ မှာ အစွမ်းပြထားတာတွေကတော့ တတိယအချီမှာ သဲထဲရေသွန်ဖြစ်ပြီး ပရိသတ်တွေ ပြောစရာကြီးကိုဖြစ်သွား တော့တာပဲ ။ တကယ်လို့ တတိယအချီမှာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ခံထိုးလို့ အလဲထိုးခံရရင်တောင် အခုလောက် ဆိုးရွား လိမ့်မယ်လို့ မထင်ပါဘူး ၊ pro ဆန်ဆန် နဲ့ နောက်ပွဲတွေကိုချည်းကပ်နိုင်ပါစေ

လင်းထက်အောင်

တော်တော်လေးကို ရည်မှန်းပြီး မျှော်လင့်ချက်မြင့်မြင့်ထားပြီးလာခဲ့တာပါ .. ဂျပန် fighter ကလဲ သေခြာကြိုတင်လေ့လာထား ပုံရပါတယ်

မျက်နှာကို ဘယ်လောက်ထိုးထိုး မကျဘူးဆိုတာကြိုသိတယ် . အလဲထိုးနဲ့ နိုင်ချင်ဇောများ ပြီး လိုက်ဖိ တဲ့ အချိန် footwork ပိုမြန်တဲ့ တာနိစု က အောက် guard လွတ်တဲ့ အချိန် liver shot ကို ပိုင်ပိုင်နိုင်နိုင်ထိုးချ လိုက်တော့ ရှိတဲ့ မာဂုဏ်လဲ မကယ်နိုင်ပဲ တခါထဲ ခွေကျသွားတာပါ

၄-၅ စက္ကန့်မှာ ထိုင်နေဆဲပဲ အသက်လဲ ပြန်စရှူလို့ရနေပြီလို့ထင်တယ် ဇက်ကနဲ့ ပြန်ထတဲ့ အချိန်မှာ အမှတ်စဉ်က ၉ လောက်ရောက်သွားပြီး အရှံုးပေးလိုက်ရပါတယ်

သိချင်တာက ထိုင်းလို ၁ ကနေ ၁၀ ထိရေ တာကို နားမလည်လို့များလား . ၁ စက္ကန့်စော ပြီး ထနိုင်ရင်တောင် ပွဲဦးထွက်မှာ ဒီလောက်ရုပ်ပျက်ဆင်းပျက်ရှုံး မှာ မဟုတ်လောက်ဘူး

စိုးနောင်ဦး နဲ့ စောမင်းမင်း

သူတို့ကတော့ အတူတူပါပဲ အလဲထိုးနဲ့ bonus ရဖို့အတွက် ပြိုင်ဘက်ကို ဖိထိုးဖို့ လိုက်တာမှာ ပဲ ခေါင်းကန်ခံရပြီး လစ်တာပါပဲ ။

ဘယ်လောက်မာမာ head kick မိရင်လစ်တာပဲ ဆိုတာကို စိုးလင်းဦးပွဲကသက်သေပဲ

အဲ့ဒါကိုလဲ ခွန်ထိုင်း fighter တွေသိသွားပုံ ရပါတယ်

စောမင်းမင်းပွဲပြီးတော့ One က producer တစ်ယောက်က “ I think Thai fighter crack the code on Myanmar fighter “ ဆိုပြီးကို ပြောသွားပါတယ်

အကောင်းဆုံးပြင်ဆင်ပြီး One ကြိုးဝိုင်းထဲ ကို တဖန် ပြန်လာ နိုင်ကြပါစေလို့ ပဲ ဆုတောင်းပေးလိုက်ပါတယ်

06/02/2026

ပြောစရာစကားတွေလည်း ပျောက်ဆုံးပါပြီ🥺

05/02/2026

🥊စက်လက်သီးဆိုတဲ့ နာမည်နဲ့ လိုက်ဖက်လွန်းတဲ့ လင်းထက်အောင်ရဲ့ လက်သီးချက်တွေကို ရှုစားရမှာဖြစ်ပါတယ်။

ONE မှာလည်း အလားတူ စွမ်းဆောင်ပြမယ်လို့ ယုံကြည်တယ်။

04/02/2026

🥊ဂျပန်ဖိုက်တာ တာနစ်စု နဲ့ တွေ့မယ့် စက်လက်သီး လင်းထက်အောင်ရဲ့ အကောင်းဆုံး ပွဲတစ်ပွဲကို တင်ဆက်ထားပါတယ်။

ONE မှာလည်း လင်းထက်အောင်က ပရိသတ်အကြိုက် စွမ်းဆောင်ပြမယ်လို့ ယုံကြည်တယ်။

03/02/2026

🥊လာမယ့် သောကြာနေ့ ONE စင်မြင့်မှာ ဂျပန်ဖိုက်တာ တာနစ်စု နဲ့ ကစားရမယ့် ရိုးရာလက်ဝှေ့ဖိုက်တာ စက်လက်သီး လင်းထက်အောင်ရဲ့ ပွဲကောင်းတစ်ပွဲကို ပြန်လည်ကြည့်ရှုဖို့ တင်ဆက်လိုက်ပါတယ်။

23/01/2026

🥊From 360 Fight Club to ONE Championship

360 Fight Club မှာ ကစားသမားဘဝ ပထမဆုံးပွဲ မြေစမ်းခရမ်းပျိုးခဲ့တဲ့
ဆလိုင်းထန်ခွီးရှိန် ONE မှာ လုပ်ပြခဲ့ပြီ

ဘောနပ်စ်ပါ ရရှိခဲ့ပါတယ်

Congratulations 👑👑👑

23/01/2026

“ နီပွန် ကို ဒူးထောက် စေခဲ့တဲ့ ရွှေညာသား ကျော်ကြီး “

ပြောစရာမရှိအောင်ကို ပြီးပြည့်စုံလွန်းပါတယ်

18/01/2026

🥊လာမယ့် သောကြာနေ့ ONE မှာ ပထမဆုံးအကြိမ် ကစားမယ့် နေရိုင်းရဲ့ ပွဲဟောင်းတစ်ပွဲကို ပြန်လည်တင်ဆက်လိုက်ပါတယ်။

နေရိုင်းရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ရမယ့် ပွဲတစ်ပွဲကို ပြန်လည်ကြည့်ရအောင်ခင်ဗျာ...

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok